← Chapters

အခန်း ၉၂

Vol. 4 Ch. 92

အခန်း ၉၂

Vol. 4 Ch. 92

Chapter 92

နင်းမုန့်ယောင်က သူမခေါင်းထဲမှာ ခဏလောက်စဉ်းစားနေခဲ့တယ်။ထိုဟာက သူမသ‌ဘောတူလိုက်လို့ ပြုပြင်လို့မရတာ ဒါမှမဟုတ် ပိုဆိုးလာမှာ ဟုတ်ပုံတော့မရဘူး။ပြီးတော့ သူက ချက်ချင်းလက်ထပ်ချင်တယ်လို့ ပြောနေတာမဟုတ်ဘူးလေ။အဲ့ဒါကြောင့် ဒါကအဆင်ပြေပါတယ်။

"ကောင်းပြီ"

သူမရဲ့ အဖြေကိုကျေနပ်ပြီး ချောင်ထျန်းချန်က စကားလမ်းကြောင်းလွှဲကာ ဒီတစ်လျှောက်လုံး သူဘယ်လိုနေခဲ့တယ်ဆိုတဲ့အကြောင်းပြောပြနေပြီး သူနဲ့နင်းမုန့်ယောင်ရဲ့ အနာဂတ်အစီအစဉ်တွေပါ ပြောပြခဲ့သည်။

ဉပမာအနေနဲ့ သူပြန်မသွားတော့ဘဲ ပိုင်ရှန်းရွာမှာပဲ အမြဲတမ်းအခြေချ နေထိုင်တော့မယ့် ဆုံးဖြတ်ချက်ဖြစ်တယ်။ပြီးတော့ နောက်နှစ်မှာလည်း သူက သူမအိမ်နားမှာ အိမ်တစ်လုံးဆောက်ဖို့ပြင်နေပြီး ဒါဆို အနာဂတ်ကျရင် နှစ်အိမ်ကို အတူတူပေါင်းစည်းနိုင်ပြီဖြစ်တယ်။

ထိုဟာက ညနက်တဲ့အထိဖြစ်ပြီး သူမတို့နှစ်ယောက် လက်ဖက်ရည်ဆိုင်ထဲကနေထွက်လာတော့ လမ်းပေါ်ကလူတွေ လူစုကွဲသွားပြီဖြစ်သည်။

ချောင်ထျန်းချန်က နင်းမုန့်ယောင်နဲ့ ပြန်လိုက်မသွားပေ။အဲ့ဒီအစား သူက မနက်ကျရင် သူမတို့အဖွဲ့နဲ့ပြန်မယ်ပြောကာ အနားယူဖို့ တည်းခိုခန်းတစ်ခုကို သွားခဲ့သည်။

နင်းမုန့်ယောင်ပြန်ရောက်လာတဲ့အချိန်မှာ ရန်လဲ့လဲ့က ပြန်ရောက်နေပြီဖြစ်သည်။ရန်လဲ့လဲ့က နင်းမုန့်ယောင် ညနက်မှပြန်လာတာကို မစိုးရိမ်ပဲ သူမကို ပြုံးပြနေခဲ့သည်၊

"နင် ပြန်လာတာနောက်ကျတယ်"

နင်းမုန့်ယောင်ကိုကြည့်လိုက်ပြီး သူမက အဖြီးသားပြုံးပြလိုက်တယ်။ဒါက ပြန်သွားပြီးပေးဆပ်ရမယ့် အချိန်ကိုကျော်သွားပြီ။

"နင်က သေချာပေါက်ပြောရမယ့် လူပဲလေ။နင်တို့တွေ ငါကို တကယ်ကြီးထားခဲ့ကြတာ"

နင်းမုန့်‌ယောင်‌ယောင်က ဟန်ဆောင်ဒေါသထွက်ပြလိုက်ပြီး ရန်လဲ့လဲ့ကို မျက်လုံးတွေမှေးကာ ကြည့်လိုက်သည်။

ရန်လဲ့လဲ့က နေရခက်စွာနဲ့ သူမနှာခေါင်းကိုပွတ်ကာ ပြုံးလိုက်ပြီး

"စိတ်မဆိုးပါနဲ့ ငါမှားသွားပါတယ်"

နင်းမုန့်ယောင်က ရန်လဲ့လဲ့ကို စိုက်ကြည့်လိုက်တယ်။

"ငါ့မှာ နင်နဲ့စိတ်ဆိုးနေဖို့ အချိန်မရှိဘူး။ငါ ပင်ပန်းနေပြီ ဆေးကြောသန့်စင်ပြီး အိပ်တော့မယ်"

"ငါလည်းသွားမယ်လေ"

ရန်လဲ့လဲ့လည်း အတူတူလိုက်လာပြီး သူမအခန်းကို ပြန်သွားခဲ့သည်။

မျှော်လင့်ထားသလိုမှာ မနက်ခင်းမှာ ချောင်ထျန်းချန်က ပထမဆုံး ရောက်လာခဲ့သည်။ချင်းရွှင်က ချောင်ထျန်းချန်အတွက် တံခါးဖွင့်ပေးလိုက်ပြီး သူ့ကို ဆက်တိုက် စောင့်ကြည့်နေခဲ့သည်။

နင်းမုန့်ယောင်က သူရောက်လာတာတွေ့တော့ အနည်းငယ်ရှက်သွားတယ်။

"အစ်ကိုကြီးချောင် လာပြီလား"

"အမ်း ခဏနေကျရင် အတူပြန်ရအောင်"

"ကောင်းပြီ"

ရန်လဲ့လဲ့က ပထမ နင်းမုန့်ယောင်ကိုကြည့်လိုက်တယ်။ပြီးတော့ အဲ့ဒီနောက် ချောင်ထျန်းချန်ကို ကြည့်လိုက်တယ်။သူတို့မျက်လုံးထဲက တူညီတဲ့ နားလည်မှုရှိတဲ့ အကြည့်တွေနဲ့ သူတို့နှစ်ယောက်ကြားမှာ တစ်ခုခုရှိတယ်ဆိုတာ ရန်လဲ့လဲ့ သေချာပေါက်ပြောနိုင်တယ်။

နင်းမုန့်ယောင်ကိုကြည့်ပြီး သူမမျက်လုံးတွေက "နင်မြန်မြန်ရှင်းပြတာပိုကောင်းမယ်"ဆိုပြီး ပြောနေတယ်။

နင်းမုန့်‌ယောင်‌ယောင်က သူမခေါင်းကိုငုံ့လိုက်ပြီး ရန်လဲ့လဲ့ရဲ့ စပ်စုနေတဲ့အကြည့်ကို မသိချင်‌ယောင်‌ဆောင်ထားလိုက်သည်။အဲ့ဒီအစား သူမက ချောင်ထျန်းချန်နဲ့ အလုပ်ရုံအကြောင်း ပြောနေခဲ့သည်။

အချိန်တစ်ခုအထိ လျစ်လျှူရှူခံထားရတော့ နောက်ဆုံးမှာ ရန်လဲ့လဲ့က သည်းမခံနိုင်တော့ဘဲ သူမရှေ့က လူနှစ်‌ယောက်ကို အပြစ်တင်လိုက်တယ်။

"ဟေးး နင်တို့နှစ်ယောက် ငါဒီနေရာမှာ အသက်ရှင်လျက်ကြီး အကောင်းအတိုင်းရှိသေးတယ်ဆို မမေ့နဲ့ဦး"

နင်းမုန့်ယောင်နဲ့ ချောင်ထျန်းချန်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးလိုက်သည်။နင်းမုန့်ယောင်က အရင်ဆုံးအကြည့်လွှဲလိုက်တဲ့လူဖြစ်ပြီး ရန်လဲ့လဲ့ကို ပြန်ဖြေလိုက်သည်။

"ကောင်းပြီ ပြီးအောင်စား။ငါတို့စားပြီးတာနဲ့ ပြန်ကြမယ်"

"ဟုတ်ပြီ"

ရန်လဲ့လဲ့က ကိစ္စကိုဘေးဖယ်ထားလိုက်ပြီး သူမခေါင်းကိုငုံ့ကာ လိမ်လိမ်မာမာနဲ့ စတင်စားတော့သည်။

မနက်စာစားပြီးတဲ့နောက် လူတိုင်းက ထုပ်ပိုးသိမ်းဆည်းကြပြီး ထွက်သွားဖို့ပြင်ကြသည်။သူ့တို့ထွက်သွားတော့ ရန်ကွေ့နဲ့ဆုံသည်။

ရန်ကွေ့ရဲ့မျက်နှာက ဖြူဖျော့နေပြီး သူမဒီရက်တွေမှာ ကောင်းကောင်းရှိမနေဘူးဆိုတာ သိသာသည်။

ရန်ကွေ့က သူတို့ကို သတိထားမိသွားတဲ့အချိန် သူမအကြည့်က ချက်ချင်း ချောင်ထျန်းချန်ဆီရောက်သွားပြီး သူမအစ်ကိုနဲ့ယောင်းမသတိပေးထားတဲ့ စကားလုံးတွေက စိတ်ထဲရောက်လာခဲ့တယ်။

ရန်ကွေ့က သူတို့ သူမကိုပြောတဲ့စကားတွေကို နားမလည်တာမဟုတ်ပေ၊သူမစိတ်ထဲမှာ သူတို့ကို လက်ခံဖို့ ဆန္ဒမရှိတာသာဖြစ်တယ်။

သူမက ချောင်ထျန်းချန်နဲ့ အချိန်အတော်ကြာသိကျွမ်းခဲ့ပြီး သူမ သူနဲ့သိတဲ့အချိန်က နင်းမုန့်ယောင်ထက် မတိုပေ။ဒါဆိုရင် ဘာလို့ ချောင်ထျန်းချန်က သူမကို သတိမထားမိဘဲ အဲ့ဒီအစား ဟိုမိန်းမပျက်မကို အာရုံစိုက်နေရတာလဲ?

ဘယ်လိုကြောင့် ဘာကြောင့်ပဲဖြစ်ဖြစ် သူမ အဲ့ဒါကို သည်းမခံနိုင်ဘူး။

အခုက သူမ ဘာမှမလုပ်နိုင်သေးဘူး။သူမသာ မြို့ထဲမှာ ပြဿနာရှာလိုက်ရင် သူမအစ်ကိုကြီးနဲ့ယောင်းမဘဲ သူမကို ဒီတိုင်းလွှတ်ထားမှာမဟုတ်ဘဲနဲ့ သူမဒုတိယအစ်ကိုကလည်း လွှတ်ပေးမှာမဟုတ်ဘူး။

သူမက ဒီတစ်ကြိမ်မှာတော့ သူမကို သူမမိသားစု မုန်းတီးသွားတာမျိုး မလိုချင်ပေ။ဒါပေမယ့် အဲ့ဒီနှစ်ယောက်က ဘေးချင်းကပ်ပြီး အတူတူလမ်းလျှောက်လာတာကို မြင်ရတော့ သူမအဲ့ဒါကိုကြည့်ပြီး ဘယ်လိုလုပ် မနာကျင်ဘဲနေမှာလဲ?

မှူန်ဝါးနေတဲ့မြင်ကွင်းနဲ့ ရန်ကွေ့က ချောင်ထျန်းချန်နဲ့ နင်းမုန့်ယောင် အတူတူထွက်သွားတာကို ကြည့်နေခဲ့သည်။နောက်ဆုံးမှာတော့ ရန်ကွေ့လည်းပဲ လှည့်ထွက်သွားခဲ့သည်။

ရန်ကွေ့ အခုဒါကိုသည်းခံထားဖို့လိုတယ် ဒါပေမယ့် တစ်နေ့ကျရင်တော့ သူမက သေချာပေါက် နင်းမုန့်ယောင် သူမကို ဒူးထောက်ပြီးအသနားခံရအောင် လုပ်ပြမယ်။

ရန်ကွေ့ သူမအစ်ကိုနဲ့ဈေးဆိုင်ကို ပြန်လာတဲ့အချိန် သူမမျက်နှာ မသာယာပေ။ရန်ရှူက သူ့ညီမကိုကြည့်လိုက်ပြီး အသာလေးမျက်ခုံးတွန့်ကာ

"ဘာဖြစ်လို့လဲ?နင် အပြင်ခဏသွားလိုက်ဦးမယ်လို့ ပြောသွားတာမဟုတ်ဘူးလား"

"ဘာမှမဖြစ်ပါဘူး"

ရန်ရှူက သူ့ကိုယ်သူတွေးနေခဲ့တယ်။(နင်က အပြင်ပန်းမှာဘာမှမဖြစ်တဲ့ပုံဆိုပေမယ့် နင့်စိတ်ထဲတစ်ခုခုမှားနေတယ်ဆိုတာ ငါပြောနိုင်တယ်။အဆင်ပြေတယ်လို့ပြောနေပေမယ့် နင်တစ်မနက်လုံးလုပ်နေတာက ငိုယိုပြီး ထိုင်းမှိုင်းနေတာလေ။ဟေး ငါတို့အလုပ်လုပ်ဖို့ရှိသေးတယ်။ဒီလိုဆက်သွားနေရင် ဈေးဝယ်တွေရောက်လာတဲ့အချိန်ကျ လန့်သွားရင် ဘယ်လိုလုပ်မလဲ)

"အစ်ကိုကြီး ညီမအရင်ပြန်နားတော့မယ်"

သူမအစ်ကိုရဲ့ အမူအရာကိုမကြည့်ဘဲ သူဘာတွေတွေးနေလဲဆိုတာ သူမသိတာကြောင့် သူမခေါင်းါင်းကိုငုံ့ထားလိုက်ပြီး ပြန်သွားခဲ့သည်။

ရန်ကွေ့ထွက်သွားပြီးတဲ့နောက် သခင်မစွန်းက မျက်မှောင်ကြုံ့ကာ နောက်ကနေထွက်လာပြီး မျက်နှာ မသာမယာရှိနေကာ

"ယောင်းမလေး ဒီလိုဖြစ်နေတာ မကောင်းဘူးနော်”

All Chapters