အခန်း ၉၅
Vol. 4 Ch. 95
Chapter 95
စိတ်မသက်မသာဖြစ်နေတဲ့ ရန်လဲ့လဲ့က ချင်းကျူးရဲ့စကားတွေကိုကြားတော့ ထခုန်လိုက်ပြီး နင်းမုန့်ယောင် လည်ပင်းကို တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်။
"ယောင်ယောင် နင်ကြားလား?ငါအောင်သွားပြီ!အောင်သွားပြီတဲ့!"
နင်းမုန့်ယောင်ရဲ့လည်ပင်းက အနည်းငယ်အဆင်မပြေသလိုခံစားရပြီး မျက်ခုံးတွန့်သွားကာ မနေနိုင်တော့ဘဲ သူမလည်ပင်းနားက လက်တွေကို ဆွဲယူလိုက်သည်။
"စိတ်အေးအေးထားပါ၊အရမ်း စိတ်မလှုပ်ရှားနဲ့ နင့်ကြောင့်ငါ လည်ပင်းတစ်ပြီးသေတော့မယ်"
တစ်ခါထဲနဲ့ နင်းမုန့်ယောင်လည်ပင်းနားက လက်တွေက ပြုတ်ကျသွားသည်။ရန်လဲ့လဲ့က သူမနှာခေါင်းကိုနေရခက်စွာပွတ်သပ်ကာ အရမ်းတောင်းပန်စွာနဲ့ပြောလိုက်သည်။
"ယောင်ယောင် ငါတောင်းပန်ပါတယ်။ငါ အရမ်းစိတ်လှုပ်ရှားသွားလို့"
"ကိစ္စမရှိဘူး။ချင်းကျူး လဲ့လဲ့အတွက် စီစဉ်စရာရှိတာစီစဉ်ပေးလိုက်တော့လေ"
သူမက သဘာဝကျစွာနဲ့ ရန်လဲ့လဲ့ရဲ့ခံစားချက်တွေကို နားလည်တာကြောင့် သူမ(ရန်လဲ့လဲ့)ကို အပြစ်တင်မှာမဟုတ်ပေ။
"တစ်လမှာ နင်ရက်နှစ်ဆယ်အလုပ်လုပ်ရပြီး ဆယ်ရက်နားရမယ်"
ချင်းကျူးက ပြန်မဖြေခင် ထိုဟာကို ခဏစဉ်းစားခဲ့သည်။
ဒီလို စီမံမှုမျိူးက ရန်လဲ့လဲ့က နှစ်ဦးနှစ်ဖက်လုံးအတွက် အရမ်းကောင်းတယ်လို့ ခံစားမိတယ်။
"ချင်းကျူး ကျေးဇူးတင်ပါတယ်"
"နင့်ကို ကြိုဆိုပါတယ်။မနက်ဖြန်ကနေစပြီးတော့ နင်ဒီမှာနေရမယ် ပြီးတော့ ရက်နှစ်ဆယ်ပြီးသွားရင် ငါတစ်ယောက်ယောက်ကိုလွှတ်ပြီး နင့်ကိုပြန်ပို့ပေးမယ်။ဒါပေမယ့် ငါတို့ ရှင်းရှင်းလင်းလင်းလုပ်ထားရမယ့် အရာတစ်ခုတော့ရှိတယ်။ဒီနေရာမှာ နင်မြင်ခဲ့ကြားခဲ့တဲ့ အရာအားလုံးကို ဘယ်သူ့ကိုမှပြောပြလို့မရဘူး နင့်မိဘတွေကိုတောင်ပြောပြလို့မရဘူး"
ဒီစကားတွေပြောနေရင်း ချင်းကျူးက နင်းမုန့်ယောင်ရဲ့လက်ထောက်မဟုတ်ဘဲ ကြီးကြပ်သူဖြစ်သည်။
ရန်လဲ့လဲ့က တွေဝေခြင်းမရှိဘဲ သဘောတူတဲ့အနေနဲ့ ခေါင်းငြိမ့်လိုက်ပြီး
"ပြဿနာမရှိဘူး"
"ကောင်းပြီ ဒါဆို နင့်ကို ပန်းထိုးခန်းကိုခေါ်သွားပေးဖို့ ငါတစ်ယောက်ရှာလိုက်မယ်"
သူမက ပြောပြီး ထွက်သွားခဲ့သည်။
"ရန်ကျူးနဲ့နင့်မိသားစုကို ရက်နှစ်ဆယ်တိုင်း သင့်တင့်တဲ့ဝင်ငွေရမယ်ဆိုတာ ငါပြောလိုက်မယ်။စိတ်မပူနဲ့"
"ငါနင့်ကိုယုံပါတယ်"
သူမက သူတို့နောက်ကို လိုက်မှာဖြစ်တယ်။သူမ ဒီနေရာမှာ ရှိချင်တဲ့ အကြောင်းပြချက်က နင်းမုန့်ယောင်က သူမကို ရွာထဲကနေခေါ်ထုတ်လာပေးတာကြောင့်တင် မဟုတ်ပေ။ဒါပေမယ့် ပိုပြီးအရေးကြီးရေးကြီးတာက သူမက အပြင်ဘက်ကမ္ဘာကြီးမှာ ဘယ်လိုအရာတွေရှိလဲဆိုတာ တွေ့ချင်တာကြောင့်ဖြစ်တယ်။
သူမက ယခုလက်ရှိမှာ ပန်းထိုးရုံထဲပဲ ရှိနေသေးတုန်းဆိုပေမယ့် သူမ ဒီနေရာကို လာတဲ့အချိန်မှာ နင်းမုန့်ယောင်က သာမန်လူတစ်ယောက်မဟုတ်ဘူးဆိုတာ ပြောနိုင်တယ်။သူမ(နင်းမုန့်ေယာင်)နောက်ကိုသာလိုက်ရင် သူမလိုချင်တဲ့အရာတွေကို ရနိုင်လိမ့်မယ်။ဒါကြောင့် သူမက အလျင်မလိုပေ။
ရန်လဲ့လဲ့အတွက် အရာအားလုံးကို စီစဉ်ပြီးတဲ့နောက် နင်းမုန့်ယောင်နဲ့ချင်းကျူးက ပန်းထိုးရုံကနေထွက်သွားပြီး ပိုင်ရှန်းရွာကိုပြန်လာခဲ့သည်။
သူမရဲ့သမီးက နင်းမုန့်ယောင်တို့နဲ့ထွက်သွားပြီး ပြန်ပါမလာတာကိုတွေ့တော့ သခင်မရန်နဲ့မိသားစုက အနည်းငယ် စိုးရိမ်သွားသည်။
"ယောင်အာ ...လဲ့လဲ့ သူ......."
"ဒေါ်လေးရန် လဲ့လဲ့က လတိုင်းရက်နှစ်ဆယ်သွားရပြီးတော့ ကျန်တဲ့ဆယ်ရက်က ဒီကိုပြန်လာလိမ့်မယ်"
နင်းမုန့်ယောင်က သဘာဝကျစွာနဲ့ သခင်မရန်မေးချင်နေတဲ့ အရာတွေကိုသိတာကြောင့် တန်းပြီးဖြေပေးလိုက်သည်။
ရက်နှစ်ဆယ်ပဲ အပြင်မှာနေရမှာလား?ဒီလို စီစဉ်မှုမျိူးက ရန်မိသားစုကို ပိုပြီးတော့ လွယ်လွယ်လက်ခံသွားစေတယ်။
"ဒါဆို ငါတို့တွေ စိတ်ချထားလို့ရပါပြီ"
သူတို့က တစ်ယောက်နဲ့တစ်ယောက် နေ့တိုင်းမတွေ့နိုင်တော့ဘူးဆိုပေမယ့် ဒီစီစဉ်မှုကဆိုးပေ။တကယ်တမ်းပြောမယ်ဆို အလုပ်အခြေအနေနဲ့ပတ်သက်ပြီး အလွန်အကျွံဈေးဆစ်နေမယ်ဆိုရင် သူတို့က စဉ်းစားဆင်ခြင်တတ်တဲ့လူတွေအဖြစ်ရှိမှာမဟုတ်ပေ။
ရန်လဲ့လဲ့ရဲ့ကိစ္စက ဒီလိုနဲ့ပြီးသွားခဲ့တယ်။ယန်ရှိုးအာက ဘယ်ကနေကြားလာလဲတော့မသိဘူး။နင်းမုန့်ယောင်က ရန်လဲ့လဲ့ကို အပြင်က ပန်းထိုးရုံကိုပို့ပြီး ပန်းထိုးသင်ခိုင်းတယ်ဆိုတဲ့သတင်းကို ကြားလိုက်ရတယ်။ဒါပေမယ့် သတင်းက သူမမျက်နှာကို မနာလိုမှုနဲ့ တွန့်လိမ်သွားစေတယ်။
နင်းမုန့်ယောင်.......တကယ့်ကို အရမ်းကောင်းတယ်!သူမက ရန်လဲ့လဲ့ကိုကျ အရမ်းတွေကောင်းပြနေပြီး သူမ(ယန်ရှိုးအာ)ကိုကျ သူတောင်းစားနှင်သလို နှင်လွှတ်တယ်!
သူမလက်တွေကို တင်းတင်းဆုပ်ထားရင်း ယန်ရှိုးအာမျက်လုံးတွေက ဆိုးရွားတဲ့အရိပ်တွေနဲ့ပြည့်နေသည်။
သခင်မလော်က သူမသမီးဒီလိုပုံစံဖြစ်နေတာကိုတွေ့တော့ ကြောက်လန့်လာပြီး အနည်းငယ်စိုးရိမ်ကာ မေးလိုက်သည်။
"ရှိုးအာ ဘာဖြစ်လို့လဲ"
"အမေ နင်းမုန့်ယောင် အဲ့ဒီခွေးမက ရန်လဲ့လဲ့ကို အပြင်ဘက်ပို့ပေးတယ်တဲ့လေ"
ယန်ရှိုးအာတစ်ဘဝလုံးမှာ နယ်မြို့လေးကလွဲရင် တစ်ခြားဘယ်နေရာကိုမှ မရောက်ဖူးပေ။အရင်တုန်းကတော့ ထိုအကြောင်းကို ဂရုမစိုက်ပေ ဘာကြောင့်လဲဆိုတော့ ရွာကလူတွေလည်း တစ်ယောက်မှ မထွက်သွားကြဘူးလေ။ဒါပေမယ့် အခု ရန်လဲ့လဲ့က မထင်မှတ်ဘဲ ထွက်သွားတော့ သူမစိတ်အနှောင့်အယှက်ဖြစ်ရတယ်။အဲ့ထက်ပိုတာက သူမက မြို့ကြီးဆီသွားတယ်လို့ သတင်းကြားထားလို့ပဲ။
မနာလိုမှုတွေ အဆက်မပြတ် ပြည့်လျှံလာပြီးတော့ သူမကိုယ်သူမ တည်ငြိမ်အောင်ထိန်းမထားနိုင်တော့ပေ။ဘာကိစ္စပဲဖြစ်ဖြစ် သူမ သေချာပေါက် နင်းမုန့်ယောင်ဆီကိုသွားပြီး ဘာတွေဖြစ်နေတာလဲဆိုတာ သွားမေးမယ်။
အဲ့ဒီနောက် ယန်ရှိုးအာက နင်းမုန့်ယောင်ဆီကိုဆက်တိုက်သွားပြီး သူမကို တားဆီးဖို့ကြိုးစားသည်။သူမအိမ်မှာ လူတွေအများကြီးရှိနေတာကြောင့် ထိုဟာကို အိမ်မှာလုပ်ဖို့ဆိုတာမဖြစ်နိုင်ပေ။အရေးကြီးဆုံးက ချောင်ထျန်းချန်က သူမဘေးနားမှာ အိမ်တစ်လုံးဆောက်နေတယ်။သူမသာ တစ်ခုခုလုပ်မိသွားရင် ချောင်ထျန်းချန်က သူမကို ကူညီမှာမဟုတ်ပေ။
နောက်ဆုံးတော့ ရန်လဲ့လဲ့မြို့ကိုသွားပြီး လဝက်အကြာမှာ သူမအခွင့်အရေးရလာခဲ့တယ်။ထိုဟာက သူမအိမ်အပြန်လမ်းမှာ ရန်လဲ့လဲ့မိသားစုအိမ်ကိုဖြတ်သွားတဲ့အချိန် တောင်ခြေရင်းမှာ အဲ့ဒီလူနဲ့ ထိပ်တိုက်တွေ့ခဲ့တာဖြစ်သည်။
မတွေ့ရတာကြာတဲ့ သူမရှေ့ကလူကိုကြည့်လိုက်ပြီး နင်းမုန့်ယောင်မျက်လုံးတွေက သံယဝင်ကာ ပဟေဠိဖြစ်နေသည်။
"ငါနင့်ကို ဘာကူညီရမလဲ"
ယန်ရှိုးအာက သူမစိတ်ထဲက ဒေါသကို ဖိနှိပ်ထားလိုက်ပြီး နင်းမုန့်ယောင်ကိုကြည့်ကာ အေးစက်စက်ဆိုလိုက်သည်။
"ရန်လဲ့လဲ့ ဘယ်မှာလဲ”