အခန်း ၉၇
Vol. 4 Ch. 97
Chapter 97
ယန်ရှိုးအာက ရယ်မိသည်အထိ ဒေါသထွက်သွားတယ်။သူမက နင်းမုန့်ယောင်ကို စိုက်ကြည့်လိုက်ပြီး ရက်စက်ကြမ်းကြုတ်တဲ့လေသံနဲ့ရက်စက်ကြမ်းကြုတ်တဲ့လေသံနဲ့
"ငါ့ကို ငြင်းလိုက်တာရဲ့ အကျိုးဆက်ကိုနင်သိအောင်လုပ်ပြမယ်"
ပြောပြီးတာနဲ့ သူမက လှည့်ထွက်သွားသည်။
နင်းမုန့်ယောင်က သူမကို သဘောမကျနေမှတော့ သူမကဘာလို့ဆက်နေနေရမှာလဲ?ဒါက အရှက်ခွဲခံရဖို့ တောင်းဆိုနေတာပဲမလား?
နင်းမုန့်ယောင်က ယန်ရှိုးအာထွက်သွားတာကိုကြည့်ပြီး သူမလည်းပဲ လှည့်ထွက်လာခဲ့သည်။ကမ္ဘာကြီးက သူတို့ကို ဗဟိုပြုပြီး လည်ပတ်နေတယ်လို့ ထင်နေတဲ့လူတွေရှေ့မှာ သူမကိုယ်သူမ ဒီလိုဆွဲယူမနေနိုင်ဘူး။
သူမ အိမ်ပေါက်ဝပြန်ရောက်တာနဲ့ ချောင်ထျန်းချန်က သူမကို မတ်တပ်ရပ်ပြီးစောင့်နေတာ တွေ့လိုက်ရသည်။ယန်န်ရှိုးအာကြောင့် မကြည်မသာဖြစ်လာရတဲ့ သူမစိတ်က အလျင်အမြန်ကောင်းမွန်လာခဲ့သည်။
"ဘယ်လိုလဲ"
"အဲ့ဒါနဲ့ပတ်သက်ပြီး စိတ်ချထားလို့ရပြီ။ကိုယ် စပျစ်စေ့တွေကို တစ်ခြားလူတွေအကူအညီနဲ့တူးပြီးသွားပြီ။အပင်စိုက်ဖို့ မင်းညွှန်ကြားတာကို စောင့်နေတာ"
နင်းမုန့်ယောင်က စပျစ်ပင်စိုက်ချင်တယ်လို့ ပြောတဲ့အချိန်တုန်းက သူက လူတွေကို တောင်ပေါ်ခေါ်သွားပြီး သူသိတဲ့ ရနိုင်တဲ့နေရာအားလုံးမှာ စပျစ်စေ့တွေကို စိုက်ခိုင်းတယ်။သူက သူနဲ့အတူသွားဖို့ လူတွေအလုပ်ခန့်ထည့်ပြီး တစ်နေ့ကို ဝမ်ငါးဆယ်ပေးတယ်။
ကောက်ရိတ်သိမ်းချိန်မဟုတ်တာကြောင့် ကိုယ်ခံပညာအနည်းငယ်သိကျွမ်းတဲ့လူတွေက သူနဲ့သွားချင်ကြတယ်။သူတို့တွေသာ ဒီအခွင့်အရေးကို လွဲချော်သွားရင် ရွာမှာဘယ်ဆိုင်မှရှိမှာမဟုတ်တော့ဘူး။
ငါးရက်အတွင်း နင်းမုန့်ယောင်ရဲ့ခြံဝင်းမှာ စပျစ်စေ့တွေ အစုလိုက်အပြုံလိုက်ချထားသည်။အဲ့ဒီနောက် သူမကို ကူညီဖို့ လူတွေရှာပြီး ခြောက်သွေ့မြေပေါ်မှာ ကျင်းတွေတူးကာ အစေ့တွေကို အထဲမှာစိုက်လိုက်သည်။တစ်ချိန်ထဲမှာပဲ သူမက မက်မွန်၊တရုတ်ဆီးသီး၊ယူကလစ်နဲ့ တစ်ခြားအပင်တွေကိုလည်း စိုက်ခဲ့သည်။
ငါးရက်နေခြောက်ရက်ကြာပြီးတဲ့နောက်မှာတောင် အပင်တွေအားလုံးကို အောင်အောင်မြင်မစိုက်ပျိုးနိုင်ပေ။
ထိုအချိန်မှာပဲ ရွာသားတွေက ရုတ်တရက် နင်းမုန့်ယောင်ကို လက်ညိုးထိုးလာကြသည်။
"ယောင်အာ နင်က လဲ့လဲ့ကို ဘယ်တော့မှပြန်မလာနိုင်အောင် အပြင်ကိုရောင်းစားလိုက်တယ်ဆိုပြီး ကောလဟာလတွေထွက်နေတယ်။ဘယ်သူဖြန့်လိုက်လည်းဆိုတာ ငါလည်းမသိဘူး"
သခင်မရန် နင်းမုန့်ယောင်ဆီကိုလာတဲ့အချိန် သူမမျက်နှာက ဖြူဆုပ်ပြီး ဒေါသထွက်နေသည်။ဘယ်လိုလုပ် အဲ့လို အရှက်မဲ့တဲ့လူမျိုး ရှိရတာလဲ။
အရင်ရက်တွေတုန်းက သူမသမီးဆီကတောင် စာရသေးတယ်။စာထဲမှာ သူမက ကောင်းကောင်းရှိနေပြီး လကုန်ကျပြန်လာမယ်လို့ ရေးထားတယ်။ကောလဟာလတွေက ဒီလိုထွက်လာလိမ့်မယ်လို့ ဘယ်သူသိမှာလဲ?သူမသာ ကောလဟာလဖြန့်တဲ့လူကို သိလို့ကတော့ အဲ့အတင်းပြောတဲ့ပါးစပ်တွေကို အပိုင်းပိုင်းဖြစ်အောင် ဆွဲဖြဲပစ်မယ်။
"ဒေါ်လေးရန် ကျွန်မတောင် ဒေါသမထွက်တာ ဒေါ်လေးက ဘာလို့ဒေါသထွက်ရမှာလဲ"
နင်းမုန့်ယောင်ယောင်က သခင်မရန်ကို စိုက်ကြည့်ပြီး ပြုံးလိုက်သည်၊
သခင်မရန်က သူမ(နင်းမုန့်ယောင်)က ဒီလိုအချိန်မှာတောင် ပြုံးနေနိုင်တာကိုတွေ့တော့ ရယ်ရမလားငိုရမလား မသိတော့ပေ
"ကိစ္စတွေက ဒီလိုဖြစ်နေပြီကို နင်က ဘယ်လိုလုပ် ပြုံးနေနိုင်သေးတာလဲ"
"ကျွန်မက ပြုံးမနေရဘူးဆိုရင် ငိုနေရမှာလား။အမှန်တရားက သူ့ဘာသာ ပေါ်လာပါလိမ့်မယ်။လဲ့လဲ့က နှစ်ရက်အတွင်းပြန်လာတော့မှာ။အဲ့အချိန်ကျရင် လူတွေက သူတို့ဘာသာပါးစပ်ပိတ်သွားလိမ့်မယ်"
နင်းမုန့်ယောင်က တစ်ခုခုလုပ်ရင်း သခင်မရန်ကို ပြောလိုက်သည်။
သခင်မရန်က ထိုဟာကို စဉ်းစားကြည့်လိုက်ပြီး တကယ့်ကို အမှန်ပဲ။ဒါကြောင့် သူမက ခေါင်းငြိမ့်လိုက်ပြီး ဘာမှမပြောပေ။
ရွာသားတွေက ရွာသူကြီးနဲ့သူ့မိသားစုက ဒီစကားတွေကြားပြီး ဒေါသထွက်နေတာတောင် နင်းမုန့်ယောင်ကို ပြဿနာသွားရှာတာမတွေ့တော့ ထူးဆန်းသလိုခံစားကြရသည်။ပျံ့နေတဲ့ကောလဟာလတွေကို လူအနည်းငယ်ကတောင် သံသယမဝင်ကြပေ။
ဒီလိုနဲ့ နှစ်ရက်ကြာတဲ့အထိ ရွာရဲ့အငွေ့အသက်က ထူးဆန်းနေခဲ့သည်။
ရထားလုံးကောင်းကောင်းတစ်စင်းက ရွာထဲကိုရောက်လာခဲ့သည်။ အပေါက်ဝတွေမှာ စကားပြောနေကြတဲ့ မိန်းမတွေက သိချင်စွာနဲ့ကြည့်လိုက်ကြပြီး အထူးသဖြင့် ရထားလုံးက ရွာသူကြီးအိမ်ရှေ့မှာ ရပ်သွားတဲ့အခါတွင်ဖြစ်သည်။
ပြီးနောက် ရထားလုံးပေါ်ကနေ မိန်းကလေးတစ်ဦးဆင်းလာတာ တွေ့လိုက်ရသည်။အဲ့ဒါက ရန်လဲ့လဲ့မဟုတ်ရင် ဘယ်သူလဲ?
ရထားလုံးပေါ်ကနေ ဆင်းလာပြီးတဲ့နောက် သူမက မနည်းတဲ့ပစ္စည်းတွေကိုလည်း အောက်ချသည်။သူတို့တွေက ကြီးတာ၊ငယ်တာ နဲ့ ငါးတွေ၊အသားတွေ၊အဝတ်အထည်တွေနဲ့ တစ်ခြားပစ္စည်းများစွာဖြစ်သည်။
ပစ္စည်းတွေကိုမြင်တော့ ရွာထဲကပြောဆိုမှုက ပိုပြီးတော့ပြင်းထန်လာခဲ့သည်။သူတို့က ရန်လဲ့လဲ့က နင်းမုန့်ယောင်ဆီကနေ လူချမ်းသာတစ်ယောက်ဆီကို ကိုယ်လုပ်တော်အဖြစ် ရောင်းစားခံလိုက်ရတယ်လို့ ထင်ကြသည်။မဟုတ်ရင် သူမက ဘယ်လိုလုပ် ပစ္စည်းတွေအများကြီး ပြန်ယူလာပါ့မလဲ?အဲ့ဒီပစ္စည်းတွေက အနည်းဆုံးတော့ ငွေစ ခုနစ်စ၊ရှစ်စလောက်တန်တယ်။
"လဲ့လဲ့...အာ...နင် အရင်ရက်တွေက ဘယ်တွေသွားနေတာလဲ?နင် ချမ်းသာတဲ့မိသားစုဆီ ရောင်းစားခံလိုက်ရတယ်လို့ ငါကြားတယ်"
ဆက်ပြီးတော့ အောင့်အီးမထားနိုင်တော့တဲ့လူတစ်ယောက်က ရန်ကျူးအိမ်တံခါးဝရှေ့မှာ မေးလိုက်သည်။
ရန်လဲ့လဲ့က အဲ့လူကို စူးစိုက်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည်။
"အဒေါ် ကျွန်မအဲ့စကားတွေနားထောင်ရတာ မပျော်ဘူးနော်။ကျွန်မက ချမ်းသာတဲ့မိသားစုဆီ ရောင်းစားခံလိုက်ရတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ?ကျွန်မက တရားဝင် ပန်းထိုးသမားတစ်ယောက်ဖြစ်လာဖို့ ပန်းထိုးရုံကိုသွားတာပါ။အဲ့ဒါက ဘယ်လိုလုပ် ချမ်းသာတဲ့မိသားစုဆီရောင်းစားခံလိုက်ရတယ်ဆိုပြီး ပြောင်းသွားရတာလဲ"
ရက်နှစ်ဆယ်အတွင်းမှာပဲ ရန်လဲ့လဲ့ကပြောင်းလဲသွားပြီး သူတို့ကအဆင့်တူတဲ့ လူတွေမဟုတ်တော့သလိုပင်။
လာမေးတဲ့လူက ရန်လဲ့လဲ့အဖြေကိုကြားပြီး နေရခက်စွာနဲ့ အဝေးထွက်သွားသည်။