အခန်း ၉၈
Vol. 4 Ch. 98
Chapter 98
ရန်လဲ့လဲ့က မိန်းမအုပ်စုကိုကြည့်လိုက်ပြီး သူမစိတ်ထဲ လှောင်ရယ်လိုက်သည်။ဒီလိုလူမျိူးတွေကပဲ တစ်ခြားလူတွေကို အမြဲတမ်းပြဿနာရှာကြတာ။
ဒီလိုမေးခွန်းတွေမေးနေတာက သူတို့က ယောင်ယောင့်ကို အမှားရှာနေတာပဲမလား?
ဒီရက်နှစ်ဆယ်အတွင်းမှာ သူမအများကြီး သင်ယူခဲ့ရတယ်။အဲ့ဒီမှာရှိနေတုန်း သူမက ပန်းထိုးတာတောင် သင်ယူခဲ့ရတာမဟုတ်ဘဲနဲ့ ပန်းထိုးသမားတိုင်းက ဘယ်လိုပုံဆွဲပြီးတော့ ဘယ်လိုစာဖတ်ရမယ်ဆိုတာပါ သင်ယူခဲ့ရတယ်၊အဲ့ဒီမှာ ရှိခဲ့တဲ့ သူမနေ့ရက်တွေက အရမ်းပြည့်စုံခဲ့တယ်။
သခင်မရန်က သူမသမီးပြန်လာတာမြင်တော့ မျက်ဝန်းထဲ ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်သွားသည်။
"လဲ့လဲ့ ပြန်လာပြီလား"
သူမလက်တွေဆန့်ထုတ်ကာ ရန်လဲ့လဲ့အိမ်ပြန်ယူလာတဲ့ ပစ္စည်းတွေကိုယူလိုက်ပြီး သူမကို ပျော်ရွှင်စွာနဲ့ ကြိုဆိုသည်။
သူတို့တွေ အိမ်ပြန်လာပြီးတဲ့နောက် သခင်မရန်က ဆက်မထိန်းထားနိုင်တော့ဘဲ မေးလိုက်သည်။
"လဲ့လဲ့ သမီးအဲ့မှာ တကယ်အဆင်ပြေခဲ့ရဲ့လား"
ရန်လဲ့လဲ့က ခေါင်းငြိမ့်လိုက်ပြီး
"အင်း အမေ ကျွန်မအဲ့မှာရှိတုန်းကလေ ပန်းထိုးရုံမှာ သုံးနာရီပဲ အလုပ်လုပ်ရတယ်။ကျန်တဲ့အချိန်တွေက စာဖတ်ဖို့၊ပုံဆွဲဖို့နဲ့ တစ်ခြားကိစ္စတွေလုပ်ရတာ"
"တကယ်လား"
သခင်မရန်က အံ့ဩသွားတယ်။သူမသမီးအပြင်မှာ အလုပ်လုပ်နေတာက ခက်ခဲတဲ့အချိန်တွေနဲ့အရမ်းပင်ပန်းနေလိမ့်မယ်လို့ သူမထင်ထားခဲ့တာ။
သူမက တစ်နေ့ကို နာရီအနည်းငယ်လောက်ပဲ အလုပ်လုပ်ရလိမ့်မယ်လို့ ဘယ်သူသိမှာလဲ။ပြီးတော့ သူမက ပုံဆွဲပြီးစာဖတ်နိုင်သေးတယ်။သခင်မရန်က ချမ်းသာတဲ့မိသားစုတွေနဲ့မျိုးရိုးမြင့်မိသားစုတွေက မိန်းမပျိုလေးတွေပဲ အဲ့လိုအရာတွေသင်နိုင်တယ်လို့ သိထားခဲ့တာ။
"ဟုတ်တယ် သမီးယောင်ယောင်ဆီကနေ သင်ခဲ့တဲ့စာလုံးတွေနဲ့ပေါင်းလိုက်ရင် အခုဆို စာလုံးတွေအများကြီးကို ဖတ်နိုင်နေပြီ။အိုး ဟုတ်သားပဲ အမေ သမီးဒီတစ်ခေါက် ရှောင်ကျီဖို့ မင်နဲ့စာရွက်တွေအများကြီးဝယ်လာခဲ့တယ်"
ရန်လဲ့လဲ့က စာရွက်ကိုညွှန်ပြပြီး ပြောလိုက်သည်။
"ကောင်းတယ် ဒါကတကယ့်ကို မိုက်တာပဲ"
သခင်မရန်က ပျော်ရွင်စွာ ပြောလိုက်သည်။
သူမသမီးက အပြင်ရောက်နေတာတောင်မှ မိသားစုကိုပြန်တွေးပေးတာကို မြင်ရတော့ သူမအရမ်းစိတ်ကျေနပ်တယ်။
သူမ ဝယ်လာတဲ့ ပစ္စည်းတွေအားလုံးကိုကြည့်လိုက်ပြီး အားလုံးက သူတို့အတွက်ဆိုတာ သခင်မရန် သိပြီးဖြစ်သည်။
ရန်ရိနဲ့မိသားစုက ရန်လဲ့လဲ့ပြန်ရောက်ပြီဆိုတာသိတော့ သူတို့အရမ်းပျော်သွားကြသည်။
"လဲ့လဲ့ နောက်ဆုံးတော့ နင်ပြန်လာပြီပေါ့။နင်အဝေးရောက်နေတုန်း ဘယ်လိုကြောက်စရာကောင်းတဲ့ စကားတွေပြောကြလဲဆိုတာ နင်ခန့်မှန်းကြည့်လို့ရမှာတောင် မဟုတ်ဘူး။အခြားလူတွေက နင့်ကို ယောင်ယောင်က အပြင်ကနေရာဆီ ရောင်းစားပစ်တယ်ဆိုပြီး ပြောနေကြတာ"
ရန်လဲ့လဲ့ အခုသဘောပေါက်သွားပြီ။စောနတုန်းက ရွာကလူတွေလာပြီး သူမကိုမေးခွန်းတွေမေးတာ အံ့ဩစရာမရှိတော့ဘူး။
"မနက်ဖြန်ကျရင် ညီမ ယောင်ယောင့်ကိုသွားရှာလိုက်မယ်။ညီမနဲ့သူ(မ)နဲ့ ဘယ်လောက်ဆက်ဆံရေးကောင်းလဲဆိုတာသာ သူတို့တွေ့ရင် အဲ့အကြောင်းကို ဘယ်လိုပြောကြမလဲဆိုတာ ကြည့်ကြသေးတာပေါ့"
"အဲ့ဒါပဲမလား"
သခင်မချောင်က ဘေးကနေ ခေါင်းငြိမ့်လိုက်သည်။
သူမက ရန်လဲ့လဲ့ အပြင်ထွက်နိုင်တာကို သဘောကျတယ်ဆိုပေမယ့် မနာလိုမဖြစ်ပေ။သူမရဲ့ တစ်မိသားစုလုံးက ညီမလေး ကောင်းကောင်းအလုပ်လုပ်နေတာကနေ အကျိုးအမြတ်ရတယ်ဆိုတာ သူမသိတယ်။
သူမတို့ကလေးအတွက် အများကြီးပြန်ဝယ်လာတာကိုကြည့်ပြီး သူတို့သာဝယ်မယ်ဆိုရင် ပိုက်ဆံလေးနည်းနည်းပဲယူသွားမှာ။
"ယောင်းမ ရှောင်ကျီကို မင်နဲ့စာရွက်ပေါ်မှာ စာရေးပြီး လေ့ကျင့်ခွင့်ပြုတာကို မနှမြောသင့်ဘူး"
ရန်လဲ့လဲ့က အလေးအနက်ပြောလိုက်သည်။
"စိတ်ချစမ်းပါ နင့်ရဲ့ယောင်းမက နားလည်ပါတယ်"
သူမသားအကြောင်းကိုပြောတော့ သခင်မချောင်ရဲ့အပြုံးက ပိုပြီးတောက်ပလာသည်။
နင်းမုန့်ယောင် သူ့ကို ကူညီပေးခဲ့တဲ့ ခိုင်မာတဲ့အခြေခံကြောင့် သူကျောင်းသွားတဲ့အခါ သူ့စာတွေကို အလွယ်တကူကူးယူနိုင်သည်။ဆရာကလည်း သူကတော်တယ်ဆိုပြီး ချီးကျူးသေးတယ်။ဒါက သူတို့ကို မျှော်လင့်ချက်တွေ ရှိလာစေတယ်။
ဒုတိယနေ့မှာ မနက်စာစားပြီးတော့ ရန်လဲ့လဲ့က သူမဝယ်လာတဲ့ပစ္စည်းတွေကိုယူပြီး နင်းမုန့်ယောင်အိမ်ကို သွားခဲ့သည်။
ရန်လဲ့လဲ့ရောက်တဲ့အချိန် နင်းမုန့်ယောင်က ချောင်ထျန်းချန်နဲ့ တစ်ခုခုပြောနေတာဖြစ်သည်။သူမရောက်လာတာက စကားပြောနေတဲ့ လူနှစ်ယောက်ရဲ့ အာရုံစိုက်မှုကို မရပေ။
"ဟေး နင်တို့အနည်းဆုံးတော့ ငါ့ကိုအသိအမှတ်ပြုသင့်တယ်မလား"
ရန်လဲ့လဲ့က ညည်းညူစွာ ပြောလိုက်တယ်။တစ်နာရီထက်ပိုကြာအောင်စောင့်နေခဲ့ပြီးတော့ သူတို့နှစ်ယောက်က စကားပြောလို့ မပြီးသေးတာကို တွေ့တော့ ရန်လဲ့လဲ့က နောက်ဆုံးမှာဆက်ပြီး သည်းမခံနိုင်တော့ပေ။
ရုတ်တရက်အသံက နင်းမုန့်ယောင်ကို အလွန် လန့်သွားစေသည်။သူမနဲ့ ဆန့်ကျင်ဘက်မှာရှိနေတဲ့ ချောင်ထျန်းချန်က မပျော်မရွှင်နဲ့လှည့်လာပြီး ရန်လဲ့လဲ့ကို အေးစက်စက်စိုက်ကြည့်လိုက်သည်။
ရေခဲလို အေးစက်နေတဲ့အကြည့်က ရန်လဲ့လဲ့ကို ကြောက်တာကြောင့် တုန်သွားစေပြီး
"ငါ တမင်လုပ်တာ မဟုတ်ပါဘူး"
"နင်ပြန်လာပြီလား?အဲ့မှာ ဘယ်လိုလဲ"
ရန်လဲ့လဲ့က ပျော်ရွှင်စွာ ပြုံးလိုက်ပြီး
"အရမ်းကောင်းတယ် ငါပြန်တောင်မလာချင်ဘူး"
"နင် သဘောကျတယ်ဆိုရင် ကောင်းပါပြီ"
နင်းမုန့်ယောင်က ခေါင်းငြိမ့်လိုက်တယ်။သူမက အသေးစိတ်အချက်တွေ မမေးခဲ့ပေ၊ရန်လဲ့လဲ့ရဲ့ စိတ်လှုပ်ရှားနေတဲ့ ပုံစံကိုကြည့်တာနဲ့တင် အဲ့ဒါက အရမ်းမဆိုးဘူးဆိုတာ သူမသိတယ်။
ရန်လဲ့လဲ့က ခေါင်းငြိမ့်လိုက်ပြီး သူတို့ကို သံသယနဲ့ကြည့်ကာ
"ငါ့အကြောင်းကို အရင်မပြောနဲ့ဦး။ယောင်ယောင် နင်တို့နှစ်ယောက်ကြားမှာ ဘာတွေရှိနေတာလဲဆိုတာ ငါ့ကိုပြောပြသင့်တယ်လို့ မထင်ဘူးလား"
သူမ မထွက်သွားခင်တုန်းက ဒီနှစ်ယောက်ကြားက ဆက်ဆံရေးက ဒီလောက် မရင်းနှီးပေ။သူတို့ကို ရက်နှစ်ဆယ်လောက်လေး မတွေ့လိုက်ရတာနဲ့ အခုသူတို့နှစ်ယောက်က ပိုပြီးသက်သောင့်သက်သာရှိဘာပုံရတာ ဘယ်လိုလဲ?
နင်းမုန့်ယောင်က ရန်လဲ့လဲ့ကိုကြည့်လိုက်ပြီး ပြန်မဖြေပေ။ချောင်ထျန်းချန်က ရန်လဲ့လဲ့ကို သတိပေးသလို တစ်ချက်ကြည့်လိုက်ပြီး သူမကို မျက်မှောင်ကြုတ်သွားစေသည်။
နင်းမုန့်ယောင်အိမ်မှာ ခဏလောက်နေပြီးတဲ့နောက် သူမက နောက်ဆုံးမှာ ပြန်သွားခဲ့သည်။၊သူမရဲ့ အစီအစဉ်တွေက သူမမိဘတွေနဲ့အတူတူအချိန်ဖြုန်းမယ်၊နင်းမုန့်ယောင်ဆီကို လက်ဆောင်တွေယူသွားမယ် တစ်ခြားကိစ္စတွေကိုလည်း ဂရုစိုက်မယ် အဲ့ဒါတွေပဲဖြစ်တယ်။သူမလုပ်တဲ့အရာတွေက ရွာကိုလှည့်ပတ်သွားပြီးတော့ လူတိုင်းကနောက်ဆုံးမှာတော့ ကောလဟာလတွေက အတုတွေဆိုတာ သိသွားကြသည်။