အခန်း ၉၉
Vol. 4 Ch. 99
Chapter 99
ရွာထဲက ကိစ္စတွေကို နင်းမုန့်ယောင်က ဂရုစိုက်နေဖို့ အစီအစဉ်မရှိပေ။သူမကို ယုံတဲ့လူတွေက သူမရှင်းပြစရာမလိုဘူး။သူမကို မယုံတဲ့လူတွေကတော့ သူမပြောသမျှဘာမဆို အသုံးမဝင်ဖြစ်နေမှာပဲ။
အချိန်ပေးပြီးတော့ သူတို့လုပ်မယ့်အရာတွေကို ချောင်ထျန်းချန်နဲ့ ဆွေးနွေးတိုင်ပင်တာက ပိုကောင်းတယ်။
လွန်ခဲ့တဲ့ရက်အနည်းငယ်က ရှောင်ချီထျန်းက လူအချို့လွှတ်ပြီး သူမဆီ တရုတ်ဆီးပန်းပွင့်တွေ့ ပို့ပေးခဲ့ကာ သူထပ်ပြီးပို့ပေးဦးမယ်ဟု ပြောသွားသည်။တစ်ချိန်ထဲမှာပဲ သူ့လူတွေက တရုတ်ဆီးသီးဝိုင်က ဘယ်အချိန်မှာသောက်ဖို့အဆင်သင့်ဖြစ်မလဲဆိုတာ မေးခိုင်းလိုက်သည်။
ဒါကြောင့် နင်းမုန့်ယောင်က သူမမှာ တကယ့်ကိုလုပ်စရာတွေ အများကြီးရှိတယ်လို့ တွေးလိုက်သည်။
ရှောင်ချီထျန်းဘက်ကအပြင် ချောင်ထျန်းချန်ဘက်ကလည်း တရုတ်ဆီးပင်တွေဘယ်နားရှိလဲသိတာကြောင့် အများကြီးပေးခဲ့သည်။
အလုပ်ရုံမပိတ်ခင် ရောက်လာတဲ့ ဧရာမကြီးမားတဲ့ ဆီးပန်းတွေကိုကြည့်ပြီး နင်းမုန့်ယောင်စိတ်ထဲမှာ များပြားလှတဲ့ပိုက်ဆံတွေက သူမဆီပျံသန်းလာနေပြီဖြစ်သည်။
အရာအားလုံးအဆင်သင့်ဖြစ်တဲ့အခါမှာတော့ နင်းမုန့်ယောင်က လူတွေကို တရုတ်ဆီးပန်းဝိုင်လုပ်ဖို့ စတင်ညွှန်ကြားတော့သည်။ဒါပေါ့ အရေးအကြီးဆုံးအပိုင်းတွေက ချင်းရွှယ်နဲ့တစ်ခြားလူတွေ လုပ်ပြီးသွားပြီဖြစ်ပြီး ရွာသားတွေက ဝင်မစွက်ဖက်နိုင်ပေ၊
ဒီအချိန်အတောအတွင်း ကောလဟာလတွေက ပိုပြီးကျယ်ပြန့်လာသည်။ရန်လဲ့လဲ့က နင်းမုန့်ယောင်ဆီကနေ အကျိုးအမြတ်ရထားတာကြောင့် သူမက နင်းမုန့်ယောင်ကို ကူညီပေးပြီး တကယ့်အမှန်တရားက ရန်လဲ့လဲ့က မိသားစုကြီးတစ်ခုရဲ့ ကိုယ်လုပ်တော်ဖြစ်သွားခဲ့တာဆိုပြီး သူတို့ကပြောကြသည်။
နင်းမုန့်ယောင်က အရမ်းအလုပ်များနေတာကြောင့် ဒီကောလဟာလကိုမသိပေ။ဒါပေမယ့် သူမ မသိရင်တောင်မှ ရန်လဲ့လဲ့မသိဘူးလို့ မဆိုလိုပေ။နောက်ဆုံးမှာတော့ ဒီကောလဟာလတွေက သူမဂုဏ်သိက္ခာနဲ့ပတ်သက်နေသည်။
ဒါကြောင့် လူတွေတစ်ယောက်ပြီးတစ်ယောက် မေးကြည့်တော့ ဒီကောလဟာလက ယန်ရှိုးအာရဲ့အမေ သခင်မလော်ဆီကနေ ပျံ့လာတယ်ဆိုတာ သိလိုက်ရသည်။
သခင်မလော်က ထိုဟာကို ဖြန့်လိုက်ပြီး ယန်ရှိုးအာနဲ့လည်း တစ်ခုခုသက်ဆိုင်နေတယ်လို့ အဓိပ္ပာယ်ရသည်။
ရန်လဲ့လဲ့က ယန်ရှိုးအာအိမ်ထဲကိုဝင်သွားပြီး အနည်းငယ်ပြောင်းလဲသွားပုံရတဲ့ ယန်ရှိုးအာကို အေးစက်စက်ကြည့်လိုက်သည်။သူမအကြည့်က အေးစက်နေကာ
"ယန်ရှိုးအာ နင်ဘာလုပ်ဖို့ကြိုးစားနေတာလဲ"
"နင်ဘာအကြောင်းပြောနေလဲဆိုတာ ငါမသိဘူး"
ယန်ရှိုးအာမျက်လုံးတွေက မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားပြီး သူမခေါင်းကိုငုံ့ကာ ရန်လဲ့လဲ့ကိုဖြေလိုက်သည်။
ရန်လဲ့လဲ့ ဘယ်လောက်တောင်ပြောင်းလဲသွားလဲဆိုတာ သူမတွေ့လိုက်ရတဲ့အချိန် သူမစိတ်ထဲ ဘယ်လောက်တောင်မနာလိုရလဲဆိုတာကို ကောင်းကင်ဘုံသိတယ်။အရင်တုန်းက ရန်လဲ့လဲ့က သာမန်ရွာသူလေးတစ်ယောက်ပဲ။အခု တစ်ယောက်ယောက်ကသာ ရန်လဲ့လဲ့က သူဌေးကြီးတစ်ယောက်ရဲ့သမီးလို့ပြောရင် ယုံကြမယ့်လူတွေရှိနိုင်တယ်။
ဘာအတွက်ကြောင့်လဲ?ဘာကြောင့် သူမ ယန်ရှိုးအာက ရန်လဲ့လဲ့ရထားတဲ့အရာတွေကို မရရတာလဲ?
"ယန်ရှိုးအာ နင့်အခေါင်းကိုမမြင်ရမှ မငိုနဲ့။အခု ပျံ့နေတဲ့ကောလဟာလတွေက နင်ဖြန့်တာမဟုတ်ဘူးလို့ ပြောရဲလား"
ရန်လဲ့လဲ့က အေးစက်စက်ပြုံးလိုက်သည်။
ယန်ရှိုးအာက နောက်ဆုံးမှာတော့ ခေါင်းမော့လာပြီး ရန်လဲ့လဲ့နဲ့ မျက်လုံးချင်းစုံကာ သူမမျက်လုံးတွေက ဘာမှမဖြစ်တဲ့ပုံနဲ့
"အဲ့လိုဆိုတော့ရော ဘာဖြစ်လဲ?အဲ့လိုမဟုတ်ဘူးဆိုရင်ရော ဘာဖြစ်လဲ?နင်ဘာလုပ်နိုင်မှာမလို့လဲ"
"ငါလုပ်နိုင်တဲ့အရာမရှိပါဘူး၊ငါက နင့်ကို သတိပေးချင်ရုံလေးတင်။ဒီလိုအရာမျိုးဆိုတာက နည်းနည်းလေးပဲလုပ်သင့်တယ် ဒါဆို နင့်ရဲ့ဘီးထဲနင်ပြန်မလည်တော့ဘူးပေါ့"
ယောင်ယောင်က သူမ(ယန်ရှိုးအာ)ကို ဂရုစိုက်နေဖို့ အချိန်မရှိဘူး ဒါကြောင့် သူမက တကယ်ကြီး ယောင်ယောင်က သူမကို ကြောက်လို့ဆိုပြီး ထင်လိုက်တာပေါ့လေ။သူမက တကယ့်ကို ရယ်စရာကောင်းတာပဲ။
သူတိုဆုံတိုင်း အဆင့်နိမ့်တယ်လို့ ခံစားရတဲ့လူက ဘာကိုအခြေခံပြီးတော့ လေမြင့်နဲ့တိုက်ပြီးစစ်ေမးတာလဲ?
ရန်လဲ့လဲ့ကို ဒီလိုမြင်ရတော့ ယန်ရှိုးအာက သူမရဲ့ဆွဲဆောင်မှုရှိနေတဲ့မျက်နှာကို ဖျက်ဆီးပစ်ချင်သည်။
"ရန်လဲ့လဲ့ နင့်ကိုယ်နင် ဘယ်သူလို့ထင်နေလဲ?နင်းမုန့်ယောင်ကို တွယ်ကပ်နေတာက နင့်ကိုကြီးမြတ်အောင်လုပ်ပေးတယ်လို့ နင်က တကယ်ထင်နေတာလား?သိပ်မကြာခင်မှာပဲ အဲ့ဒီကောလဟာလတွေက နင့်အဆုံးသတ်ဖြစ်လာလိမ့်မယ်"
ယန်ရှိုးအာက ရန်လဲ့လဲ့ထွက်သွားတာကိုတွေ့တော့ ရုတ်တရက် သူမပါးစပ်ကိုဖွင့်လိုက်သည်။
ရန်လဲ့လဲ့ ခြေလှမ်းတွေ ရပ်တန့်သွားသည်။သူမက ပြန်လှည့်ကာ ယန်ရှိုးအာရဲ့ ရုပ်ဆိုးနေတဲ့မျက်နှာကို စိုက်ကြည့်လိုက်ပြီး
"အဲ့ဒါ ငါ့ကိစ္စပါ နင်နဲ့ဘာမှမဆိုင်ဘူး။ပြီးတော့ နင်တစ်ခုခုလုပ်ချင်ရင် နင့်အမေဘာဖြစ်သွားလဲဆိုတာ သတိရဖို့ ငါနင့်ကို သတိပေးဖို့လိုသေးလား"
ပြောပြီးတာနဲ့ သူမက ယန်ရှိုးအာနဲ့သခင်မလော်တို့ မျက်နှာတွေ ဘယ်လိုအမူအရာဖြစ်သွားလဲဆိုတာ ဂရုမစိုက်ဘဲ လှည့်ထွက်လာခဲ့သည်။
ယန်ရှိုးအာအိမ်ကနေထွက်လာပြီးတော့ ရန်လဲ့လဲ့မျက်နှာက တဖြေးဖြေး မည်းမှောင်လာသည်။
ယန်ရှိုးအာက ဒီကောလဟာလတွေဖြန့်ရတာ သူမကြောင့်ဆိုတာ အခုသေချာသွားပြီ။
ယန်ရှိုးအာမျက်လုံးထဲကနေ မနာလိုမှု၊အမုန်းနဲ့သူမ အဓိပ္ပာယ်မဖော်တတ်တဲ့ တခြားခံစားချက်တွေမြင်ရတယ်။
ဒါက ယောင်ယောင်က သူမကို အပြင်ပို့ပေးလိုက်တာကြောင့် ယန်ရှိုးအာစိတ်ကို မတည်မငြိမ်ဖြစ်သွားစေတယ်လို့ သူမကတွေးလိုက်သည်။
နင်းမုန့်ယောင်ကို မမေးဘဲနဲ့တောင် ရန်လဲ့လဲ့၏ ခန့်မှန်းချက်က မဝေးလှပေ။
ရန်လဲ့လဲ့က အဲ့ဒီနောက် နင်းမုန့်ယောင်ရှိတဲ့ဆီမသွားခင် အိမ်ခဏပြန်သွားသည်။
အခု အိမ်မှာ တစ်ယောက်မှ မရှိကြပေ။ရန်ကျီက ကျောင်းသွားပြီး ကျန်တဲ့လူတွေက နင်းမုန့်ယောင်အလုပ်ဆီသွားကြသည်။တစ်နေ့ရတဲ့ လုပ်အားခက မနည်းပေ။
"ယောင်ယောင် အရင်တုန်းက ယန်ရှိုးအာနင့်ဆီရောက်လာဖူးလား"
ရန်လဲ့လဲ့က နင်းမုန့်ယောင်ကိုတွေ့တော့ ခြုံပုတ်ကိုကွေ့ပတ်ရိုက်မနေတော့ဘဲ ပွင့်ပွင့်လင်းလင်းမေးလိုက်သည်။