အခန်း ၁၀၀
Vol. 4 Ch. 100
Chapter 100
နင်းမုန့်ယောင်က ပထမတော့ အနည်းငယ်အံ့ဩသွားပြီး အဲ့ဒီနောက် ရန်လဲ့လဲ့ကိုကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။
"ဟုတ်တယ် အရင်ရက်တွေတုန်းက သူ(မ)က ငါ့ကိုလာတွေ့ပြီး သူ(မ)ကိုလည်း အပြင်ပို့ပေးဖို့ပြောတယ်လေ ဒါပေမယ့် ငါကအဲ့ဒါကို သဘောမတူလိုက်ဘူး"
ရန်လဲ့လဲ့က ဒါကိုကြားလိုက်တော့ ထိုဟာက သေချာပေါက်ဒါအတွက်ကြောင့်ပဲဆိုတာ သိသွားပြီး သူမအမူအရာက မည်းမှောင်လာကာ
"နင် ယန်ရှိုးအာကို ဒီလိုပဲ လွှတ်ထားတော့မှာလား"
"အခုတော့ ဟုတ်တယ် ငါ့မှာဂရုစိုက်ရမယ့်အရာတွေအများကြီးရှိနေတာ အဲ့ဒါကြောင့် ငါသူ့ကိုကိုင်တွယ်ဖို့ အခုတော့ အချိန်မရှိဘူး"
နင်းမုန့်ယောင်က မျက်ခုံးတွန့်ပြီး ပြောလိုက်သည်။
ယန်ရှိုးအာက သူမကို နောက်တစ်ကြိမ် ပြဿနာလာမရှာသရွေ့ သူမလည်း ယန်ရှိုးအာကို အတူတူပဲဖြစ်သည်၊။သေချာတာကတော့ ထိုမိန်းကလေး ဒီလိုတွေးမှာမဟုတ်ပေ။
"နင် နည်းနည်းပိုပြီး သတိထားဖို့လိုမယ်နော်။ယန်ရှိုးအာက အရင်ကနဲ့မတူတော့ဘူး"
ရန်လဲ့လဲ့က အကျဉ်းချုပ်မပြောခင် ထိုအကြောင်းကို စဉ်းစားလိုက်သည်။
"အမ်း ငါသိပြီ"
နင်းမုန့်ယောင်က ယန်ရှိုးအာပြောင်းလဲသွားတယ်ဆိုတာကို သိတယ်။မဟုတ်ဘူး ပြောင်းလဲသွားတာမဟုတ်ဘဲနဲ့ သူမစိတ်က ပိုပြီးလောဘကြီးလာတာ။အရင်ကလိုပဲ သူမက သူမနဲ့မသက်ဆိုင်တဲ့အရာတွေကို သူမပိုင်ဆိုင်တယ်ဆိုပြီး လှည့်စားတွေးနေခဲ့တာ။
နင်းမုန့်ယောင် ပထမဆုံးအကြိမ်ရောက်လာတော့ ယန်ရှိုးအာက အရမ်းမလွန်ပေ အဲ့ဒါကြောင့် သူမကလည်း ထိုအကြောင်းကို ဂရုမစိုက်ပေ။ဒါပေမယ့် ရလဒ်အနေနဲ့ ယန်ရှိုးအာနဲ့သူမအမေက အခုဆိုပိုပြီးတော့ ရဲတင်းလာခဲ့သည်။
"နင်သိတယ်ဆိုရင် အဆင်ပြေပါတယ်။နင်ဘာလုပ်ချင်လဲ?ငါ့ အကူအညီလိုသေးလား"
ရန်လဲ့လဲ့က ဆက်မမေးတော့ဘဲ နင်းမုန့်ယောင်က စာရွက်ပေါ်မှာတစ်ခုခုချရေးရင်း ရေတွက်နေတာကိုပဲ ကြည့်နေလိုက်သည်။
နင်းမုန့်ယောင်လက်တွေက ခဏရပ်သွားပြီး မော့ကြည့်ကာ
"နင် ငွေကြေးတွက်နည်းကိုသိလား"
"အဲ့လိုဟာမျိုးတော့ ဘယ်လိုလုပ်ရမလဲဆိုတာ ငါမသိဘူး ဒါပေမယ့် ငါသေချာပေါက် သင်ယူနိုင်ပါတယ်။ငါနင့်ကို ကူညီချင်တယ်"
နင်းမုန့်ယောင်က သူမအစ်ကိုရဲ့အသက်ကို ကယ်လိုက်တဲ့အချိန်ကနေစပြီးတော့ နင်းမုန့်ယောင်ဘာပဲလိုလို သူမက ကျိန်းသေပေါက်ကူညီမှာဖြစ်ပြီး သူမအသက်ကိုတောင် ဆုံးရှုံးခံနိုင်တယ်လို့ ကတိပြုခဲ့သည်။
"ကောင်းပြီ နင်ပြန်ရင် ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပေးဖို့ ငါတစ်ယောက်ယောက်ပို့လိုက်မယ်"
နင်းမုန့်ယောင်ယောင်က ထိုဟာကို စဉ်းစားကြည့်ပြီး တိုက်ရိုက်ပဲပြောလိုက်သည်။
"ကောင်းတယ်!"
ဆယ်ရက်က အလျင်အမြန်ကုန်ဆုံးသွားပြီး အခုက ရန်လဲ့လဲ့ပြန်သွားရတော့မယ့် အချိန်ဖြစ်သည်။သူမ ပြန်သွားမယ့်နေ့မှာ သခင်မရန်က သူမသွားတာကိုကြည့်ဖို့ ဝန်လေးနေပြီး
"ကိုယ့်ကိုကိုယ် သေချာဂရုစိုက်နော်"
"အမေစိတ်ချပါ။သမီး ဂရုစိုက်ပါ့မယ်။အမေနဲ့အဖေတို့ စားချင်တာရှိရင် ဝယ်သာစားပစ်နော်။ခြွေတာနေစရာမလိုဘူး ဟုတ်ပြီလား?အစ်ကိုကြီး အမေနဲ့အဖေကို ကောင်းကောင်းဂရုစိုက်နော်"
ရန်လဲ့လဲ့လည်းပဲ ထွက်သွားဖို့ ဝန်လေးနေတယ် ဒါပေမယ့် သူမမကြာခင် ပြန်လာနိုင်မှာဖြစ်တဲ့အတွက် ဒါက သည်းမခံနိုင်စရာမရှိပေ။
"စိတ်မပူပါနဲ့ ငါဒီမှာ အမေနဲ့အဖေနဲ့ရှိနေတာပဲ၊နင် စိုးရိမ်နေဖို့ မလိုပါဘူး"
ရန်လဲ့လဲ့က ခေါင်းငြိမ့်လိုက်ပြီး ရထားလုံးထဲဝင်သွားသည်။ရထားလုံးက ထွက်သွားတော့မယ့်အချိန်မှာ လူတစ်ယောက်က ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။လူတွေ မတုံ့ပြန်နိုင်ခင်မှာပဲ သူမက ရထားလုံးပေါ်ခုန်တက်ပြီး ဘာပဲဖြစ်ဖြစ် မဆင်းဘူးလို့ပြောကာ သူမဘဝလိုမျိုး အတင်းဖက်တွယ်ထားသည်။
ယန်ရှိုးအာ ပြုမူတဲ့ပုံစံကိုတွေ့တော့ ရန်လဲ့လဲ့က သူမကို လှောင်ရယ်လိုက်သည်။ဒါက ယောင်ယောင်ပြောတဲ့အတိုင်း အတိအကျပဲ-ယန်ရှိုးအာက သူမနောက်ကို လိုက်လာဖို့ သေချာပေါက်ကြိုးစားလိမ့်မယ်။
"နင်ဘာလုပ်နေတယ်လို့ထင်နေလဲ ယန်ရှိုးအာ"
ရန်လဲ့လဲ့က ဒေါသတကြီးပြောလိုက်သည်။
"ငါက ဘာလုပ်နေရမှာလဲ?အဲ့ဒီ ခွေးမက နင့်ကိုကျအရမ်းတွေကောင်းပြီး ငါ့ကိုကျ ဘာလို့ဒီလိုဆက်ဆံရတာလဲ?ငါ နင်နဲ့သွားချင်တယ်"
ယန်ရှိုးအာက ကြမ်းတမ်းမောက်မာစွာ ပြောလိုက်သည်။
ဘာကိစ္စပဲဖြစ်ဖြစ် သူမ သေချာပေါက် ရန်လဲ့လဲ့နဲ့အတူ ထွက်သွားရမယ်။နင်းမုန့်ယောင်က ရန်လဲ့လဲ့အတွက် ဘယ်နေရာမှာ စီစဉ်ပေးထားလဲဆိုတာ သူမတွေ့ရဖို့လိုတယ် ဒါဆို ရန်လဲ့လဲ့က အချိန်တိုလေးအတွင်း ဘယ်လိုပြောင်းလဲသွားလဲဆိုတာ သူမရှာတွေ့နိုင်တယ်။
ရန်လဲ့လဲ့က လူယုတ်မာနဲ့တူနေတဲ့ ယန်ရှိုးအာကိုကြည့်ကာ ရယ်လိုက်ပြီး
"ငါပြောရမယ်ဆိုရင် ယန်ရှိုးအာ နင်ကလေ လူရမ်းကားလား?နင်က ယောင်ယောင့်ကိုခွေးမလို့ခေါ်ပြီး သူ(မ)က နင့်ကို မတရားဆက်ဆံတယ်လို့ ပြောတယ်နော်။ငါနင့်ကိုမေးချင်တာက သူ(မ)ကနင့်ကို ဘယ်လိုဆက်ဆံပေးရမှာလဲ?နင်က တစ်ခြားတစ်ဖက်မှာတော့ နင့်ရဲ့မရောင့်ရဲနိုင်တဲ့လောဘနဲ့ ယောင်ယောင့်ကို အမြဲတမ်း ပြဿနာသွားရှာတယ်။သူ(မ)အိမ်ကိုသွားတုန်းက နင်နဲ့နင့်အမေ ပြဿနာတွေ ဘယ်လောက်အထိရှာထားခဲ့လဲဆိုတာ မေ့နေပြီလား"
ရန်လဲ့လဲ့ စကားတွေက ယန်ရှိုးအာရဲ့ နာကျင်တဲ့နေရာကို တိုက်ရိုက် ရိုက်ချသွားပြီး ယန်ရှိုးအာက ထိုအကြောင်းကို ဘယ်လိုလုပ်မလဲဆိုတာ မြင်ချင်သည်။
သေချာတာပေါ့ ယန်ရှိုးအာမျက်လုံးတွေက ထိတ်လန့်မှုတွေနဲ့ပြည့်နေပြီး သူမက ဒေါသတကြီးပြန်ပြောသည်။
"ငါသူ့(မ)ကို အများကြီး ကူညီထားတာပဲ သူ(မ)က ဘယ်လိုလုပ် ကျေးဇူးကန်းရတာလဲ!"
ရန်လဲ့လဲ့ပြန်ပြောတော့မယ့်အချိန်မှာပဲ နင်းမုန့်ယောင်ရဲ့ အေးစက်စက်အသံကို ကြားလိုက်ရသည်။
"နင်က ငါ့ကို အများကြီး ကူညီခဲ့တယ်လို့ပြောတယ်နော်၊နင်ငါ့ကို ဘာတွေနဲ့ကူညီခဲ့လဲဆိုတာ မေးလို့ရမလား"
နင်းမုန့်ယောင်အသံက ယန်ရှိုးအာကို မသိစိတ်ကနေ ကြောက်ရွံ့တုန်လှုပ်သွားစေသည်၊သူမက သူမခေါင်းကိုငုံ့ထားပြီး တိတ်သွားခဲ့သည်၊
"ယန်ရှိုးအာ နင်ပြောတော့ ယောင်ယောင်ကနင့်ကို ကျေးဇူးကြွေးတင်နေတာဆို။အဲ့လိုဆို အခုဒီနေရာက လူတွေရှေ့မှာ အဲ့အကြောင်းပြောကြရအောင်?ဘယ်သူက ဘယ်သူ့ကိုပိုပြီး ကျေးဇူးကြွေးရှိလဲဆိုတာ ကြည့်ကြတာပေါ့"
ရန်လဲ့လဲ့က တိုက်ရိုက်ပဲပြောလိုက်တယ်။
နောက်ဆုံးမှာတော့ ထိတ်လန့်တုန်လှုပ်သွားတဲ့ အမူအရာက ယန်ရှိုးအာမျက်နှာပေါ်မှာ ပေါ်လာခဲ့သည်။သူမက အထစ်ထစ်အငေါ့ငေါ့နဲ့ တုံ့ပြန်ဖို့လုပ်ပေမယ့် အရင်က သူမနင်းမုန့်ယောင်ကို ဘာမှကူညီခဲ့တာမရှိဘူးဆိုတာ သတိပြုမိသွားသည်၊