← Chapters

အခန်း ၁၀၁

Vol. 5 Ch. 101

အခန်း ၁၀၁

Vol. 5 Ch. 101

Chapter 101

အဲ့ဒီအစား သူမကသာ နင်းမုန့်‌ယောင်ဆီကနေ အကျိုးအမြတ်တွေရခဲ့ပြီး နင်းမုန့်ယောင်က သူမကို ပန်းထိုးသင်ပေးတာနဲ့ တစ်ခြားအရာတွေဖြစ်တယ်။ဒါတွေအားလုံးက သူမနင်းမုန့်‌‌ယောင်ဆီကနေ ရခဲ့တဲ့ ကောင်းတဲ့အရာတွေဖြစ်တယ်။ဒါပေမယ့် သူမသာ အဲ့အရာတွေပြောလိုက်ရင် တစ်ခြားလူတွေမျက်လုံးထဲမှာ သူမက မျက်လုံးဖြူဝံပုလွေဖြစ်သွားလိမ့်မယ်။

"ယန်ရှိုးအာ နင်ဆင်းလာသင့်တယ်။ဒီနေ့ ငါတို့အရာအားလုံးကို ရှင်းလင်းအောင်လုပ်ရမယ် အဲ့ဒါမှ နောက်ထပ်ပြဿနာတွေမဖြစ်တော့မှာ"

နင်းမုန့်‌‌‌ယောင်‌‌‌က စိတ်မရှည်စွာပြောလိုက်သည်။

ယန်ရှိုးအာရဲ့ ပြဿနာတွေဖန်တီးတာကို သူမတကယ် စိတ်ရှုပ်နေပြီ။ချောင်ထျန်းချန်ရဲ့အကြံကိုလိုက်နာပြီး တစ်ခါထဲ ရှင်းအောင်လုပ်လိုက်တာက ပိုကောင်းတယ်။

ယန်ရှိုးအာက သူမခေါင်းကို အဆက်မပြတ်ရမ်းလိုက်ပြီး

"ငါမပြောဘူး၊ငါ့မှာ နင့်ကိုပြောစရာ ကောင်းတဲ့ကိစ္စ ဘာမှမရှိဘူး"

ဘေးကနေ ရန်ပွဲကိုကြည့်နေတဲ့လူတွေက ယန်ရှိုးအာကို ဒီလိုမြင်ရတော့ သူတို့စိတ်ထဲမှာ သဘောပေါက်သွားကြသည်။ဒီမိန်းကလေးက ရန်လဲ့လဲ့ကအပြင်ထွက်ပြီး တစ်ခုခုလုပ်တာကိုတွေ့တော့ သူမလည်း မသွားရတာကြောင့် မနာလိုလာပြီး အဲ့လိုရိုင်းစိုင်းတဲ့စကားတွေ ထုတ်ပြောလာခဲ့တာလို့ သူတို့ခံစားမိတယ်။

နင်းမုန့်ယောင်က အေးစက်စက်ပြုံးလိုက်ပြီး

"အဲ့ဒါ နင်နဲ့မဆိုင်ပါဘူး"

တစ်ခဏအတွင်း နင်းမုန့်ယောင်က သူမပထမဆုံးရောက်ပြီး ယန်ရှိုးအာနဲ့တွေ့တဲ့အချိန်ကနေ ယန်ရှိုးအာနဲ့ သူမအမေလုပ်ခဲ့တဲ့အရာတွေအထိ အကုန်လုံးကို တစ်ခုချင်းဆီ ထုတ်ပြောခဲ့သည်။အဲ့ဒီအချိန်က သခင်မလော်ကလွဲရင် သူမ သူတို့ကို အတော်လေး ကြင်နာရက်ရောခဲ့တာဖြစ်သည်၊

"ယန်ရှိုးအာ ဒါတွေက နင်လုပ်ခဲ့တဲ့အရာတွေလေ ဟုတ်တယ်မလား"

နင်းမုန့်ယောင်က ယန်ရှိုးအာကို ပေါ့ပေါ့ပါးပါးပဲပြောလိုက်သည်။

ယန်ရှိုးအာက သူမခေါင်းကို ပြင်းပြင်းထန်ထန်ခါရမ်းလိုက်ပြီး

"ငါမဟုတ်ဘူး၊အဲ့ဒါတွေက ငါပြောတာမဟုတ်ဘူး!နင်လိမ်နေတာ!"

နင်းမုန့်ယောင်က မဲ့ပြုံးပြုံးလိုက်ပြီး

"အဲ့ဒါက နင်တကယ် ဟုတ်လား မဟုတ်ဘူးလားဆိုတာကို နင်အဖြေသိပါတယ်။ချင်းရွှမ် သူတို့ကိုမောင်းထုတ်လိုက်၊ငါတို့ရဲ့ သေးငယ်တဲ့အဆောင်လေးက နင့်လိုမျိုး ကြီးကြယ်မြင့်မြတ်တဲ့ဘုရားလိုလူမျိုးအတွက် မစွမ်းဆောင်နိုင်ပါဘူး။"

"နင်........နင်းမုန့်ယောင် နင်ငါ့ကိုဒီလိုလုပ်လို့မရဘူး"

ယန်ရှိုးအာက ချင်းရွှမ်သူမကို ဖမ်းဖို့အဆင်သင့်ဖြစ်နေတာကိုမြင်တော့ ချက်ချင်း သူမနောက်က လှည်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလိုက်ပြီး မလွှတ်ပေ။

ချင်းရွှမ်က ယန်ရှိုးအာကို အေးစက်စက်စိုက်ကြည့်လိုက်တယ်၊ဒီလို လူမျိုးက ဘယ်လိုလုပ် သခင်မလေးရဲ့ သူငယ်ချင်းဖြစ် သင့်တော်မှာလဲ?သူမက ရန်လဲ့လဲ့ တစ်ဝက်တောင် ယှဉ်လို့မရဘူး။

ယန်ရှိုးအာရဲ့ လက်ကို နှစ်ကြိမ် ဆိတ်ဆွဲလိုက်ပြီး အဲ့ဒီနောက် ယန်ရှိုးအာကအော်ဟစ်ကာ ရထားလုံးကို လွှတ်လိုက်သည်။

ချင်းရွှမ်က ချက်ချင်းပဲ သူမကို ပစ်ထုတ်လိုက်ပြီး နင်းမုန့်ယောင်ဘေးကို ပြန်လာခဲ့သည်။

"ငါက အပြင်မှာ ရန်လဲ့လဲ့ နဲ့ အလုပ်လုပ်ချင်တာလေ အဲ့တော့ဘာဖြစ်လဲ?နင်က ဘာလို့ အရမ်းရက်စက်ရတာလဲ"

ယန်ရှိုးအာက မျက်လုံးထဲကအမုန်းတွေနဲ့ နင်းမုန့်‌ယောင်ကို စိုက်ကြည့်လိုက်ပြီး သူမအသံက ကွဲအက်နေသည်။သူမရဲ့ အပြုအမူကြောင့် လူအုပ်ကြီးက သနားသွားကြသည်။

နင်းမုန့်ယောင်က ယန်ရှိုးအာကို ငုံ့ကြည့်လိုက်ပြီး

"နင်သွားချင်တယ်လို့ နင်ပြောတယ်နော်?ဒါဆို နင့်ဘာသာနင်သွားလေ ဘာလို့ငါ့ကို တွယ်ကပ်နေတာလဲ"

"ငါ......ငါက ရန်လဲ့လဲ့နဲ့အတူတူသွားချင်တာ"

"သူ(မ)နဲ့ အတူတူလား?နင်က အရည်အချင်းရောပြည့်ရဲ့လား?"

နင်းမုန့်‌ယောင်က ယန်ရှိုးအာကို စိုက်ကြည့်ပြီး တစ်လုံးချင်းပြောလိုက်သည်။

သူမရဲ့ အေးစက်စက်အကြည့်က ယန်ရှိုးအာကို မတတ်နိုင်ဘဲ ကျောချမ်းသွားစေသည်။

"ငါ့ရဲ့ပန်းထိုးကလည်း သူ(မ)နဲ့ယှဉ်ရင် မနိမ့်ပါဘူး၊နင်က ဘာလို့ငါ့ကို သွားခွင့်မပြုရတာလဲ"

နင်းမုန့်ယောင်က ယန်ရှိုးအာကို အပေါ်စီးကနေစိုက်ကြည့်ပြီး အေးစက်စက်ပြောလိုက်သည်။

"ဘာကြောင့်လဲ?ဘာကြောင့်လဲဆိုတာ ငါနင့်ကိုပြောပြမယ်။ရန်လဲ့လဲ့က ကျေးဇူးကိုဘယ်လိုပြန်ဆပ်ရမလဲဆိုတာသိတယ် နင်ကတော့.....နင်က မျက်လုံးဖြူဝံပုလွေတစ်ကောင်ပဲလေ။အဲ့လိုဆိုမှတော့ ငါက ဘာကိစ္စက ငါ့ကိုယ်ငါခက်ခဲအောင်လုပ်ရမှာလဲ"

ယန်ရှိုးအာလိုလူမျိုးက တစ်ယောက်ယောက်ကသာ နင်းမုန့်ယောင်ကိုရောင်းဖို့ သူမကိုပိုက်ဆံပေးရင် တွေဝေခြင်းမရှိဘဲ ရောင်းပစ်မယ့်လူမျိုးဖြစ်သည်။

"နင်......"

"လဲ့လဲ့ နင်သွားတော့"

နင်းမုန့်ယောင်က မြင်းလှည်းထဲက စိုးရိမ်နေတဲ့ ရန်လဲ့လဲ့ဘက်ကိုလှည့်ကာ ပြောလိုက်သည်။

"ဒါပေမယ့်.......ဂရုစိုက်ဦးနော်"

ရန်လဲ့လဲ့က အစကတော့ သူမနေချင်သေးတယ်လို့ ပြောမလို့ဆိုပေမယ့် နင်းမုန့်ယောင်ရဲ့ တည်ငြိမ်နေတဲ့အမူအရာကိုတွေ့တော့ သူမစိတ်သက်သာရာရသွားသည်။သူမနေခြင်း မနေခြင်းက ကြီးမားတဲ့သက်ရောက်မှုရှိမှာမဟုတ်ပေ။

ရန်လဲ့လဲ့က မြင်းလှည်းပေါ်မှာထိုင်ပြီး ထွက်သွားခဲ့သည်။ယန်ရှိုးအာမျက်လုံးတွေက ဒေါသတွေ အမုန်းတွေနဲ့ပြည့်နှက်နေသည်။သူမက ဒီအတိုင်းအတာအထိ လုပ်ဆောင်ခဲ့ပြီးတော့ နင်းမုန့်ယောင်က သူမကို လွှတ်မပေးခဲ့ပေ။

သူမ လုပ်ပစ်ချင်နေတယ်........နင်းမုန့်ယောင်ကို တစ်စဆီ ဆွဲစုတ်ပစ်လိုက်ချင်တယ်။

နင်းမုန့်‌ယောင်က ထိုင်ချလိုက်ပြီး အဲ့ဒါဆို ယန်ရှိုးအာနဲ့ မျက်လုံးချင်းဆုံအောင်ကြည့်နိုင်ကာ

"နင် ငါ့ကို မုန်းတယ်မလား?ငါ့ကို ဖျက်ဆီးပစ်ချင်နေတယ်မလား?ငါက အခု နင့်ရဲ့တစ်ဘဝလုံးကို ဖျက်ဆီးပစ်နိုင်တယ်လို့ပြောရင် ငါ့ကိုယုံလား"

ယန်ရှိုးအာ ခန္ဓာကိုယ်က ရေခဲလို အေးလာခဲ့သည်။သူမက နင်းမုန့်ယောင်ကို မယုံနိုင်တဲ့ အမူအရာနဲ့စိုက်ကြည့်လိုက်သည်။သူမက ဘယ်လိုလုပ် အဲ့လိုစကားတွေ ပြောရတာလဲ,

အေးစက်စက်ရယ်လိုက်ပြီး နင်းမုန့်ယောင်က ယန်ရှိုးအာကို စိုက်ကြည့်ကာ အေးစက်စွာပြောလိုက်သည်။

"နင် စည်းဘောင်ထဲမှာရှိနေသရွေ့ ငါနင့်ကိုဘာမှမလုပ်ဘူး၊ဒါပေမယ့် ယန်ရှိုးအာ ငါက အနိုင်ကျင့်ဖို့လွယ်တယ်ဆိုပြီး နင်ထင်တယ် ဟုတ်တယ်မလား?"

မဟုတ်ရင် ယန်ရှိုးအာက ဘာလို့ သူမကို တစ်ကြိမ်ပြီးတစ်ကြိမ် ပြဿနာတွေရှာနေလဲ?

ယန်ရှိုးအာရဲ့ မသိစိတ်ကနေ ခေါင်းရမ်းလိုက်သည်။

နင်းမုန့်ယောင်က ယန်ရှိုးအာပုခုံးပေါ် လက်တင်လိုက်ပြီး အသာလေးပြောလိုက်သည်။

"နင်ပြောကြည့် ငါ နင့်လက်မောင်းကို တစ်ပိုင်းဆီဆွဲဖြဲလိုက်ရင် နင်ဘယ်လိုဖြစ်လာမလဲ?ဒါမှမဟုတ် ငါနင့်အမေကို လျန်းတစ်ရာလောက်ပေးပြီး နင့်ကိုငါ့ဆီရောင်းခိုင်းရမလား ငါသာ နင့်ရဲ့ဘဝကို အဆုံးသတ်ပေးလိုက်ရင် ဘာတွေဖြစ်လာမလဲ?

All Chapters