အခန်း ၁၀၂
Vol. 5 Ch. 102
Chapter 102
ယန်ရှိုးအာက သူမခေါင်းကို အဆက်မပြတ်ရမ်းနေခဲ့သည်။သူမက ကြောက်ရွံ့နေတယ်။လျန်းတစ်ရာ-နင်းမုန့်ယောင်သာ သူမအမေကို တကယ်အဲ့လိုကမ်းလှမ်းလိုက်ရင် သူမအမေက ပေးပစ်မယ်ဆိုတာ သူမသေချာပေါက်သိတယ်၊သူမ နင်းမုန့်ယောင်လက်ထဲမှာ သေတောင်သေသွားနိုင်တယ်။
"မဟုတ်ဘူး မလုပ်ပါနဲ့!ငါမှားသွားပါတယ်!ငါ နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး!"
ယန်ရှိုးအာက သူမခေါင်းကို ခါရမ်းပြီးတော့ တောင်းပန်လိုက်သည်။
နင်းမုန့်ယောင်က ယန်ရှိုးအာ အဆက်မပြတ် အသနားခံနေတာကို အေးစက်တဲ့အကြည့်နဲ့ ကြည့်နေခဲ့သည်။နင်းမုန့်ယောင်က တိတ်နေပြီး ယန်ရှိုးအာကို ငရဲကနေထွက်လာတဲ့ နတ်ဆိုးတစ်ကောင်ရဲ့ အကြည့်မျိုးနဲ့သာ ကြည့်နေခဲ့သည်။
ဒီအခိုက်အတန့်မှာ ယန်ရှိုးအာက နှိုင်းလို့ရမတဲ့ နောင်တတွေနဲ့ ပြည့်နေခဲ့တယ်။နင်းမုန့်ယောင်က သူမကို ကြောက်လို့ ဘာမှမလုပ်တာဆိုပြီး သူမ အမြဲတမ်းထင်ခဲ့တာ။အခု ဒါက လုံးဝမဟုတ်ဘူးဆိုတာ သူမရှင်းသွားပြီ။ကြောက်တာလား?ဟာသတစ်ခုပဲ။
တစ်လျှောက်လုံးမှာ နင်းမုန့်ယောင်က သူမနဲ့စကားများဖို့ကို ငြီးငွေ့ခဲ့တာ ဖြစ်တယ်။သူမက သူမကိုယ်သူမ အရမ်းအထင်ကြီးခဲ့ပြီး နင်းမုန့်ယောင်ကို အထင်သေးခဲ့တယ်။
ယန်ရှိုးအာ ပြုမူတဲ့ပုံစံကနေ ထိုဟာက လုံးဝရယ်စရာကောင်းတယ်လို့ နင်းမုန့်ယောင် ခံစားမိသည်။
"မစိုးရိမ်ပါနဲ့ ယန်ရှိုးအာ ဒီနေ့ ငါနင့်ကို ဘာမှမလုပ်ပါဘူး။ဒါပေမယ့် နင့်ငါ့ရှေ့ကို နောက်တစ်ခါ ပေါ်မလာရင် ပိုကောင်းမယ်။မဟုတ်လို့ကတော့ အဲ့ဒီအခါကျရင် ငါနင့်ကိုဘာလုပ်မိမလဲဆိုတာ ငါလည်းမသိဘူး။ဒါ ငါ့ရဲ့ နောက်ဆုံးသတိပေးချက်ပဲ။နင် အဲ့ဒါကို တန်ဖိုးမထားဘူးဆိုရင် နင့်ရဲ့သေခြင်းကလည်း ဒီပုတီးစေ့လိုမျိုး ဖြစ်သွားလိမ့်မယ်"
နင်းမုန့်ယောင်လက်ထဲမှာ ရုတ်တရက် ပုတီးစေ့တစ်စေ့ရှိနေသည်။သူမက ပုတီးစေ့ကို ဖိချေလိုက်ပြီး ထိုဟာက အလျင်အမြန်ပဲ အမှုန့်တွေအဖြစ် ကွဲကြေသွားပြီး ယန်ရှိုးအာရှေ့ကို ပျံ့လွင့်သွားသည်။
ယန်ရှိုးအာက ကွဲကြေသွားတဲ့ ပုတီးစေ့ကို ကြည့်ပြီး သူမသွေးကြောထဲအထိ ကြက်သီးထသွားသည်။ဘေးက လူတွေက နင်းမုန့်ယောင် ဒီလို စိတ်တိုခဲတာကိုကြည့်ပြီး ကြောက်လာကြသည်။
နင်းမုန့်ယောင်အကြောင်းကို သဘောတကျ အများဆုံး အတင်းအဖျင်းပြောခဲ့ကြတဲ့လူတွေက သူမခေါင်းမော့လာတာကိုတွေ့တော့ သူတို့ဆီရောက်မလာပါစေနဲ့ဆိုပြီး ဘုရားဆီဆုတောင်းနေခဲ့ကြသည်။နင်းမုန့်ယောင်သာ သူတို့ကို အဲ့ပုတီးစေ့လိုမျိူးလုပ်လိုက်ရင် သူတို့တကယ်ပြီးသွားပြီ။
အင်း....အနာဂတ်ကျရင်တော့ သူတို့တွေ နင်းမုန့်ယောင်ကို ရန်မစတာ သေချာပေါက်အကောင်းဆုံးဖြစ်လိမ့်မယ်။သူမက အခု အတော်လေးကောင်းမွန်နေပြီး ရွာထဲကလူတွေကို ပိုက်ဆံရအောင် ကူညီပေးထားတယ်။ပြီးတော့ သူမရဲ့တစ်ခြားကိစ္စတွေက သူတို့နဲ့ဘာဆိုင်လို့လဲ?
ခေါင်းကနေ ခြေဖျားအထိ တုန်လှုပ်နေပြီး ယန်ရှိုးအာက နင်းမုန့်ယောင်ကိုကြည့်ကာ
"နင် လူမဟုတ်ဘူး"
"ငါ လူဟုတ်လား မဟုတ်ဘူးလားဆိုတာ ငါ့ဘာသာ ရှင်းရှင်းလင်းလင်းသိတယ်။ယန်ရှိုးအာ ဒီနောက်ဆုံးအခွင့်အရေးကို တန်ဖိုးထားနော်။ချင်းရွှမ် ပြန်ကြရအောင်"
သူမက ပြောပြီးတာနဲ့ မတ်တပ်ရပ်ကာ ထွက်သွားသည်။
အခြားတစ်ဖက်မှာတော့ ယန်ရှိုးအာက မြေကြီးပေါ်လဲကျနေခဲ့သည်။သူမရဲ့ မျက်နှာက သရဲလိုဖြူဖျော့နေပြီး သူမပြန်သက်သာလာဖို့ တစ်သက်လုံးအချိန်ယူရလိမ့်မည်။သူမ နင်းမုန့်ယောင်ကို မုန်းနေသေးတုန်း ဆိုရင်တောင်မှပဲ နောက်တစ်ကြိမ် တစ်ခုခုထပ်လုပ်မှာ မဟုတ်တော့ပေ။သူမ တကယ့်ကို ကြောက်သွားခဲ့ပြီဖြစ်သည်။နင်းမုန့်ယောင်က အမှန်တကယ်ကို ကြောက်ဖို့ကောင်းသည်။
"သခင်မလေး ဒါပြီးသွားရင် အဲ့ဒိမိန်းမကထပ်လာပြီး သခင်မလေးကို ရန်မစရဲတော့ဘူးမလား"
ချင်းရွှမ်က နင်းမုန့်ယောင်ကိုကြည့်ပြီး မေးလိုက်သည်။
"အင်း သူ(မ)လုပ်မှာ မဟုတ်တော့ဘူး"
နင်းမုန့်ယောင်က သူမရဲ့ပုံမှန်အမူအရာကို ပြန်ရောက်လာပြီး ဘာမှမဖြစ်သလို ပြောလိုက်သည်။
ယန်ရှိုးအာက အရမ်းလွန်လာတာကြောင့်သာမဟုတ်ရင် သတိပေးဖို့ ဒီလိုနည်းလမ်းမျိုးကို သူမအသုံးပြုမှာ မဟုတ်ဘူး။
အဲ့ဒီနေ့ပြီးတော့ ယန်ရှိုးအာက ဖျားသွားပြီး အိပ်ရာပေါ်လှဲကာ သမားတော်ပြတဲ့အတွက်ကြောင့် ပိုက်ဆံတွေလည်း အများကြီးကုန်သွားရသည်။အစကတော့ သခင်မလော်က သွားပြီးတော့ ပြဿနာရှာချင်ပေမယ့် ယန်ရှိုးအာဆီကနေ အတားခံလိုက်ရသည်။
ဒါ့အပြင် သူမဆက်ပြီးအသက်မရှင်ချင်တော့ဆိုရင်သွားလိုက် ဒါပေမယ့် သူမ(ယန်ရှိုးအာ)ကိုတော့ ဆွဲခေါ်မသွားဖို့ ယန်ရှိုးအာကပြောခဲ့သည်။နင်းမုန့်ယောင်ဘာလုပ်ခဲ့လဲဆိုတာ တစ်ခြားလူတွေပြောတာကြားပြီးတဲ့နောက် သခင်မလော်က အမြန်ပဲ ဒီကိစ္စကို လွှတ်ထားလိုက်ပြီး သွားဖို့ ဆန္ဒမရှိတော့ပေ။
သူတို့တွေ သူမကို နှောင့်ယှက်တာ ရပ်လိုက်ပြီးတဲ့နောက် နင်းမုန့်ယောင်က ငြိမ်းငြိမ်းချမ်းချမ်း အလုပ်လုပ်နိုင်ခဲ့သည်၊ဆီးပန်းပွင့်တွေရဲ့ ပထမအသုတ်အားလုံးကို ဝိုင်ချက်ပြီးပြီဖြစ်သည်။ ဒါပေမယ့် နင်းမုန့်ယောင်က သူတို့ကို ထုတ်လာဖို့ အစီအစဉ်မရှိသေးပေ။
အဲ့ဒီနောက် ဆီးပန်းပွင့် ဒုတိယအသုတ်ကလည်း အောင်မြင်သွားသည်။ပြီးတော့ ဆီးပန်းပွင့်တွေပြီးတဲ့နောက် မက်မွန်ပွင့်တွေရောက်လာခဲ့သည်။မက်မွန်ပွင့်တွေ မကျန်တော့တဲ့အချိန်မှာတော့ နင်းမုန့်ယောင် အထူးပုံစံဖော်ထားတဲ့ ဝိုင်အိုးနဲ့အပြည့်ဖြစ်သွားသည်။
ချောင်ထျန်းချန်က ဝိုင်ပုလင်းများစွာကိုကြည့်လိုက်ပြီး သူ့မျက်လုံးတွေက တောက်ပနေသည်။
"ယောင်အာ ကိုယ်တို့ ဒီထဲက နည်းနည်းလောက်ကိုရောင်းရင်ဘယ်လိုလဲ"
နင်းမုန့်ယောင်က ထိုအကြောင်းကို စဉ်းစားကြည့်လိုက်ပြီး အဲ့ဒီနောက် သဘောတူတဲ့အနေနဲ့ ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်ပြီ ရှင်ရှောင်ချီထျန်းကို ဆက်သွယ်ပြီး သူ့ကိုနည်းနည်းပေးလိုက်လေ။ဒါပေမယ့် သူတစ်ဝက်ပဲရမှာနော်"
"ကောင်းပြီ"
ချောင်ထျန်းချန်က ရှောင်ချီထျန်းကို ဆက်သွယ်နေတဲ့အချိန် နင်းမုန့်ယောင်ကလည်း ချင်းရွှင်နဲ့ ကိုယ်ခံပညာကျွမ်းကျင်တဲ့လူများစွာကို လာဖို့ ခေါ်ထားသည်။
ဆီးပန်းဝိုင်နဲ့မက်မွန်ဝိုင်တို့ ထွက်လာတဲ့အချိန်ကျရင် ထိုဟာက သူမဟာတွေဆိုတာကို လင်းလော်က သေချာပေါက်သိမှာဖြစ်တယ်။သူ သူမကိုလာရှာမယ်ဆိုတာ မလွဲမသေဖြစ်တယ်။ဒါပေမယ့် ချင်းရွှင်တစ်ယောက်ထဲဆိုရင် ဒါဆို စိုးရိမ်စရာကောင်းတယ်၊တစ်ခုခုမဖြစ်ခင် သင့်တော်တဲ့ ကာကွယ်ရေးကိုပြင်ဆင်ထားတာက ပိုကောင်းတယ်။
ချောင်ထျန်းချန်ကလည်း နင်းမုန့်ယောင်နဲ့ပတ်သက်တဲ့ ကိစ္စတွေကို အနည်းငယ်သိတယ်။ဒါကြောင့် နင်းမုန့်ယောင် တစ်ခုခုလုပ်တဲ့အခါကျရင် သူကလည်း တစ်ခုခုလုပ်ဖို့ အဆင်သင့်ပဲ။