အခန်း ၁၀၄
Vol. 5 Ch. 104
Chapter 104
တစ်ခြားလူတွေ ဝိုင်တွေကို ပွေ့ဖက်ပြီးထွက်သွားတာကို သူတို့ရဲ့မျက်လုံးတွေနဲ့မြင်နေရပြီးတော့ သူတို့ကတော့ အနံ့သာရှူနိုင်ကာ မသောက်ရတဲ့ အချိန်တွေရှိခဲ့သည်။အဲ့လိုဖြစ်တဲ့အကြိမ်တိုင်း သူတို့က အမှန်တကယ်ကို လူတစ်ယောက်ကိုဆွဲယူပြီး စိတ်အားထက်သန်စွာ ထိုးပစ်ချင်သည်။
ဆယ်ရက်အတွင်း ရှောင်ချီထျန်းက ဝိုင်တွေရောင်းရတဲ့ဆီက ပိုက်ဆံတွေကို ရေတွက်နေပြီး ကြွက်သားတွေအညောင်းတက်သည်အထိ ရေတွက်နေခဲ့သည်။တစ်နေ့ကို ငွေတစ်ဆယ့်ငါးထောင်လောက်ဝင်ပြီးတော့ ဆယ်ရက်အတွင်း လျန်းထောင်ပေါင်း တစ်ရာ့ငါးဆယ် ရခဲ့သည်။သူက ထိုဟာရဲ့ နှစ်ဆယ်ရာခိုင်နှူန်းပဲ ရတာဆိုပေမယ့် နည်းနည်းလေးမဟုတ်ပေ။
ဒီအကြောင်းကြောင်းကိုစဉ်းစားမိတော့ ရှောင်ချီထျန်းမျက်လုံးတွေက ငွေစာရွက်တွေနဲ့ ပြည့်သွားသည်။ဒီလို လုပ်လို့မရဘူး!သူ အဲ့နေရာကို ပြန်သွားပြီး အတူတူယူသွားဖို့ ဝိုင်တွေ ရှိသေးလား မရှိတော့ဘူးလားဆိုတာ သွားကြည့်ရမယ်။
သူ စဉ်းစားထားတာကို သူလုပ်ခဲ့ပြီး ငွေတွေကို သူနဲ့ယူသွားကာ ရှောင်ချီထျန်းက ချက်ချင်းမြင်းတစ်ကောင်ကို စီးပြီး ပိုင်ရှန်းရွာကို သွားခဲ့သည်။
ဒီအချိန်မှာ ချောင်ထျန်းချန်က သူ့အိမ်ကို ဆောက်လို့ပြီးသွားပြီ-အခန်းသုံးခန်း၊အထပ်နှစ်ထပ်နဲ့ ခြံဝင်းလေးတစ်ခုပါသည်။နင်းမုန့်ယောင်သာ အဲ့ထဲရှိနေတဲ့ မြင်ကွင်းနဲ့ဆို လှပတဲ့ မြင်ကွင်းလေးတစ်ခုပဲ။
"မုန့်ယောင် လွန်ခဲ့တဲ့ဆယ်ရက်တုန်းက ငါတို့ဘယ်လောက်ဝင်ငွေရခဲ့လဲ ခန့်မှန်းကြည့်"
ရှောင်ချီထျန်းက ပါးစပ်နဲ့အပြည့် ရေတစ်ခွက် သောက်လိုက်ပြီး သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။
"ဘယ်လောက်လဲ"
"ငွေစ တစ်ရာငါးဆယ်!"
ရှောင်ချီထျန်းက ပျော်ရွှင်စွာ ပြောလိုက်သည်။
နင်းမုန့်ယောင်က မျက်ခုံးတွန့်သွားတယ်။ထိုဟာက အဲ့လောက် နည်းမနေသင့်ဘူး။
"ငါက တစ်ရက်ကို အိုးတစ်ရာ့လေးဆယ်ပဲရောင်းတာ။ဝါးစိမ်းဝိုင်နဲ့အရက်စစ်ကို တစ်ရက်ကို အိုးခုနစ်ဆယ် တစ်အိုးကို လျန်းတစ်ရာနဲ့ မက်မွန်ဝိုင်နဲ့ဆီးပန်းဝိုင်ကိုကျ တစ်ရက်ကို သုံးအိုးပဲရောင်းတာ တစ်အိုးကို လျန်းတစ်ရာ့ငါးဆယ်နဲ့"
ရှောင်ချီထျန်းက ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
သူသာ ပိုရောင်းရရင် ဒါဆို ဝင်ငွေက ဒီလောက်လေးပဲ မဟုတ်တော့ဘူး။
နင်းမုန့်ယောင်က သူ့ကို ထူးဆန်းစွာ ကြည့်လိုက်တယ်။သူ့ရဲ့ ပျော်ရွှင်နေတဲ့ ပုံစံကိုကြည့်ပြီး သူ့မှာရှိတဲ့ ဝိုင်တွေအားလုံး ရောင်းထွက်သွားပြီဆိုတာ သူမသိလိုက်တယ်။သူမ မထင်ထားခဲ့တာက သူက ပမာဏအတိအကျထားခဲ့လိမ့်မယ်လို့။
ဒါပေမယ့် ဒါလည်း ကောင်းပါတယ်။ဒါ့အပြင် သူတို့ရဲ့ ဆန္ဒကို နှိုးဆွထားတာလည်း ကောင်းပါတယ်။
ရှောင်ချီထျန်းက ငွေစက္ကူအထပ်လိုက်ကြီးကို ထုတ်လိုက်ပြီး နင်းမုန့်ယောင်ကို ပေးလိုက်သည်။သူမက သူနဲ့ချောင်ထျန်းချန်တို့ကို တစ်ယောက်ကို ငွေသုံးသောင်းပေးသည်။
"ကြည့်ရတာ ကိုယ်က ဘာမှမလုပ်ဘဲ ငွေသုံးသောင်းရသွားတဲ့ပုံပဲ"
သူ့လက်ထဲက ငွေစက္ကူအရွက်သုံးဆယ်ကိုကြည့်ပြီးတော့ ချောင်ထျန်းချန်က ရွှတ်နောက်နောက်ပြောလိုက်သည်။
သူက တကယ့်ကို ဒီကိစ္စနဲပတ်သက်ပြီး ဘာမှကူညီမပေးခဲ့ဘဲ ဆယ်ရက်ကြာပြီးတဲ့နောက် ငွေသုံးသောင်းရလာခဲ့သည်။ဒ့ါက စုစုပေါင်းပမာဏရဲ့ တစ်စိတ်တစ်ပိုင်းသာဖြစ်သည်။
"ဒီမှာဝိုင်တွေရှိသေးတယ်။ရှင့်ဘာသာရှင် သွားယူချည်"
ရှောင်ချီထျန်း ဝိုင်ယူသွားတဲ့ အချိန်ကနေစပြီး သူမက ချင်းရွှင်နဲ့ ကို လူအချို့ခေါ်ခိုင်းလိုက်ပြီး ဝိုင်ချက်ဖို့ ကူညီခိုင်းခဲ့တဲ့အတွက် အခုဆို ထုတ်လုပ်မှုက အရှိန်နဲ့ဆက်လုပ်နိုင်နေပြီဖြစ်သည်။
ရှောင်ချီထျန်းက နင်းမုန့်ယောင်ကို တောက်ပတဲ့ မျက်လုံးတွေနဲ့ကြည့်လိုက်ပြီး
"ငါမင်းဆီကနေ ဒီစကားကို စောင့်နေတာ"
ရေနွေးခွက်ကိုင်နေတဲ့ နင်းမုန့်ယောင်လက်တွေက ခဏလောက်ရပ်တန့်သွားပြီး သူမအဲ့စကားတွေ မပြောလိုက်သင့်ဘူးလို့ ခံစားလိုက်ရတယ်။ထိုလူပေါ်လာတာကိုကြည့်ပြီး သူ့မျက်နှာကို ရေနွေးနဲ့ကောက်ပက်ချင်သွားတယ်။
အသက်ပြင်းပြင်းရှူလိုက်ပြီး သူမက သူ့ကို မျက်စောင်းထိုးကာ
"ကောင်းပြီ ကျွန်မရှင့်ကို တစ်ကြိမ်ထပ်ပြီး ကူညီပေးလိုက်မယ်"
နင်းမုန့်ယောင်က သူမအခန်းဆီပြန်လျှောက်သွားပြီး စာရွက်နဲ့မင်ယူကာ အရသာတစ်ချို့နဲ့ ဟင်းပွဲဖြတ်ပိုင်းအချို့ကို ရေးပေးလိုက်သည်။
"ဟားဟား!မုန့်ယောင် မင်းက ကံကောင်းခြင်းနတ်ဘုရားမပဲ!ဘာလို့ ငါနဲ့ ပြန်မလိုက်တာလဲ"
ရှောင်ချီထျန်းရဲ့ မျက်လုံးတွေက နင်းမုန့်ယောင်ကို စိုက်ကြည့်ရင်း တောက်ပနေခဲ့သည်။
နင်းမုန့်ယောင်ရဲ့ အမူအရာက အေးစက်သွားပြီး
"ဘာပြဿနာမှ မရှိဘူးဆိုရင် ကျွန်မ မြို့တော်ထဲကို ခြေတစ်လှမ်းတောင်ချမှာမဟုတ်ဘူး"
ရှောင်ချီထျန်းက အံ့ဩသွားပြီး သူမကို သံသယဝင်စွာကြည့်လိုက်သည်။
"ဘာလို့လဲ"
"ဒါ ကျွန်မရဲ့ ကိုယ်ပိုင်ကိစ္စပါ"
နင်းမုန့်ယောင်က သူမခေါင်းကိုငုံ့ထားပြီး သူမကိစ္စကို ရှောင်ချီထျန်းကို ပြောဖို့ အစီအစဉ်မရှိပေ။
နင်းမုန့်ယောင်ကိုကြည့်ကာ ချောင်ထျန်းချန်ကိုကြည့်လိုက်ပြီး သူက ရုတ်တရက် ဒီနှစ်ယောက်က လိုက်ဖက်တဲ့အတွဲလို့ ခံစားမိသွားသည်။
"ကောင်းပြီ မင်းတို့က ဒီလိုဆိုမှတော့ ငါမင်းတို့နှစ်ယောက်ကို ဖိအားမပေးတော့ဘူး။တစ်ခုခုရှိရင် ငါမင်းတို့ကို လာရှာလိုက်မယ်"
ရှောင်ချီထျန်းက စိတ်မရှည်စွာနဲ့ သူ့လက်ကိုဝှေ့ရမ်းလိုက်ပြီး အကူအညီမဲ့စွာပြောလိုက်သည်။
ရှောင်ချီထျန်းက ဝိုင်တွေမယူခင် နှစ်ရက်လောက်နေသွားပြီး စိတ်မရှည်စွာနဲ့ ပြန်သွားခဲ့သည်။
သူ သွားတာကို စောင့်နေပြီး နင်းမုန့်ယောင်က မျက်ခုံးတွန့်နေကာ သူမမျက်လုံးထဲက စိုးရိမ်နေခဲ့သည်။
ချောင်ထျန်းချန်က နင်းမုန့်ယောင်နောက်ကို လျှောက်သွားလိုက်ပြီး သူမပုခုံးကို ဆုပ်ကိုင်ကာ
"စိတ်မပူပါနဲ့ ဘာမှဖြစ်မှာ မဟုတ်ပါဘူး"
"အင်း အဲ့လိုပဲ မျှော်လင့်ပါတယ်"
ဖြစ်နိုင်ရင်တော့ လင်းလော် သူမကို လာမရှာဖို့ မျှော်လင့်တယ်။သူမရဲ့ အခုဘဝလေးက ကောင်းနေပါပြီ။
ချောင်ထျန်းချန်နဲ့ဆို သူမ လွတ်လပ်ပေါ့ပါးပြီး စိုးရိမ်စရာဘာမှမရှိဘူး။
ရှောင်ချီထျန်းပြန်ယူလာတဲ့ ဝိုင်နဲ့ဟင်းပွဲတွေက ကြမ္မာကောင်းကင်စားသောက်ဆိုင်မှာ နောက်တစ်ကြိမ် အုတ်အော်သောင်းနင်းဖြစ်သွားခဲ့သည်။
လင်းလော်က သူ့လက်ထဲက ပန်းချီကားကို ငေးကြည့်နေပြီး သူ့မျက်လုံးတွေက ခါးသီးစွာတောက်ပနေသည်။
နင်းမုန့်ယောင် ထွက်သွားပြီးတဲ့နောက် သူက လူတွေလွှတ်ပြီး သူမကို ရှာခဲ့ပေမယ့် မအောင်မြင်ခဲ့ပေ။အဲ့ဒီနောက် သူ ရှောင်ကျီရွှမ်းကို လက်ထပ်ခဲ့ရသည်။သူက သူ့ပျော်ရွှင်မှုကို ရမယ်လို့ ထင်ခဲ့ပေမယ့် အမှန်တရားက ကွဲပြားသည်။
အမွေဆက်ခံသူ နေရာရပြီးတဲ့နောက် သူ့နှလုံးသားက ရုတ်တရက် လစ်လပ်သွားတာကို သူသတိပြုမိပြီး အထူးသဖြင့် ရှောင်ကျီရွှမ်းကို တွေ့နေရရင်ဖြစ်သည်။
(ဒီအပိုင်းက ငွေကြေးက ကိုယ်လည်း နည်းနည်းရှုပ်နေတာ မှားတာရှိရင်ထောက်ပြပါဦးနော်)