အခန်း ၁၀၆
Vol. 5 Ch. 106
Chapter 106
မကြာခင်မှာပဲ စားပွဲထိုးက သူ့လက်ထဲမှာ ဝိုင်အချို့သယ်ပြီး ရောက်လာခဲ့သည်။ရင်းနှီးနေတဲ့ ဝိုင်အနံ့ကိုရှူရှိုက်ပြီးတော့ လင်းလော်က ဒီအခိုက်အတန့်မှာ သူ့ခံစားချက်ကို ဘယ်လိုဖော်ပြရမလဲ မသိပေ ဒါပေမယ့် သူသိတာတစ်ခုကတော့ သူစိတ်လှုပ်ရှားနေတယ်ဆိုတာပဲ။
ရှောင်ကျီရွှမ်းက လင်းလော်က ဝိုင်ကို သူ့ကလေးလေးလို သယ်ပြီး ထိုဟာကို စွဲစွဲလမ်းလမ်းကြည့်နေတာကို စောင့်ကြည့်နေခဲ့သည်။လင်းလော်နဲ့ ဝိုင်လုပ်တဲ့သူရဲ့ကြားထဲမှာ သေချာပေါက် ဆက်ဆံရေးတစ်ခုရှိရမယ်လို့ သူမရဲ့ ပင်ကိုမိန်းမအသိစိတ်က ပြောနေခဲ့သည်။ထိုလူသာပြန်ရောက်လာရင် အဲ့ဒီလူက အခုသူမပိုင်ဆိုင်ထားတဲ့အရာတွေကို ဖျက်ဆီးပစ်မှာ သေချာသည်။
မရဘူး သူမ ဒီလိုအဖြစ်မခံနိုင်ဘူး။
"အချစ် ဒီဝိုင်က အနံ့ကောင်းတာပဲ"
"ဟုတ်တယ် အရသာလည်း အရမ်းကောင်းတယ်"
သူက ရှောင်ကျီရွှမ်းအတွက် အနည်းငယ်ငှဲ့ထည့်ပေးလိုက်ပြီး
"မင်း မြည်းကြည့်လိုက်"
ရှောင်ကျီရွှမ်းက သူမစိတ်ထဲက ဒေါသကို ဖိနှိပ်ထားလိုက်ပြီး ဝိုင်ကို တစ်ငုံသောက်လိုက်သည်။ထိုဟာကို မြည်းကြည့်ပြီးတဲ့နောက် သူမအမူအရာ ပြောင်းလဲသွားပြီး
"ဒါက တကယ်ကောင်းတာပဲ"
"ဟုတ်တယ်မလား?သူ(မ)လုပ်တဲ့ ဝိုင်က ဘယ်လိုလုပ် မကောင်းရမှာလဲ"
လင်းလော်က နောက်ဆုံးစာကြောင်းကို တိုးတိုးလေးပြောလိုက်ပြီး ဘယ်သူမှမကြားရဘဲ သူကိုယ်တိုင်ပဲကြားနိုင်သည်။
ရှောင်ကျီရွှမ်းက လင်းလော်ကို ကြည့်လိုက်ပြီး ဒီနေ့ သူနဲ့ပတ်သက်ပြီး တစ်ခုခုလွဲနေတယ်လို့ ခံစားမိတယ်။
အစားအသောက်က နေရခက်တဲ့လေထုနဲ့ပဲ ပြီးဆုံးသွားခဲ့သည်။
အိမ်ကိုပြန်လာပြီးတဲ့နောက် လင်းလော်က သူ့လူယုံတွေကို စိတ်အားထက်သန်စွာနဲ့ ခေါ်လိုက်ပြီး ရှောင်ချီထျန်းရဲ့ဝိုင် ရှာတွေ့လာတဲ့နေရာကို စုံစမ်းဖို့ သူတို့ကို အမိန့်ပေးလိုက်သည်။
နောက်ရက်အနည်းငယ်ကြာတော့ ရှောင်ကျီရွှမ်းရဲ့ မျက်နှာက မသာယာတော့ပေ။အတိတ်တုန်းကဆိုရင် လင်းလော်က အမြဲတမ်း သူမအကြောင်းပဲတွေးနေခဲ့တာ။သူမ စိတ်မပျော်တဲ့အချိန်တိုင်း သူက သူမကို နှစ်သိမ့်ပေးတယ် ဒါပေမယ့် အခု သူက လုံးဝ ဘာမှ မလုပ်ဘူး။သူ သူမကို စကားပြောတဲ့ ပုံစံကတောင်မှ ဝတ်ကျေတမ်းကျေနဲ့ ဖြစ်တယ်။
သူမစိတ်ထဲက ဒေါသကို ထိန်းချုပ်ထားလိုက်ပြီး ရှောင်ကျီရွှမ်းက ပြုံးကာ လင်းလော်ကို ရှာဖို့သွားခဲ့သည်။ဒါပေမယ့် သူအပြင်ထွက်သွားတယ်လို့ သူမကိုပြောတယ်။
နောက်ဆုံးတော့ ရှောင်ကျီရွှမ်းက သူမခံစားချက်တွေကို ဆက်ပြီး ချုပ်တည်းမထားနိုင်တော့ပေ။ချက်ချင်းဆိုသလိုပဲ သူမ ဒေါသတွေပေါက်ကွဲပြီး သူမရဲ့အစေခံတွေနဲ့ လင်းလော်ရဲ့စာကြည့်ခန်းကိုစောင့်ကြပ်တဲ့ အစောင့်တွေကို အပြစ်ပေးပစ်သည်။
အဆုံးမှာတော့ ရှောင်ကျီရွှမ်းက လင်းလော်ရဲ့ စာကြည့်ခန်းထဲကို ပထမဆုံးအကြိမ်အနေနဲ့ ဝင်သွားခဲ့သည်။ထိုဟာက တစ်ခြားလူတွေရဲ့ စာကြည့်ခန်းနဲ့ ကွာခြားတာမျိုးမရှိပေ။
သူမက အသာလေး မျက်မှောင်ကြုတ်လိုက်တယ်။သူ့စာကြည့်ခန်းက ကျန်တဲ့လူတွေနဲ့ ကွာခြားတာမရှိဘူးဆိုရင် ဘာလို့ သူမဆီကနေ တင်းတင်းကြပ်ကြပ် တားဆီးထားရတာတုန်း?
တကယ်တော့ လင်းလော်က ဒီအခန်းကို သူမဆီကနေ တားဆီးထားတာဖြစ်သည်။အတိတ်တုန်းက သူမ သူ့စာကြည့်ခန်းအနီးကိုရောက်သွားတိုင်း သူက သေချာပေါက် မပျော်မရွှင်ဖြစ်သွားသည်။သူက ဒီနေရာမှာ လျှို့ဝှက်တာတစ်ခုခု သိမ်းထားတာဖြစ်ရမယ်လို့ သူမခန့်မှန်းခဲ့သည်။
ဒါပေမယ့် ဒီနေ့မှာတော့ ဘာမှထူးဆန်းတာ မတွေ့ရပေ။ထိုဟာက စာအုပ်စင်တစ်ခု၊ပန်းချီကားလိပ်အချို့နဲ့ စတာတွေပဲဖြစ်သည်။ထိုဟာက ဘာမှမထူးခြားတာကို သူက သူမကို အဝင်မခံဘူး။
ရှောင်ကျီရွှမ်းက သူမနှုတ်ခမ်းတွေကို တင်းတင်းစေ့လိုက်ပြီး ထွက်သွားဖို့ပြင်လိုက်သည်။ထိုအချိန်မှာပဲ စာအုပ်စင်ပေါ်က ပန်းအိုးတစ်လုံးက သူမကို အတွေးရသွားစေသည်။ထိုအရာထဲမှာ ပန်းချီကားလိပ်တွေ များစွာရှိနေသည်။
သူမက တိတ်တိတ်လေး ထိုဟာနားကို သွားလိုက်ပြီး ပန်းအိုးထဲက ပန်းချီကားတစ်လိပ်ကို ဆွဲထုတ်ကာ ဖြည်းဖြည်းချင်း ဖြန့်ကြည့်လိုက်သည်။ပန်းချီထဲကလူကိုမြင်တော့ ရှောင်ကျီရွှမ်းရဲ့မျက်နှာက ဆိုးရွားလာခဲ့သည်။
ထိုဟာက မယုံနိုင်အောင်လှပတဲ့ မိန်းမတစ်ယောက်ရဲ့ ပန်းချီပဲဖြစ်သည်။
ပန်းအိုးထဲက ပန်းချီတွေကို တစ်ခုပြီးတစ်ခုကြည့်လိုက်ပြီး ရှောင်ကျီရွှမ်းက သွေးရူးသွေးတမ်းနဲ့ ရယ်လိုက်တယ်။ဒါဆို ကိစ္စက ဒါပေါ့လေ။သူ သူမကို သူ့စာကြည့်ခန်းထဲ အဝင်မခံတာ အံ့ဩစရာ မရှိတော့ပါဘူး။ဒါကြောင့်ဖြစ်နေတာပဲ။
ဒီထဲမှာ ပန်းချီကားလိပ်တွေအများကြီးရှိပြီးတော့ သူတို့က လူတစ်ယောက်ထဲပဲဖြစ်ကာ အဲ့ဒါကလည်း မိန်းမတစ်ယောက်ဖြစ်သည်။
"အရှင့်သား"
အစေခံရဲ့အသံက အပြင်ကနေထွက်ပေါ်လာပြီး ထိုင်ခုံတစ်ခုပေါ်မှာ ထိုင်နေတဲ့ ရှောင်ကျီရွှမ်း တံခါးဝကို ညိုးငယ်စွာနဲ့ လှမ်းကြည့်လိုက်သည်။
လင်းလော်က စိတ်ပျက်စွာနဲ့ စာကြည့်ခန်းထဲကို ဝင်လာခဲ့သည်၊၊တံခါးဖွင့်ပြီးတဲ့နောက် သူက ရှောင်ကျီရွှမ်းကို သတိထားမိသွားပြီး သူ့မျက်နှာက အလွန် ဆိုးရွားသွားသည်။
မြေကြီးပေါ်မှာ အားလုံးပစ်ချခံထားရတဲ့ ပန်းချီကားတွေကို သတိပြုမိသွားပြီး လင်းလော်အမူအရာက ပိုပြီးတော့ ဆိုးလာခဲ့သည်။
သူက သူ့စားပွဲခုံဆီကို အပြေးသွားလိုက်ပြီး မြေကြီးပေါ်က ပန်းချီကားတွေကိုကောက်ယူကာ ရှောင်ကျီရွှမ်းရဲ့ ညို့မှိုင်းနေတဲ့မျက်နှာနဲ့ စူးစူးရဲရဲအကြည့်တွေကို လုံးဝ လျစ်လျှူရှုထားလိုက်သည်။
ရှောင်ကျီရွှမ်းရဲ့ ဒေါသက လုံးလုံးလျားလျား ပေါက်ကွဲထွက်လာခဲ့တယ်။သူက သူမကို နှစ်သိမ့်ပြီးတော့ ရှင်းပြမယ်လို့ ထင်ခဲ့ပေမယ့် အခု ဘာဖြစ်နေတာလဲ?
သူက မြေကြီးပေါ်က ပန်းချီတွေကို တိတ်တိတ်လေးကောက်နေပြီး သူမကပဲ ကျိုးကြောင်းမသင့်တဲ့လူတစ်ယောက်ဖြစ်နေတယ်။
"လင်းလော် ရှင် အဲ့ဒါတွေကို ကောက်ဖို့ ကျွန်မ ခွင့်မပြုဘူး။ရှင် ကျွန်မပြောတာကြားလား?ရှင့်ကို အဲ့ပန်းချီတွေကောက်တာရပ်လိုက်လို့ ကျွန်မအမိန့်ပေးနေတယ်လေ"
လင်းလော်က သူမကို လုံးဝ အာရုံမစိုက်တာကို တွေ့တော့ ရှောင်ကျီရွှမ်းက လျှောက်သွားပြီး သူ့လက်ထဲက ပန်းချီကိုဆွဲယူကာ အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်သည်။
ဖျက်ဆီးခံလိုက်ရတဲ့ ပန်းချီကိုကြည့်ကာ လင်းလော်မျက်လုံးတွေက ကျဉ်းမြောင်းသွားသည်။သူ့ရှေ့က မိန်းမကို အေးစက်စက်ကြည့်လိုက်ပြီး
"ထွက်သွား"
"ရှင်ဘာပြောလိုက်တာလဲ"
ရှောင်ကျီရွှမ်းက လင်းလော်ကို မယုံနိုင်စွာ ကြည့်လိုက်သည်။
"ငါပြောတာ ထွက်သွားလို့"
လင်းလော်ရဲ့အသံက အေးစက်နေပြီးတော့ ချစ်ခင်မှုအရိပ်အယောင်မရှိပေ။
ရှောင်ကျီရွှမ်းက ရယ်လိုက်ကာ
"လင်းလော် ရှင်စောင့်နေလိုက်"