← Chapters

အခန်း ၁၀၇

Vol. 5 Ch. 107

အခန်း ၁၀၇

Vol. 5 Ch. 107

Chapter 107

ရှောင်ကျီရွှမ်းက တွေဝေခြင်းမရှိဘဲ ထွက်သွားတာ လင်းလော်ကို နောက်ထပ်တစ်ချက်တောင် မကြည့်ခဲ့ပေ။

သူမ ကိုယ်ပိုင်အခန်းကိုပြန်သွားပြီး ရှောင်ကျီရွှမ်းက သူမအခန်းထဲက ပစ္စည်းတွေကို တစ်စဆီ ခွဲပစ်ခဲ့သည်။

"ကျွင်းကျူ......."

"ပြန်သွား"

ရှောင်ကျီရွှမ်းက မှောင်မဲနေတဲ့ မျက်နှာနဲ့ ပြောလိုက်သည်။

သူမ လင်းလော်ကို လက်ထပ်ခဲ့တဲ့အချိန်ကနေစပြီးတော့ အခုလိုမျိုး အတော်လေးမတရားခံရတာ မရှိဘူးပေ။

ဒီတစ်ခေါက်တော့ သူမ ဒါကို လွယ်လွယ်နဲ့လွှတ်ပေးလိုက်မှာ မဟုတ်ဘူး။အဲ့ပုံထဲက မိန်းမပျက်မကို သူမရှာမယ်။ပြီးတော့အဲ့ဒီမိန်းမကိုရှာရုံတင်မဟုတ်ဘူး သူမက သတ်ပါသတ်ပစ်ဦးမှာ။

လင်းလော်က အဲ့ဒီမိန်းမကို ကြိုက်နေတာမလား?ဒါဆို သူမက အဲ့ဒီမိန်းမကို အရမ်းရွံစရာကောင်းတဲ့ မိန်းမတစ်ယောက်ဖြစ်သွားစေချင်တယ်။အဲ့ဒီအခါကျရင် လင်းလော်က ဆက်ပြီးကြိုက်နေပါ့ဦးမလားဆိုတာ သူမကြည့်ချင်သေးတယ်။

သူ့ရဲ့ မဆင်ခြင်မှုကြောင့် နင်းမုန့်ယောင် ဘယ်လိုဒုက္ခမျိုးနဲ့ကြုံရတော့မယ်ဆိုတာကို လင်းလော်မသိခဲ့ပေ။

ရှောင်ကျီရွှမ်းက သူမဖခင်ရဲ့ ဘုရင့်နန်းတော်ကိုပြန်သွားပြီး ပြန်မလာခဲ့ပေ။ဒီဟာက အမတ်မင်းနဲ့အမတ်မင်းကတော်ကို ထူးဆန်းတယ်လို့ ခံစားရစေပြီး သူတို့က လင်းလော်ကို ထိုအကြောင်း သွားမေးကြသည်။သူမက ဝုန်းဒိုင်းကြဲသွားတာကိုသိတော့ သူတို့က မကျေမနပ်ဖြစ်သွားကြသည်။သူတို့က လင်းလော်နဲ့ပတ်သက်ပြီး ဘာမှမပြောကြဘဲ ရှောင်ကျီရွှမ်းကိုသာ အပြစ်တင်ဖို့ သွားကြသည်။

"အမွေဆက်ခံသူ စုံစမ်းတာကနေ ကိစ္စတစ်ချို့သိလာရပါတယ်"

လင်းလော် စိုးရိမ်တကြီး စောင့်နေတဲ့အချိန်မှာပဲ သူ့လက်အောက်ငယ်သားတွေက သူ့ကို သတင်းကောင်းတင်ပြလာခဲ့သည်။

လင်းလော်မျက်လုံးတွေက တောက်ပသွားပြီး သူတို့ကို စိတ်အားထက်သန်စွာကြည့်ကာ

"သူ(မ)ဘယ်မှာလဲ"

"ဒီနေရာကနေသွားရင် နှစ်ရက်ကြာသွားရတဲ့ ပိုင်ရှန်းရွာမှာပါ"

"ငါ့ကိုအဲ့ဒီခေါ်သွားစမ်း"

သတင်းရရှိပြီးတဲ့နောက် လင်းလော်က စိတ်မရှည်စွာနဲ့ လူတွေခေါ်ကာ ပိုင်ရှန်းရွာကို ခရီးထွက်ခဲ့ပြီး တစ်ချိန်ထဲမှာပဲ ရှောင်ကျီရွှမ်းကလည်း သတင်းရရှိသည်။

ရှောင်ကျီရွှမ်းက အေးစက်စက် ပြုံးလိုက်ပြီး

"ရှင်က အဲ့ဒီလူကို ပြန်ခေါ်လာနိုင်မယ်လို့ ထင်နေတာပေါ့လေ?မဖြစ်နိုင်ဘူး......."

"ပထမ"

(ဒီနေရာမှာ transက first ဆိုပြီးရေးထားတာ)

"ဟုတ်ကဲ့ သခင်မလေး"

"အမွေဆက်ခံသူနောက်ကိုလိုက်။သူအဲ့ဒီမိန်းမနဲ့တွေ့တဲ့အခါကျ*****အဲ့ဒီမိန်းမကို သေတဲ့အထိနော်"

ရှောင်ကျီရွှမ်းရဲ့ မျက်လုံးတွေထဲမှာ မည်းနက်ရက်စက်မှုတွေရှိနေပြီး သူမရဲ့ ကိုယ်ပိုင်အရိပ်သက်တော်စောင့်ကိုကြည့်ကာ ရက်စက်စွာ အမိန့်ပေးလိုက်သည်။

"အမိန့်တော်အတိုင်းပါ"

လင်းလော်က သူ့စိတ်ထဲမှာ စိတ်အားထက်သန်နေပြီး ပိုင်ရှန်းရွာကို အမြန်ဆုံးရောက်အောင်သွားခဲ့သည်၊နှစ်ရက်ကြာပြီးနောက် သူတို့နောက်ဆုံးတော့ ရောက်လာခဲ့ကြသည်။

တောင်ခြေက ခြံဝင်းကိုကြည့်ပြီး လင်းလော်လက်တွေက အသာလေး တုန်လှုပ်နေသည်။ဘာကြောင့်မှန်းမသိဘဲနဲ့ သူဝင်မသွားရဲ ဖြစ်နေသည်။

သူတွေဝေနေတဲ့အချိန်မှာပဲ အပြာဖျော့ဖျော့ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ကောင်မလေးတစ်ယောက် အခန်းထဲက ထွက်လာတာ တွေ့လိုက်ရသည်။ထိုဟာက နင်းမုန့်ယောင်ဖြစ်သည်။

သူ ပျော်ရွှင်စွာနဲ့ သွားမလို့ လုပ်နေတဲ့အချိန်မှာပဲ နောက်ကနေ ချောမောတဲ့ ယောကျာ်းတစ်ယောက်ကို မြင်လိုက်ရသည်။ထိုအမျိုးသားကလည်း အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။သူတို့နှစ်ယောက်လုံးက အရောင်ဆင်တူဝတ်ထားကြပြီး ချစ်သူစုံတွဲနဲ့တူသွားစေသည်။

နင်းမုန့်‌ယောင်က ထိုအမျိုးသားကို ကြည့်ပြီးပြုံးနေတာတွေ့တော့ လင်းလော်စိတ်ထဲက မနာလိုသဝန်တိုမှုက မြင့်တက်လာတယ်ဆိုပေမယ့် ဒါက သူအနာကျင်ရဆုံးမဟုတ်ပေ။သူ့ကို အနာကျင်စေရဆုံးက နင်းမုန့်ယောင်က အဲ့ဒီလူရဲ့ နဖူးပေါ်က ချွေးကို အပြုံးတစ်ပွင့်နဲ့ သုတ်ပေးလိုက်တာဖြစ်သည်။

ဒီလို အထူးအခွင့်အရေးမျိုးက အရင်တုန်းက သူ့အပိုင်ဖြစ်တာခဲ့တာ။တစ်နှစ်ဆိုတဲ့ အချိန်တိုလေးအတွင်းမှာ ကိစ္စတွေက ပြောင်းလဲသွားပြီ။သူ ရောက်တာ အရမ်းနောက်ကျသွားပြီလား?

မဟုတ်ဘူး ဒါမဖြစ်နိုင်ဘူး။သူ သူမကို အချိန်အကြာကြီးလိုက်ရှာခဲ့ရပြီးတော့ အခုမှပြန်ရှာတွေ့တာလေ ဘယ်လိုလုပ် အရှုံးပေးလိုက်ရမှာလဲ?

တံခါးနားမှာ ရပ်နေတဲ့ နင်းမုန့်ယောင်နဲ့ချောင်ထျန်းချန်က သူတို့ကို ကြည့်နေတာခံစားမိတော့ တစ်ချိန်ထဲမှာပဲ သူတို့ခေါင်းတွေ လှည့်ကြည့်လိုက်ကြသည်။သူတို့ လင်းလော်ကိုမြင်တဲ့အချိန်မှာတော့ နင်းမုန့်ယောင်က အံ့ဩမသွားပေ။ဒီလိုနေ့မျိုး ရောက်လာမယ်ဆိုတာ သူမခန့်မှန်းပြီးသားဖြစ်တယ်။

"ယောင်အာ မင်းပြန်သွားချင်လား"

ချောင်ထျန်းချန်က လင်းလော်ကို တစ်ချက်ကြည့်လိုက်ပြီး နင်းမုန့်ယောင်ဘက်ကို ချစ်ခင်မြတ်နိုးတဲ့အကြည့်နဲ့ ကြည့်လိုက်သည်။

"ဖြစ်လာဖို့ရှိတဲ့အရာက ဖြစ်လာမှာပဲလေ။ထျန်းချန် ကျွန်မအဆင်ပြေပါတယ်"

နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို ပြုံးပြလိုက်သည်။

ချောင်ထျန်းချန်က တိတ်သွားပြီး အဲ့ဒီနောက် ခေါင်းငြိမ့်ကာ

"ဟုတ်ပြီ ကိုယ်သိပြီ"

"အင်း"

သူတို့နှစ်ယောက် စကားပြောနေတဲ့အချိန် လင်းလော်က သူတို့ဘေးရောက်လာခဲ့သည်။

နင်းမုန့်ယောင်နဲ့ချောင်ထျန်းချန်ကြားက ရင်းနှီးမှုကိုမြင်တော့ လင်းလော်မျက်နှာက ဒေါသတွေအပြည့်နဲ့

"ယောင်အာ သူက ဘယ်သူလဲ"

နင်းမုန့်ယောင်က လင်းလော်ကို လှောင်သလိုကြည့်လိုက်သည်။

သူက မိန်းမဖောက်ပြန်တာကို မိသွားတဲ့ ယောကျာ်းတစ်‌ယောက်လိုမျိုးလုပ်နေတယ်။ဘယ်လောက်တောင် ရယ်စရာ ကောင်းလိုက်လဲ

"လင်းလော် ရှင့်မှာ ဘာအရည်အချင်းတွေရှိလို့ ကျွန်မကိုဒီလို လာမေးနေရတာလဲ"

နင်းမုန့်ယောင်က လင်းလော်ကို ထေ့ငေါ့စွာ စိုက်ကြည့်လိုက်သည်။

"ကိုယ်....."

"ယောင်အာ ကိုယ်နဲ့ပြန်မသွားဘူးလားဟင်?ကိုယ်တို့အရင်ကရှိခဲ့သလိုမျိုး နေလို့ရတာပဲလေ"

လင်းလော်က ဘေးနားက ချောင်ထျန်းချန်ကို အပြည့်အဝလျစ်လျှူရှုထားလိုက်ပြီး နင်းမုန့်ယောင်ကိုသာ မျှော်လင့်တကြီး ကြည့်နေခဲ့သည်။

လက်ရှိနင်းမုန့်‌ယောင်က အရင်က နင်းမုန့်ယောင်နဲ့ တူတယ်လို့ သူထင်ခဲ့တယ်;သူဘာပြောပြော သူမက နားလည်ပြီး သဘောတူလိမ့်မယ်။

နင်းမုန့်ယောင်က လင်းလော်ကို နက်နက်ရှိုင်းရှိုင်းကြည့်လိုက်ပြီး

"ရှင်က ကျွန်မကို ပြန်သွားစေချင်တာလား?ရှင်က ဘယ်လိုအထောက်အထားမျိုးကို သုံးပြီးတော့ ကျွန်မကို ပြန်သွားစေချင်ရတာလဲ?လင်းလော် ကျွန်မထွက်လာတုန်းက အဲ့ဒီအိမ်ကို မီးရှို့ပစ်ခဲ့တယ်။အဲ့ဒါပြီးတော့ ကျွန်မ မြို့တော်ကိုပြန်သွားဖို့ လုံးဝစိတ်ကူးမရှိဘူး"

All Chapters