အခန်း ၁၀၈
Vol. 5 Ch. 108
Chapter 108
လင်းလော်က နင်းမုန့်ယောင်ကို တိတ်တဆိတ် ကြည့်နေခဲ့သည်။ထိုအကြည့်က နင်းမုန့်ယောင်ကို ရယ်သွားစေပြီး
"ကြည့်လေ ရှင်အဲ့ဒါတောင် မသိခဲ့ဘူး"
"မဟုတ်ဘူး ယောင်အာ ကိုယ်နဲ့ပြန်လိုက်ခဲ့ပါ"
လင်းလော်က စိတ်အားထက်သန်စွာ ပြောလိုက်သည်။
ဘေးနားက ယောကျာ်းက အခုထိ တစ်လုံးမှ မပြောသေးဘူးဆိုပေမယ့် သူ့ဆီကနေ အန္တရာယ်ရှိတဲ့အငွေ့အသက်ကို လင်းလော် ခံစားမိတယ်။
"ယောင်ယောင် သွားရအောင်"
ချောင်ထျန်းချန်က နင်းမုန့်ယောင်က ထိုယောကျာ်းကို တိတ်တဆိတ်စိုက်ကြည့်နေတာ မြင်တော့ သူ့ခေါင်းကိုငုံ့လိုက်ပြီး ဘေးနားကလူကို တိုးတိုးလေးပြောလိုက်သည်။
"ကောင်းပြီ သွားကြမယ်"
နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို ပြုံးပြလိုက်ပြီး အဲ့ဒီနောက် သူ့နောက် လိုက်သွားခဲ့သည်။
ခြေလှမ်းအနည်းငယ်လှမ်းပြီးတာနဲ့ လင်းလော်က နင်းမုန့်ယောင်ဘေးကို ရောက်လာခဲ့သည်။သူမလက်ကောက်ဝတ်ကို ဆွဲယူလိုက်ပြီး သူက အေးစက်စက် မေးလိုက်သည်။
"သူက ဘယ်သူလဲ"
သူမလက်ကောက်ဝတ်ကို သူဆုပ်ကိုင်ထားတာကနေလွတ်အောင် အနည်းငယ်ရုန်းလိုက်ပြီး အဲ့ဒီနောက် သူ့မေးခွန်းကို ထေ့ငေါ့ပြုံးလိုက်ပြီး
"သူက ကျွန်မချစ်တဲ့လူလေ"
သူမ ချစ်တဲ့လူလား?လင်းလော်က ဒါကြောင့် မျက်လုံးပြူးသွားတယ်။မဖြစ်နိုင်ဘူး သူအဲ့ဒါကို မယုံဘူး။
"မင်းက ဒီလူကို ချစ်တာတဲ့လား?မဟုတ်ဘူး ဒါမဖြစ်နိုင်ဘူး"
သူမ သူ့ဘေးနားက ထွက်သွားခဲ့ရင်တောင်မှ တစ်နေ့နေ့မှာ တစ်ယောက်ယောက်နဲ့သက်ဆိုင်သွားလိမ့်မယ်လို့ သူဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။သူ့စိတ်ထဲမှာ နင်းမုန့်ယောင်က အမြဲတမ်း သူ့အပိုင်ပဲ ဖြစ်တယ်။
နင်းမုန့်ယောင်က လင်းလော်ကို ငေါ့တော့တော့ကြည့်လိုက်ပြီး ဘာမှမဖြစ်သလို မေးလိုက်သည်။
"ဘာလို့ မဖြစ်နိုင်ရမှာလဲ?သူက ကျွန်မလိုချင်တာရဖို့အတွက် အတားအဆီးတွေကို ကျော်ဖြတ်နိုင်တယ်။အဲ့ဒါအတွက်ပဲ သူက တောင်ပေါ်လည်းတက်နိုင်သလို မြစ်ထဲလည်းဆင်းရဲတယ် ပြီးတော့ ကျွန်မကြောင့်နဲ့ သူက မီးဖိုချောင်ထဲကို သွားဖို့ဆန္ဒရှိတယ်။ကျွန်မကို ပန်းကန်တွေဆေးဖို့ ကူညီပေးပြီး ဘယ်လိုချက်ပြုတ်ရမလဲဆိုတာတောင် သင်လိုက်သေးတယ်။ရှင်အရင်တုန်းက ကျွန်မအတွက် ဒါတွေလုပ်ပေးဖူးလို့လား?ရှင် စဉ်းတောင်မစဉ်းစားကြည့်ခဲ့ဘူးဆိုတာ ကျွန်မခန့်မှန်းနိုင်တယ်"
မနှိုင်းယှဉ်ခင်တုန်းက သူမ ထိုဟာကို သတိမပြုမိခဲ့ပေ။ဒါပေမယ့် သူတို့နှစ်ယောက်ကို အခုနှိုင်းယှဉ်လိုက်တော့ ချောင်ထျန်းချန်နဲ့ယှဉ်ရင် လင်းလော်က အမှန်တကယ်ကို ဘာမှမဟုတ်ဘူးဆိုတာ နင်းမုန့်ယောင် ခံစားမိသည်။
လင်းလော်က နင်းမုန့်ယောင်ကို သုန်မှုန်စွာ ကြည့်လိုက်ပြီး
"မင်း ဘယ်အချိန်တုန်းကတည်းက အရမ်းအပေါ်ယံဖြစ်သွားတာလဲ"
သူ လင်းလော်က အဲ့လိုအရာတွေလုပ်ဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?သူက ဟော်ဖူရဲ့မင်းသားတစ်ပါးပဲဖြစ်တယ်။ဒီလိုစော်ကားတဲ့အရာကို သူဘယ်လိုလုပ် လုပ်နိုင်မှာလဲ?
"အဲ့တော့ ကျွန်မက အပေါ်ယံဖြစ်တော့ရော ဘာဖြစ်လဲ?ကျွန်မ ချမ်းသာတဲ့ဘဝမှာ မနေချင်ဘူး။ဒီ တောင်ခြေရွာလေးမှာပဲ ငြိမ်းချမ်းတဲ့ဘဝနဲ့ နေချင်တယ်။လင်းလော် ကျွန်မလိုချင်တာကို ရှင်မပေးနိုင်ဘူး။နောက်ဆုံးအကြိမ်တုန်းကရော အခုရော အတူတူပဲ။အတူတူရှိဖို့ဆိုတာ ကျွန်မတို့အတွက် မဖြစ်နိုင်ဘူး"
နင်းမုန့်ယောင်က လင်းလော်ကို လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။
ဝိုင်စလုပ်တဲ့အချိန်မှာပဲ သူမဒီပြဿနာကို စဉ်းစားနေခဲ့တာဖြစ်သည်။သူမ လင်းလော်နဲ့မျက်နှာချင်းဆိုင်တဲ့အခါကျရင် ရက်စက်သင့်လား မရက်စက်သင့်ဘူးလားဆိုတာ စဉ်းစားနေခဲ့တာဖြစ်သည်။
ဒါပေမယ့် သူမ သူနဲ့တကယ် မျက်နှာချင်းဆိုင်လိုက်တော့ သူမစိတ်ကူးထားသလို လင်းလော်နဲ့ပတ်သက်ပြီး အဲ့လောက်ဂရုမစိုက်ဘူးဆိုတာ တွေ့ရှိသွားသည်။လင်းလော်လည်းပဲ သူမစိတ်ကူးထားသလို အဲ့လောက် ဂရုမစိုက်ခဲ့ပေ။
ဆန့်ကျင်ဘက်အနေနဲ့ သူမနဲ့အခုမှတွေ့ဖူးတဲ့ ယောကျာ်းတစ်ယောက်က သူမဘာလိုချင်လဲဆိုတာ အတိအကျသိပြီး သူမ မီးဖိုချောင်ဝင်ရတာ မကြိုက်ဘူးဆိုတာ သိသည်။သူမရဲ့ အချက်အပြုတ်က တော်နေတာတောင်မှ လင်းလော်က ထိုဟာကို ဘယ်တုန်းကမှ သတိမပြုမိခဲ့ပဲ ချောင်ထျန်းချန်ကတော့ သိခဲ့သည်။ထိုဟာကြောင့်ပဲ သူက ဘယ်လိုချက်ပြုတ်ရမလဲဆိုတာ သူမနဲ့ဒါမှမဟုတ် အဖွားချင်နဲ့ သင်ယူဖို့ ဆန္ဒရှိခဲ့သည်။
ထိုအရာအားလုံးက သေးငယ်ပုံရပေမယ့် ချောင်းထျန်းချန်က သူမကို တကယ်သဘောကျသွားစေသည်။
"မင်းလိုချင်ရင် ကိုယ်တတ်နိုင်...."
"မဟုတ်ဘူး ရှင်မတတ်နိုင်ဘူး လင်းလော်။ရှင်သာ လုပ်နိုင်ခဲ့ရင် ကျွန်မကိုရှင့်ရဲ့ ဒုတိယမိန်းမဖြစ်ဖို့ ပြောခဲ့မှာမဟုတ်ဘူး။ပြီးတော့ ရှင်ကသွားပြီး ခရိုင်မင်းရာထူးကိုယူပြီးတော့ ဟော်ဖူရဲ့မင်းသားဆိုတဲ့နေရာကိုတောင် ရခဲ့တယ်မလား။ဒါတွေအားလုံးကြောင့်ပဲ ရှင်က ဘယ်တော့မှ အာဏာကို လက်မလွှတ်နိုင်တာလေ။ဒီနေရာမှာ ရှင်ရောက်နေရတဲ့ တစ်ခုထဲသော အကြောင်းပြချက်က စိတ်မချမ်းမသာဖြစ်နေခဲ့လို့လေ"
နင်းမုန့်ယောင်က လင်းလော် သူ့စကားကိုပြီးအောင်ပြောတာ မစောင့်ခဲ့ပေ။သူမက အေးစက်စွာနဲ့ သူ့ကို မျက်နှာချင်းဆိုင်နေခဲ့သည်။
ထိုဟာ မှန်တယ်။လင်းလော် ဒီနေ့ရောက်လာရတဲ့ အကြောင်းပြချက်တစ်ခုလုံးက သူ့ဆုံးရှုံးလိုက်ရတာကို မပျော်ရွင်နေလို့ပဲ ဒါပေမယ့် သူမက သူနဲ့ နောက်ထပ် မပတ်သက်ချင်တော့ပေ။
"မဟုတ်ဘူး အဲ့ဒါ အမှန်မဟုတ်ဘူး"
လင်းလော်က အနည်းငယ်အပြစ်ရှိသလို ခံစားသွားရသည်။
နင်းမုန့်ယောင်က သူ့ကို ထပ်စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ရှင်လိမ်တဲ့အခါကျရင် ရှင့်မျက်လုံးတွေက မငြိမ်ဘူး။လင်းလော် ရှင်ကျွန်မကို အရင်တုန်းက ဘယ်သောအခါမှ နားမလည်ခဲ့ဘူး"
"ကိုယ်....."
"သွားပါတော့။ဒီနေရာကို နောက်ထပ်မလာနဲ့တော့။ရှင် ဘယ်နှစ်ကြိမ်ပဲ ကြိုးစားပါစေ ရလဒ်က အတူတူဖြစ်နေဦးမှာပဲ။ကျွန်မ ဒီနေရာမှာပဲ အေးအေးချမ်းချမ်းနေချင်တယ်။ကျွန်မ ရှင့်ကို နှောင့်ယှက်မှာ မဟုတ်သလို ရှင်လည်း ကျွန်မကို မနှောင့်ယှက်ဘူးလို့ မျှော်လင့်တယ်"
နင်းမုန့်ယောင်က နောက်ဆုံးမှာ ပြောလိုက်သည်။
လင်းလော်က သူမဒီလိုပြောတာ အနည်းငယ် ရက်စက်တယ်လို့ ခံစားရသည်။
"မင်းကိုယ့်ကို တကယ်ပဲ ဒီလိုလုပ်တော့မှာလား"
"ဒါက ကျွန်မရှင့်ကို ဆက်ဆံချင်တဲ့ပုံ မဟုတ်ပါဘူး ဒါပေမယ့် ကျွန်မတို့ရဲ့ဆက်ဆံရေးကို ရှင်စွန့်လွှတ်ခဲ့တာ။ရှင်နဲ့ကျွန်မက အချိန်ကြာကြီးကတည်းက ပြောင်းလဲသွားခဲ့တာပဲ။ရှင်က ကမ္ဘာကြီးနဲ့ပေါင်းစည်းသွားပြီး ရှင်နဲ့တူတဲ့ တစ်ခြားလူတွေလိုပဲ အာဏာအတွက် စိတ်အားထက်သန်လာခဲ့တယ်။ဒါက နောက်ဆုံးအကြိမ်ကပဲဖြစ်ဖြစ် အခုပဲဖြစ်ဖြစ် ကျွန်မလိုချင်တဲ့အရာ မဟုတ်ဘူး”