အခန်း ၁၀၉
Vol. 5 Ch. 109
Chapter 109
လင်းလော်က နင်းမုန့်ယောင်ရဲ့ စကားတွေကို မငြင်းပယ်နိုင်ပေ။အရင်ဘဝတုန်းက နင်းမုန့်ယောင်က ချမ်းသာတဲ့မိသားစုက သမီးတစ်ယောက်ဖြစ်သည်။သူမက စီးပွားရေးမှာ အရည်အချင်းရှိပြီး သူမမိသားစုက သူမကြီးပြင်းလာမှုမှာ အရေးပါခဲ့သည်။ထိုအချိန်မှာပဲ သူမက မိသားစုကနေ ထွက်သွားပြီး နောက်ဆုံးမှာ ကမ္ဘာ့အဆင့် ဝိုင်မာစတာ တစ်ဦးဖြစ်လာခဲ့သည်။
ထိုဟာတင် မဟုတ်သေးဘဲ သူမ မိသားစုကနေ ထွက်သွားတဲ့ နှစ်နှစ်အတွင်း သူမရဲ့စွမ်းရည်က ဂရင်း(မ်)မာစတာကြီးတွေနဲ့တောင် ယှဉ်နိုင်လာခဲ့သည်၊သူမ သဘောကျတဲ့ ဘယ်အရာမဆို သူမက လေ့လာမှာဖြစ်ပြီး ပိုက်ဆံနဲ့အာဏာအတွက် ဘယ်တုန်းကမှ လောဘမကြီးခဲ့ပေ။
"ယောင်အာ မင်းတကယ်ဆုံးဖြတ်ပြီးပြီလား"
လင်းလော်က အရင်က နင်းမုန့်ယောင် မျက်နှာကို ကြည့်မနေခဲ့ပေမယ့် နောက်ဆုံးမှာတော့ ကြည့်လိုက်ပြီး အေးစက်မှုနဲ့အထီးကျန်ဆန်မှုတို့သာ ရှိနေသည်။
နင်းမုန့်ယောင်က လင်းလော်ကို ပေါ့ပေါ့ပါးပါးကြည့်လိုက်ပြီး
"ရှင် ကျွန်မကို ထားသွားတဲ့အချိန်တုန်းက ကျွန်မတို့ ဘယ်လိုမှဆက်ပြီး မဖြစ်နိုင်တော့ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိသင့်တယ်"
လင်းလော်က ဘာမှမလုပ်နိုင်ဘဲ နင်းမုန့်ယောင်ကို စိုက်ကြည့်နေခဲ့ပြီး သူမကို ကြည့်နေရုံသာ တတ်နိုင်သည်။
"ဒီနေ့ဆုံးဖြတ်ချက်အတွက် မင်းနောင်တရအောင် ကိုယ်လုပ်ပြမယ်။ဘာမှမရှိတဲ့ယောကျာ်းတစ်ယောက်က သူက ဘယ်လိုလုပ်မင်းကို အေးချမ်းသာယာတဲ့ဘဝတစ်ခုကို ပေးနိုင်မှာတဲ့လဲ။ယောင်အာ မင်းတစ်နေ့တော့ ကိုယ့်ဘေးနား ပြန်ရောက်လာမှာပါ"
လင်းလော်က အလေးအနက်ထား ပြောလိုက်သည်။
ချောင်ထျန်းချန်က လင်းလော်ကို အထင်သေးစွာနဲ့ လှောင်သလို ကြည့်လိုက်ပြီး
"မင်း ဒီကိစ္စကို စိုးရိမ်နေဖို့မလိုပါဘူး။ယောင်ယောင် အိမ်ထဲပြန်ဝင်ရအောင်"
"သွားမယ်"
လင်းလော်က ထိုနေရာမှာ ရပ်နေခဲ့ပြီး အဲ့ဒီသာမန်အိမ်လေးဆီကို သူတို့နှစ်ယောက် ပုခုံးချင်းယှဉ်လျှောက်သွားတာကို ကြည့်နေခဲ့သည်။
ထိုအချိန်မှာပဲ လင်းလော်ဘေးနားက လူက ရုတ်တရက် သူ့ဆီလျှောက်လာပြီး
"သခင်လေး သခင်မကိုယ်ဝန်ရှိနေတယ်လို့ သတင်းရထားပါတယ်"
အကျယ်ကြီးပြောတာ မဟုတ်ဘူးဆိုပေမယ့် နင်းမုန့်ယောင်နဲ့ချောင်ထျန်းချန်က ကြားလိုက်ရသည်။သူတို့ခြေလှမ်းတွေက ရပ်သွားပြီး နင်းမုန့်ယောင် ခေါင်းကိုမော့လိုက်တော့ ချောင်ထျန်းချန်ရဲ့ စိုးရိမ်နေတဲ့ မျက်လုံးတွေနဲ့ တွေ့သည်။သူမက သူမအဆင်ပြေတယ်ဆိုတာ သူသိစေဖို့အတွက် သူ့ကို ပြုံးပြလိုက်သည်။
လင်းလော်က မျက်မှောင်ကြုံ့လိုက်တယ်။ကိုယ်ဝန်ရှိတာလား?ဘာလို့ ဒီအချိန်မှလဲ?
"ပြန်ကြရအောင်"
လင်းလော်က နင်းမုန့်ယောင်ရဲ့ နောက်ကျောကို စိတ်အားထက်သန်စွာကြည့်လိုက်တယ်။လက်တလောတော့ သူတို့ကြားမှာ ကျော်လွှားလို့မရတဲ့ အကွာအဝေးရှိနေတယ်ဆိုပေမယ့် သူယုံကြည်တယ် တစ်နေ့ကျရင် သူမက ဒီလိုဘဝမျိူးကိုစိတ်ကုန်သွားပြီး သူ့ဘေးကိုပြန်ရောက်လာမှာပဲ။
လင်းလော်က သူ့မြင်းကိုစီးပြီး ပြတ်ပြတ်သားသား ထွက်သွားခဲ့သည်။နင်းမုန့်ယောင်က ဒါကိုကြည့်ပြီး ပြုံးလိုက်သည်။
တကယ်တော့ ဒီနည်းလမ်းက ကောင်းပါတယ်။သူထွက်သွားပြီးတဲ့နောက် နောက်တစ်ကြိမ်ပြန်မလာတော့ဘူးလို့ သူမ မျှော်လင့်တယ်။အဆုံးမှာတော့ သူ့မှာ ဇနီးသည်တစ်ယောက်ရှိနေပြီဖြစ်ပြီး မကြာခင်မှာ ကလေးတစ်ယောက်ရတော့မှာ ဖြစ်တယ်။သူသာ ဒီလိုမျိုးဖြစ်နေသေးရင် ထိုဟာက ပြဿနာတွေကိုပဲ ယူဆောင်လာလိမ့်မယ်။
လင်းလော် အိမ်ပြန်ရောက်တဲ့အချိန်မှာ ရှောင်ကျီရွှမ်းက သူတို့စံအိမ်မှာ ပြန်ရောက်နေပြီးဖြစ်သည်။သူမက သူ့ကိုမြင်တော့ ရှက်ရွံ့စွာပြုံးလိုက်ပြီး
"ယောကျာ်း ရှင်ပြန်လာပြီ"
"အင်း"
လင်းလော်က အသာလေးခေါင်းငြိမ့်လိုက်ပြီး သူ့အကြည့်က ရှောင်ကျီရွှမ်းဗိုက်ပေါ်ရောက်သွားကာ အကြည့်တစ်ချက်နဲ့ စူးစမ်းနေခဲ့သည်။
ထိုအကြည့်က ရှောင်ကျီရွှမ်းအပြုံးကို ထိန်းသိမ်းထားဖို့ ပိုမိုခက်ခဲလာစေပြီး
"ယောကျာ်း ရှင်ဘာကြည့်နေတာလဲ?တစ်ခုခုမှားလို့လား"
"ဘာမှမဟုတ်ပါဘူး။အခုထိ အပြည့်အဝ မတုံ့ပြန်သေးလို့။ကိုယ်ဝန်က ဘယ်နှလရှိပြီလဲ"
လင်းလော်က ရှောင်ကျီရွှမ်းဘေးကို လျှောက်သွားလိုက်ပြီး သူမရဲ့ဗိုက်ကို သူ့လက်နဲ့ပွတ်သပ်လိုက်သည်။ဒီနူးညံ့တဲ့အပြုအမူက သူ့ကလေးကို အထူးတန်ဖိုးထားသလိုပင်။
အစတုန်းက စိုးရိမ်နေတဲ့ ရှောင်ကျီရွှမ်းက လင်းလော်ကို ဒီလိုမြင်ပြီးတဲ့နောက် သူမက နောက်ဆုံးတော့ စစ်မှန်တဲ့အပြုံးတစ်ခု မျက်နှာပေါ်မှာ ပေါ်လာခဲ့သည်။
"သမားတော်က စစ်ဆေးပြီးသွားပြီ။နှစ်လရှိပြီတဲ့"
ရှောင်ကျီရွှမ်းက သူမဗိုက်ကို ပွတ်ကာပြောလိုက်ပြီး နောက်ဆုံးမှာ သူမလက်တွေနဲ့လင်းလော်ကို ဆုပ်ကိုင်လိုက်သည်။
ရှောင်ကျီရွှမ်းက သူမမျက်လုံးတွေကို မှိတ်ထားလိုက်ပြီး ခဏလောက်နေတော့ ခေါင်းမော့ကာ သူမမျက်လုံးတွေကိုဖွင့်ထားလိုက်ပြီး ပြောလိုက်သည်။
"ယောကျာ်း ရှင်အဲ့ဒီကောင်မလေးကို သဘောကျတယ်ဆိုရင် ဒါဆို ရှင် သူ(မ)ကို အိမ်ခေါ်လာလို့ရပါတယ်"
လင်းလော်လက်တွေက လှုပ်ရှားနေတာတွေ ရပ်တန့်သွားပြီး
"ဘာလို့လဲ"
ရှောင်ကျီရွှမ်း မျက်နှာက ရှက်သွေးဖြာသွားပြီး သီလရှိတဲ့ပုံနဲ့
"ယောကျာ်းက အဲ့ဒီပန်းချီတွေကို တန်ဖိုးထားတာမြင်တော့ ယောကျာ်းက အဲ့ဒီကောင်မလေးကို အများကြီးသဘောကျတာပဲလို့ ကျွန်မထင်တယ်။အခု ကျွန်မက ကိုယ်ဝန်ရှိနေတာ အဲ့ဒါကြောင့် ရှင့်ကို ပြုစုပေးမယ့် လူတစ်ယောက်ယောက်တော့ ရှိသင့်တယ်။ဒါကြောင့်မလို့ ကျွန်မစဉ်းစားနေတာ......"
"ဒီကိစ္စကို နောက်ထပ်မပြောနဲ့တော့"
လင်းလော်က ရှောင်ကျီရွှမ်းကို ဖြတ်ပြောလိုက်ပြီး အိပ်ရာကနေ ပြတင်းပေါက်ဆီကို ထထွက်သွားသည်။
လင်းလော်က ပြတင်းပေါက်နားမှာရပ်နေပြီး အပြင်ကအရာအားလုံးကို ကြည့်နေခဲ့သည်။ဒီခြံဝင်းက နဂိုကတော့ နင်းမုန့်ယောင်ရဲ့ ဒီဇိုင်းအတိုင်း တည်ဆောက်ခဲ့တာဖြစ်သည်၊ထိုအချိန်တုန်းက သူတို့တွေ ဒီနေရာမှာ အတူတူနေသွားရလိမ့်မယ်လို့ သူထင်ခဲ့တာဖြစ်သည်။
ဒါပေမယ့် အဆုံးမှာတော့ သူတို့တွေ ဝေးကွာသွားရတယ်။သူ့ဘေးနားမှာ ရှောင်ကျီရွှမ်းရှိနေပြီး မကြာခင် သူတို့ကလေးရှိလာတော့မှာဖြစ်တယ်။နင်းမုန့်ယောင်ဘေးမှာလည်း တစ်ခြားယောကျာ်းတစ်ယောက် ရှိနေခဲ့ပြီဖြစ်တယ်။
သူမက သူရှေ့မှာ သရုပ်ဆောင်နေတာမဟုတ်ဘူးဆိုတာ သူခံစားနိုင်တယ်။သူမက ထိုအမျိုးသားကို တကယ်သဘောကျတာ။
သူ့မျက်လုံးတွေကို ငုံ့ထားလိုက်ပြီး ကိုယ့်ကိုကိုယ်နှိမ့်ချမှုတွေဝင်လာခဲ့သည်။
သူမ မမှားဘူး သူတို့ရဲ့ခံစားချက်တွေကို မြုပ်နှံပြီး စွန့်ပစ်ခဲ့တဲ့လူက သူပဲလေ။