အခန်း ၁၁၁
Vol. 5 Ch. 111
Chapter 111
ရှောင်ကျီရွမ်းကို သူ့အခန်းဆီသယ်လာပြီးတော့ ကြောက်ရွံ့နေဆဲဖြစ်တဲ့ ရှောင်ကျီရွှမ်းကို စိုးရိမ်တကြီးကြည့်ကာ
"အဲ့ဒါကဘာလဲ"
ရှောင်ကျီရွှမ်းက သူမရဲ့ ကျောထောက်နောက်ခံရသွားသလိုပဲ လင်းလော်လက်ကိုဆွဲကာ ငိုကြွေးနေခဲ့ပြီး
"ဘာလို့ဒီလိုဖြစ်လာရတာလဲ ကျွန်မလည်းမသိဘူး..."
"အင်း?ကိုယ်ဒီကိစ္စကို သေချာစုံစမ်းပါ့မယ်"
ပြောပြီးတဲ့နောက် လင်းလော်က မျက်မှောင်ကြုံ့လိုက်တယ်။ဘယ်သူကများ သူမကို အရမ်းမုန်းနေလို့ ဒီလိုလုပ်ရတာလဲ?
ဒါက ခြောက်လှန့်ဖို့ပဲဆိုရင်တောင်မှ အရမ်းလွန်လွန်းတယ်မဟုတ်ဘူးလား?
ရှောင်ကျီရွှမ်းက အခု သူ့ကလေးကိုလွယ်ထားရတာ။ကလေးသာ ဒါကြောင့် ပျက်ကျသွားခဲ့ရင် အဲ့ဒါလုပ်တဲ့လူကို ကြိမ်ဖန်များစွာ သူအပြစ်ပေးပစ်မယ်။
ရှောင်ကျီရွှမ်းကို နှစ်သိမ့်ပြီးတဲ့နောက် လင်းလော်က စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးလိုက်သည်။
သက်သေတွေအားလုံးက နင်းမုန့်ယောင် ဒါမှမဟုတ် သူမဘေးနားကလူကို ညွှန်ပြနေသည်။
နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားလိုက်ပြီး လင်းလော်က မြင်းတစ်ကောင်စီးကာ တစ်ယောက်ထဲ ထွက်သွားခဲ့သည်။နှစ်ရက်ကြာပြီးနောက် သူ နင်းမုန့်ယောင် အိမ်တံခါးဝကို ရောက်လာခဲ့သည်။
တံခါးရှေ့ကလူကိုတွေ့တော့ နင်းမုန့်ယောင်က လှောင်သလိုကြည့်လိုက်ပြီး
"ဒီတစ်ခေါက် ရှင်ကျွန်မနဲ့ ဘာကိစ္စရှိပြန်ပြီလဲ"
"ဘာလို့လဲ"
"ဟမ်"
"မင်းဘာလို့ ရွှမ်းအာကို ခြောက်လှန့်ရတာလဲ?သူ(မ)က ကိုယ်ဝန်ရှိနေတာနော်။သတိမထားခဲ့မိရင် အဲ့ဒါဆို သူ(မ)ကလေး ပျက်ကျသွားနိုင်တယ်!နင်းမုန့်ယောင် မင်းဘယ်အချိန်တုန်းကတည်းက ဒီလောက် အဆိပ်ပြင်းလာရတာလဲ!!"
လင်းလော်က နင်းမုန့်ယောင်ကို လက်ညှိုးထိုးပြီး အော်ဟစ်လိုက်သည်။
လင်းလော်ရဲ့ ဒေါသတကြီးစွပ်စွဲချက်က နင်းမုန့်ယောင်ကို အံ့အားသင့်သွားစေတယ်။သူက သူမကို စွပ်စွဲနေတာလား?တစ်ခြားမိန်းမအတွက်လေ?
"အိုး....နတ်ဘုရားလို အမွေဆက်ခံသူကို ကျွန်မက ဘာများလုပ်မိလို့ ကျွန်မအိမ်တံခါးရှေ့ကို ဒီလိုမျိုးပြေးလာပြီး ကျွန်မကို စွပ်စွဲနေရတာလဲ?ရှင်က အဲ့ဒါမျိုးတွေပြောဖို့ ဒီရောက်လာတာဆိုရင် ဒါဆို ကျွန်မတောင်းပန်ပါတယ် ဒါပေမယ့် ကျွန်မမှာ ရှင်နဲ့အချိန်ဖြုန်းနေဖို့ အချိန်မရှိဘူး"
နင်းမုန့်ယောင်က ရွံရှာသလိုကြည့်လိုက်ပြီး လှည့်ထွက်သွားဖို့ ပြင်လိုက်သည်။
နင်းမုန့်ယောင် တံခါးပိတ်တာကို စောင့်မနေဘဲ လင်းလော်က နင်းမုန့်ယောင်လက်ကို ဆွဲလိုက်သည်။
"နင်းမုန့်ယောင် မင်းဘာလုပ်နေလဲဆိုတာ ငါဂရုမစိုက်ဘူး ဒါပေမယ့် မင်းဒါကိုဆက်လုပ်နေရင် ဒါဆိုငါ မင်းကို ရင်ဆိုင်ဖို့ ထိန်းထားမှာ မဟုတ်တော့ဘူး"
လင်းလော်လက်ကို အဝေးကိုဖယ်ထုတ်လိုက်ပြီး နင်းမုန့်ယောင်က လင်းလော်ကို ရွံသလို ကြည့်ကာ
"တိုက်ရိုက်သာပြောလိုက်စမ်းပါ ရှင်ဘာဖြစ်ချင်နေတာလဲ?ပြီးတော့ ကျွန်မက ဘာများလုပ်ခဲ့လို့လဲ"
"မင်းဘာလို့ ခေါင်းတွေကို ငါ့အိမ်ကို ပို့လိုက်ရတာလဲ"
လင်းလော်က မေးလိုက်သည်။
နင်းမုန့်ယောင်က အရယ်ရဆုံးဟာသတစ်ခုကို ကြားလိုက်ရသလို ကြည့်လိုက်ပြီး လင်းလော်က သရော်စွာပြောလိုက်သည်။
"ကျွန်မက ရှင့်အိမ်ကို လူခေါင်းတွေပို့တယ်လို့ ပြောလိုက်တာလား?လင်းလော် ကျွန်မက ဒီလိုအရာမျိူးကို လုပ်နိုင်စွမ်းရှိလို့လား?ကျွန်မက မိဘမဲ့မိန်းကလေးတစ်ယောက်လေ အဲ့ဒါအကုန်ပဲ။ကျွန်မက အဲ့လိုစွမ်းရည်မျိုး မရှိပါဘူးရှင်။ပြီးတော့ ရှင်ပြောတာ လူခေါင်းတွေနော်?ကျွန်မသိချင်လိုက်တာ။ကျွန်မ အဲ့ဒီလူခေါင်းတွေကို ဘယ်ကရလာတာပါလိမ့်?ရှင်က တကယ့်ကို သူများအပေါ် သံသယလွန်ကဲနေတာပဲ မဟုတ်ဘူးလား"
"မင်း........"
"ယောင်ယောင် ဘာလို့အဲ့လိုလူမျိုးနဲ့ စကားပြောနေသေးတာလဲ?သူက နားလည်နိုင်မှာ မလို့လား?"
တစ်ခြားတစ်ဖက်ကနေ ချောင်ထျန်းချန်အသံ ပေါ်လာခဲ့သည်။
သူက နင်းမုန့်ယောင်ဘေးကို လျှောက်သွားလိုက်ပြီး သူမခါးကိုဆွဲကိုင်ကာ သူမကို သူ့ရင်ခွင်ထဲ ထည့်ထားလိုက်သည်။အဲ့ဒီနောက် သူက လင်းလော်ကိုကြည့်လိုက်ပြီး
"ဒီအကြောင်းကို စဉ်းစားမိတော့မှ လွန်ခဲ့တဲ့လေးရက်လောက်တုန်းက အနက်ရောင်ဝတ်စုံနဲ့ လူခုနစ်ယောက်-ရှစ်ယောက်လောက် ဒီနေရာကို ရောက်လာပြီး ကိုယ်တို့အသက်ကိုယူချင်တာ သတိရသွားပြီ။သူတို့ကို ဘယ်သူပို့လိုက်တာလဲဆိုတာ ကိုယ်သိချင်လိုက်တာ။ယောင်ယောင် ကိုယ်တို့ဒီကိစ္စကို တိုင်ကြားသင့်တယ် ထင်လား"
နင်းမုန့်ယောင်က သူမခေါင်းကိုရမ်းလိုက်ပြီး
"ထားလိုက်ပါ၊တစ်ဖက်လူက ဩဇာကြီးပြီးတော့ အရာရှိတွေကလည်း သူတို့ကို ကာကွယ်ပေးမှာပဲ။တိုင်လိုက်တဲ့ကျွန်မတို့ပဲ ကံဆိုးသွားမှာ မဟုတ်ဘူးလား?"
နင်းမုန့်ယောင်က အထေ့အငေါ့နဲ့ ဖြေလိုက်သည်။
"မှန်တယ်။ကိုယ်တို့မှာ ဘာအထောက်အထားရှိလို့လဲ?တစ်ဖက်လူက လျှို့ဝှက်သက်တော်စောင့်တောင် ရှိတာ။ကိုယ်တို့တိုင်လိုက်ရင် ကိုယ်တို့ပဲ ကံဆိုးသွားမှာ"
"ရှင်ပြောတာမှန်တယ်။ဒါကြောင့် ကျွန်မတို့ဒီကိစ္စကို စိတ်မပူသင့်ဘူး။ဒါပေမယ့် သူတို့က ကျွန်မတို့ကို ပြဿနာရှာချင်နေသေးတယ် ဒါဆို ကျွန်မတို့က အနိုင်ကျင့်ဖို့မလွယ်ဘူးဆိုတာ သူတို့သိအောင် ပြရမှာပေါ့"
နင်းမုန့်ယောင်က လင်းလော်ကို စိုက်ကြည့်ပြီး တစ်လုံးချင်းပြောလိုက်သည်။
လင်းလော်က မျက်ခုံးတွန့်သွားတယ်။အဲ့နှစ်ယောက်က တမင်သူတို့ပြောတာကို သူကြားအောင်လုပ်နေတယ်လို့ ခံစားရတယ်။သူ(ချောင်ထျန်းချန်)ပြောတာ လွန်ခဲ့တဲ့လေးရက်တုန်းကတဲ့ ဒီမှာ တစ်ခုခုဖြစ်ခဲ့တာလား?အဲ့ဒါ သူအိမ်ပြန်ရောက်ပြီးတော့ နောက်နှစ်ရက်ပဲမဟုတ်ဘူးလား?ဘယ်လိုလုပ် ဒီလောက်တိုက်ဆိုင်ရတာလဲ?
"ကျွန်မပြောမယ် ဆက်ခံသူလင် ရှင့်မှာ တစ်ခုခုလုပ်စရာမရှိရင် ဒါဆို ကျွန်မအိမ်ကနေ ထွက်သွားပါတော့။ဒီကို နောက်ထပ်မလာခဲ့နဲ့။ကျွန်မရဲ့ အိမ်သေးသေးလေးက ရှင့်လိုကြီးမြတ်တဲ့ဘုရားသခင်ကြီးနဲ့ မဆန့်ပါဘူး"
နင်းမုန့်ယောင်က အပြင်ကို လက်ညှိုးထိုးပြပြီး လင်းလော်ကို အေးစက်စွာ ပြောလိုက်သည်။
လင်းလော်က နင်းမုန့်ယောင်ကို မယုံနိုင်သလို ကြည့်လိုက်တယ်၊သူမက သူ့ကို မောင်းထုတ်နေတာလား?
"မင်း ကိုယ့်ကို မောင်းထုတ်နေတာလား"
"ဒါကို ကျွန်မတို့က မလုပ်ရဲရင် ဒါဆို ကျွန်မတို့က ရှင့်အတွက် စီစဉ်ပေးဖို့လိုသေးလား?ဒီတစ်ကြိမ်မှာ လူသတ်သမားတင်ပဲ နောက်တစ်ကြိမ်ကျရင် ဘာလာမလဲဆိုတာ ဘယ်သူသိမှာလဲ?ကျွန်မလေ တကယ့်ကိုမျှော်လင့်တယ်သိလား ရှင့်လိုအမွေဆက်ခံသူကြီးက ကျွန်မတို့လို သာမန်ပြည်သူတွေကို သနားပါဦးနော်"
နင်းမုန့်ယောင်က လှောင်သလိုပြောလိုက်ပြီး လင်းလော်ကို ဒီနေရာမှာ သူ့အတွက်နေရာမရှိဘူးလို့ ခံစားသွားရစေသည်။