အခန်း ၁၁၃
Vol. 5 Ch. 113
Chapter 113
ချင်းရွှမ်က သူမရဲ့ သခင်မလေးကို ကြည့်လိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။
"သခင်မလေး တောင်ဘက်ကန်ထဲမှာ ငါးမွေးချင်တယ်လို့ ပြောတယ်မလား"
"အိုး...ဟုတ်သားပဲ နင်သာမပြောရင် ငါအဲ့အကြောင်းကို တကယ်ကြီးမေ့နေတာ။ချင်းရွှင် လူနည်းနည်းလောက်ကို ကျေးဇူးပြုပြီး ငါ့ကို ငါးနဲ့ပုစွန်အချို့ ပေးနိုင်မလားလို့ မေးပေးဦး။ပြီးတော့ လိပ်တွေရောပဲနော်"
နင်းမုန့်ယောင်က မျက်လုံးတွေ တလက်လက် တောက်ပနေပြီး ပြောလိုက်တယ်။ အဲ့ဒီအရာတွေက ကောင်းတယ်။သူတို့ကို မွေးမြူလိုက်မယ်ဆိုရင် အနာဂတ်ကျရင် ပိုက်ဆံတွေအများကြီးနဲ့ ရောင်းလို့ရတယ်။သူမက အခု ဂရုစိုက်တာ ပိုက်ဆံမဟုတ်ဘူး ဆိုပေမယ့်ပေါ့။
ချင်းရွှင်က ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်ကဲ့ သခင်မလေး"
"ကြာပင်တွေလည်း ဘာလို့မစိုက်ရမှာလဲ"
"ဒါပေါ့ အဲ့ဒါက လုပ်ကိုလုပ်ရမယ်"
သူမက ကြာစေ့စားရတာကို ကြိုက်တယ် ပြီးတော့ ကြာစေ့ကိုမှိုဖြူစွပ်ပြုတ်နဲ့ သောက်ရတာလည်း ကြိုက်တယ်။သူမသာ အခု ဘာမှ မစိုက်ထားဘူးဆိုရင် သူမ ဘယ်လိုလုပ် ကြာစေ့တွေ ရပါတော့မလဲ။
ဒီဟာပြောနေရင်းနဲ့ နင်းမုန့်ယောင်က ငါးကန်ဆီသွားဖို့ မစောင့်နိုင်တော့ပေ။
သူမကို ပြန်ဆွဲထားလိုက်ပြီး ချောင်ထျန်းချန်က အားအင်တက်ကြွနေတဲ့ သူမကို ပျော်ရွှင်စွာ ကြည့်ကာ
"မင်းလေးက ဘာလို့ အလျင်လိုနေရတာလဲ?ပစ္စည်းတွေက အခုထိ ဒီရောက်မလာသေးဘူးလေ မင်းက အလျင်လိုနေပြီလား"
နင်းမုန့်ယောင်ရဲ့ ခြေလှမ်းတွေ ရပ်သွားသည်။အဲ့ဒီနောက် သူမက ပြန်လှည့်လိုက်ပြီး ချောင်ထျန်းချန်ဘေးကို လျှောက်သွားလိုက်သည်။သူမ ပါးပြင်တွေက ရှက်သွေးဖြာနေပြီး ရှက်ရွံ့နေသည်။
ခုနစ်ရက်ကြာပြီးတဲ့နောက် လူတစ်စုက နင်းမုန့်ယောင်အိမ်ရှေ့ကို ကြီးမားတဲ့စည်ကြီးသယ်ပြီး ရောက်လာကြသည်။သူမက သူတို့ကို မြင်တဲ့အချိန် မျက်လုံးတွေ တောက်ပသွားသည်။
သူမက သူတို့ကို ရေဖြည့်ပြီးသားဖြစ်တဲ့ ငါးကန်ဆီ ဦးဆောင်ခေါ်သွားလိုက်ပြီး အပင်အချို့နဲ့ ကြာပင်အချို့ကိုတောင် စိုက်ပျိုးပြီးပြီဖြစ်သည်။ကျန်နေတဲ့ တစ်ခုထဲသောအရာက စည်ထဲက အရာတွေပါပဲ။
သူတို့က စည်ထဲကနေ ငါးတွေ၊ပုစွန်တွေ၊နဲ့ ဂဏန်းတွေကို ရေကန်ထဲ လွှတ်ပေးလိုက်သည်။ငါးတွေ ရေထဲမှာ ရေကူးနေတာကို ကြည့်ပြီး နင်းမုန့်ယောင်က ကျေနပ်သွားခဲ့သည်။
"ဒါဆို ပြည့်စုံသွားပြီး။ကျွန်မ နွေရာသီကို တကယ်ပဲ မျှော်နေမိပြီ"
နွေရာသီမှာ ဒီနေရာက ကြာပင်တွေနဲ့ အပြည့်ဖြစ်လာတဲ့အချိန် ရှုခင်းက အရမ်းလှမှာဖြစ်သည်။အဲ့ဒီနောက် သူမလည်း လှေသေးသေးလေး တစ်စီးလည်း ယူရဦးမယ်။
"အချစ် ကိုယ် မင်းအတွက် နွေရာသီကျရင် ပွဲကြည့်စင်တစ်ခုနဲ့လှေတစ်စင်းဆောက်ပေးမယ်။ဘယ်လိုလဲ"
ချောင်ထျန်းချန်က နင်းမုန့်ယောင်ဘေးမှာ ရပ်နေပြီး ကန်ထဲက ရေလှိုင်းတွေကို ကြည့်နေခဲ့သည်။
နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို ထူးဆန်းသလို ကြည့်လိုက်ပြီး
"ကျွန်မတွေးနေတာကို ရှင်ဘယ်လိုသိတာလဲ"
"ခန့်မှန်းကြည့်လေ"
နင်းမုန့်ယောင်က သူ့ကို မျက်စောင်းထိုးလိုက်ပြီး အဲ့ဒီနောက် အိမ်ပြန်ကာ လူစုကို ပိုက်ဆံပေးလိုက်သည်။
"ဒုက္ခများသွားရပါပြီ"
"လုံးဝ ဒုက္ခမဖြစ်ပါဘူးဗျာ"
ခေါင်းဆောင်က ပြုံးကာ ပြောလိုက်သည်။
သူတို့က ဒီတစ်ခေါက် ပိုက်ဆံတွေ အများကြီးရှာနိုင်ခဲ့ပြီး သူမက သူတို့ကို အပိုဆုတောင် ပေးလိုက်သေးသည်။နောက်နှစ် စီးပွားရေးမကောင်းတဲ့အခါကျရင် သူတို့ ဒီပိုက်ဆံကို ကောင်းကောင်းမှီခိုလို့ရသည်။
သူတို့ကို လိုက်ပို့ပြီးတဲ့နောက် နင်းမုန့်ယောင်က ချောင်ထျန်းချန်နဲ့ သူမအတွက် ချက်ပြုတ်ဖို့ ပြင်လိုက်သည်။
ချောင်ထျန်းချန်က သူမကို ကြည့်ဖို့ မီးဖိုချောင်ထဲဝင်လာခဲ့သည်။သူမ အသီးအရွက်တွေကို ဘယ်လိုလှီးနေလဲဆိုတာ သတိထားမိသွားပြီး သူက မတတ်နိုင်ဘဲ ပြုံးလိုက်ကာ
"ကြည့်ရတာတော့ ကိုယ်တို့ဒီနေ့ အများကြီးစားရမယ့်ပုံပဲ"
"ဒါပေါ့"
ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို ကြည့်လိုက်ပြီး အကူအညီမဲ့စွာနဲ့ ခေါင်းရမ်းလိုက်တယ်။ဒီကောင်မလေးက တကယ့်ကို မယုံနိုင်စရာကောင်းတယ်။ဘယ်သူမှ သူမကို ဆူပူရက်မှာ မဟုတ်ဘူး။
လင်းလော်က အဲ့ဒီနေ့က ထွက်သွားပြီးကတည်းက ပိုင်ရှန်ူရွာကို လုံးဝ ပြန်မလာခဲ့ပေ။သူက အရှုံးပေးသွားတာလည်း ဖြစ်နိုင်သလို သူ့ဇနီးရဲ့ အရှုပ်ထွေးကြောင့်လည်းဖြစ်နိုင်သည်။ဒါပေမယ့် ဘယ်အရာကမှ နင်းမုန့်ယောင်ကို မနှောင့်ယှက်နိုင်ပေ။သူမက လင်းလော်ရဲ့ဇနီးကို ဂရိုစိုက်ဖို့ အရမ်းပျင်းရိနေသည်။
လက်တလော နင်းမုန့်ယောင်က အမဲလိုက်တာကို အပြင်းအထန် စိတ်ဝင်စားနေသည်။သူမက ချောင်ထျန်းချန်ကို သူမကို သူနဲ့အတူ တောင်တွေဆီ ခေါ်သွားဖို့ ဆက်တိုက်ပူဆာနေခဲ့သည်။ဒါကြောင့် ထိုနေရာမှာ ဘာအန္တရာယ်မှာမရှိတာကြောင့် သူက သူမကို ခေါ်သွားခဲ့သည်၊သူတို့က တောယုန်အချို့နဲ့ ရစ်ငှက်တွေကို အမဲလိုက်နိုင်ခဲ့သည်။ဒါပေမယ့် သူမက တောထဲကို နက်သထက်နက်အောင် ပြေးသွားခဲ့ပြီး ပိုပြီးရှာဖွေခဲ့သည်။ပြီးတော့ ဒါက ချောင်ထျန်းချန်ကို စိတ်ပူသွားစေသည်။
"ထျန်းချန် မြန်မြန်လာ"
သူက သူမနောက်ကနေ အချိန်ယူပြီး လမ်းလျှောက်နေတာတွေ့တော့ နင်းမုန့်ယောင်က အလိုမကျဖြစ်သွားသည်။သူမက နောက်ဆုံးမှာ သူမကိုခေါ်သွားဖို့ သူ့ကိုဆွဲဆောင်နိုင်ခဲ့ပြီး သူက အခုကျ နှေးကွေးနေတယ်။
ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို ကူကယ်ရာမဲ့စွာကြည့်လိုက်သည်။အသာလေး ခေါင်းကိုက်သွားပြီးတော့ သူက ပြောလိုက်သည်။
"အချစ် ကိုယ်တို့ တောနက်ထဲကို သွားလို့မရဘူး။အဲ့ဒီမှာ တောရိုင်းကောင်တွေ အများကြီးရှိတယ်"
တစ်ယောက်ထဲ အထဲကို ဝင်သွားတာနဲ့တင်ကို လူသူကင်းမဲ့တဲ့နေရာကို ဝင်နေရတယ်လို့ သူခံစားမိနေပြီ။ဒါပေမယ့် အခု နင်းမုန့်ယောင်က သူနဲ့အတူတူရှိနေတယ်၊သူက သူမ သူ့ကို ဒုက္ခပေးမှာ စိတ်မပူပေ။အဲ့ဒီအစား သူမ ဒဏ်ရာရသွားမှာကိုသာ စိုးရိမ်နေတာဖြစ်တယ်။ကံမကောင်းစွာနဲ့ပဲ နင်းမုန့်ယောင်က ထိုအကြောင်းကို မစဉ်းစားပေ။
"ကျွန်မ ဂရုမစိုက်ဘူး၊ရှင် ကျွန်မကို ခေါ်သွားမယ်လို့ ကတိပေးထားတယ်လေ။ရှင်က ရှင့်ကတိကို အခု ချိုးဖောက်တော့မလို့လား"
နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို စောင့်ကြည့်နေပြီး သူမ မျက်လုံးတွေက သူသာ သူမကို မခေါ်သွားရင် သူ့ကို လျစ်လျှူရှူထားမယ်လို့ ပြောနေတဲ့ပုံပင်။
ချောင်ထျန်းချန်က လေးနက်စွာနဲ့ သက်ပြင်းချလိုက်ပြီး သူ့မှာ တစ်ခြားရွေးချယ်စရာမရှိပေ။
"ဒီတစ်ခေါက်ပဲနော်"
"သေချာတယ်"
အဆုံးမှာတော့ ချောင်ထျန်းချန်က နောက်ဆုံးမှာ နင်းမုန့်ယောင်ကို တောနက်ထဲ ခေါ်သွားခဲ့သည်။တောင်ပေါ်မှာ အပြင်နဲ့နှိုင်းယှဉ်ရင် တစ်ခြားအရာတွေ အများကြီးရှိသည်။သူမက ကြယ်ပဲနီလိုမျိုး ပစ္စည်းကောင်းတွေ ရှာတွေ့ခဲ့သည်။
"မင်း ဘာလို့ အဲ့ဒါတွေကို ကြည့်နေတာလဲ"
"ကျွန်မ သူတို့ နည်းနည်းလောက်ကို တူးပြီးတော့ စိုက်ဖို့ ပြန်ယူသွားချင်လို့"
နင်းမုန့်ယောင်က ပြောလိုက်ပြီး စတင် တူးဖော်တော့သည်။