← Chapters

အခန်း ၁၁၄

Vol. 5 Ch. 114

အခန်း ၁၁၄

Vol. 5 Ch. 114

Chapter 114

ချောင်ထျန်းချန်က နင်းမုန့်ယောင် သူမဘာသာ ကြယ်ပဲနီတူးနေတာတွေ့တော့ အမြန် သူမကို ကူညီလိုက်သည်။မကြာခင်မှာပဲ သူတို့က ခုနစ်ခုရှစ်ခုလောက်တူးပြီးသွားပြီးတော့ ‌နင်းမုန့်ယောင်က နောက်ဆုံးတော့ စိတ်ကျေနပ်သွားပြီ။

ချောင်ထျန်းချန်က နင်းမုန့်ယောင်နဲ့ စကားပြောနေရင်းနဲ့ သူ့ခန္ဓာကိုယ်က ရုတ်တရက် တန့်သွားသည်။သူက နင်းမုန့်ယောင်ကို သူ့လက်မောင်းတွေထဲ ပွေ့ချီပြီး သစ်ပင်ကြီးတစ်ပင်ပေါ် ခုန်တက်သွားလိုက်သည်။

သစ်ကိုင်းပေါ်မှာ မတ်တပ်ရပ်ပြီးတော့ နင်းမုန့်ယောင်ကို အောက်ချပေးကာ သူမကို သတိပေးလိုက်သည်။

"သေချာကိုင်ထားပြီး မလှုပ်နဲ့ နားလည်လား"

"အင်း ကျွန်မ နားလည်တယ်"

နင်းမုန့်ယောင်က အမြန် ခေါင်းငြိမ့်လိုက်တယ်။ချောင်ထျန်းချန်က တစ်ခုခုကြားလိုက်ရတာကြောင့် သူ အထိတ်တလန့်ဖြစ်သွားတယ်ဆိုတာ သူမ ခန့်မှန်းမိတယ်။

နင်းမုန့်ယောင် မှန်တယ် ချောင်ထျန်းချန်က အခုလေးတင်ပဲ အသံအချို့ကြားလိုက်ရတယ်၊ပြောရရင် သားရဲကောင်ကြီး အသံမျိုးဖြစ်တယ်။

သူတို့နှစ်ယောက်က သစ်ကိုင်းမြင့်ကြီးတွေပေါ်မှာ ခဏလောက် ငြိမ်ငြိမ်လေး ထိုင်နေခဲ့ကြသည်။နင်းမုန့်ယောင်က ချောင်ထျန်းချန်က အဲ့ဒီအသံတွေကို တစ်ခုခုနဲ့အထင်မှားသွားတာများလားဆိုတာ သိချင်မိသွားတယ်။

သူမ စကားပြောတော့မယ့် အချိန်မှာပဲ သူက သူမပါးစပ်ကိုလှမ်းပိတ်လိုက်ပြီး အသံမထွက်အောင် တားလိုက်သည်။

"ဒီနားရောက်နေပြီ"

နင်းမုန့်ယောင်က မသိစိတ်ကနေ သူမခေါင်းကိုငုံ့ကာ အောက်ကိုကြည့်လိုက်သည်၊ထိုအချိန်မှာ ရုတ်တရက် ခြုံပုတ်တွေထဲက ပွတ်တိုက်သံတွေကို သူမ ကြားလိုက်ရသည်။

သူမက ချောင်ထျန်းချန်ကို တစ်ချက်လောက် အမြန်လှမ်းကြည့်လိုက်ပြီး အောက်ပြန်ကြည့်လိုက်သည်။သူမ ဝံပုလွေတစ်ကောင်ကို တွေ့လိုက်ရသည်။ထိုကောင်က မီးခိုရောင်အမွှေးနဲ့ သံလွင်စိမ်းရောင် မျက်စိတွေရှိကာ သူမတို့ ပုန်းနေတဲ့ သစ်ပင်အောက်တွင် ထိုင်နေသည်။

ရုတ်တရက် ချောင်ထျန်းချန်က ဘာလို့ သူမကို တောနက်ထဲ မခေါ်ချင်ရတာလဲဆိုတာ သူမ သဘောပေါက်သွားတယ်။

နင်းမုန့်ယောင် စိုးရိမ်နေတုန်းမှာပဲ နောက်ထပ် တိရစ္ဆာန်တစ်ကောင်လာတာ သူမ ကြားလိုက်ရသည်။ပြီးနောက် အဝါပျောက် ကျားတစ်ကောင်က သူမတို့မြင်ကွင်းထဲ ပေါ်လာခဲ့သည်။

ကျားကို မျက်လုံးပြူးကြီးနဲ့ စိုက်ကြည့်လိုက်ပြီး သူမ ပါးစပ်ကို ပိတ်လိုက်တယ်။သူမ အခု နောင်တရနေပြီ။ဒီနေရာက ဘယ်လောက်အန္တရာယ်များတယ်ဆိုတာ သူမ သိခဲ့ရင် ချောင်ထျန်းချန်ကို သူမကို ခေါ်သွားဖို့ တောင်းဆိုခဲ့မှာ မဟုတ်ဘူး၊

နင်းမုန့်ယောင်ရဲ့ အသက်ရှူသံက ဖြည်းဖြည်းချင်း တည်ငြိမ်သွားသည်။သူမက သားရဲနှစ်ကောင်ကြားက တိုက်ပွဲကိုကြည့်‌နေပြီး မလှုပ်ရဲပေ။သူမ တကယ့်ကို ‌ကြောက်လန့်နေတာဖြစ်သည်။

ချောင်ထျန်းချန်က သူမ‌ကြောက်နေတာကို ခံစားမိပုံရသည်။သူက သူမကို သူ့ရင်ခွင်ထဲပွေ့ဖက်လိုက်ပြီး သူမနားနားကပ်ကာ တိုးတိုးလေးပြောလိုက်သည်။

"မကြောက်ပါနဲ့ ကိုယ်ဒီမှာရှိတယ်"

နင်းမုန့်ယောင်က ချောင်ထျန်းချန်ရဲ့ သန်မာတဲ့ခါးကို ဖက်တွယ်ထားလိုက်သည်။ထိုအချိန်မှာ တိုက်ခိုက်သံက ထွက်ပေါ်လာပြီး သူမ ငုံ့မကြည့်ရဲပေ။

ဝံပုလွေအူသံနဲ့ ကျားဟိန်းသံတို့က နင်းမုန့်ယောင်ကို ပိုပြီးတော့ ‌ကြောက်ရွံ့လာစေတာကြောင့် သူမက ပြုတ်ကျသွားမှာကြောက်တဲ့အနေနဲ့ ချောင်ထျန်းချန်ကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားသည်။

တဖြည်းဖြည်းနဲ့ အသံတွေ ပျောက်ကွယ်သွားသည်။ချောင်ထျန်းချန်က တဖြည်းဖြည်းအသက်ဆုံးရှုံးနေပြီဖြစ်တဲ့ သားရဲနှစ်ကောင်ကို ငုံ့ကြည့်လိုက်သည်။သူက အနည်းငယ် စိတ်သက်သာရာရသွားပြီး

"အခု အဆင်ပြေသွားပြီနော်"

နင်းမုန့်ယောင် ခန္ဓာကိုယ်က တောင့်တင်းနေသည်။အောက်ကိုငုံ့ကြည့်လိုက်ပြီး တိရိစ္ဆာန်နှစ်ကောင်က ဒဏ်ရာရထားကြပြီး အထူးသဖြင့် ဝံပုလွေဖြစ်တာကို သူမ သတိပြုမိသွားသည်။ထိုဟာက လည်ပင်းမှာ ကြီးမားတဲ့ ဒဏ်ရာနှစ်ခုရှိသည်။

"မင်း အခု အိမ်ပြန်ချင်ပြီလား"

"အင်း...အင်းး ကျွန်မပြန်ချင်ပြီ"

နင်းမုန့်ယောင်က သူမခေါင်းကို အလျင်အမြန်ငြိမ့်လိုက်ပြီး ကြာကြာ ဆက်မနေချင်တော့ပေ။

ချောင်ထျန်းချန်က သူမကို သစ်ပင်အောက် ပြန်မချပေးခင် ကြင်နာစွာကြည့်လိုက်သည်။မြေပြင်ပေါ်ကိုရောက်ပြီးတဲ့နောက် သူက တိရိစ္ဆာန်နှစ်ကောင်ကို ကြည့်လိုက်ပြီး သူတို့ကို ပြန်သယ်သွားသင့်လားဆိုတာ စဉ်းစားနေခဲ့သည်။

"ဒီကျားကို ပြန်သယ်သွားကြရအောင်"

သူက နင်းမုန့်‌ယောင်ကို ကြည့်ကာ ပြောလိုက်ပြီး သူမအမြင်ကို မေးလိုက်သည်။

ကျားက ပေါင်နှစ်ရာ သုံးရာလောက်ရှိသည်။နင်းမုန့်ယောင်က ကျားကိုကြည့်လိုက်တဲ့အချိန် သူမက ငိုချင်သွားပြီး မေးလိုက်သည်

"ကျွန်မတို့က ဘယ်လိုသယ်သွားကြမှာလဲ"

"ကိုယ်လုပ်လိုက်တယ် မင်းသာ ရှေ့ကနေ သေချာဂရုစိုက်သွား"

ချောင်ထျန်းချန်က တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေလိုက်သည်။

နင်းမုန့်ယောင်အတွက် ကုတ်အင်္ကျီကြီးလုပ်ပေးချင်တဲ့ သူ့ဆန္ဒကြောင့်သာမဟုတ်ရင် သူက ဒီဝန်လေးတဲ့အရာကြီးကို သယ်လာမှာ မဟုတ်ပေ။

ကျားကို အရေခွံဆုတ်ပြီးတဲ့နောက် ထိုဟာကို သူမအခန်းထဲမှာ ကော်ဇောအဖြစ် ခင်းထားနိုင်သည်။

နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို ကြည့်လိုက်ပြီး နောက်ဆုံးတော့ ခေါင်းငြိမ့်လိုက်သည်။သူ ကျားကို ဘယ်လို သယ်မလဲဆိုတာ သူမ နည်းနည်းတော့ သိချင်မိသည်။

သူမ ထိုအကြောင်းကို စဉ်းစားနေတုန်းမှာပဲ ချောင်ထျန်းချန်က ထိုင်ချလိုက်ပြီး ကျားရဲ့ ရှေ့နဲ့နောက်ခြေ‌လက်တွေကို လက်နှစ်ဖက်နဲ့ဆွဲကိုင်လိုက်ပြီး အဲ့ဒီနောက် သူ့ပုခုံးပေါ်ဖိတင်လိုက်သည်။

နင်းမုန့်ယောင်က သူက ကျားကို ဘာအလေးချိန်မှ မရှိသလိုမျိုး သယ်ထားတာကို စိုက်ကြည့်နေခဲ့သည်။သူမက တံတွေးမြိုချလိုက်ပြီး မေးလိုက်သည်။

"အဲ့ဒါကြီးက မလေးဘူးလား"

"မလေးဘူး သွားရအောင်"

ဝံပုလွေသေက ဒီနားမှာ ရှိနေသေးတာကြောင့် သွေးနံ့က မကြာခင်မှာ ပျံ့သွားပြီး တစ်ခြားသားရဲတွေ ရောက်လာတောမှာ ဖြစ်တဲ့အတွက် မြန်မြန်ထွက်သွားတာ ပိုကောင်းသည်။

"ကောင်းပြီ"

တောင်တက်တုန်းကထက် မြန်မြန်ဆင်းသွားခဲ့ကြသည်။အိမ်ပြန်ရောက်တဲ့အခါ အဖွားချင်က ချောင်ထျန်းချန် ပုခုံးပေါ်က ကျားကိုမြင်တော့ လန့်ခုန်မိသွားသည်။

ဒီအချိန်မှာပဲ လူတိုင်းရဲ့မျက်လုံးတွေက နင်းမုန့်ယောင်ဆီရောက်လာခဲ့ပြီး အထူးသဖြင့် အဖွားချင်ဖြစ်သည်။သူမ မျက်လုံးတွေက "သခင်မလေး တောင်ပေါ်သွားရတာ ပျော်ဖို့ကောင်းရဲ့လား" ဟု မေးချင်နေပုံရသည်။

နင်းမုန့်ယောင်က သူတို့ကို ကြည့်ကာ ငိုချင်သွားတယ်။သူမ မတောင်းဆိုခဲ့သင့်ဘူး။ထိုဟာက သေအောင်ကြောက်ဖို့ကောင်းတယ်။သူတို့ သူမကို ကြည့်တဲ့ပုံစံကနေ သူမ တောတွေတောင်တွေအကြောင်း သိပ်မသိချင်တော့ပေ။

All Chapters