အခန်း ၁၁၅
Vol. 5 Ch. 115
Chapter 115
"သခင်မလေး တောင်ပေါ်မှာ ပျော်ခဲ့ရဲ့လား"
နင်းမုန့်ယောင်ကို ကြည့်လိုက်ပြီး ကျန်းချွမ်က ပြုံးကာ မေးလိုက်သည်။
နင်းမုန့်ယောင်က ရပ်တန့်သွားပြီး သူမအိမ်ထိန်းကို ကြည့်လိုက်သာ်။သူမက ခါးသက်သက် ရယ်လိုက်ပြီး
"ဦးလေးကျန်း ကျွန်မ အဲ့နေရာကို နောက်တစ်ခေါက် လုံးဝသွားမှာ မဟုတ်တော့ဘူး"
"အရမ်းကောင်းတယ် သခင်မလေး။အဲ့ဒီနေရာက အန္တရာယ်ရှိတယ်ဆိုတာ သင်သိသွားတာ ကောင်းတယ်"
အဖွားချင်က သူတို့သခင်မလေး ပြောတာကြားပြီး စိတ်ကျေနပ်သွားသည်။
ဒီတစ်ခေါက် ချောင်ထျန်းချန်က သူမကို ကာကွယ်ပေးတာကြောင့်သာ မဟုတ်ခဲ့ရင် ဒီမိန်းမငယ်လေးက အခုလောက်ဆို တောကြီးမျက်မဲထဲမှာ ဒုက္ခရောက်နေလောက်ပြီ။သူမက အရမ်းကို နားမလည်တတ်လွန်းတယ်။ဘယ်လိုလုပ် သူမလုပ်ချင်တာကိုပဲ လုပ်ရတာလဲ။
"သခင်လေး နောက်တစ်ခါကျရင် သခင်မလေးက သင့်ကိုဘာလုပ်ခိုင်းခိုင်း မလုပ်နဲ့နော်"
အဖွားချင်က ချောင်ထျန်းချန်ကို လေးလေးနက်နက်ကြည့်လိုက်သည်။
သူက နင်းမုန့်ယောင်အပေါ်ကို ကောင်းပြီး သူတို့ကလည်း သူမကို ကူညီဖို့ ဆန္ဒရှိတယ်ဆိုပေမယ့် ဒါက သူမတောင်းဆိုတဲ့အရာတိုင်းကို သဘောတူရမယ်လို့ မဆိုလိုဘူးလေ။
သခင်မလေး ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ?
နင်းမုန့်ယောင်နဲ့ ချောင်ထျန်းချန်က အဖွားချင်ကို တစ်ပြိုင်နက်ထဲ ကြည့်လိုက်ကြသည်။ချောင်ထျန်းချန်ကတော့ ပြုံးဖြီးနေပြီးတော့ နင်းမုန့်ယောင်ကတော့ တောင့်တင်းသွားတယ်။
သခင်လေး??သူက ဘယ်တုန်းက သခင်လေးဖြစ်သွားတာလဲ?
"အဖွားချင် သင်ဘယ်သူ့ဘက်က ရပ်တည်နေတာလဲ။ပြီးတော့ သူက ဘယ်လိုလုပ် သင့်ရဲ့ သခင်လေးဖြစ်သွားရတာလဲ?"
နင်းမုန့်ယောင်က အဖွားချင်ကို စူးစိုက်ကြည့်လိုက်တယ်။အဲ့လိုကြားရတာ သူမအတွက် ထူးဆန်းတယ်။
အဖွားချင်က နင်းမုန့်ယောင်ကို စောင်းကြည့်လိုက်ပြီး
"သခင်မလေး သင်က အရမ်းကို ပြောင်းလဲလွယ်တာပဲ။သခင်လေးက သင့်ကို ကောင်းကောင်းဆက်ဆံပေးနေတာကို မကျေနပ်သေးတာ ရှိလို့လား"
"............."
နင်းမုန့်ယောင်က အဖွားချင်ကို ကြည့်နေရင်း ပြောစရာစကားမရှိဖြစ်သွားရတယ်။သူမ ချောင်ထျန်းချန်ကို တစ်ချက်ကြည့်လိုက်တယ်။အဲ့ဒါ ဒီလူကြောင့်ပဲ ဖြစ်ရမယ် မဟုတ်ရင် အဖွားချင်က ဘယ်လိုလုပ် သူမကို ဒီလိုအထင်လွဲသွားပါ့မလဲ?
ချောင်ထျန်းချန်က နင်းမုန့်ယောင်ဘေးကို လျှောက်သွားလိုက်ပြီး သူမ နားထဲကို တိုးတိုးလေးပြောလိုက်သည်။
"ဘယ်အချိန်တုန်းက ကိုယ့်ကို မင်းရဲ့ နာမည်ကြီးခင်ပွန်းဖြစ်အောင် လုပ်ခဲ့တာလဲ"
သူ့ခေါင်းကို တွန်းထုတ်လိုက်ပြီး နင်းမုန့်ယောင်က မိုက်ကြည့်ကြည့်ကာ အဲ့ဒီနောက် အဝေးကို ထွက်သွားသည်။
သူမ အခန်းထဲ ပြန်ရောက်လာပြီးတဲ့နောက် နင်းမုန့်ယောင်က သူမပါးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။သူမ မျက်နှာက နီရဲနေပြီး သူမ မျက်လုံးတွေထဲမှာ ရှက်ရွံမှု အရိပ်အယောင်တွေ ရှိနေသည်။
သူမ ဒီနေရာကို မလာခင် လင်းလော်နဲ့ ရှိနေခဲ့တဲ့ အချိန်တုန်းက တစ်ခြားလူတွေကလည်း သူမကို ဒီလိုမျိူး စနောက်ကြတယ် ဒါပေမယ့် သူမ ဘယ်တုန်းကမှ ဒီလို မခံစားရဘူး။အခု ချောင်ထျန်းချန် စကားတွေကိုကြားတော့ သူမရှက်သွားပြီး သူ့ကို ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲဆိုတာ မသိတော့ဘူး...........
နင်းမုန့်ယောင်က သူမ အပြင်ထွက်သွားသင့်လား မထွက်သွားသင့်ဘူးလား စဉ်းစားနေတုန်းမှာပဲ အပြင်က ဆူညံသံတွေ ထွက်လာခဲ့သည်။
သူမ မျက်ခုံးတွေက အသာလေး တွန့်ချိုးသွားသည်။သူမက အိပ်ရာကနေထလိုက်ပြီး အဝတ်အစားကိုပြင်ကာ အပြင်ထွက်သွားလိုက်သည်။အပြင်ဘက်မှာတော့ ရန်ရိ မတ်တပ်ရပ်နေတာကို မြင်လိုက်ရပြီး သူက သွေးတွေနဲ့ ဖုံးလွှမ်းနေသည်။စိုးရိမ်သွားပြီးတော့ သူမက မေးလိုက်သည်။
"အစ်ကိုကြီးရန် ဘာဖြစ်လာတာလဲ"
ရန်ရိက အသက်ရှူမဝသလို ဖြစ်သွားပြီး
"လဲ့လဲ့ တစ်ခုခု ဖြစ်လာတယ်"
"သူ(မ)ဘာဖြစ်လို့လဲ"
"ငါလည်းမသိဘူး။လဲ့လဲ့က ဒီနေ့ အိမ်ပြန်လာရမှာ။ငါ့မိဘတွေကလည်း သူမအတွက် စားစရာတွေ အများကြီးပြင်ပေးထားတာာ ဒါပေမယ့် ယောကျာ်းတစ်ယောက်က လဲ့လဲ့ကို သယ်ပြီးရောက်လာခဲ့တယ်။အဲ့ဒီယောကျာ်း ကိုယ်ပေါ်မှာလည်း ဒဏ်ရာတွေနဲ့ ဒါပေမယ့် လဲ့လဲ့ကပိုများတယ်။အဲ့ဒီလူပြောတာတော့ သူလဲ့လဲ့ကို တွေ့တဲ့အချိန် သူမက ဓားပြတိုက်ခံနေရပုံရတယ်တဲ့"
ရန်ရိက လက်သီးဆုပ်ကာ ပြောလိုက်သည်။
အဲ့ဒီ အမျိုးသားသာ သူမ ညီမလေးနဲ့ မတော်တဆ မကြုံခဲ့ဘူးဆိုရင် သူမဆီ ဘာဖြစ်သွားမလဲဆိုတာ ရန်ရိ တွေးတောင်မတွေးရဲဘူး။
"သွားရအောင်"
နင်းမုန့်ယောင်က ခြေလှမ်းအနည်းငယ်လှမ်းပြီး အဲ့ဒီနောက် အထဲကို တစ်ဖန်ပြန်ဝင်လာကာ
"ချင်းရွှမ် ဆေးသတ္တာယူလာခဲ"
"ဟုတ်ကဲ့ သခင်မလေး"
ချင်းရွှမ်က အခန်းထဲကို ဝင်သွားပြီး ဆေးသတ္တာနဲ့ အမြန်ပြန်လာခဲ့သည်။
ချောင်ထျန်းချန်က ထိုအကြောင်းကို စဉ်းစားကြည့်လိုက်ပြီး လိုက်သွားဖို့ ဆုံးဖြတ်လိုက်သည်။
သူတို့လေးယောက်ရောက်တဲ့အချိန် သခင်မရန်က ရန်လဲ့လဲ့အတွက် စိုးရိမ်နေခဲ့သည်။
အိမ်ရှေ့ခန်းမှာ ထိုင်နေတဲ့ လူကိုမြင်တော့ ချောင်ထျန်းချန်က မျက်မှောင်ကြုံ့သွားပြီး
"လဲ့အန်း မင်းက ဘာလို့ ဒီရောက်နေတာလဲ"
"ဆရာ ကျွန်တော်ဒီလာတာက ဆရာ့ကို ပြောစရာရှိလို့ပါ။ကျွန်တော် ဒီမိန်းကလေးကို လမ်းပေါ်မှာတွေ့တာနဲ့ သူ(မ)ကို ကယ်ခဲ့ပြီး ဒီကို ပြန်ခေါ်လာခဲ့တာ။သင့်ကိုလည်း ဒီမှာ တွေ့ရမယ်လို့ မထင်ထားဘူး"
လဲ့အန်းက လေးလေးနက်နက် ဖြေကြားလိုက်သည်။
ချောင်ထျန်းချန်က လဲ့အန်းကို ကြည့်လိုက်ပြီး အဲ့ဒီနောက် နင်းမုန့်ယောင်ဆီကို လှည့်ကာ
"အချစ် ကိုယ်လဲ့အန်းနဲ့ စကားထွက်ပြောလိုက်ဦးမယ်။မင်း ရန်လဲ့လဲ့ကို တစ်ချက်ကြည့်ထားလိုက်လေ။သူမ နိးလာတဲ့အခါကျ ကိုယ်တို့သူမကို မေးရမှာတွေ ရှိတယ်"
"ရတယ် ရှင်သွားလေ ဒါဆို"
ချောင်ထျန်းချန် လဲ့အန်းကို ခေါ်ထုတ်သွားပြီးတဲ့နောက် နင်းမုန့်ယောင် မျက်နှာက မည်းမှောင်သွားပြီး
"ဒေါ်လေးရန် ဒါတွေအားလုံး ကျွန်မအပြစ်တွေပါ၊တောင်းပန်ပါတယ်"
"ဘာလို့ ကိုယ့်ကိုကိုယ် အပြစ်တင်ရတာလဲ?ရပါတယ်"
လဲ့လဲ့က အပြင်မှာ နှစ်လ သုံးလလောက်နေပြီးတော့ သူမ လတိုင်းပြန်လာရင် လုံခြုံခဲ့သည်။သူမကို ကာကွယ်ပေးနေတဲ့ လူတွေရှိတယ်လို့တောင်မှ လဲ့လဲ့က ပြောဖူးသည်။သူမရဲ့ ကယ်တင်ရှင် လဲ့အန်းပြောတာတော့ ရန်လဲ့လဲ့ကို အသည်းအသန်ကာကွယ်ပေးနေတဲ့ လူကြောင့်သာမဟုတ်ရင် သူမ အသက်ရှင်နိုင်မှာ မဟုတ်ဘူးတဲ့။
ဒီအကြောင်းကို စဉ်းစားမိတော့ သခင်မရန်က မခံနိုင်အောင် ကြောက်ရွံ့လာခဲ့ရတယ်။ဒါပေမယ့် သူမက ဘယ်လိုလုပ် နင်းမုန့်ယောင်ကို အပြစ်တင်ရမှာလဲ?
"ချင်းရွှမ် သူ(မ)ဘယ်လို နေသေးလဲ"
နင်းမုန့်ယောင်က စိုးရိမ်တကြီး မေးလိုက်သည်။
"သခင်မလေး စိတ်ချထားလို့ရပါပြီ။ဒဏ်ရာအများစုက အပေါ်ပိုင်းကပဲ။ပြင်းပြင်းထန်ထန်ဖြစ်သွားတဲ့ ဒဏ်ရာက နှစ်ခုလောက်ပဲ ရှိတာပါ"
ချင်းရွှမ်က ရန်လဲ့လဲ့ ဒဏ်ရာတွေကို ဂရုစိုက်ပေးနေရင်း ရှင်းပြခဲ့သည်။ထို ဒဏ်ရာတွေက အသက်အန္တရာယ် မခြိမ်းခြောက်နိုင်ပေ။