← Chapters

အခန်း ၁၁၆

Vol. 5 Ch. 116

အခန်း ၁၁၆

Vol. 5 Ch. 116

Chapter 116

ချင်းရွှမ်ရဲ့ အာမခံချက်‌‌ကြောင့် နင်းမုန့်ယောင်က အနည်းငယ် စိတ်အေးသွားသည်။

"သူ(မ)အဆင်ပြေတယ်ဆိုလို့ ဝမ်းသာလိုက်တာ။အမာရွတ်တွေ ကျန်ခဲ့ဦးမှာလား"

အဆုံးမှာတော့ သူမ(ရန်လဲ့လဲ့)က သူမ မိဘတွေ မျက်လုံးထဲမှာ အချစ်ဆုံးသမီးလေးဖြစ်သည်။သူတို့အတွက်တော့ သူတို့သမီးမှာ အမာရွတ်တွေရသွားတယ်ဆိုတာ လက်မခံနိုင်စရာဖြစ်သည်။မိန်းမတစ်ယောက်က သူမခန္ဓာကိုယ်ပေါ်မှာ အမာရွတ်တွေရှိရင် အနာဂတ်ကျရင် သူမခင်ပွန်းမိသားစုဆီကနေ သေချာပေါက် လှောင်ပြောင်ခံရမှာ ဖြစ်သည်။

ချင်းရွမ်က ပြုံးလိုက်ပြီး ခေါင်းရမ်းလိုက်သည်။

"မကျန်ခဲ့ပါဦး။‌ဆေးနည်းနည်းလောက် လိမ်းပေးလိုက်ရုံပဲ ပြီးရင် သူ(မ) သက်သာသွားလိမ့်မယ်"

"ဒါဆိုရင်တော့ ငါစိတ်အေးသွားပြီ"

နင်းမုန့်ယောင် တစ်ချက်လောက် အသက်ရှူထုတ်လိုက်သည်၊ဘေးနားမှာ ရပ်နေတဲ့ သခင်မရန်ကလည်း သူမတို့‌‌ပြောတာကြားပြီး စိတ်သက်သာရာ ရသွားသည်။

သူမစိတ်ထဲမှာ သူမတို့သမီး အသက်ရှင်နေတယ်ဆိုရင်ပဲ လုံလောက်နေပြီဖြစ်တယ်။အမာရွတ်တွေ ကျန်ခဲ့မှာ မဟုတ်ဘူးဆိုတာ သိလိုက်ရတော့ သူမ ပိုပြီး စိတ်ချသွားရတယ်။

ချင်းရွှမ်က ရန်လဲ့လဲ့ရဲ့ ဒဏ်ရာတွေကို ကုသပေးနေတဲ့အချိန် နာကျင်မှုကြောင့် ရန်လဲ့လဲ့ခန္ဓာကိုယ်က တွန့်သွားပေမယ့် နိုးမလာခဲ့ပေ။

"သခင်မလေး ဒါပြီးသွားပြီ။လဝက်လောက်ကြာတဲ့အခါကျရင် အဲ့ဒါက သက်သာသွားလိမ့်မယ်"

နာရီဝက်ကြာပြီးတဲ့နောက် ချင်းရွှမ်က သူမ မျက်နှာပေါ်က ချွေးတွေကို သုတ်လိုက်ပြီး နင်းမုန့်ယောင်ကို ပြုံးပြလိုက်သည်။

"ပြန်ပြီးတော့ လဲ့လဲ့အတွက် ဆေးအချို့ပြင်ထားလိုက်"

အိမ်မှာ သိုလှောင်ရုံအသေးလေးရှိပြီး ပုံမှန်သုံးလေ့သုံးထရှိတဲ့ ဆေးဝါးတွေအကုန်လုံး ထိုနေရာမှာ သိမ်းဆည်းထားသည်၊ဒါကြောင့် ထိုဟာတွေကို ဝယ်ဖို့ မြို့ကိုသွားရတဲ့ ဒုက္ခ သူတို့မကြုံရပေ။

"ကျွန်မ နားလည်ပြီ"

ချင်းရွှမ် ထွက်သွားပြီးတဲ့နောက် နင်းမုန့်ယောင်က သခင်မရန်ရဲ့ စိတ်ပူနေတဲ့ပုံစံကိုကြည့်ကာ ဘေးနားမှာထိုင်လိုက်ပြီး

"ဒေါ်လေးရန် မစိုးရိမ်ပါနဲ့။လဲ့လဲ့ အဆင်ပြေသွားမှာပါ"

သခင်မရန်က အပြုံးတစ်ခု အတင်းလုပ်ယူလိုက်ပြီး

"သိပါတယ်၊သင် ဒီမှာရှိနေတာပဲ ဒါဆို ဘာလို့ ဒေါ်လေးက စိုးရိမ်နေရမှာလဲ"

ချင်းရွှမ်လို့ အမည်ရတဲ့ မိန်းကလေးက သမားတော်ကောင်းတစ်‌ယောက်ဆိုတာ သူမ သတိထားမိသည်။သူတို့တွေ ဒီမှာရှိနေမှတော့ သူမက ဘာကို စိုးရိမ်နေရဦးမှာလဲ?

သူမက သူမရဲ့သမီးကို အရမ်းချစ်တယ်။သူမ သမီးနာကျင်နေတာ မြင်ရတော့ သူမ မျက်ရည်တွေကို သုတ်လိုက်ပြီး

"‌ဒီတစ်ခေါက် အဲ့ဒီလူကို ကောင်းကောင်း ကျေးဇူးတင်ရမယ်"

"ဟုတ်တယ်"

ချောင်ထျန်းချန်က လဲ့အန်းကို လူမနေတဲ့ တောင်ခြေဆီခေါ်သွားပြီးတော့ မျက်နှာထားတင်းတင်းနဲ့ကြည့်ကာ မေးလိုက်သည်။

"ဘာဖြစ်တာလဲ"

"မြို့တော်မှာ တစ်ခုခုဖြစ်သွားတယ်။စိတ်ချနိုင်တဲ့ လူတစ်ယောက်က ကျွန်တော့်ကို သင့်ဆီလာခိုင်းလိုက်တာ"

လဲ့အန်းက ရှုပ်ထွေးစွာ ဖြေလိုက်တယ်။

ချောင်ထျန်းချန်က မျက်မှောင်ကြုံ့လိုက်တယ်၊လဲ့အန်းမျက်လုံးထဲက အေးစက်မှုကို တွေ့တော့ သူက ဆက်ပြောလိုက်သည်။

"အဲ့ဒါကဘာလဲ ငါ့ကိုပြော"

"အဲ့ဒါ ချောင်မိသားစုပဲ။ဒုတိယဌာနခွဲက လူတွေက မကြာခင်တုန်းက အမှားလုပ်မိခဲ့ကြပြီး ကဲ့ရဲ့ပြစ်တင်ခံရတယ်။အဲ့ဒါကြောင့် အရာရှိချောင်က သင့်ကိုပြန်ခေါ်ပြီး သူတို့ကို ကာကွယ်ပေးစေချင်တာ"

လဲ့အန်းက မခံမရပ်နိုင်‌စွာ ပြောလိုက်သည်။

အဲ့ဒီလူတွေက ဒီလိုအရာမျိုးကို လုပ်ရဲတဲ့ တကယ့် မိစ္ဆာတွေပဲ။

သူတို့က ငါ့ကိုအသုံးချင်တာလား?သူတို့ကိုသူတို့ ဘယ်သူလို့ထင်နေတာလဲ?

ချောင်ထျန်းချန် မျက်ဝန်းတွေထဲမှာ သဘောပေါက်သွားပြီး အဲ့ဒီနောက် သူက ခါးသက်သက်ပြုံးလိုက်သည်။ထိုဟာက အချိန်တစ်ခုကြာနေခဲ့ပြီကို သူတို့က အခုထိ သူ့ကို မလွှတ်ပေးကြသေးဘူး။သူတို့တွေ အခုထိ သူ့ကို အမှတ်ရနေသေးတယ်ဆိုတာ တကယ်မယုံကြည်စရာကောင်းတယ်။

"အဲ့ဒါပြီးတော့ တစ်ခြားဘာဖြစ်သေးလဲ"

ချောင်ထျန်းချန်က လဲ့အန်းကိုကြည့်ပြီး ဆက်ပြောလိုက်သည်။

"အဲ့ဒီ ဓားပြတွေကရော"

ဒီကိစ္စဆီရောက်လာတော့ လဲ့အန်း အမူအရာက ဆိုးရွားလာပြီး

"ဆရာ ကျွန်တော်ဒါကို ဓားပြတွေထဲက တစ်ယောက်ဆီကနေ ရှာတွေ့ခဲ့တာ"

လဲ့အန်းလက်ထဲက သင်္ကေတကို ကြည့်လိုက်ပြီး အေးစက်တဲ့စိတ်နေစိတ်ထားရှိတဲ့ ချောင်ထျန်းချန်တောင်မှ မတတ်နိုင်ဘဲ မျက်လုံးပြူးသွားရသည်။

ဒါ........ဒါက........

"ဒါကို သူတို့ဆီကနေ ရှာတွေ့တယ်ဆိုတာ မင်းသေချာလား"

ချောင်ထျန်းချန်က လဲ့အန်းကို လေးလေးနက်နက် ကြည့်လိုက်သည်။

လဲ့အန်းက ခေါင်းငြိမ့်ကာ

"အမှန်ပဲ၊ကျွန်တော် တစ်ခြားလူတွေကို လိမ်နိုင်ပေမယ့် သင့်ကို ဘယ်တုန်းကများ လိမ်ဘူးလို့လဲ"

"သူတို့က တကယ့်ကို ပြဿနာရှာနေကြတာပဲ"

ချောင်ထျန်းချန်က နှာခေါင်းရှုံ့လိုက်သည်။ဒီကိစ္စတွေက သူ့အပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှုရှိမှာ မဟုတ်ပေ။ဒါပေမယ့် ဒီကိစ္စသာ ပေါက်ကြားသွားရင် ချောင်မိသားစုအတွက် မကောင်းနိုင်ပေ။ဒါပေမယ့် ဒီကိစ္စက သူနဲ့ ဘာဆိုင်လို့လဲ?

"မင်း ပြန်သွားတဲ့အခါကျရင် အထက်ကလူတွေကို ဒါကို ပြောလိုက် ပြီးတော့ စုံစမ်းဖို့ သူတို့ကို လူလွှတ်ခိုင်းလိုက်"

ထိုလူတွေက ဓားပြတွေနဲ့ ပေါင်းကြံရဲတယ်;သူတို့က တကယ့်ကို သေဖို့ မစောင့်နိုင်ကြတော့တဲ့ ပုံပဲ။

"ဆရာ......."

"လူအားလုံးက ဉပဒေအောက်မှာပဲရှိတယ်။ပြီးတော့ သူတို့က ငါနဲ့ဘာဆိုင်လို့လဲ"

ချောင်ထျန်းချန်က လဲ့အန်းကို ခနဲ့တဲ့တဲ့ ပြောလိုက်သည်။

လဲ့အန်းကလည်း အလားတူပဲတွေးမိတယ်။ပေကျင်းက လူတွေက ဆရာက ချောင်မိသားစုနဲ့ အချိန်တော်ကြာကတည်းက ဆက်ဆံရေးဖြတ်လိုက်ပြီဆိုတာ သိကြတယ်။ချောင်မိသားစုက ပြဿနာတစ်ခုခု လုပ်ရင်တောင်မှ ဆရာ့ကို အများကြီး သက်ရောက်မှာ မဟုတ်ပေ။အများဆုံးကတော့ တစ်ခြားလူတွေက သူ့ကို စောဒက တက်ကြလိမ့်မယ် ဒါပေမယ့် ဆရာ့ပေါ်ထားတဲ့ ချောင်မိသားစုရဲ့ ယုံကြည်မှုနဲ့ ဆုံးဖြတ်မယ်ဆိုရင် အပြစ်တင်မှုက သူ့အပေါ်မှာ ဘယ်လို အကျိုးသက်ရောက်မှုမျိုးမှ ရှိမှာမဟုတ်ပေ၊ချောင်ထျန်းချန်က တရားဝင် မဟုတ်တာကို ပြောမနေနဲ့တော့။

"ကျွန်တော် သဘောပေါက်ပြီ။ဆရာ စိတ်မပျက်စေရပါဘူး"

လဲ့အန်းက အလေးအနက်ထား ခေါင်းငြိမ့်လိုက်သည်။

ရာဇဝတ်မှု ကျူးလွန်တဲ့လူတွေကို သူတို့ဓားပြတိုက်မယ်ဆိုရင် ဒါဆို သူတို့ကယ်ပေါက်အချို့ ရဦးမယ်။ဒါပေမယ့် အဲ့ဒီလူတွေက ပညာမဲ့ပြီး‌ေတာ့ သာမန်ပြည်သူတစ်ယောက်ကို ပစ်မှတ်ထားခဲ့တယ်။

All Chapters