← Chapters

အခန်း ၁၁၇

Vol. 5 Ch. 117

အခန်း ၁၁၇

Vol. 5 Ch. 117

Chapter 117

ဒီလို အပြုအမူအမျိုးက သံသယဝင်စရာ မလိုအောင်ကိုဘဲ ဒုက္ခရှာနေတာပဲလေ။တကယ်တော့ ဆရာ့ရဲ့အမူအရာကနေ သူ ဒီကိစ္စကို စုံစမ်းစေချင်တယ်ဆိုတာ သိသာတယ်။

"ဆရာ စောနတုန်းက အမျိုးသမီးက သင့်ဇနီးလား"

လဲ့အန်းက ချောင်ထျန်းချန်ကို သေချာကြည့်လိုက်သည်။

ချောင်ထျန်းချန်က လဲ့အန်းကိုကြည့်လိုက်ပြီး အဲ့ဒီနောက် အသာလေးပြုံးကာ

"မင်းသိချင်လား"

လဲ့အန်းက သူ့အကြည့်ကို မြေကြီးပေါ်ပို့လိုက်ပြီး သူ့ခေါင်းကို ပြင်းပြင်းထန်ထန် ခါရမ်းလိုက်သည်။

"ဟင့်အင်း......ကျွန်တော်မသိချင်ဘူး"

"သေချာလား"

"ဟုတ်ကဲ့ သေချာတယ်။ကျွန်တော် မသိချင်ဘူး။ဆရာ ကျွန်တော်အခု ပြန်တော့မယ်နော်"

လဲ့အန်းက သူ့ကိုယ်သူ ပါးရိုက်ချင်သွားတယ်။သူ မမေးလိုက်သင့်ဘူး။

သူတို့ရဲ့ ဆက်ဆံရေးက အရမ်းသိသာနေတာပဲကို,ငါက ဘာလို့ မေးရဦးမှာလဲ?ငါ ပြဿနာရှာမိပြီ!!!!

ချောင်ထျန်းချန်က လဲ့အန်းရဲ့ ကြောင်အအပုံစံကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး

"ပြန်ရောက်တဲ့အခါကျရင် မင်းပါးစပ်ကို ပိတ်ထားပြီး မ‌ပြောသင့်တဲ့အရာတွေကို မပြောတာ အကောင်းဆုံးပဲ"

"ကျွန်တော် နားလည်ပါတယ်။သူမ အကြောင်း တစ်လုံးမှ မပြောဘူး"

လဲ့အန်းက အမြန်ခေါင်းငြိမ့်လိုက်သည်။

"အရင်ဆုံး ရန်လဲ့လဲ့အိမ်ကို ပြန်သွားမယ်။ပြီးမှ ထွက်သွားတော့"

ချောင်ထျန်းချန်က လဲ့အန်းက ချက်ချင်းထွက်သွားတော့မှာကို သတိထားမိတော့ သူက ချက်ချင်းပဲ ထပ်ဖြည့်ပြောလိုက်သည်။

လဲ့အန်းက အစကတော့ ပဟေဠိဖြစ်သွားပေမယ့် အဲ့ဒီနောက် ချောင်ထျန်းချန် ဘာကိုဆိုလိုလဲဆိုတာ သူသဘောပေါက်သွားပြီး အသာလေးခေါင်းငြိမ့်လိုက်သည်။

"အရမ်းကောင်းတယ် ကျွန်တော် သဘောပေါက်ပြီ"

သူတို့နှစ်ယောက်က အတူတူ ပြန်လာခဲ့ကြသည်။သခင်မရန်နဲ့ရန်ကျူးက လဲ့အန်းကို တွေ့တော့ သူတို့က ဒူးထောက်လိုက်ကြပြီး သူ့ကို အလွန်အမင်း ကျေးဇူးတင်ကြသည်။

"ဦးလေးတို့သမီးကို ကယ်ပေးတဲ့အတွက် မင်းကို ကျေးဇူးတင်ပါတယ်"

"ဦးလေး ဒေါ်လေး ကျေးဇူးပြုပြီး ဒီလို မလုပ်ကြပါနဲ့။ဘယ်သူမဆို ဒီအတိုင်းပဲ လုပ်မှာပါ"

သူတို့က ဒူး‌ထောက်ပြီး သူ့ကို ကျေးဇူးတင်ကြတော့ လဲ့အန်းက ရှက်ရွံ့သွားပြီး အမြန် သူတို့ကိုထဖို့ ကူညီပေးလိုက်သည်။

လဲ့အန်းက သူတို့ကို ကမန်းကတန်းနဲ့ထဖို့ ကူညီပေးနေတာ တွေ့ရတော့ ရန်ကျူးက မတတ်နိုင်ဘဲ ရယ်မိသွားတယ်၊ဒီကောင်လေးက လူကောင်းလေးပဲ။

"အဲ့လိုမပြောပါနဲ့၊မင်းက ဒေါ်လေးတို့ရဲ့ အဖိုးတန်သမီးလေးအသက်ကို ကယ်ပေးခဲ့တာ"

"သူမ အဆင်ပြေသွားပြီလား"

လဲ့အန်းက ဒီလိုမြင်ကွင်းမျိုးကို ခံနိုင်ရည်မရှိတာကြောင့် သူက အမြန် စကားလမ်းကြောင်းလွှဲလိုက်သည်၊

"အင်း မုန့်ယောင်ရဲ့အိမ်အကူကောင်မလေးက စောနတုန်းက လာကြည့်ပေးတယ်လေ။သူမပြောတာတော့ အားလုံးအဆင်ပြေသက်သာသွားလိမ့်မယ်တဲ့။ဦးလေးတို့ သူမဒဏ်ရာတွေကို ခဏလောက် သေချာဂရုစိုက်ပေးဖို့ပဲလိုတာ"

"ဒီလိုဆိုမှတော့ ကျွန်တော်အရင်သွားတော့မယ်နော်"

"အာ?အခုလား?မသွားခင် တစ်ခုခုစားဖို့ ခဏလောက်နေရင်ရော ဘယ်လိုလဲ"

ရန်ကျူးက လဲ့အန်းထွက်သွားတော့မယ်ဆိုတာ ကြားတော့ စိုးရိမ်တကြီးပြောလိုက်သည်။

လဲ့အန်းက ချောင်ထျန်းချန်ကို ကြည့်လိုက်ပြီး နောက်ဆုံးမှာတော့ ခေါင်းရမ်းလိုက်ကာ

"ကျေးဇူးတင်ပါတယ် ဦးလေး ဒါပေမယ့် ကျွန်တော်အရေးတကြီးလုပ်စရာလေးရှိလို့ အဲ့ဒါကြောင့်မလို့ ကျွန်တော် အခုသွားမှရမယ်"

ဒါကို ကြားတော့ ရန်ကျူးက နည်းနည်းတော့ စိတ်ပျက်သွားတယ် ဒါပေမယ့် သူ့သမီးရဲ့ ကျေးဇူးရှင်ကို ဆက်ပြီးနှောင့်နှေးအောင် မလုပ်နိုင်တာကြောင့်

"ဒါဆိုလည်း ကောင်းပြီ။နောက်တစ်ခေါက် မင်းအခွင့်ကြုံခဲ့ရင် ကျေးဇူးပြုပြီး ဒီကိုထပ်လာခဲ့ပါဦး။မင်းကို အများကြီးကျေးဇူးတင်တယ်"

ရန်ကျူးက နူးညံ့စွာ ပြောလိုက်သည်။

"ဒါပေါ့ဗျာ၊ကျွန်တော် အခု သွားတော့မယ်နော်"

လဲ့အန်းက ပြုံးပြီး ကတိပေးလိုက်သည်။သူ့စိတ်ထဲမှာတော့ သူ ဒီနေရာကို နောက်တစ်ကြိမ်လာဖို့ အခွင့်အရေးမရှိဘူးဆိုတာ သိနေခဲ့သည်။အဆုံးမှာတော့ ဒါက သူအချိန်အတော်ကြာ နေနိုင်တဲ့ နေရာမဟုတ်ပေ။

လဲ့အန်းထွက်သွားပြီးတဲ့နောက် ချောင်ထျန်းချန်က ရန်ကျူးဘက်ကို လှည့်လိုက်ပြီး

"ဦးလေးရန် စိတ်မပူပါနဲ့၊ကျွန်တော်တို့ ဒီကိစ္စကို စုံစမ်းမှာပါ"

"‌အေးပါ ဦးလေးလည်း ယုံပါတယ်"

ရန်ကျူးက ခေါင်းငြိမ့်ပြီး အပြုံးတစ်ပွင့်နဲ့ ပြောလိုက်သည်။

အခုတော့ ချောင်ထျန်းချန်က သာမန်မုဆိုးတစ်ယောက်မဟုတ်ဘူးဆိုတာ သူသဘောပေါက်သွားပြီ။သူက(ချောင်ထျန်းချန်)ဒီလိုပြောလာမှတော့ ဒီကိစ္စက ကောင်းကောင်းကိုင်တွယ်သွားနိုင်မယ်ဆိုတာ ယုံကြည်တယ်။

နင်းမုန့်ယောင်က ရန်မိသားစုရဲ့အိမ်မှာ နေခဲ့တယ် ဒါကြောင့် ချောင်ထျန်းချန်က ထွက်မသွားဘဲ သခင်မရန်နဲ့ နောက်ဖေးမှာ စကားပြောနေခဲ့သည်။ညရောက်တဲ့အခါမှာတော့ နင်းမုန့်ယောင်က ထွက်လာပြီး ပြောလိုက်သည်။

"သူမ နိုးလာပြီ"

ရန်ကျူးက ထသွားပြီး သူမဆီကို မောပန်းစွာ လျှောက်သွားလိုက်သည်။သူ့လှုပ်ရှားမှုတွေကနေ သူက တကယ်တော့ ဒီတစ်ချိန်လုံး သူ့ရဲ့စိုးရိမ်ပူပန်မှုတွေကို တစ်ခြားလူတွေဆီကနေ ဖုံးကွယ်ထားတယ်ဆိုတာ သိသာသည်။

"အဖေ စိုးရိမ်စရာမလိုတော့ပါဘူး"

ရန်လဲ့လဲ့က ကုတင်ပေါ်မှာ လှဲနေခဲ့သည်။အထဲကို ပြေးဝင်လာတဲ့ သူမအဖေကို ဖြူဖျော့နေတဲ့ မျက်နှာနဲ့ ကြည့်လိုက်သည်။

ရန်ကျူးက သူ့သမီးခေါင်းကို ပုတ်ပေးလိုက်သည်။သူက ပြုံးကာ

"အဖေ့ကို စိတ်ပူမနေနဲ့။ကောင်းကောင်းအနားယူ"

"သမီးသိပါတယ်၊ဒါပေမယ့် သမီးကို ကယ်ခဲ့တဲ့ အစ်ကိုကြီးကတော့ ဒီမှာ မရှိတော့ဘူး"

ရန်လဲ့လဲ့ နည်းနည်းဝမ်းနည်းသွားတယ်။သူသာ သူမကို မကာကွယ်ပေးခဲ့ရင် သူ သေရမှာမဟုတ်ဘူး။

သူ့အဖိုးတန်သမီးလေးကို ဒီလိုမြင်ရတော့ ရန်ကျူးက သူမကို ဘယ်လိုနှစ်သိမ့်ရမလဲ မသိတော့ပေ။

"အဖေ သိပါတယ်၊သူ့မှာ တစ်ခြားမိသားစုဝင်တွေရှိလားဆိုတာ မုန့်‌ယောင်ကို မေးကြည့်ရအောင်လေ။ရှိတယ်ဆိုရင် အဖေတို့က သူတို့ကို စောင့်ရှောက်ပေးကြမယ်"

"တစ်ယောက်မှ မရှိကြဘူး၊အစ်ကိုကြီးက မိဘမဲ့။ယောင်ယောင်နဲ့တွေ့တဲ့ အချိန်ကျမှ သူ့မှာ နေစရာတစ်ခုရလာတာ"

ရန်လဲ့လဲ့က စိတ်ဓာတ်ကျနေပြီး ရန်ကျူးကို အရမ်းစိတ်ပူသွားစေသည်၊

နင်းမုန့်ယောင်က အပြင်ဘက်ကနေ သူတို့ပြောတာကို ကြားပြီးတော့ တံခါးခေါက်ကာ အထဲဝင်လာခဲ့လိုက်သည်။သူမက ရန်လဲ့လဲ့ ဝမ်းနည်းနေတာကို တွေ့တော့ ကုတင်ဘေးမှာထိုင်ချလိုက်ပြီး

"ဒီအကြောင်းကို အများကြီး စဉ်းစားမနေနဲ့။ငါတို့ သူ့အတွက် လက်စားချေပေးကြမယ်။အခုတော့ နင့်ဒဏ်ရာတွေကို ဂရုစိုက်ဖို့ပဲလိုတယ်"

"ဒါပေမယ့်......."

"လဲ့လဲ့ နင်အပြစ်ရှိသလို ခံစားနေရတယ်ဆိုတာ ငါသိတယ်။ဒါပေမယ့် ဒါက နင့်အမှားမဟုတ်ဘူးလေ။အဲ့ဒီ ဓားပြတွေကိုပဲ အပြစ်တင်ရမှာ"

နင်းမုန့်ယောင်က ကူကယ်ရာမဲ့သွားတယ်။သူမက ရန်လဲ့လဲ့ ဘာလို့ ဒီလိုခံစားနေရလဲဆိုတာ နားလည်တယ် ဒါပေမယ့် ညီအစ်ကိုက သူ့အလုပ်သူလုပ်သွားပြီး သူ့အလုပ်ကလည်း ရန်လဲ့လဲ့ကို ကာကွယ်ပေးဖို့ပဲလေ။

All Chapters