အခန်း ၁၁၈
Vol. 5 Ch. 118
Chapter 118
ရန်လဲ့လဲ့က အပြစ်ရှိသလို ခံစားနေရတုန်းဖြစ်တယ် ဒါပေမယ့် သူမအဖေနဲ့နင်းမုန့်ယောင်က သူမကို နှစ်သိမ့်ဖို့ အဆက်မပြတ်ကြိုးစားနေတာကို မြင်ရတော့ သူမက ပြုံးလိုက်ပြီး
"ငါ နားလည်ပါတယ် ယောင်ယောင်"
"ဒါဆို ကောင်းကောင်းအနားယူတော့။ငါအရင်ဆုံးပြန်လိုက်ဦးမယ်။မနက်ဖြန်ကျမှ နင့်ကိုကြည့်ဖို့ ထပ်လာခဲ့တော့မယ်"
အခုက နောက်ကျနေပြီဖြစ်ပြီး သူမဆက်နေနေသေးရင် အပြင်ဘက်က ပိုပြီးမှောင်လာတော့မှာဖြစ်သည်။
"မုန့်ယောင် ထမင်းစားပြီးမှ သွားပါ့လား"
သခင်မရန်က သူမ ထွက်မသွားခင် အမြန်ခေါ်လိုက်သည်။
နင်းမုန့်ယောင်က ခေါင်းရမ်းလိုက်ပြီး
"ငြင်းပါရစေနော်။ဒီကိစ္စကို စုံစမ်းဖို့ လူလွှတ်ရဦးမှာလည်း ရှိသေးတော့လေ"
အရင်လတွေတုန်းက ဓားပြတွေမရှိခဲ့ဘဲ အခု ဒီတစ်ကြိမ်မှ ရုတ်တရက်ကြီး ဖြစ်လာခဲ့တာ။ဒါက အနည်းငယ်ထူးဆန်းတယ်လို့ ခံစားရတယ်။
"ဒါပေမယ့်......."
"ဒေါ်လေး ကျွန်မက ဒေါ်လေးအိမ်မှာ မစားတော့ဘဲနေမှာကို စိုးရိမ်နေတာလား။ကျွန်မတို့က နီးနီးလေးနေတာလေ။ဒီနေရာကို လာချင်တဲ့အချိန်လာလို့ရတာပဲကို ဟုတ်တယ်မလား"
နင်းမုန့်ယောင်က ပြုံးပြီး ပြောလိုက်သည်။
သခင်မရန်က ထိုအကြောင်းကို နည်းနည်းစဉ်းစားကြည့်လိုက်တယ်။ထိုဟာက တကယ်လည်းမှန်နေတာကြောင့် သူမက ခေါင်းငြိမ့်လိုက်ပြီး သူတို့နှစ်ယောက်ကို နှုတ်ဆက်လိုက်သည်။
အိမ်ပြန်တဲ့လမ်းမှာ နင်းမုန့်ယောင်မျက်နှာက ဖတ်ဖို့ခက်ခဲနေတာကြောင့် ချောင်ထျန်းချန်က ပြောလိုက်သည်။
"စိတ်မပူပါနဲ့ ကိုယ် လဲ့အန်းကို ဒီကိစ္စကို အထက်လူတွေကို သတင်းပေးဖို့ ပြောထားတယ်"
"အမ်?"
နင်းမုန့်ယောင်က သူ့ကို လှည့်ကြည့်လိုက်တယ်။သူမ မျက်ခုံးတွေက အသာလေး တွန့်ချိုးသွားခဲ့တယ်။အထက်ကို သတင်းပေးတာလား?သူ ဘာကို ဆိုလိုတာလဲ?
နင်းမုန့်ယောင် မျက်ခုံးတွန့်ထားတာကို ကြည့်ပြီး ချောင်ထျန်းချန်က သူမကို စိတ်အေးအေး ထားခိုင်းကာ
"ဒီတစ်ခေါက် ဓားပြတွေက အပြင်ပန်းကမြင်ရသလိုမျိုး မရိုးရှင်းဘူး။သူတို့က အထက်ကလူတွေနဲ့ တစ်ခုခုရှိနေတယ်။ရန်လဲ့လဲ့ မတော်တဆဖြစ်တဲ့နေရာက အမြဲတမ်းလူစည်ကားနေတာလေ ဒါဆို အဲ့ဒီ ဓားပြတွေက ဘယ်ကရောက်လာတာလဲ"
နင်းမုန့်ယောင်က ခဏလောက် ကြက်သေသေသွားခဲ့တယ်။သူမ ဒီပြဿနာကို လုံးဝမတွေးမိခဲ့ဘူး။အခု ချောင်ထျန်းချန်ပြောလိုက်တော့မှ အဲ့ဒါ ဖြစ်နိုင်တယ်။
သူမ အဲ့နေရာကိုဖြတ်ပြီးတော့ ခဏခဏ ခရီးသွားဖူးတယ် ဒါပေမယ့် ဓားပြတိုက်တာလို ကိစ္စမျိူး ဘယ်တုန်းကမှ အဲ့နေရာမှာ မကြားဖူးခဲ့ဘူး။အခုတော့ သူတို့က ဒီတစ်ခေါက်ပေါ်လာပြီး ရန်လဲ့လဲ့ကိုတောင် တိုက်ခိုက်သွားသေးတယ်.........
"ရှင့်မှာ နည်းလမ်းရှိပြီးသားဆိုတာ ကျွန်မသိတယ်။ကျွန်မကို ကူညီပြီးတော့ ဒီကိစ္စကို စုံစမ်းပေးပါ"
နင်းမုန့်ယောင်က အေးစက်စက် ပြောလိုက်သည်။
သူမရဲ့ သူငယ်ချင်းကို ထိခိုက်အောင်လုပ်ရဲတဲ့ ဘယ်သူပဲဖြစ်ဖြစ် ရိုးရိုးလေးနဲ့ ဒုက္ခရှာလိုက်တာပဲ။
"စိတ်မပူပါနဲ့ ဘာလုပ်ရမလဲဆိုတာ ကိုယ်သိပါတယ်"
သူတို့နှစ်ယောက်က ရွာထိပ်ကို လျှောက်လာကြပြီးတော့ ရုတ်တရက် သာယာနာပျော်ဖွယ်မရှိတဲ့ အသံကို ကြားလိုက်ရသည်။
"အရမ်းကံကောင်းတာပဲ။သူမက အဲ့ဒါကို ကျော်ဖြတ်လာနိုင်တယ်တဲ့"
အသံက ရင်းနှီးနေတယ်.......သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။အဲ့ဒါ ယန်ရှိုးအာရဲ့အသံပဲ။
သူတို့က တံခါးဆီကို ခြေဖျားထောက်လျှောက်သွားကြပြီး အဲ့နားမှာ တိတ်တိတ်လေးရပ်နေကြသည်။အဲ့ဒီနောက် နင်းမုန့်ယောင်က သခင်မလော်အသံကို ကြားလိုက်ရသည်။
"ရှိုးအာ နင် ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ!တစ်ယောက်ယောက်သာ နင်ပြောတာကိုကြားသွားရင် ငါတို့ဒီမှာ ဆက်နေလို့ရဦးမယ်လို့ ထင်လား?!!"
"သမီးပြောတာ ဘာမှားလို့လဲ?ရန်လဲ့လဲ့က တကယ့်ကို ကံကောင်းတာပဲလေ။ဓားပြတွေနဲ့ ကြုံတာတောင်မှ သူ(မ)က အသက်ရှင်လာသေးတယ်။ဟက်......သူက ဖြတ်သွားတဲ့ ခရီးသည်ဆီကနေတောင် အကယ်ခံလိုက်ရသေးတယ်"
ယန်ရှိုးအာက ဒေါသတကြီး ပြောနေခဲ့သည်။
ရန်လဲ့လဲ့ကို ကယ်ခဲ့တဲ့လူကို သူမ မြင်လိုက်တယ်။ထိုလူက အတော်လေး ချောတယ်။ဒါ့အပြင် သူက သာမန်လူတစ်ယောက်နဲ့ မတူဘူး။ရန်လဲ့လဲ့ကို ထူးချွန်ထက်မြက်တဲ့လူက ကယ်သွားခဲ့တယ်တဲ့လေ။
နင်းမုန့်ယောင် မျက်လုံးထဲ ဒေါသရိပ်တွေ သန်းလာခဲ့သည်။သူမ တံခါးကို တွန်းဖွင့်တော့မယ့်အချိန်မှာပဲ ချောင်ထျန်းချန်က သူမကို တားလိုက်ပြီး အဝေးကို ဆွဲခေါ်သွားခဲ့သည်။
"ရှင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"
ရွာကနေ ထွက်လာပြီးတော့ ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို လွှတ်ပေးလိုက်ပေမယ့် သူမက သူ့ကို စိုက်ကြည့်နေခဲ့သည်။
သူက နင်းမုန့်ယောင်ခေါင်းကို သာသာလေးခေါက်လိုက်ပြီး
"လဲ့အန်းက ရန်လဲ့လဲ့ ဓားပြတွေနဲ့ တွေ့ခဲ့တယ်ဆိုတာကို ဘယ်သူ့ကိုမှ မပြောပြခဲ့ဘူး။သူက သူ့မြင်းက တစ်ခုခုကြောင့်လန့်သွားပြီးတော့ သစ်ပင်ကို ဝင်တိုက်ပြီး သစ်ကိုင်းတွေကြောင့် သူ ဒဏ်ရာရလာတာလို့ပဲ ပြောထားတာ"
ဒီ အကြောင်းပြချက်က သင့်တော်တယ် ဒါပေမယ့် ထူးဆန်းတာက ယန်ရှိုးအာက ဘယ်လိုလုပ် ရန်လဲ့လဲ့က ဓားပြတွေဆီကနေ လွတ်မြောက်လာတာကို ပြောနိုင်ရတာလဲ?
ယန်ရှိုးအာက ဘယ်လိုလုပ် ရန်လဲ့လဲ့ ဓားပြတွေနဲ့ တွေ့ခဲ့တယ်ဆိုတာကို သိနေရတာလဲ?
"ရှင်ပြောချင်တာက ယန်ရှိုးအာက ဒီကိစ္စနဲ့ပတ်သက်နေတာလား?" နင်းမုန့်ယောင်က မျက်မှောင်ကြုတ်သွားပြီး "ဒါပေမယ့် သူ(မ)က လယ်သမားမလေး တစ်ယောက်ပဲကို"
"ကောက်ချက်ချဖို့က စောပါသေးတယ်။ဒါပေမယ့် ယန်ရှိုးအာက ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ခုခုသိနေတာ ဖြစ်နိုင်တယ်။သူမ ဘယ်နေရာက ပါဝင်ခဲ့လဲဆိုတာကတော့ ကိုယ်တို့ စုံစမ်းတာပြီးတဲ့အထိ စောင့်ရမှာပေါ့"
ချောင်ထျန်းချန်က ယန်ရှိုးအာပြောတာကြားတဲ့အချိန် သူမက ဒီကိစ္စနဲ့ တစ်ခုခုပတ်သက်နေတယ်ဆိုတာ သိလိုက်သည်။
ဒီဟာက ဖြစ်နိုင်ချေရှိတယ်။
နင်းမုန့်ယောင် မျက်လုံးတွေက မည်းမှောင်သွားပြီး
"ယန်ရှိုးအာကသာ ဒီတိုက်ခိုက်မှုမှာ တကယ်ပါဝင်ပတ်သက်နေလို့ကတော့ ကျွန်မ သူ့(မ)ကို လွှတ်ပေးမှာ မဟုတ်ဘူး"
ခဏကြာပြီးတဲ့နောက် နောက်ထပ် ထူးဆန်းတာတစ်ခုကို သူမတွေးမိသွားသည်။ယန်ရှိုးအာက ဓားပြတိုက်တာရဲ့ အစီစဉ် တစ်စိတ်တစ်ပိုင်းမှာ ပါတယ်ဆိုရင် ဒါဆိုရင်သူမက အတော်အရည်အချင်းရှိတာပဲ။
ချောင်ထျန်းချန်က နင်းမုန့်ယောင် ခေါင်းကို ပုတ်လိုက်ပြီး
"သွားကြမယ်။စုံစမ်းတာပြီးသွားတော့မှ ကိုယ်တို့ ဒီကိစ္စကို ဆက်ပြောကြတာပေါ့"
သူလည်းပဲ အဲ့ဒီကောင်မလေးကို သင်ခန်းစာအချို့ပေးရမယ်လို့ ခံစားမိတယ်။