← Chapters

အခန်း ၁၁၉

Vol. 5 Ch. 119

အခန်း ၁၁၉

Vol. 5 Ch. 119

Chapter 119

နင်းမုန့်ယောင်က တစ်ချက်လောက် အသက်ပြင်းပြင်းရှူလိုက်ပြီး ချောင်ထျန်းချန်နောက်လိုက်ကာ အိမ်ပြန်ခဲ့သည်။ညမှာတော့ နင်းမုန့်ယောင်က စာကြည့်ခန်းထဲမှာ ထိုင်နေခဲ့သည်။နည်းနည်းပါးပါး တွေးတောပြီးတဲ့နောက် သူမသာ တစ်ယောက်ယောက်ကို စုံစမ်းဖို့လွှတ်လိုက်ရင် သိပ်စိတ်ပူစရာမလိုဘူးလို့ ခံစားမိသည်။

အဲ့လိုတွေးပြီးတဲ့နောက် သူမက ချင်းရွှင်ကို ခေါ်လိုက်ပြီး

"ချင်းရွှင် လူနည်းနည်းလောက်ကို ယန်ရှိုးအာ အခုတလောသွားခဲ့တဲ့နေရာတွေကို စုံစမ်းဖို့ လွှတ်လိုက် ပြီးတော့ ရန်လဲ့လဲ့ရဲ့ ကိစ္စရောပဲ"

"ဟုတ်ကဲ့ သခင်မလေး"

ချင်းရွှင်ထွက်သွားပြီးတဲ့နောက် နင်းမုန့်ယောင်က ပြတင်းပေါက်နားကိုသွားကာ ရွာကို ကြည့်လိုက်သည်။ထိုအခိုက်အတန့်မှာ သူမ မျက်နှာက တကယ့်ကို မပျော်ရွှင်နေပေ။

သူမ အရင်တုန်းက ယန်ရှိုးအာကို အကြိမ်များစွာ လွှတ်ပေးခဲ့တယ် ဘာလို့လဲဆိုတော့ သူမ(ယန်ရှိုးအာ)က နည်းနည်းပဲတွေးတတ်တဲ့ ရွာသူမိန်းမငယ်လေး တစ်ယောက်ဖြစ်နေလို့ပဲ။ဒါပေမယ့် ကြည့်ရတာတော့ သူတို့က ငယ်တဲ့ပုံမပေါက်တော့ဘူး။

နောက်ရက်အနည်းငယ်အတွင်း နင်းမုန့်ယောင်က ချင်းရွှမ်ကို အမြဲခေါ်သွားပြီး ရန်လဲ့လဲ့အိမ်ကိုသွားကာ သူမဒဏ်ရာတွေကိုကြည့်ပေးရင်း စကားစမြည်ပြောကြသည်။

မကြာခင်မှာပဲ စုံစမ်းမှုရလဒ်တွေ ရလာခဲ့သည်။ချင်းရွှင်က နင်းမုန့်‌ယောင်ကို သွားရှာခဲ့သည်။

"သခင်မလေး ယန်ရှိုးအာက အခုတလော အများကြီးသုံးဖြုန်း‌နေတာ။တကယ်တော့ ယန်ရှိုးအာက အဲ့ဒီပိုက်ဆံအများကြီးကို လွန်ခဲ့တဲ့ရက်တွေတုန်းက မြို့ကိုတစ်ကြိမ်သွားပြီးတဲ့နောက်မှ ရလာခဲ့တာ"

နင်းမုန့်ယောင်က စားပွဲကို ရိုက်ချလိုက်ပြီး သူမရဲ့ အေးစက်နေတဲ့ မျက်နှာက ဘယ်လိုခံစားချက်ကိုမှ မပြပေ။အချိန်တော်ကြာပြီးတဲ့နောက် သူမက မေးလိုက်သည်။

"ယန်ရှိုးအာက မြို့မှာ တစ်ယောက်‌ယောက်နဲ့တွေ့လာခဲ့တယ်လို့ ပြောတာလား"

"ဟုတ်ပါတယ် ပြီးတော့ အဲ့ဒီလူက မင်းသားရဲ့ဇနီးပါ"

ချင်းရွှင်က တစ်ချက်လောက် အသက်ရှူသွင်းလိုက်သည်။

နင်းမုန့်ယောင် အံ့ဩသွားတယ်။သူမက တစ်ခုခု ထူးဆန်းနေတယ်လို့ ခံစားရတယ်။

"အဲ့ဒီလူက ယန်ရှိုးအာနဲ့ တွေ့ခဲ့ရင်တောင်မှ သူ(မ)က ငါနဲ့ရင်ဆိုင်သင့်တာလေ မဟုတ်ဘူးလား?အဲ့အစား ဘာလို့ လဲ့လဲ့ကို တိုက်ခိုက်ရတာလဲ"

အဲ့ဒီမိန်းမက ရှောင်ကျီရွှမ်းဖြစ်နေတာပဲ။ရှောင်ကျီရွှမ်းက သူမကို မုန်းနေတယ်ဆိုတာ နင်းမုန့်ယောင်သိတယ်။ဒါပေမယ့် အဲ့ဒီမိန်းမက ဘာလို့ လူမှားပြီးတော့ လုပ်ရတာလဲ?

ချင်းရွှင်က နင်းမုန့်ယောင်ကို ကြည့်လိုက်ပြီး အဲ့ဒီနောက် ဖြေလိုက်သည်။

"သခင်မလေးရဲ့ ဘေးမှာက သခင်ရှိတယ်လေ ပြီးတော့ သင်က အရင်တုန်းကလည်း သူမကို ခေါင်းပြတ်တွေပို့ဖူးတာ‌ကြောင့် သူမက အခု သခင်မလေးကို မထိရဲဘူး။ဒါကြောင့် သူမရဲ့ ဖြစ်နိုင်တဲ့ ပစ်မှတ်က မိန်းကလေးရန်ဖြစ်သွားတာ"

နင်းမုန့်ယောင်က ထိုအကြောင်းကို ခဏ စဉ်းစားလိုက်တယ်။ဒါပေမယ့် ရန်လဲ့လဲ့ကို သတ်လို့ ဘာအကျိုးအမြတ်ရမှာလဲ?ဘာမှမရဘူးလေ......ဒါဆို အဲ့ဒါက ဘယ်လိုလုပ် ငါ့ကို ထိခိုက်မှာလဲ?

ထိုဟာက သူမကို ထိခိုက်ပုံမရပေ ဒါပေမယ့် ရန်မိသားစုအတွက်တော့ မိသားစုဝင်တစ်ယောက် ဆုံးရှုံးသွားမှာဖြစ်သည်။အဲ့ဒီနောက် ရန်မိသားစုက သေချာပေါက် အရာရှိတွေနဲ့ ရှာဖွေမှာဖြစ်ပြီး သူမဆီကို မလွဲမသေ ပြဿနာရောက်လာမှာဖြစ်သည်။နင်းမုန့်ယောင် တရားရုံးနဲ့ရင်ဆိုင်ရ‌သရွေ့ ရှောင်ကျီရွှမ်းအတွက် သူမလုပ်ချင်သလိုလုပ်ဖို့ ပိုပြီးလွယ်ကူသွားပြီဖြစ်သည်။

နင်းမုန့်ယောင်က အေးစက်စက် ပြုံးလိုက်တယ်။ကြည့်ရတာတော့ ရှောင်ကျီရွှမ်းရဲ့ နောက်ဆုံးပန်းတိုင်က သူမပဲဖြစ်ပုံရတယ်။သူမကို ကိုင်တွယ်ဖို့အတွက် ရှောင်ကျီရွှမ်းက သာမန်လူတစ်ယောက်ကိုတောင် ပြဿနာထဲ ဆွဲသွင်းလိုက်သေးတယ်။

နင်းမုန့်ယောင်က သူမပါးကို ထိလိုက်သည်။သူမ အပြုအမူက နည်းနည်းချိုမြိန်ပြီး ချစ်ဖို့ကောင်းတဲ့ပုံစံပေါက်နေပေမယ့် ချင်းရွှင်ကတော့ သူမ ဒီအချိန်မှာ တကယ်ကြီး ဒေါသထွက်နေတယ်ဆိုတာ သိသည်။

"ချင်းရွှင် မင်းသားရဲ့ဇနီးကို လုပ်စရာလေး တစ်ခုခုလောက် ပေးကြရအောင်"

သူမက ငါ့ကို ပြဿနာရှာဖို့ အားနေမှတော့ ဒါဆို ငါကလည်း သူမကို တစ်ခုခုလုပ်ပေးရမှာပေါ့။

"သခင်မလေး ဘာကိုဆိုလိုတာလဲ"

"မင်းသားရဲ့ဇနီးက ကိုယ်ဝန်ရှိနေတယ်။မိသားစုက သခင်မကြီးက သူ့အတွက် တစ်ခြားမိန်းမတွေ စီစဉ်ပေးသင့်တယ်လေ ဟုတ်တယ်မလား?"

နင်းမုန့်ယောင်က ရေခဲလိုအေးစက်နေတဲ့ အပြုံးနဲ့ပြောလိုက်သည်။

ချင်းရွှင်က သူမကို ကြည့်လိုက်ပြီး ရုတ်တရက် သခင်မလေးရဲ့အတွေးတွေကို လိုက်မမှီတော့ဘူးဆိုတာ သတိပြုမိသွားသည်။

"ဒါဆို အရမ်းကောင်းသွားပြီ နင်သွားတော့"

"ဘာကိုလဲ"

"ငါနင့်ကို သင်ပေးနေရဦးမှာလား။မှူးမတ်အိမ်တော်ကနေ မင်းသားလင်းအတွက် မိန်းမတွေရှာပေးဖို့ စီစဉ်ရအောင် နည်းလမ်းရှာလေ။သူတို့တွေ သူ့ကို အဖော်ပြုနိုင်ရင် ပိုကောင်းတယ်။ဒါဆို သူက သူမဆီကို သွားဖို့ အချိန်ရှိမှာ မဟုတ်တော့ဘူး။ဒါကိုသာ လုပ်စမ်းပါ"

ဒီအစီအစဉ်နဲ့ဆိုရင် ရှောင်ကျီရွှမ်းက သူမကို ပြဿနာရှာဖို့ အချိန်မရှိနိုင်တော့ဘူးလေ ဟုတ်တယ်ဟုတ်......

အဆုံးမှာတော့ ယောကျာ်းတစ်ယောက်က သူ့စိတ်ကို ပြောင်းလဲချင်ရင် အဲ့ဒါက သူ့မိန်းမကိုယ်ဝန်ဆောင်နေတဲ့ကာလပဲဆိုပြီး သမိုင်းမှာ လူသိများတာပဲလေ။ပြောနေဖို့ကိုမလိုဘူး သူမ ယောက္ခမက အမျိုးသမီးတွေစီစဉ်ပေးရင် သူမက ငြင်းရဲမှာတဲ့လား?သူမ မလုပ်ရဲပါဘူး။ဒါ့အပြင် သူမက ပြုံးပြီးတော့ ထိုဟာကို လက်ခံရလိမ့်မယ်။မဟုတ်ရင်တော့ သူမ ပြဿနာတက်သွားမှာလေ။

ချင်းရွှင်က နောက်ဆုံးတော့ နားလည်သွားသည်။တိတ်တိတ်လေးနဲ့အန္တရာယ်ရှိတဲ့လူတွေနဲ့ နေရတာ တကယ့်ကို ခက်ခဲတာပဲ။

"ဟုတ်ကဲ့ ကျွန်တော် အခုဘာလုပ်ရမလဲဆိုတာ သိသွားပြီ"

ချင်းရွှင်ထွက်သွားပြီးတဲ့နောက် နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို သွားရှာခဲ့သည်။

"ရှောင်မိသားစုနဲ့အဲ့ဒီဓားပြတွေကြားက ဆက်ဆံရေးက ဘာလဲ"

ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို ကြည့်လိုက်သည်။သံသယအချို့နဲ့ သူက

"မင်းက ဒါကို ဘာလို့မေးတာလဲ" ဟု မေးလိုက်သည်။

"ဒီကိစ္စက ရှောင်ကျီရွှမ်းနဲ့ တစ်ခုခုပတ်သက်နေတယ်"

နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို အလေးအနက်နဲ့ ပြန်ဖြေလိုက်သည်။

ရှောင်ကျီရွှမ်းသာ ဒီကိစ္စနဲ့ဘာမှမပတ်သက်ဘူးဆိုရင် ဒါဆို သူမက ဘယ်လိုလုပ် ရန်လဲ့လဲ့ကို တိုက်ခိုက်ဖို့ အဲ့ဒီ ဓားပြတွေကို အမိန့်ပေးနိုင်တာလဲ?

"မင်း ဘာရှာတွေ့လာလို့လဲ"

သူက ချောင်မိသားစုကိုသာ ရှာဖွေနေတာကြောင့် ဒီအကြောင်းကို လုံးဝ မစဉ်းစားမိပေ။

နင်းမုန့်ယောင်က သူမသိလာတဲ့အကြောင်းကို သူ့ကိုပြောပြလိုက်သည်။အဲ့ဒီနောက် သူမက အရေးမစိုက်စွာနဲ့ ချောင်ထျန်းချန်ကို ကြည့်လိုက်ပြီး

"အဆုံးမှာတော့ အဲ့ဒီဓားပြတွေရဲ့ ပစ်မှတ်က ကျွန်မပဲ"

All Chapters