အခန်း ၁၂၀
Vol. 5 Ch. 120
Chapter 120
ချောင်ထျန်းချန်က မျက်မှောင်ကြုတ်လိုက်တယ်။ဓားပြတွေကိစ္စက ချောင်မိသားစုနဲ့ သက်ဆိုင်တယ်လို့ သူအမြဲတွေးနေခဲ့တာကြောင့် အခြားဖြစ်နိုင်ချေတွေကို မသိစိတ်ကနေ လျစ်လျှူရှူခဲ့မိတယ်။ရှောင်ကျီရွှမ်းနဲ့ပတ်သက်ပြီး နင်းမုန့်ယောင်ပြောတဲ့စကားက အမှန်ဆိုရင် မင်းသားရှောင်နဲ့ ချောင်မိသားစုကြားမှာ အပြန်အလှန် လျှို့ဝှက်ထားတဲ့ အကြောင်းရင်းတွေရှိနေတာလား?
"ဒီကိစ္စကိုစုံစမ်းဖို့ ကိုယ်လဲ့အန်းကို အမိန့်ပေးလိုက်မယ်"
"ဒါပေါ့ ရှင်လုပ်ရမှာပဲလေ"
နင်းမုန့်ယောင်က နှာခေါင်းရှုံ့လိုက်တယ်။သူမက နိုင်ငံရေးကိစ္စတွေကို နားမလည်ပေ ဒါပေမယ့် သူတို့သာ သူမကို တကယ်ပြဿနာရှာချင်တာဆိုရင်တော့ ဒါဆို သူမကလည်း သနားကြင်နာပြနေမှာ မဟုတ်တော့ဘူး။
ချောင်ထျန်းချန်က သက်ပြင်းချလိုက်တယ်။နင်းမုန့်ယောင်ကို ကြည့်နေပြီးတော့ သူက ရုတ်တရက် ဒီအမျိုးသမီးက သူ့အတွက် တန်ဖိုးအထားရဆုံး ရတနာတစ်ပါးဆိုတာ သိသွားတယ်။သူ မငြင်းဆန်နိုင်တဲ့ လူတစ်ယောက်ပေါ့။
"ယောင်ယောင် မင်းဘာလုပ်ချင်လဲ?မင်းလိုချင်တာကို ကိုယ်ကူညီပေးမယ်"
သူ့လက်ထဲမှာ အာဏာအစစ်မရှိဘူးဆိုပေမယ့် သူသာ လူတစ်ယောက်ကို ထိန်းသိမ်းထားရမယ်ဆိုရင် ပြဿနာမရှိပေ။
နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို ဘေးတစောင်းကြည့်လိုက်ပြီး
"ရှင့်ရဲ့ သရုပ်မှန်ကဘာလဲ?ရှောင်ချီထျန်းက သာမန်လူတစ်ယောက်မဟုတ်ဘူး ကျွန်မပြောတာ မှန်တယ်မလား"
သူမက ဒီအကြောင်းကို အရင်ထဲက မေးချင်နေခဲ့တာ ဒါပေမယ့် သူမမှာ ဘယ်တုန်းကမှ မေးဖို့ အခွင့်အရေးမရှိခဲ့ပေ။အခု သူက သူမကို ကူညီထောက်ပံ့မယ်လို့ ကတိပေးလိုက်ပြီဆိုတော့ သူ့ရဲ့သရုပ်မှန်ကို မေးတာက သူမအတွက်တော့ သဘာဝကျသည်။
နင်းမုန့်ယောင်ကို ကြည့်လိုက်ပြီး သူမရဲ့ မေးခွန်းထုတ်နေတဲ့ မျက်လုံးတွေကိုတွေ့တော့ သူက မတတ်နိုင်ဘဲ အေးစက်စက်ပြုံးကာ
"ကိုယ်အရင်က ဘယ်သူဆိုတာ အရေးမကြီးပါဘူး၊အခု ကိုယ်က ပိုင်ရှန်းရွာက မုဆိုးတစ်ယောက်ပဲလေ။ရှောင်ချီထျန်းကတော့ ကိုယ့်သူငယ်ချင်းတွေထဲက တစ်ယောက်ပါ သူက ကိုယ်တို့ထိခိုက်အောင် လုပ်မှာမဟုတ်ဘူး"
"ကျွန်မ သိပြီ" နင်းမုန့်ယောင်က ခေါင်းငြိမ့်လိုက်သည်။
ရှောင်ချီထျန်းက သူတို့ကို ထိခိုက်အောင် လုပ်ရဲမှာလား?သူတို့ရဲ့ ဆက်ဆံရေးကနေ သူအကျိုးအမြတ်တွေ အတော်လေးရသွားတယ် မဟုတ်ဘူးလား?လွန်ခဲ့တဲ့နှစ်လတုန်းက သူက ယွမ်နှစ်သိန်းကျော်လောက်ရှာနိုင်ခဲ့ပြီး ကုန်ကြမ်းထောက်ပံ့တာကလွဲလို့ ထူးထူးခြားခြား လုပ်စရာမရှိခဲ့ပေ။
ချောင်ထျန်းချန်က နင်းမုန့်ယောင် နှာခေါင်းကို လိမ်ဆွဲလိုက်ပြီး
"သူက အခုမင်းနဲ့ အလုပ်ကိစ္စရှိနေတာလေ ဒါကြောင့် သဘာဝကျကျပဲ သူက မင်းကို တစ်ခုခုကို လုပ်မှာမဟုတ်ဘူး"
"ဘယ်လိုမျိုးလဲ"
နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို မျက်ခုံးပင့်ပြလိုက်ပြီး လှောင်လိုက်သည်။
ချောင်ထျန်းချန်က ရယ်လိုက်ပြီး ဘာမှမပြောပေ။သူ နင်းမုန့်ယောင်နဲ့ ရှိနေသရွေ့ ရှောင်ချီထျန်းက သူမကို လက်နဲ့တောင်ထိလို့ မရေစေရဘူး။
"ဒီကိစ္စက ယန်ရှိုးအာနဲ့ တစ်ခုခုပတ်သက်နေတယ်။သူ(မ) ရှောင်ကျီရွှမ်းရဲ့ အိမ်အကူနဲ့တွေ့ခဲ့တယ်"
"တကယ်လား?မင်း ဘာဆက်လုပ်သွားမလဲ"
နင်းမုန့်ယောင်က ချောင်ထျန်းချန် စကားတွေကို နှာခေါင်းရှုံ့လိုက်ပြီး
"ရှင် ဘယ်လိုထင်လဲ"
သူမကို ပြဿနာလာရှာရဲတဲ့လူတွေက ညှင်းပန်းခံရဖို့ အသင့်ပြင်ထားသင့်တယ်။
"ကောင်းပြီ မင်းပျော်နေသရွေ့ပေါ့"
နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို ကြည့်လိုက်တယ်၊သူမက မတတ်နိုင်ဘဲ ပြုံးလိုက်ပြီး
"ရှင်က ကျွန်မကို ဘယ်လိုအလိုလိုက်ရမလဲဆိုတာ တကယ်သိတာပဲ"
"ဒါ အကောင်းဆုံးပဲလေ။ကိုယ်က မင်းကို အများကြီးချစ်တယ် အဲ့ဒါကြောင့် မင်းကိုချစ်တယ်လို့ ပြောတဲ့လူတွေအားလုံးကို မောင်းထုတ်ပစ်မယ် ဒါဆို မင်းကိုယ့်ကို ဘယ်တော့မှ ထားသွားမှာ မဟုတ်တော့ဘူး"
ချောင်ထျန်းချန်က နင်းမုန့်ယောင်နားထဲကို တိုးတိုးပြောလိုက်သည်၊
သူ့အသက်ရှူသံက သူမနားထဲမှာ ယားကျိယားကျိဖြစ်သွားတာကြောင့် သူမက လက်ဆန့်ထုတ်ကာ သူ့ခေါင်းကို တွန်းလိုက်သည်။
"ကျွန်မနားထဲကို အဲ့လိုမျိး တိုးတိုးလေးမပြောနဲ့"
သူတို့နှစ်ယောက် ပွတ်သီးပွတ်သပ်နဲ့ စကားပြောနေတဲ့အချိန် ရှောင်ကျီရွှမ်းရဲ့ မျက်နှာကတော့ ဖြးဖျော့နေခဲ့သည်။
သူမရှေ့က ဆွဲဆောင်မှုရှိတဲ့ မိန်းမလေးယောက်ကိုကြည့်ပြီး သူမ အမိန့်ပေးလိုက်တယ်။
"နင်တို့ ဘာပြောလိုက်တာလဲ"
"လေးစားစွာနဲ့ ပြန်ဖြေပါတယ်။ကျွန်မတို့က သခင်လေးအတွက် မှုးမတ်ကတော်စီစဉ်ပေးလိုက်တဲ့ အမျိုးသမီးတွေပါ"
သူတို့ထဲက ပန်းရောင်ဝတ်ထားတဲ့ အမျိုးသမီးက တရိုတသေဦးညွှတ်လိုက်ပြီး ရိုရိုကျိုးကျိုးပြောခဲ့သည်။
ရှောင်ကျီရွှမ်းက စားပွဲစွန်းကို လက်နှစ်ဖက်နဲ့ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး ထိုမိန်းမတွေကို စိုက်ကြည့်လိုက်သည်။
သူမက သူ့ကလေးနဲ့ ကိုယ်ဝန်ရှိနေတာတောင် အဲ့ဒီမိန်းမအိုကြီးက သူမခင်ပွန်းအတွက် တစ်ခြားမိန်းမတွေ တကယ်ကြီး ပို့လာခဲ့တယ်။ဒါက အဲ့ဒီမိန်းမအိုကြီးက သူမကို လုံးဝ မလေးစားတာပဲ။
"ထွက်သွားကြ!"
ရှောင်ကျီရွှမ်း မျက်နှာပေါ်က ကြမ်းတမ်းတဲ့ပုံစံကို ကြည့်ပြီးတော့ အမျိုးသမီးလေးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။မှူးမတ်ကတော်ဆီ ပြန်သွားဖို့ကလွဲပြီး သူတို့မှာ ရွေးချယ်စရာမရှိပေ၊။
မှူးမတ်ကတော်က စိတ်တိုနေခဲ့တယ်။
"ဘာလို့ ဒီလောက်လေးလဲ"
"မှူးမတ်ကတော် မကောင်းတော့ဘူး။မင်းသမီးက ဘုရင့်နန်းတော်ဆီ ပြန်ချင်တယ်လို့ ပြောနေတယ်!"
ရှောင်ကျီရွှမ်းကို စောင့်ရှောက်ဖို့ မှုးမတ်ကတော်လွှတ်ထားတဲ့ အိမ်အကူက အထိတ်တလန့် ပြေးဝင်လာခဲ့သည်။
မှူးမတ်ကတော်ရဲ့ မျက်နှာပေါ်က အမူအရာက စောနတုန်းကထက် ပိုမိုဆိုးရွားလာခဲ့သည်။သူမစီစဉ်ထားတဲ့ သူမရှေ့က အမျိုးသမီးလေးယောက်ကို ကြည့်လိုက်ပြီး
"သူ(မ)အဝေးရောက်နေတုန်း ငါ့သားကို အလုပ်အကျွေးပြုဖို့ မင်းတို့ကို ထားထားမယ်။မင်းတို့ကောင်းကောင်းလုပ်နိုင်ရင် ငါမင်းတို့ကိုဆုချမယ်၊မလုပ်နိုင်ရင်တော့ မင်းတို့အပြစ်ဒဏ်အတွက် ငါ့ကို အပြစ်မတင်နဲ့"
မှူးမတ်ကတော်က သူမသားအတွက် အမျိုးသမီးတွေ စီစဉ်ပေးရုံပဲကို ရှောင်ကျီရွှမ်က သူမမိသားစုကို ပြန်သွားပြီ။သူတို့ နေရာက ရှောင်မိသားစုနဲ့ မယှဉ်နိုင်ဘူးလို့ ထင်နေတာလား?သူမက ရှောင်မိသားစုရဲ့ အထောက်အပံ့ကို ရှာတာလား?မင်းသမီးရှောင်က သူမကို ကူညီမလား မကူညီဘူးလားဆိုတာ ငါကြည့်ချင်သေးတယ်။ဘုရင်ရှောင်မှာ ကိုယ်လုပ်တော်တွေ အများကြီးရှိတယ်ဆိုတာ သိထားသင့်တယ်။ဒါ့အပြင် သူ့မှာ ဇနီးသည်နှစ်ယောက်လည်း ရှိသေးတယ် ပြီးတော့ သူတို့အားလုံးက မိဘုရားခေါင်ကြီး စီစဉ်ပေးထားတာ။