← Chapters

အခန်း ၁၂၁

Vol. 5 Ch. 121

အခန်း ၁၂၁

Vol. 5 Ch. 121

Chapter 121

"ဟုတ်ကဲ့ ကျွန်မတို့နားလည်ပါတယ်"

အမျိုးသမီးလေးယောက်က အချင်းချင်း ကြည့်လိုက်ကြတယ်။အမွေဆက်ခံသူသခင်မက မှူးမတ်ကတော်ကို ဒေါသထွက်အောင်လုပ်မိသွားတယ်ဆိုတာ သူတို့သိတယ် ပြီးတော့ အခု မှူးမတ်ကတော်က သူမကို သင်ခန်းစာပေးချင်နေတယ်။

မှူးမတ်ကတော် ကျောထောက်နောက်ခံနဲ့ဆိုရင် သူတို့က သဘာဝကျစွာနဲ့ ဘာကိုမှ ကြောက်နေဖို့မလိုပေ။

ဒီအချိန်မှာ လင်းလော်က စိတ်မရှည်ဖြစ်နေတဲ့ မျက်နှာနဲ့ ဝင်လာခဲ့ပြီး

"အမေ ကျွန်တော့်ကို ဘာလို့ လာဖို့ခေါ်လိုက်တာလဲ"

"အမေသားကို ခေါ်လိုက်တာက အမေတို့ပြောစရာရှိလာလို့ပဲ။လော်အာ အဲ့ဒီ ရှောင်ကျီရွှမ်းဆိုတဲ့ ကောင်မလေးကို အလိုမလိုက်စမ်းနဲ့"

မှူးမတ်ကတော်က ဆိုးရွားနေတဲ့ မျက်နှာအမူအရာနဲ့ ပြောလိုက်သည်။

လင်းလော်က မျက်မှောင်ကြုတ်လိုက်ပြီး

"သူ(မ)က အမေ့ကို ဘယ်လို ရန်စလိုက်လို့လဲ"

ဒီရက်တွေမှာ သူမက အခန်းထဲမှာပဲ အနားယူနေပြီး အပြင်မထွက်ပေ။

မှူးမတ်ကတော်က နှာခေါင်းရှုံလိုက်ပြီ

"အမေက မင်းအတွက် ကိုယ်လုပ်တော်နည်းနည်းလောက် ယူပေးတာကို သူ(မ)က ဘုရင့်ရှောင် နန်းတော်ဆီ ပြန်ရောက်သွားပြီလေ။သူက မင်းအမေကို ဘယ်လို မျက်နှာပေးရမယ်ဆိုတာတော့ တကယ်သိတာပဲ"

လင်းလော် မျက်မှောင်ကြုတ်လိုက်တယ်။မယားပြိုင်ယူတဲ့စနစ်က လင်းလော်ကို ပြောင်းလဲသွားစေပြီ။သူ ရှောင်ကျီရွှမ်းနဲ့ လက်မထပ်ခင်တုန်းကလည်း အမျိုးသမီးတစ်ယောက်ရှိခဲ့တာပဲလေ။

သူ့အမေက အခု စပြီးတော့ အမျိုးသမီးတွေကို ခေါ်လာချင်တယ်ဆိုရင် သူက အဲ့အကြောင်းကို အများကြီး စဉ်းစားနေမှာမဟုတ်ဘူး။သူက သူတို့ကို ကျွေးမွေးထားဖို့ မတတ်နိုင်တာလည်း မဟုတ်ဘူးလေ ဒါကြောင့် ဒီဟာက ကိစ္စကြီးကြီးမားမားမဟုတ်ပေ။

"အမေ စိတ်မဆိုးပါနဲ့။သူ(မ)က အခု ကျွန်တော့်ကလေးကို ကိုယ်ဝန်ရှိနေတာ‌လေ"

"ကိုယ်ဝန်ရှိတာ ဒါနဲ့ဘာဆိုင်လို့လဲ?သူ(မ)က ကိုယ်ဝန်ရှိနေတာနဲ့ပဲ မင်းအတွက် တစ်ခြားလူတွေ စီစဉ်ပေးရမယ်ဆိုတာ မသိတော့ဘူးလား?ဒါက မနာလိုတာလို့ခေါ်တယ်!"

မှူးမတ်ကတော်က စိတ်မချမ်းမြေ့တဲ့ အသံနဲ့ ပြောလိုက်သည်။

သူမက ရှောင်ကျီရွှမ်းဗိုက်ထဲက ကလေးကို တန်ဖိုးထားပေမယ့် ရှောင်ကျီရွှမ်းရဲ့ အမူအကျင့်က သူမကို မကျေမနပ်ဖြစ်စေတယ်။

"တော်ပါတော့ အမေရယ်။ဒီအမျိုးသမီးတွေကို လက်ခံဖို့ ကျွန်တော်သဘောတူတယ်။ဒါကြောင့် ရှောင်ကျီရွ‌မ်းနဲ့ အသေးအဖွဲလေးအတွက် အရမ်းကြီး စကားများမနေပါနဲ့တော့။သူ(မ)က ရက်နည်းနည်းလောက်ပဲ သွားတာပါ ပြီးရင် ပြန်လာလိမ့်မယ်"

လင်းလော်က သူ့အမေကို ချော့လိုက်သည်။

သူ ဒီကမ္ဘာကြီးကို ရောက်လာတဲ့အချိန်မှာ သူက တစ်ဦးတည်းသောသားဖြစ်နေပြီး ဒီအမျိူးသမီးက သူ့ကို အမြဲတမ်းအလိုလိုက်ကာ အလွန်ချစ်မြတ်နိုးသည်။ဒါကြောင့်ပဲ သူက ဒီအမျိုးသမီးကို သူ့ရဲ့အမေအရင်းလို ဆက်ဆံတာဖြစ်သည်။

မှူးမတ်ကတော်က သူမသား ဒီလိုပြောတာကြားတော့ သူမ အမူအရာက ပျော့ပျောင်းသွားပြီး

"ဒါဆိုလည်း ကောင်းပြီလေ။သား အခုသွားလို့ရပြီ။အမေ ဟိုနားဒီနားသွားပြီး မင်းအတွက် မိန်းကလေးတွေ ရွေးပေးမယ်"

"ဒါဆို ကျွန်တော် အမေ့ကို ဒုက္ခပေးရတော့မှာပဲ"

ရှောင်ကျီရွှမ်းက ဘုရင့်နန်းတော်ကို ဒေါသတကြီးပြန်လာခဲ့ပြီး သူမအမေကို သွားရှာခဲ့သည်။

"အမေ သူတို့က အရမ်း မဆီလျော်လွန်းတယ်"

သူမက မတတ်နိုင်ဘဲ မင်းသမီးရှောင်ကို မြင်မြင်ချင်းမှာပဲ တိုင်တန်းတော့သည်။

(ဒီနေရာမှာ မိဖုရားဖြစ်ရမှာကို e-transက မင်းသမီးသုံးထားတော့ ကိုယ်လည်း မင်းသမီးသုံးလိုက်တယ်၊)

မင်းသမီးရှောင်က သူမရဲ့ ကိုယ်ဝန်ကြီးနဲ့သမီးတော်က ပြန်ရောက်လာပြီး ဒေါသပြင်းထန်စွာ ထွက်နေသေးတာကို တွေ့တော့ ချက်ချင်း စိုးရိမ်သွားကာ

"ဘာဖြစ်တာလဲ?သမီးက ဘာလို့ အရမ်းတုန်လှုပ်နေရတာလဲ"

"အမေ အဲ့ဒီမိန်းမအိုကြီးက တကယ်ကြီး သမီးခင်ပွန်းအတွက် မိန်းမလေးယောက် စီစဉ်ပေးနေတယ်" ရှောင်ကျီရွှမ်းက ‌စိတ်တိုစွာပြောလိုက်သည်။

မင်းသမီးရှောင်က သူမရဲ့အဖြေကိုကြားတော့ မျက်ခုံးတွန့်သွားပြီး အဲ့ဒီနောက် သူမက ပြောလိုက်တယ်

"ယန်အာ သမီးဒီလိုပြုမူတာ မကောင်းဘူးနော်။ဘာဖြစ်ဖြစ် လော်အာက အမွေဆက်ခံသူတစ်ယောက်လေ။သူ့ဘေးနားမှာ သမီးတစ်ယောက်ထဲ သူ့မိန်းမအဖြစ်ရှိနေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ပြီးတော့ သမီးက အခုကိုယ်ဝန်ရှိနေတာလေ။သူ့အတွက် မိန်းမအချို့စီစဉ်ပေးတာ သဘာဝကျတယ်"

ရှောင်ကျီရွှမ်းက သူမအမေကို မယုံနိုင်စွာ ကြည့်လိုက်တယ်။သူမ အမေက သူမအတွက် ဒေါသထွက်ပေးသင့်တာ မဟုတ်ဘူးလား?ဘယ်လိုလုပ် အဲ့စကားတွေပြောရတာလဲ?

"အမေ ဒါကို ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ"

"ယောကျာ်းတစ်ယောက်အတွက် ဇနီးသုံးယောက်နဲ့ ကိုယ်လုပ်တော်လေးယောက်ရှိတယ်ဆိုတာ သာမန်ပဲလေ။သမီး ဒီလိုမျိုးလုပ်နေမယ်ဆိုရင် သမီးယောက္ခမက သမီးကိုပဲ စိတ်မကျေနပ်ဖြစ်သွားလိမ့်မယ်။ဒါ့အပြင် သူတို့က အဆင့်နိမ့်တဲ့ ကိုယ်လုပ်တော်လေးတွေပဲလေ မဟုတ်ဘူးလား?သူတို့က တန်းတူဇနီးသည်လည်း မဟုတ်ဘူး ရာထူးရှိတဲ့ ကိုယ်လုပ်တော်လည်း မဟုတ်ဘူးလေ။သမီးလုပ်ရမယ့် အရာက သူတို့အားလုံးကို သူတို့နေရာမှာထားဖို့ပဲ မဟုတ်ဘူးလား"

အဆင့်နိမ့်တဲ့‌ကိုယ်လုပ်တော်တွေက ရာထူးရှိတဲ့အထက်ကလူနဲ့ယှဉ်လိုက်ရင် အမှိုက်သာသာဖြစ်သည်။ရှောင်နန်းတော် နောက်ခံနဲ့ဆိုရင် သူတို့က ကိုယ်လုပ်တော်က ဇနီးသည်ကို ဖိနှိပ်တာမျိူး လုပ်နိုင်ပါ့မလား?သူတို့မှာ အစာအိမ်နှစ်ခုရှိရင်တောင် သူတို့မလုပ်ရဲဘူး။

ရှောင်ကျီရွှမ်းက မင်းသမီးရှောင်ရဲ့စကားတွေ ကြားတဲ့အခါ သူမရဲ့ မူလက ဒေါသထွက်နေတဲ့အမူအရာက ရုတ်တရက် အများကြီး ပြောင်းလဲသွားသည်။

ဒါက ဘာလို့ဒီလိုဖြစ်လာရတာလဲ?သူမ ထင်ခဲ့တာက သူမမိဘတွေရပ်တည်မှုနဲ့ဆိုရင် သူမက လင်းလော်ရဲ့တစ်ဦးတည်းသောမိန်းမပေါ့ ဒါပေမယ့် အခုတော့ သူမအမေက ရုတ်တရက်ကြီး ဒီလိုအရာမျိူးကို ပြောလာခဲ့တယ်။

ရှူထောင့်ပေါင်းစုံကနေ ထိုအကြောင်းကို သေချာစဉ်းစားပြီးတဲ့နောက် ထိုဟာက တကယ်ပဲ သူမအမေ သူမကို ရှင်းပြခဲ့တဲ့ အခြေအနေမျိုးဖြစ်သည်။

"အမေ သမီးနားလည်ပါပြီ"

သူမပြောတာကို ရှောင်ကျီရွှမ်းနားလည်သွားတာတွေ့တော့ မင်းသမီးရှောင်က ပြုံးကာ ခေါင်းငြိမ့်လိုက်ပြီး

"သမီး ဒီလိုနားလည်သွားတာ ကောင်းတယ်။သမီးလုပ်ထားရမယ့်အရာက လင်းလော်ရဲ့နှလုံးသားကို သမီးလက်ထဲ ထိန်းချုပ်ထားဖိုပဲ ဒါဆို သမီးယောက္ခမ သူ့ကို တစ်ခြားမိန်းမတွေလက်ဆောင်ပေးမှာ စိုးရိမ်နေစရာမလိုတော့ဘူး"

ရှောင်ကျီရွှမ်းက ထိုအကြောင်းကို သေချာစဉ်းစားကြည့်လိုက်ပြီး အဲ့ဒါက တူညီတဲ့ပြဿနာနဲ့တူညီတဲ့ဖြေရှင်းနည်းပဲလေ မဟုတ်ဘူးလား?ဒါပေမယ့် သူမ ဆက်ပြီး ‌ဒေါသထွက်ပြနေရင် တစ်ခြားလူတွေ သူမကို မုန်းတီးသွားအောင်ပဲ လုပ်မိလိမ့်မယ်။

"အမေ သမီးသဘောပေါက်ပါတယ်။အခု ဘာလုပ်ရမလဲဆိုတာ သိသွားပြီ။ဒါပေမယ့် သမီး ဒီနေ့တော့ ပြန်မသွားချင်ဘူး"

"ဒါဆို အိမ်မှာပဲနေလေ ပြီးမှ ရက်နည်းနည်းကြာမှ ပြန်ပေါ့"

"ဟုတ်ကဲ့ ငါ့အမေကတော့ အကောင်းဆုံးပဲ"

နောက်ရက်တွေမှာ ရှောင်ကျီရွှမ်းက လင်းလော် သူမကိုလာပြီးတော့ကြိုတာကို စောင့်နေခဲ့ပေမယ့် အဆုံးမှာတော့ သူမပဲ ခါးသီးစွာ စိတ်ပျက်သွားရသည်။လင်းလော်က မလာရုံတင်မဟုတ်ဘူး သူက ဒီအချိန်အတောအတွင်း အရမ်းရွှင်ပျနေပြီးတော့ အပူပင်ကင်းမဲ့နေတယ်လို့ တစ်ခြားလူတွေပြောနေတာ သူမကြားရသည်။

ရှောင်ကျီရွှမ်းရဲ့ အသားအရောင် ပိုပြီး ဆိုးရွားပြီးရင်ဆိုးရွားလာနေချိန်မှာပဲ လင်းလော်က နောက်ဆုံးတော့ သူမကို ခေါ်ဖို့ ရောက်လာခဲ့သည်။

လင်းလော်ရောက်လာတဲ့အချိန်မှာပဲ မူလက ဒေါသထွက်နေတဲ့ ရှောင်ကျီရွှမ်းရဲ့ ပုံစံက ချက်ချင်း ဝမ်းနည်းနေတဲ့ပုံစံကိုပြောင်းသွားပြီး သူမခေါင်းကိုငုံ့ကာ ဘာမှမပြောဘဲနေပြလိုက်သည်။သူက အခု သူမဘာတွေစဉ်းစားနေလဲဆိုတာ မသိပေ ဒါပေမယ့် တစ်ချက်ကြည့်ရုံနဲ့တင် သူမက ခံစားခဲ့ရတဲ့လူလိုမျိုး ခံစားရနေရကြောင်း သူပြောနိုင်သည်။

All Chapters