← Chapters

အခန်း ၁၂၃

Vol. 5 Ch. 123

အခန်း ၁၂၃

Vol. 5 Ch. 123

Chapter 123

နင်းမုန့်ယောင်က တကယ်တော့ အများကြီးမလုပ်ပေးခဲ့ပေ။သူမက သူတို့ကို အလုပ်တစ်ခုပေးပြီး သခင်မရန်အတွက် သမားတော်ကောင်းတစ်ယောက်ရှာတာ ကူညီပေးခဲ့တာပဲဖြစ်သည်။နင်းမုန့်ယောင်က သူတို့ကို ငွေရေးကြေးရေးနဲ့ ကူညီခဲ့ပေမယ့် သူတို့က သူမကို စိတ်ပိုင်းဆိုင်ရာကျေနပ်မှု ပေးခဲ့သည်။သူမ ဘယ်လိုလုပ် မခံစားရဘဲနေမှာလဲ?

"ဟုတ်တယ် အဲ့ဒါ သင့်အမှားမဟုတ်ဘူး"

နင်းမုန့်ယောင်က ခေါင်းငြိမ့်လိုက်ပြီး

"ဒေါ်လေးရန် အခုတလာ ယန်ရှိုးအာအိမ်က တစ်ယောက်ယောက်ကများ လဲ့လဲ့ဘယ်သွားလဲဆိုပြီး လာမေးတာမျိုးရှိလား"

သခင်မရန် မျက်ခုံးတွေက တွန့်ချိုးသွားပြီး ခေါင်းငြိမ့်ကာ

"လာတယ် သခင်မလော်က မနေ့တစ်နေ့က တစ်ခေါက်ရောက်လာပြီး မေးတယ်"

နင်းမုန့်‌ယောင်‌ မျက်မှောင်ကြုတ်သွားတယ်။ရန်လဲ့လဲ့ အဲ့ဒီလမ်းကို သုံးမှာ သူတို့သိနေပြီး သူမကို အဲ့နေရာမှာ စောင့်နေတာ အံ့ဩစရာမဟုတ်တော့ဘူး။

"ယောင်ယောင် နင်ဘာလို့မေးတာလဲ"

ရန်လဲ့လဲ့က သူမကို ထူးဆန်းစွာကြည့်လိုက်ပြီး သင်္ကာမကင်းမေးလိုက်သည်။

သက်ပြင်းချကာ နင်းမုန့်ယောင်က ရန်လဲ့လဲ့တို့မိသားစုကို အကူအညီမဲ့သလို ကြည့်လိုက်ပြီး

"ဒီအဖြစ်အပျက်က ယန်ရှိုးအာနဲ့ တစ်ခုခု ပတ်သက်နေတယ်"

"ဘာ"

"အဲ့ဒါ အမှန်မဖြစ်နိုင်ဘူး ဟုတ်တယ်မလား"

နင်းမုန့်ယောင် ခါးသက်သက် ပြုံးလိုက်တယ်။သူမလည်းပဲ ပထမတော့ မယုံခဲ့ဘူး။အစပိုင်းတော့ ထိုဟာက သံသယဝင်ရုံလေးတင် ဒါပေမယ့် သခင်မရန်ရဲ့စကားတွေက အားလုံးကို ရှင်းပြသွားပြီ။

"အဲ့ဒါ အမှန်ပဲ။ယန်ရှိုးအာရဲ့ မိသားစုက မကြာသေးခင်ကမှ ငွေရေးကြေးရေး အ‌ခြေအနေ အများကြီးကောင်းလာတယ်။တကယ်တော့ လဲ့လဲ့ တိုက်ခိုက်ခံရမှု မဖြစ်ခင်က ယန်ရှိုးအာက မြို့မှာ တစ်ယောက်ယောက်နဲ့ တွေ့ခဲ့တယ်။အဲ့ဒါလည်းပြီးရော သူ(မ)ရဲ့ တစ်မိသားစုလုံး ပုံစံပြောင်းသွားတော့တာပဲ"

နင်းမုန့်ယောင်လည်းပဲ သာမန်ဘဝမှာနေထိုင်နေတဲ့ အဲ့ဒီရွာသားတွေကို ဆိုးဆိုးရွားရွား မထင်ချင်ပေ။

ဒါပေမယ့် ရန်ကျူးနဲ့သူ့မိန်းမက ငတုံးတွေ မဟုတ်ပေ။သူတို့က နင်းမုန့်‌ယောင်ရဲ့ စကားတွေကနေ တစ်ခုခုကို အနည်းငယ် ခန့်မှန်းနိုင်ခဲ့တယ်။

သခင်မလော်က အခုတလော အများကြီး ပြောင်းလဲသွားတယ်ဆိုတာ သူတို့သိတယ်။သူမက သူမရဲ့ အဝတ်အစားတွေ ဘယ်လောက်ကောင်းကြောင်း ကြွားလုံးထုတ်နေခဲ့ပြီး ရွာထဲမှာ ဆက်လက် ထုတ်ဖော်ပြသခဲ့တယ်။သူမရဲ့ ဆံထိုးကိုတောင် ကြွားဝါခဲ့ပြီး တစ်ခြားလူ အများအပြားကို စိတိမကျေနပ် ဖြစ်စေခဲ့တယ်။

ထိုအချိန်တုန်းက သူတို့က သခင်မလော်ရဲ့ မိသားစု အခြေအနေက ဘယ်လိုလုပ် အရင်ကထက် အများကြီးပိုကောင်းလာတာလဲဆိုပြီး အံ့ဩနေခဲ့ကြတာ။ဒါပေမယ့် အခုတော့ အကြောင်းပြချက်က ရှင်းသွားပြီ။

"ငါ ယန်ရှိုးအာကို ဒီတိုင်းမထားဘူး"

ရန်ကျူးက ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။

နင်းမုန့်ယောင်က ရန်ကျူးထွက်မသွားခင် အမြန်တားလိုက်ပြီး အလောတကြီးနဲ့

"ဦးလေးရန် ကျွန်မကို ဒီကိစ္စကို ဖြေရှင်းခွင့်ပေးပါ။အခုကတော့ အချိန်မကျသေးဘူး"

သူတို့သာ ယန်ရှိုးအာကို အခု ထိပ်တိုက်တွေ့လိုက်ရင် သူမက သေချာပေါက် အဲ့ဒါကို ငြင်းမှာဖြစ်ပြီး သူတို့က သူမကို အနိုင်ကျင့်နေပါတယ်ဆိုပြီးတော့တောင် တိုင်တန်းဦးမယ်။သူတို့မှာ သက်သေအထောက်အထားမရှိရင် နောက်ဆုံးရလဒ်က မကောင်းနိုင်ဘူး။

ရန်ကျူးက နင်းမုန့်ယောင်ကို ကြည့်လိုက်တယ် အဲ့ဒီနောက် သူ့သမီးဘက်ကို လှည့်ကြည့်လိုက်တယ်။ရွာသူကြီးတစ်ယောက်အနေနဲ့ သူ့သမီးအရင်းကိုတောင် မကာကွယ်နိုင်လို့ စိတ်မကောင်းဖြစ်ရတယ်။

"အဖေ စိတ်မပူပါနဲ့ ယောင်ယောင်က သမီးတို့ကို သေချာပေါက် ကူညီသွားမှာပါ"

ရန်လဲ့လဲ့က သူမအဖေ ဝမ်းနည်းနေတာ တွေ့တော့ အမြန် သူ့ကို နှစ်သိမ့်လိုက်သည်။

နင်းမုန့်ယောင်ရဲ့ အထောက်အထားကို ချင့်ချိန်ကြည့်မယ်ဆိုရင် တစ်ဖက်လူက သေချာပေါက်ကို ချမ်းသာတဲ့လူတစ်ယောက်ဆိုတာ သိသာသည်။ရန်မိသားစုဝင်တွေက သာမန်ရွာသားတွေသာ ဖြစ်ကြသည်။တစ်ကိုယ်ကောင်းဆန်တယ်ဆိုပေမယ့် ထိုဟာက အမှန်တရားပင်။

ယန်ရှိုးအာသာ အဲ့ဒီလူတွေနဲ့ အမှန်တကယ် ဆက်ဆံရေးရှိတယ်ဆိုရင် ဒါက သူတို့ဘာသာသူတို့ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့အရာ မဟုတ်ပေ။

အခု သူတို့လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက စောင့်ကြည့်‌‌နေဖို့ပဲဖြစ်တယ်။ချမ်းသာတဲ့လူတွေနဲ့ ရင်ဆိုင်တွေ့ဖို့က အရမ်းလွယ်လို့လား?ထိုဟာက အရမ်းအန္တရာယ်များတယ်။

"ဒါဆို မုန့်ယောင် ဦးလေး သမီးကိုပဲ ဒုက္ခပေးရတော့မယ်"

"ဦးလေးရန် မစိုးရိမ်ပါနဲ့။ကျွန်မ လဲ့လဲ့အတွက် ကလဲ့စားချေပေးမှာပါ"

နင်းမုန့်ယောင်က သူတို့ကို ကြည့်လိုက်ပြီး အေးစက်စက် ကတိပေးလိုက်သည်။

ရန်ကျူးက ပြုံးကာ ခေါင်းငြိမ့်လိုက်တယ်။သူ စိတ်ကျေနပ်သွားရပြီ။

နင်းမုန့်ယောင်က မပြန်ခင် ရန်လဲ့လဲ့နဲ့ အချိန်နည်းနည်းကြာအောင် နေခဲ့သည်။

အိမ်ပြန်တဲ့လမ်းမှာ နင်းမုန့်ယောင်က ယန်ရှိုးအာနဲ့ ရွာထဲမှာတွေ့သည်။ယန်ရှိုးအာက သူမကို သတိထားမိတော့ သူမရှေ့မှာရပ်လိုက်ပြီး သူမရဲ့ မျက်နှာလှလှလေးကို လှောင်သလိုကြည့်ကာ အေးစက်စက် ပြုံးလိုက်သည်။

"နင်းမုန့်ယောင် နင့်ကိုယ်နင် အရမ်းအင်အားကြီးတယ်လို့ ထင်နေလား?တစ်နေ့ကျရင် ဘဝင်မြင်ခဲ့တာအတွက် နင် နောင်တရလိမ့်မယ်"

ယန်ရှိုးအာရဲ့ ဘဝင်ခိုက်နေတဲ့ ပုံစံကိုကြည့်ပြီး နင်းမုန့်ယောင်က မတတ်နိုင်ဘဲ ရယ်မိသွားသည်။သူမ ရယ်သံက လှောင်ရယ်မှု အပြည့်နဲ့ဖြစ်နေပြီး

"အဲ့ဒီလူတွေနဲ့ အဆက်အသွယ်ရှိတာ ကောင်းတယ်ဆိုတာ နင်တကယ်သေချာလား?ယန်ရှိုးအာ နင်သတိထားတာ ပိုကောင်းမယ် မဟုတ်ရင် နင်ပြုတ်ကျတဲ့အခါကျ အထိနာလိမ့်မယ်"

ယန်ရှိုးအာက သူမပြောတာကို ဂရုမစိုက်ပေ။

"နင်က ငါကို မနာလိုဖြစ်နေတာပဲ မဟုတ်ဘူးလား"

နင်းမုန့်ယောင်က ရယ်လိုက်ပြီး

"လဲ့လဲ့နောက်ကို လိုက်နေခဲ့တဲ့ အဲ့ဒီလူတွေကို သွားပြီးပြောလိုက် လဲ့လဲ့က အဆင်ပြေတယ်လို့....သူ(မ)ဆီမှာသာ တစ်ခုခုဖြစ်သွားရင် နင့်ကိုယ်နင် အပြစ်ကနေရှင်းဖို့ဆိုတာ ခက်လိမ့်မယ်"

ယန်ရှိုးအာက ချမ်းသာတဲ့လူတွေနဲ့ အဆက်အသွယ်အချို့ ရှိနေပြီဆိုပေမယ့် နင်းမုန့်ယောင်ရဲ့ ပုံစံကိုမြင်တော့ သူမ ကြောက်ရွံ့နေဆဲဖြစ်ကာ ‌နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်သည်။ဒါ့အပြင် နင်းမုန့်ယောင်ရဲ့ စကားတွေကိုကြားတော့ သူမ ထိတ်လန့်သွားသည်။

နင်းမုန့်ယောင်က ဘယ်လိုလုပ် အဲ့အကြောင်းကို ရှာတွေ့သွားတာလဲ?

All Chapters