← Chapters

အခန်း ၁၂၄

Vol. 5 Ch. 124

အခန်း ၁၂၄

Vol. 5 Ch. 124

Chapter 124

သူတို့တွေ အဲ့ဒါကို သေချာကိုင်တွယ်လိုက်မယ်လို့ မပြောခဲ့ဘူးလား?ဒါဆို နင်းမုန့်‌ယောင်က ဘယ်လိုလုပ် အဲ့အကြောင်းကို သိသွားရတာလဲ?

မဟုတ်ဘူး သူမက ငါကြောက်သွားအောင်လို့ လှည့်စားနေတာပဲဖြစ်ရမယ်။

"နင် ဘာအကြောင်းပြောနေလဲဆိုတာ ငါနားမလည်ဘူး"

ယန်ရှိုးအာက နင်းမုန့်ယောင်ကို စိုက်ကြည့်နေရင်း အံကြိတ်ထားသည်။

နင်းမုန့်ယောင်က ယန်ရှိုးအာကို ပြုံးပြလိုက်ပြီး

"အိုး.....ငါ ဘာအကြောင်းပြောနေလဲဆိုတာ နင်ကောင်းကောင်းသိပါတယ်၊အဲ့ဒီ ချမ်းသာတဲ့လူရဲ့ အစေခံက တကယ့်ကို သားနားပြီး ကြော့ကြော့မော့မော့ရှိနေတာပဲ ဟုတ်တယ်မလား?နင်ကလည်း အဲ့လိုဘဝမျိုး နေရမယ်လို့ ထင်နေတာလား?"

နင်းမုန့်ယောင်က ရုတ်တရက် ယန်ရှိုးအာရှေ့ကို ခြေလှမ်းအနည်းငယ်တိုးသွားပြီး သူမနားထဲကို တိုးတိုးပြောလိုက်သည်။

ယန်ရှိုးအာက အနည်းငယ်တောင့်တင်းသွားပြီး သူမ မျက်လုံးတွေ တုန်လှုပ်သွားကာ

"နင် ဘာတွေပြောနေတာလဲ ငါဘာမှမသိဘူး"

"နင် တကယ်မသိဘူးလား?ကောင်းပြီ နင် အခုငါပြောတာနားမလည်ရင် ကိစ္စမရှိပါဘူး။နင် မကြာခင် နားလည်သွားပါလိမ့်မယ်"

နင်းမုန့်ယောင်က အမှုမထားသလို ပြုံးပြလိုက်တယ်။

ယန်ရှိုးအာက ထိတ်လန့်တကြားနဲ့ နင်းမုန့်ယောင်ကို ကြည့်နေခဲ့သည်။ခဏကြာပြီးတဲ့နောက် သံသယအချို့နဲ့

"နင် ဘာလုပ်ဖို့ ကြံစည်နေတာလဲ"

"ငါက ဘာကြံစည်ရမှာလဲ?ယန်ရှိုးအာ ငါက နင့်ကို လွှတ်ထားဖို့ စိတ်ကူးထားတာ ဒါပေမယ့် နင်က အမြဲတမ်း ငါ့ကို ဒုက္ခပေးတယ်။ဒီလိုဆိုမှတော့ မကြင်နာလို့ဆိုပြီး ငါ့ကို အပြစ်မတင်နဲ့"

နင်းမုန့်ယောင် နှုတ်ခမ်းတွေက အပေါ်ကို အသာလေးကွေးတက်သွားပြီး သူမ ယန်ရှိုးအာကို ကြည့်နေတာက အလောင်းကောင်ကို ကြည့်နေသလိုပင်။

ယန်ရှိုးအာ ခန္ဓာကိုယ်က ပိုမိုတောင့်တင်းသွားပြီး

"နင် လုပ်ရဲလား?သူတို့က နင်လုပ်ချင်သလို လုပ်ခွင့်ပြုမှာ မဟုတ်ဘူး!"

ယန်ရှိုးအာရဲ့ကြောက်ရွံ့နေတဲ့ ပုံစံကိုတွေ့ရတော့ နင်းမုန့်ယောင်က မတတ်နိုင်ဘဲ လှောင်ပြောင်ရယ်မောလိုက်သည်။

"သူတို့က နင့်ကို ကူညီလိမ့်မယ်လို့ နင်ကငါ့ကိုပြောနေတာလား?နင် ငါ့ကို နောက်နေတာလား"

ရှောင်ကျီရွှမ်းလို တစ်ကိုယ်ကောင်းဆန်တဲ့လူမျိုးက နိမ့်ကျတဲ့ လယ်သမားတစ်ဦးကို ဘာကူညီမှာမလို့လဲ?သူမက ဒီကိစ္စကို ယန်ရှိုးအာကို တာဝန်ယူဖို့ အပြစ်မပုံချရင်တောင်မှ တော်တော်ကောင်းနေပြီ။

နင်းမုန့်ယောင်ရဲ့ လှောင်ပြောင်တဲ့အကြည့်အောက်မှာ ယန်ရှိုးအာက တကယ့်ကို ဆက်မနေနိုင်တော့ဘဲနဲ့ အမြန်ထွက်သွားခဲ့သည်။သူမက နင်းမုန့်ယောင် အမှန်တရားကိုသိသွားပြီဆိုတာ အဲ့ဒီလူတွေကို သွားပြောမှာဖြစ်သည်။

ယန်ရှိုးအာရဲ့ နောက်ကျောကိုကြည့်ပြီးတော့ နင်းမုန့်ယောင်က ထေ့ငေါ့ကာပြုံးလိုက်သည်။

ယန်ရှိုးအာ အိမ်ပြန်ရောက်ပြီးတဲ့နောက် သူမက ဆက်တိုက် စိတ်မသက်မသာခံစားနေခဲ့ရပြီး ထိုအကြောင်းကို အလွန်စိုးရိမ်နေခဲ့သည်။

ဒီလိုသာ ဆက်သွားနေရင် သူမ သေချာပေါက် မိသွားလိမ့်မယ်။အဲ့ဒီအချိန်ကျရင် သူမ မိသားစုက ပိုင်ရှန်းရွာကနေ မောင်းထုတ်ခံရမှာ။

ထိုအကြောင်းကို သူမပိုပြီး စဉ်းစားလေ ပိုပြီး ကြောက်လာလေဖြစ်သည်။နောက်တစ်နေ့မနက်မှာတော့ သူမက မြို့ကိုအမြန်သွားခဲ့သည်။

နင်းမုန့်ယောင်က အဲ့သတင်းကိုရတော့ သက်ပြင်းချလိုက်တယ်။

ယန်ရှိုးအာက သူမ အရင်တုန်းက အစေခံနဲ့တွေ့ခဲ့တဲ့နေရာကို ရောက်လာခဲ့ပြီး

"အဖွား ကိစ္စတွေက မကောင်းတော့ဘူး"

"နင်က ဘာတွေ တအားစိုးရိမ်နေတာလဲ?စိတ်အေးအေးထားပြီး ငါ့ကို ဖြည်းဖြည်းချင်းပြောပြ"

အစေခံက အရမ်းကို မပျော်မရွှင်ဖြစ်နေတယ်။ယန်ရှိုးအာရဲ့ ထိတ်လန့်နေတဲ့ပုံစံကိုကြည့်ပြီး သူမက ဒေါသနည်းနည်းလောက်တောင် ထွက်လာခဲ့တယ်။

ယန်ရှိုးအာက အစေခံကို ကြောက်ရွံ့နေပေမယ့် သူမက စိုးရိမ်တကြီးနဲ့

"နင်းမုန့်ယောင်က ဓားပြမှုက ကျွန်မနဲ့ပတ်သက်‌ နေတယ်ဆိုတာ သိသွားပြီ" ဟု ပြောလိုက်သည်။

အစေခံက ယန်ရှိုးအာကို ကြည့်လိုက်ပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်တယ်။

"အဲ့ဒါက ငါနဲ့ဘာဆိုင်လို့လဲ"

ယန်ရှိုးအာ ကြက်သေသေသွားတယ်။သူမရှေ့ကလူ ပြောလိုက်တာကို သူမ မယုံနိုင်ဘူး

"ဒါက ရှင် ကျွန်မကို လုပ်ခိုင်းတာ မဟုတ်ဘူးလား?အခု ရှင့်အပိုင်းက တစ်ခုခုမှားသွားတာလေ ဝန်မခံတော့ဘူးလား"

အစေခံက ယန်ရှိုးအာကို စိတ်ပျက်သလို ကြည့်လိုက်ပြီး အဲ့ဒီနောက် ကြောက်စရာကောင်းအောင် ပြောလိုက်တယ်

"ငါတို့က နင့်ကို အဲ့ဒါလုပ်ဖို့ အမိန့်ပေးခဲ့တာလို့ ပြောနေတာလား?ဒါပေမယ့် နင့်ပိုက်ဆံကို လက်ခံခဲ့တယ်လေ ဟုတ်တယ်မလား?ပြီးတော့ ငါတို့လုပ်ခိုင်းတယ်ဆိုတာ နင့်မှာ သက်သေရှိလို့လား?တကယ်တော့ ငါတို့ကတောင် နင်ငါတို့ပိုက်ဆံတွေခိုးသွားလို့ တရားစွဲလို့ရတယ်"

ယန်ရှိုးအာက သူမနားတွေကို မယုံကြည်နိုင်ပေ။ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ?ဒါက သူမစီစဉ်ထားတာ မဟုတ်ဘူးလေ။ကိစ္စတွေက ဘာလို့ ဒီလိုဖြစ်လာရတာလဲ?

"မရဘူး နင်တို့ငါ့ကို ဒီလိုလုပ်လို့ မရဘူး။နင်တို့ ငါ့ကို ဒီလိုလုပ်လို့မရဘူး!!"

ယန်ရှိုးအာ ထိတ်လန့်တုန်လှုပ်သွားတယ်။

သူမက နင်းမုန့်‌ယောင်ပြောခဲ့တာကို စဉ်းစားလိုက်တယ်။နင်းမုန့်ယောင်က အခုထိ ဒီကိစ္စကို အမှန်တကယ် မစဉ်းစားရသေးဘူး။သူမသာ တကယ်ကြီးစပြီးတော့ စုံစမ်းရင် ယန်ရှိုးအာတော့ အဆုံးသတ်သွားမှာ သေချာတယ်။သူမ အဲ့လို အဖြစ်မခံနိုင်ဘူး။

အစေခံက ယန်ရှိုးအာရဲ့ ပျာယာခတ်နေတဲ့ မျက်နှာကို ကြည့်လိုက်ပြီး ပျက်ရယ်ပြုကာ

"ငါတို့က ဘာလို့ မရရမှာလဲ?သင်ပြောနေတဲ့ စကားတွေ တစ်လုံးမှ ကျွန်ုပ်နားမလည်ပါဘူး မိန်းက‌လေး"

သူမရဲ့ အပြုအမူက ယန်ရှိုးအာကို အမှန်တကယ် ကြောက်ရွံ့သွားစေပြီး

"ငါနင်တို့ကို သက်သေပြမှာ မကြောက်ဘူးလား"

"သက်သေခံလား?နင့်မှာ ဘာသက်သေရှိလို့လဲ?နင်သာ ဘာသက်သေမှ မပြနိုင်ဘူးဆိုရင် ငါတို့က နင့်ကို ခိုးမှုနဲ့ လွယ်လွယ်လေး တရားစွဲလို့ရတယ်။အဲ့ဒါရဲ့ အကျိုးဆက်တွေက ဘာလဲဆိုတာ နင်သိလား"

သူမက မကြောက်ရုံတင်မကဘူး ယန်ရှိုးအာကို ပွင့်ပွင့်လင်းလင်း သရော်နေတာ ဖြစ်သည်။

"အိုက်ရားးး လူအချို့က ဘာလို့ အရမ်းတုံးအနေရတာလဲ?”

All Chapters