အခန်း ၁၂၅
Vol. 5 Ch. 125
Chapter 125
အစတုန်းကတော့ ယန်ရှိုးအာက သူမအစီအစဉ်တွေ ချမှတ်ထားတာဖြစ်ပေမယ့် ဒါပေမယ့် အခုတော့ သူမ စိုးရိမ်နေရပြီ။ကိစ္စတွေက ဘယ်လိုလုပ် ဒီလိုဖြစ်လာရတာလဲ?
"မဟုတ်ဘူး.....မဟုတ်ဘူး.......နင်တို့ လက်စားချေခံရမှာ မကြောက်ဘူးလား"
ယန်ရှိုးအာက အစေခံကို မယုံနိုင်စွာ စိုက်ကြည့်လိုက်တယ်။အစောပိုင်းတုန်းက နင်းမုန့်ယောင်ရှေ့မှာရှိခဲ့တဲ့ သူမရဲ့ယုံကြည်မှုတွေက လှောင်ရယ်စရာဖြစ်သွားပြီ။
သူတို့သာ သူမကို တကယ် မကူညီချင်ဘူးဆိုရင် ဒါဆို သူမ လုံးဝအဆုံးသတ်သွားမယ်ဆိုတာ သူမ သိတယ်။
အစေခံက ယန်ရှိူးအာရဲ့ ရူးကြောင်ကြောင်ပုံစံကိုမြင်တော့ မတတ်နိုင်ဘဲ အော်ရယ်လိုက်ကာ
"လက်စားချေတာလား?ဒါဆို နင်ကရော ဘယ်လိုလဲ?နင်က ကလဲ့စားချေပြီး ပိုက်ဆံလိုချင်တာနဲ့ပဲ နင်နဲ့တစ်ရွာထဲကလူကို တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့တာလေ။သူမက အရင်တုန်းကဆို နင်နဲ့တောင် သူငယ်ချင်းတွေလေ၊။နင့်ကိုပဲ လက်စားချေခံရမှာ မကြောက်ဘူးလားလို့ ငါကမေးရမှာ"
အစေခံရဲ့စကားတွေက အိပ်မက်ဆိုးတစ်ခုလို ယန်ရှိုးအာစိတ်ထဲ လှည့်ပတ်နေသည်။အမှန်တော့ သူမကိုယ်တိုင်ကြောင့် မဟုတ်ခဲ့ရင် အခုဒီလို ကပ်ဆိုးထဲကို ကျရောက်ပါ့မလား?
"ငါသာနင်ဆိုရင် သတိထားပြီးတော့ ဒီကိစ္စ ဘယ်တုန်းကမှ မဖြစ်ခဲ့သလိုမျိုး နေလိုက်မှာ"
အစေခံက ယန်ရှိုးအာကို အထင်သေးသလို ကြည့်လိုက်သည်။
သေချာပေါက် ယန်ရှိုးအာလိုမျိုး ရွာငယ်လေးက လယ်သမားတစ်ယောက်က ဒီလို ပြင်းထန်တဲ့ လှိုင်းလုံးကြီးကို မခံနိုင်ပေ။
အဲ့တော့ နင်းမုန့်ယောင်သိတော့ရော ဘာဖြစ်လဲ?သူမမှာ သူတို့နဲ့ပတ်သက်တယ်ဆိုတဲ့ သက်သေရှိလို့လား?
သူမမှာ ရှိတယ်ဆိုရင် သူမ တစ်ခုခုလုပ်ပြီးနေလောက်ပြီ။မဟုတ်ရင် သူမက ဘာလို့ အခုချိန်အထိ စောင့်နေမှာလဲ?
ယန်ရှိုးအာက အစေခံကို ကြည့်လိုက်တယ်။သူမက ပါးစပ်ဖွင့်ပြီး ပြန်ငြင်းလိုက်ချင်ပေမယ့် ဘာစကားမှ ထွက်မလာပေ။
"အခုထွက်သွားပြီးတော့ ဘယ်တော့မှ ပြန်မလာခဲ့နဲ့"
ယန်ရှိုးအာက လျှာချည်*ထားတာကြောင့် အစေခံက သူမကို အေးစက်စက် ကြည့်လိုက်သည်။
ယန်ရှိုးအာ မျက်လုံးပြူးသွားတယ်။သူတို့က တကယ်ကြီး ငါ့ကို စွန့်ပစ်လိုက်တာလား?
ယန်ရှိုးအာက အသက်မဲ့စွာနဲ့ အိမ်ကိုပြန်လာခဲ့ပြီး သူမစိတ်ထဲ အစေခံရဲ့စကားတွေနဲ့သာ ပြည့်နှက်နေသည်။
သေချာပေါက်ကို နင်းမုန့်ယောင် ပြောခဲ့သလိုပဲ သူတို့က သူမကို လုံးဝ ဂရုမစိုက်ဘူး။သူတို့မျက်လုံးထဲမှာ သူမက တောသူတစ်ယောက်သာဖြစ်တယ်။ရယ်စရာအကောင်းဆုံးကတော့ သူမက သူမကိုယ်သူမ တကယ်အရေးပါတယ်လို့ ထင်ခဲ့တာပဲ။အကျိုးဆက်တွေအတွက် သူမကိုယ်သူမပဲ အပြစ်တင်နိုင်တယ်။
ယန်ရှိုးအာက သူမ အိပ်ရာပေါ်မှာလှဲလိုက်ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေတယ်။
ငါ အခု ဘာလုပ်သင့်လဲ?
အစေခံက သူမသာ တစ်ယောက်ယောက်ကို ပြောပြရဲရင် သူမ နေရောင်ကို နောက်တစ်ကြိမ် ထပ်မမြင်စေရဘူးဆိုပြီး သတိပေးသွားခဲ့သည်။
မဖြစ်ဘူး သူမက အသက်ငယ်ငယ်လေးရှိသေးတယ်။သူမက အခုထိ ချစ်သူတောင်မရှိသေးဘူး ပြီးတော့ ကောင်းကောင်းမွန်မွန်ဘဝနဲ့လည်း အခုထိ မနေရသေးဘူး။သူမ ဘယ်လိုလုပ် ဒီလို သေသွားလို့ ဖြစ်မလဲ?
သူမ ကိစ္စတွေကို ဒီလိုဖြစ်ခွင့် မပြုနိုင်ဘူး။သူတို့တွေ သူမကို အမှိုက်လိုမျိုး စွန့်ပစ်သွားမှာကို သူမလုံးဝ ခွင့်မပြုဘူး။သူတို့တွေ သူမကို ဘေးဖယ်ထားချင်ရင် သူတို့ရဲ့ လုပ်နိုင်စွမ်းပေါ်မူတည်တယ်။
သူမ အိပ်ရာကနေထလိုက်ပြီး ယန်ရှိုးအာက သူမ ဘီရိုဆီသွားကာ အပြင်ကို ကြည့်လိုက်သည်။အပြင်မှာ တစ်ယောက်မှ မရှိတာကိုတွေ့မှ ဘီရိုထဲကနေ သေတ္တာတစ်ခုထုတ်ယူလိုက်ပြီး ထိုဟာကို ဖွင့်လိုက်သည်။သေတ္တာထဲမှာ ကျောက်စိမ်းပြား တစ်ခုရှိသည်။ထိုဟာက တန်ဖိုးကြီးပုံရပြီးတော့ ၎င်းပေါ်မှာ "ရှောင်" ဆိုပြီး စာလုံးထွင်းထုထားသည်။
ယန်ရှိုးအာက သူမလက်ထဲက ကျောက်စိမ်းပြားကိုကြည့်ပြီး ယုတ်ယုတ်မာမာပြုံးလိုက်သည်။ဒီဟာက အစေခံဆီကနေ သတိမထားမိဘဲ မထင်မှတ်စွာ ယူလာမိခဲ့တာဖြစ်သည်။
"နင်တို့က ငါ့ကို စွန့်ပစ်ချင်တာလား?နင်တို့ လုပ်နိုင်မလား မလုပ်နိုင်ဘူးလားဆိုတာ ကြည့်ရအောင်"
ယန်ရှိုးအာက သရော်လိုက်တယ်။
နင်းမုန့်ယောင်က ချင်းရွှင်ကို ကြည့်လိုက်ပြီး
"နင်ပြောတာ ရှောင်ကျီရွှမ်းရဲ့ လူတွေက ယန်ရှိုးအာကို စွန့်ပစ်လိုက်တာလား?ပြီးတော့ ယန်ရှိုးအာမှာ မင်းသားရှောင်အိမ်တော်ရဲ့ တံဆိပ်ပြားရှိတယ်ပေါ့လေ"
"ဟုတ်ပါတယ်။အစေခံက ယန်ရှိုးအာလက်ထဲမှာ တံဆိပ်ပြားရှိတယ်ဆိုတာကို မသိပါဘူး"
ချင်းရွှင်က လှောင်သလို ပြောလိုက်တယ်။
ကြည့်ရတာတော့ ယန်ရှိုးအာက အမှန်တကယ်တုံးအပြီး မျှော်လင့်ချက်မဲ့တာတော့ မဟုတ်ဘူးပဲ။
"ဒါက အတော်လေး စိတ်ဝင်စားဖို့ကောင်းသွားပြီ"
နင်းမုန့်ယောင်က ရယ်လိုက်တယ်။
သူမက ယန်ရှိုးအာမှာ ဒီလိုအကြံမျိုး ရှိနေလိမ့်မယ်လို့ မထင်ထားပေ။အဲ့ဒါက သူမကို တကယ်အံ့ဩသွားစေတယ်။အခု ရှောင်ကျီရွှမ်း ဒေါသထွက်တာကိုကြည့်ဖို့ သူမ မစောင့်နိုင်တော့ဘူး။
ယန်ရှိုးအာ အဲ့ဒီနေ့အထိ အသက်ရှင်ပါ့မလားဆိုတာပဲ သူမ မသေချာတာ။
"သူမကို စောင့်ကြည့်နေ သေမသွားစေနဲ့"
နင်းမုန့်ယောင်က ရက်စက်စွာပြောလိုက်တယ်။
ယန်ရှိုးအာက အခုထိ အသုံးဝင်နေသေးတယ်။သူမ ဒါမှမဟုတ် သူမလက်ထဲက ကျောက်စိမ်းပြားသာ ပျောက်သွားရင် နင်းမုန့်ယောင်က ဘယ်လိုလုပ် ရောက်လာတော့မယ့် ပြဇာတ်ကို ကြည့်နိုင်တော့မှာလဲ?
"ဟုတ်ကဲ့ သခင်မလေး"
အစေခံက ယန်ရှိုးအာနဲ့တွေ့ပြီးတော့ အိမ်တော်ကို ပြန်လာခဲ့သည်။
ရှောင်ကျီရွှမ်းက ထိုအချိန်မှာ ကိုယ်လုပ်တော်အချို့ကို ကိုင်တွယ်ရင်း အလုပ်များနေခဲ့သည်။သူမအစေခံဝင်လာတာ သတိထားမိတော့ သူမက စိတ်မရှည်စွာ မေးလိုက်သည်။
"ဘာဖြစ်တာလဲ"
"အမွေဆက်ခံသူ သခင်မလေး ရွာထဲမှာ တစ်ခုခုဖြစ်သွားတယ်။အဲ့ဒီ တောသူမ ယန်ရှိုးအာပြောတာတော့ နင်းမုန့်ယောင်က ဓားပြတိုက်မှုအကြောင်းကို အမှန်အတိုင်းသိသွားပြီတဲ့"
သူမက ရှောင်ကျီရွှမ်းကို အလေးအနက်ထား ရှင်းပြလိုက်သည်။
ရှောင်ကျီရွှမ်းက ဒါကိုကြားတဲ့အခါ သူမမျက်လုံးတွေ အေးခဲသွားသည်။သူမက သူမခင်ပွန်းအတွက် ယောက္ခမပို့ပေးလာတဲ့ မြေခွေးမတွေကို ကိုင်တွယ်ရင်း အလုပ်များနေခဲ့ပြီး အဲ့အကြောင်းကို လုံးဝမေ့သွားခဲ့တယ်။
"အဲ့မှာ သက်သေတစ်ခုခု ကျန်ခဲ့တာရှိလား"
"လုံးဝ မရှိပါဘူး"
"ကောင်းပြီ အဲ့လိုဆိုမှတော့ ဒီဓားပြတိုက်တာက ငါတို့နဲ့ဘာဆိုင်လို့လဲ"