← Chapters

အခန်း ၁၂၆

Vol. 6 Ch. 126

အခန်း ၁၂၆

Vol. 6 Ch. 126

Chapter 126

ရှောင်ကျီရွှမ်းရဲ့ စကားတွေနားထောင်ပြီးတော့ အစေခံက ရုတ်တရက် အော်ရယ်လိုက်တယ်။ဒါက ရှောင်ကျီရွှမ်းပြောသလိုပဲ ဓားပြတိုက်မှုက သူတို့နဲ့ ဘာဆိုင်လို့လဲ?

"ဒါဆို ဒီကိစ္စကို ကျွန်မတို့........."

အစေခံက အနည်းငယ်စိုးရိမ်နေသေးတာမလို့ ရှောင်ကျီရွှမ်းကို ဂရုတစိုက်မေးဖို့ကြိုးစားလိုက်သည်။

ရှောင်ကျီရွှမ်းက အေးစက်စက်ပြုံးလိုက်ပြီး

"အဲ့ဒါက ငါတို့နဲ့ဘာမှမဆိုင်မှတော့ ငါတို့က စုံစမ်းမှုရဲ့ ရလဒ်ကို ဂရုစိုက်နေဖို့ လိုသေးလို့လား?နင်းမုန့်ယောင်လို နောက်ခံမရှိတဲ့ မိဘမဲ့တစ်‌ယောက်က ငါတို့ကို ဘာလုပ်နိုင်မှာမလို့လဲ?"

သူမနဲ့ရှိတဲ့ အဲ့ဒီယောကျာ်းက အရည်အချင်းရှိတယ်ဆိုရင်တောင်မှ သူတို့ဘာလုပ်နိုင်မှာလဲ?ရှောင်ကျီရွှမ်းက အမွေဆက်ဆံသူသခင်မဖြစ်ပြီး သူမယောကျာ်းကလည်း အမွေဆက်ခံသူဖြစ်တယ်၊သူမက မုဆိုးအချို့လောက်ကိုတော့ ဂရုစိုက်မနေဘူး။

ရှောင်ကျီရွှမ်းရဲ့ အတည်ပြုချက်ကိုရတော့ အစေခံက စိတ်သက်သာသွားပြီး

"ဒါဆို ကျွန်မ စိတ်အေးသွားပါပြီ........."

ရှောင်ကျီရွှမ်းက အသာလေး ခေါင်းငြိမ့်လိုက်သည်။

"အဲ့ဒီရွာသူမက တစ်ခုခုလုပ်ဖို့ ကြိုးစားရဲရင် ****ကို ထပ်ရှာလိုက်။ဘာလုပ်ရမလဲဆိုတာ နင်သိတယ်မလား"

မော့မော့ရဲ့ ခန္ဓာကိုယ်က တောင့်တင်းသွားတယ်။သူမက ရှောင်ကျီရွှမ်းမျက်လုံးထဲက အေးစက်မှုတွေကိုကြည့်ပြီး အမြန်ခေါင်းငြိမ့်လိုက်သည်။

"ဟုတ်ကဲ့ ကျွန်မ သိပါတယ်"

ရှောင်ကျီရွှမ်းက ခေါင်းငြိမ့်လိုက်ပြီး သူမကို ထွက်သွားဖို့ အချက်ပြလိုက်သည်။

လင်းလော်က တံခါးဝမှာရပ်နေခဲ့ပြီး အခုလေးတင်ထွက်သွားတဲ့ မိန်းမကို ကြည့်လိုက်သည်။သူ့မျက်လုံးတွေက ဖြည်းဖြည်းချင်း အေးစက်လာခဲ့သည်။သူပြန်စဉ်းစားတာသာ မှန်မယ်ဆိုရင် ဒီမိန်းမက ခိုးမှုကြောင့် လွန်ခဲ့တဲ့ တစ်လက အိမ်တော်ကနေ မောင်းထုတ်ထားခဲ့တာဖြစ်သည်။

ဒါပေမယ့် အခု သူမက ဘာလို့ ဒီကိုရောက်နေတာလဲ?သူမက ဂုဏ်ယူနေတဲ့ပုံနဲ့။

ရှောင်ကျီရွှမ်းက သူမအပြင်ထွက်တော့မယ့်အချိန်မှာ စင်္ကြံက လင်းလော်ကို တွေ့သွားသည်။သူက တံခါးကိုကြည့်နေပြီး သူဘာတွေစဉ်းစားနေလဲဆိုတာ ဖော်ထုတ်နိုင်ဖို့ ခက်ခဲသည်။

ရှောင်ကျီရွှမ်းက နှလုံးခုန်မြန်သွားခဲ့တယ်။သူ အစေခံကို တွေ့သွားတာလား?ဒီအကြောင်းကိုတွေးမိတော့ ရှောင်ကျီရွှမ်းက လင်းလော်ဆီသွားလိုက်ပြီး အနည်းငယ် စိတ်လှုပ်ရှားစွာနဲ့

"ရှင် ဘာကြည့်နေတာလဲ"

"ငါ အခုလေးတင်ပဲ လူတစ်ယောက်ကိုတွေ့လိုက်တယ်။လွန်ခဲ့တဲ့တစ်လတုန်းက သူ(မ)က မင်းပစ္စည်းတွေခိုးတွေဆိုပြီး မင်းငါ့ကိုပြောလို့ ငါသူ(မ)ကို မောင်းထုတ်ထားတာ။ဒါပေမယ့် အခုကျ သူ(မ)က ဒီနေရာကို ပြန်ရောက်လာပြီ။ပြီးတော့ နေရာတွေအများကြီးရှိတဲ့ထဲမှ မင်းနေရာမှာတဲ့လေ။ဘာ‌ကြောင့်လဲဆိုတာ မင်းငါ့ကို ရှင်းပြနိုင်မလား?"

လင်းလော်ရဲ့အသံထဲမှာ ချစ်ခင်မြတ်နိုးမှုသေးသေးလေးတောင်မပါဝင်ပေ။ထိုအသံကိုကြားတော့ ရှောင်ကျီရွှမ်းက ချွေးတွေနဲ့အေးစက်လာခဲ့သည်။

သူမက လင်းလော်ကို ကြည့်ကာ ခါးသက်သက် ပြုံးပြလိုက်သည်။ဖြေရှင်းချက်ပေးရမယ့်အစား သူမက လင်းလော်ကို တည်တည်ငြိမ်ငြိမ်ကြည့်လိုက်ပြီး

"ရှင် ကျွန်မကို မယုံဘူး ဟုတ်တယ်မလား"

သေချာတာပေါ့ သူက သူမကို မယုံဘူး ဒါကြောင့်ပဲ သူက သင်္ကာမကင်းနဲ့ သူမကို မေးခွန်းလာထုတ်တာ။

လင်းလော်က ရှောင်ကျီရွှမ်းကိုကြည့်လိုက်ပြီး မတတ်နိုင်ဘဲ လှောင်သလိုပြုံးလိုက်တယ်။ဒီလိုနောက်ပြန်ဆုတ်သွားတာ ဘယ်လိုတောင်ကောင်းတဲ့ အကွက်လဲ သူ့ဘက်ကိုတောင် ပြန်လှည့်ပြီး မေးလိုက်သေးတယ် တကယ့်ကို ဟာကွက်ရှာဖို့ဆိုတာ ခက်ခဲတာပဲ။

"ငါ မင်းကို ဘာလို့မေးနေလဲဆိုတာ မင်းကောင်းကောင်းသိတယ်။ဒီနေရာကနေ နှင်ထုတ်ခံထားရတဲ့ လူတစ်‌ယောက်က ဘယ်လိုလုပ် ဒီလိုမျိုးပြန်လာရတာလဲ။ပြီးတော့ ကျန်တဲ့လူအားလုံးရဲ့ အာရုံစိုက်မှုကို လုံးဝမရဘူး။မင်းမသိဘူးလို့တော့ ငါ့ကို လာမပြောနဲ့ ရှောင်ကျီရွှမ်း၊ငါက ငတုံးလို့ ထင်နေလား?"

လင်းလော်က ရှောင်ကျီရွှမ်းရဲ့ ဖြူဖျော့နေတဲ့ မျက်နှာကိုကြည့်ကာ အထင်သေးသလိုပြောလိုက်သည်။

သူက အမြဲတမ်း ရှောင်ကျီရွှမ်းကို စဉ်းစားချင့်ချိန်တတ်တဲ့လူလို့ ထင်ခဲ့တာ ဒါပေမယ့် လက်တလောမှ သူရှာတွေ့လိုက်တာက သူမက တစ်ခြားမိန်းမတွေနဲ့အတူတူပဲ။သူမက တစ်ခြားလူတွေကို လုံးဝဂရုမစိုက်ဘူး။

ဖြူဖျော့နေတဲ့မျက်နှာနဲ့ ရှောင်ကျီရွှမ်းက လင်းလော်ထွက်သွားတာကို ကြည့်နေခဲ့တယ်။သူက မိန်းမတစ်ယောက်က အဓိပ္ပာယ်မရှိတာတွေ ပြောလိုက်တာနဲ့ပဲ တကယ်ကြီး သူမကို မယုံတော့ဘူး။

သူမ ခန္ဒာကိုယ်က အနည်းငယ် တုန်လှုပ်သွားပြီး အဲ့ဒီနောက် သူမကိုယ်သူမ ရယ်လိုက်တယ်။အဲ့ဒါဆို ဒါတွေအားလုံးလုပ်ရတာ ဘာဖြစ်တော့မှာလဲ?အခုမှပဲ သူမရဲ့အပြုအမူတွေက လင်းလော်ကို သူမဆီကနေ ဝေးသထက်ဝေးသွားအောင် တွန်းထုတ်မိသွားတယ်ဆိုတာ သိသွားတယ်။

ဘေးနားက အစေခံက ရှောင်ကျီရွှမ်းရဲ့လက်ကောက်ဝတ်ကိုကိုင်လိုက်ပြီး

"သခင်မ ကိုယ့်ကျန်းမာရေးကို ကိုယ်ဂရုစိုက်ရပါမယ်။သခင်မက အခုထိ သခင်လေးရဲ့ကလေးကို ကိုယ်ဝန်လွယ်ထားရတုန်းပါ"

"သခင်လေး?ဟားဟား....သူက ဂရုတောင်စိုက်လို့လား?"

အဲ့ဒီမိန်းမ သူတို့ဘဝထဲ ပေါ်လာကတည်းက လင်းလော်က လုံးဝပြောင်းလဲသွားခဲ့တာ။သူတို့တွေ လက်ထပ်တဲ့အချိန်တုန်းက သူက သူမကို အရမ်းကောင်းပေးခဲ့ပြီး သူမတို့က အလိုက်ဖက်ဆုံးစုံတွဲဖြစ်ကာ တစ်သက်လုံးအတူတူရှိသွားလိမ့်မယ်လို့ ထင်ခဲ့တယ်။

ဒါပေမယ့် အခု သူက အရမ်းပြောင်းလဲသွားပြီး ဒီယောကျာ်းက အစတုန်းက သူမကိုချစ်ခဲ့တဲ့ ယောကျာ်းဆိုတာ သူမ မယုံတော့ဘူး။

အစေခံက ဘယ်လိုနှစ်သိမ့်ရမှန်းမသိတာကြောင့် ရှောင်ကျီရွှမ်းကို စိုးရိမ်စွာကြည့်လိုက်ပြီး

"သခင်မ ဘာတွေပြောနေတာလဲ?ဒါက သခင်လေးရဲ့ ပထမဆုံးကလေးလေ။သခင်လေးက ဘယ်လိုလုပ် ဂရုမစိုက်ဘဲနေမှာလဲ"

"နင်သေချာလား?ဒါပေမယ့် ဒီကလေးအတွက် သူ့မျှော်လင့်ချက်တွေကို ငါဘာလို့ မခံစားရတာလဲ?"

ရှောင်ကျီရွှမ်းက မသိစိတ်ကနေ တိုးတိုးလေးပြောလိုက်သည်။

သူသာ သူတို့ကလေးကို တကယ်ဂရုစိုက်တယ်ဆိုရင် ၊သူသာ ကလေးကိုတွေ့ရဖို့ အမှန်တကယ်မျှော်လင့်နေတယ်ဆိုရင် ဒါဆို သူကဘာလို့ သူမကို အဖော်ပြုတဲ့အခါကျရင် စိတ်မပါလက်မပါဖြစ်နေရတာလဲ?အစောတုန်း သူက အရမ်းစိတ်မရှည်ဖြစ်ခဲ့ပြီး အရမ်းစိတ်လှုပ်ရှားခဲ့တယ်။ဒါပေမယ့် အခုကြည့်ရတာတော့ သူက ဒီကလေးကိုဆက်ပြီး မလိုချင်တော့တဲ့ပုံပဲ၊

All Chapters