အခန်း ၁၂၈+၁၂၉
Vol. 6 Ch. 128+129
Chapter 128+129
128
ချောင်ထျန်းချန်က ထိုလူတွေရဲ့ အမူအရာကိုကြည့်လိုက်ပြီး ပြောလိုက်သည်။
"ငါ လဲ့အန်းကို လာဖို့ပြောလိုက်မယ်။သူရောက်လာတဲ့အခါကျ ငါတို့ဒီအကြောင်းပြောကြတာပေါ့။အခုတော့ ကျေးဇူးပြုပြီး ငါ့နေရာကို လိုက်ခဲ့ပေးပါ"
စုံစမ်းရေးမှူးနှစ်ယောက်က အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး အဲ့ဒီနောက် ခေါင်းငြိမ့်လိုက်သည်။
"အရမ်းကောင်းတယ်။ဒါဆို လဲ့အန်းလာတာ စောင့်ရအောင်"
သူတို့ထွက်သွားတာကိုကြည့်ပြီး နင်းမုန့်ယောင်က ရန်လဲ့လဲ့ဘေးနားသွားကာ သူမပုခုံးကို ပုတ်ပေးလိုက်သည်။
"အရမ်းမစိုးရိမ်ပါနဲ့ မကောင်းတာတစ်ခုခု ဖြစ်မလာနိုင်ပါဘူး"
ရန်လဲ့လဲ့က တိတ်တိတ်လေး ခေါင်းငြိမ့်လိုက်သည်။
"အင်း.......ယောင်ယောင် အစ်ကိုလဲ့အန်းက တကယ်လာမှာလား"
နင်းမုန့်ယောင်က ပြုံးလိုက်သည်။သူမက ရန်လဲ့လဲ့ရဲ့မျက်နှာကို လိမ်ဆွဲလိုက်ပြီး မေးလိုက်တယ်။
"နင်သူ့ကို အရမ်းတွေ့ချင်နေတာလား?နင် သူ့ကို ကြိုက်လို့လား?"
ရန်လဲ့လဲ့ မျက်နှာနီရဲသွားတယ်။သူမက နင်းမုန့်ယောင်ရဲ့လက်ကို အဝေးဖယ်ထုတ်လိုက်ပြီး သူမကို ရှက်ရွံ့စွာကြည့်ကာ
"နင် ဘာတွေပြောနေတာလဲ?ငါက သူ့ကို ကျေးဇူးတင်ချင်ရုံပါ။ပြီးတော့ သူက ငါ့ကို ကယ်ပေးခဲ့တာလေ"
နင်းမုန့်ယောင်က သူမအသံ ပျော့ပျောင်းပြီးရင်း ပျော့ပျောင်းသွားတာကို ရယ်လိုက်သည်။
"အို....ဒါဆို အဲ့လိုပေါ့"
"ငါ.....ငါ သွားရတော့မယ်....."
ရန်လဲ့လဲ့က မတ်တပ်ထရပ်ပြီး သူမအခန်းထဲ ပြေးဝင်သွားသည်။
ရန်လဲ့လဲ့ အမြန်ထွက်ပြေးသွားတာကို အံ့ဩပြီး နင်းမုန့်ယောင်က မတတ်နိုင်ဘဲ အော်ရယ်မိသွားတယ်။ဘေးနားမှာရပ်နေတဲ့ သခင်မရန်နဲ့သခင်မချောင်ကလည်း သူတို့နှစ်ယောက်ရဲ့ ဆက်ဆံပုံကိုကြည့်ပြီး ရယ်နေကြတယ်။
သူတို့လည်းပဲ အဲ့နှစ်ယောက်က လိုက်ဖက်တယ်လို့ ခံစားရတာကြောင့် ထိုဟာနဲ့အဆင်ပြေသည်။တကယ်တော့ လဲ့အန်းကလည်း လူကောင်းတစ်ယောက်ဖြစ်သည်။
ချောင်ထျန်းချန်က သူ့အိမ်ကို လူတွေခေါ်လာပြီးတဲ့နောက် သူက သူတို့ကို ကြည့်လိုက်ပြီး
"မင်းတို့ ဒီကို ဘာလာလုပ်ကြတာလဲ"
အထက်ကလူတွေက ဒီလူတွေကို ဒီနေရာလွှတ်လိုက်တာက ရိုးရိုးရှင်းရှင်းမေးခွန်းအချို့ မေးဖို့လောက်ပဲဆိုတာ သူ မယုံဘူး။
"ဗိုလ်ချုပ်"
"တော်လောက်ပြီ။ငါက ဒီရွာက သာမန်မုဆိုးတစ်ယောက်ပဲ"
ချောင်ထျန်းချန်က မျက်မှောင်ကြုတ်လိုက်ပြီး သူတို့ကို ထဖို့ လက်ရမ်းပြလိုက်သည်။
"ဗိုလ်ချုပ် ဧကရာဇ်က သင့်ကို ဒီပြဿနာကို ကိုင်တွယ်စေချင်တယ်"
လူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး အဲ့ဒီနောက် သူတို့ထဲက တစ်ယောက်က ရှေ့တစ်လှမ်းတိုးလာပြီး ချောင်ထျန်းချန်ကို ရှင်းပြလိုက်သည်။
သူက ဧကရာဇ်ကို ထီးနန်းရအောင် ကူညီပြီးတဲ့နောက် ပျောက်ကွယ်သွားခဲ့ပြီး သူ ဘယ်သွားလဲဆိုတာ ဘယ်သူမှ မသိပေ။သူတို့က ဒီလိုရွာလေးတစ်ရွာမှာ ဖြစ်တဲ့ အဖြစ်အပျက်ကို သူတို့ကို ဖြေရှင်းဖို့ ဒီနေရာကို ပို့လိုက်တာကြောင့် ထူးဆန်းတယ်လို့ ခံစားခဲ့ရသည်။ဒါပေမယ့် ချောင်ထျန်းချန်ကို မြင်လိုက်ရတော့ သူတို့တွေ အထက်ကလူတွေရဲ့ ရည်ရွယ်ချက်ကို သဘောပေါက်သွားသည်။
"ငါ လုံးဝ သဘောမတူဘူး။အခု ဒီအရာတွေကို ငါဂရုမစိုက်ချင်ဘူး။ဒီကိစ္စအတွက်တော့ မင်းတို့တွေ အဲ့ဒါကို ကိုင်တွယ်နိုင်တယ်"
ချောင်ထျန်းချန်က ဒီစုံစမ်းမှုကို လက်လွှဲမယူချင်ပေ။
သူက ဧကရာဇ်ရဲ့ ရည်ရွယ်ချက်ကို နားလည်တယ်။သူသာ ဒီကိစ္စကို လက်လွှဲယူလိုက်ရင် အနာဂတ်ကျရင် ဒီရွာထဲက လူတွေ ဘာပဲဖြစ်ဖြစ် အများစုက သူ့ပြဿနာတွေဖြစ်လာလိမ့်မယ်။
အဲ့လိုသာဆိုရင် ဒါဆို ထိုဟာက သူ့ရဲ့ မူလရည်ရွယ်ချက်ကို ဆန့်ကျင်နေပြီး သူလိုချင်တဲ့အရာ မဟုတ်ပေ။
"ဒါပေမယ့်......."
ဒုတိယလူက တစ်ခုခုထပ်ပြောဖို့ ကြိုးစားလိုက်ပေမယ့် ချောင်ထျန်းချန်က သူ့ကို ဖြတ်ပြောလိုက်သည်။
"မင်းတို့ ဘာမှထပ်မပြောနဲ့တော့။မင်းတို့ ဒီလိုကိစ္စမျိုးကို မကိုင်တွယ်ချင်ဘူးဆိုရင် ဒါဆို မင်းတို့ဘာလုပ်နိုင်လဲဆိုတာ ငါသိချင်တယ်"
ချောင်ထျန်းချန်က သူတို့ကို အေးစက်စွာ ကြည့်လိုက်သည်။
ဒီလူနှစ်ယောက်က သူ့ရဲ့ အယုံကြည်ရဆုံးလူတွေဖြစ်တယ်။အဲ့ဒါကြောင့်ပဲ သူတို့ကို ဒီနေရာမှာ အမှုကိုင်တွယ်ဖို့ ပို့လိုက်တာဖြစ်တယ်။သူကိုယ်တိုင် ဒါကို ပါဝင်ပတ်သက်ရမယ်ဆိုရင် ဒါဆို သူ့လက်အောက်က လူတွေကို အမှန်တကယ် အပြောင်းအလဲလုပ်သင့်တယ်။
ဒါကိုကြားရတော့ လူနှစ်ယောက်က နောက်ဆုတ်သွားကြသည်။သူတို့သာ တကယ်ကြီး ဒါကို သူတို့အတွက် သူ့ကိုဖြေရှင်းခိုင်းလိုက်မယ်ဆိုရင် သူတို့သေတွင်းကိုတူးလိုက်သလိုပဲ။
"ကျွန်တော်တို့နားလည်ပါပြီ၊ကျွန်တော်တို့ ဒါကို ကောင်းကောင်း ကိုင်တွယ်ပါ့မယ်"
ချောင်ထျန်းချန်က စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်တယ်။
"အရမ်းကောင်းတယ်။လဲ့အန်းက မနက်ဖြန်ဆိုရောက်လောက်ပြီ ဒါဆို မင်းတို့ အဲ့အကြောင်းပြောလို့ရပြီ၊ငါ့ကို ပြဿနာလာမရှာနဲ့"
သူက အရမ်းအလုပ်များနေတာ သူတို့နဲ့စကားပြောဖို့ အချိန်မရှိဘူး။
"နားလည်ပါပြီ" နှစ်ယောက်လုံး အကူအညီမဲ့သွားကြတယ်။
ဒီကိစ္စက ရှင်းရှင်းလင်းလင်းကြီးကို သူကိုင်တွယ်ရမှာလေ ဒါဆို ဘယ်လိုလုပ် အဲ့ဒါက သူတို့ဟာဖြစ်လာရတာလဲ?
"မင်းတို့ တစ်ခုခု ပြောစရာရှိရင် ထုတ်ပြောလိုက်။မင်းတို့စိတ်ထဲကနေ ကျိန်ဆဲမနေနဲ့"
ချောင်ထျန်းချန်က သူ့ရှေ့က လူနှစ်ယောက်ကို မျက်စိမှေးကြည့်လိုက်ပြီး အေးစက်စက် သတိပေးလိုက်သည်။
သူ့ဆီက အင်အားကြီးမားတဲ့ အရှိန်အဝါက သူတို့ကို ချက်ချင်း မတ်မတ်ရပ်သွားစေသည်။
"မရှိပါဘူး........ကျွန်တော်တို့ ပြောစရာမရှိပါဘူး..."
"ဟုတ်တယ် မှန်တယ်......ဘာမှမရှိပါဘူး"
"ဒါဆို ထွက်သွားတော့"
သူတို့နှစ်ယောက်က ပါးစပ်ဖွင့်လိုက်ကြတယ်။သူ့နေရာမှာ အခန်းတွေရှိနေမှတော့ သူတို့ဘာလို့ နေလို့မရနိုင်တာလဲဆိုတာ သူ့ကို မေးလိုက်ချင်တယ်။
ဒါပေမယ့် ချောင်ထျန်းချန်က သူတို့ကို စကားပြောဖို့ အခွင့်အရေးမပေးခဲ့ပေ။သူက အေးအေးဆေးဆေးနဲ့ နှင်ထုတ်လိုက်တယ်။
နင်းမုန့်ယောင်က တစ်ချိန်ထဲမှာ ပြန်ရောက်လာခဲ့သည်။သူ့ကို တံခါးဝမှာ တွေ့ရတော့ သူမက မေးလိုက်သည်။
"ရှင်က တံခါးဝမှာ မတ်တပ်ရပ်ပြီး ဘာလုပ်နေတာလဲ?"
129
ချောင်ထျန်းချန်က ခေါင်းရမ်းပြလိုက်ပြီး သူမဘေးနားကို လျှောက်လာလိုက်သည်။သူက သူမလက်ကို ဆွဲကိုင်လိုက်ပြီး အခန်းထဲကိုပြန်ဖို့ ဦးဆောင်ခေါ်သွားလိုက်သည်။
သူမလက်တွေကိုကိုင်ထားတဲ့ လက်ကို ငုံ့ကြည့်လိုက်ပြီး နင်းမုန့်ယောင်ရဲ့မျက်နှာက ရှုံ့တွသွားတယ်။ဘယ်တုန်းက သူတို့ရဲ့ဆက်ဆံရေးက အများကြီးတိုးတက်သွားတာလဲ?ဒါ့အပြင် သူက ဘာလို့ သူမလက်ကို ကိုင်ထားရတာလဲ?သူမ သဘောမတူလိုက်ဘူးလေ ဟုတ်တယ်မလား?
နင်းမုန့်ယောင်က ရုတ်တရက် သတိထားမိသွားတယ် နည်းနည်းနောက်ကျသွားတယ်ဆိုပေမယ့် ဒီလိုအရာမျိုးက အကြိမ်အနည်းငယ် ဖြစ်ပြီးသွားပြီ။
နင်းမုန့်ယောင်က ခေါင်းငုံ့လိုက်တယ်။ဒီလူကက သူမနှလုံးသားကို ဒီလိုမျိုး သိမ်းပိုက်သွားတဲ့အတွက် အမှန်တကယ်ကို တစ်ချက်လောက်တော့ ထိုးပေးသင့်တယ်။ဒါက လူကို တစ်ကယ် စိတ်အနှောင့်အယှက်ဖြစ်စေတယ်။
"ကျွန်မကိုလွှတ်"
"ဘာလို့လဲ"
ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို အပြစ်ကင်းစင်စွာ ကြည့်လိုက်သည်။ဒီလိုပုံစံမျိုးက တစ်ခြားသူတွေရှေ့မှာ အေးစက်ပြီးလျစ်လျှူရှုတာနဲ့ အလွန်အမင်းကွာခြားသည်။
နင်းမုန့်ယောင်က အသက်ပြင်းပြင်းရှူလိုက်ပြီး စိတ်တိုတိုနဲ့
"ဘာလို့လဲ?ယောကျာ်းနဲ့မိန်းမက အရမ်းမနီးကပ်သင့်ဘူး ရှင်အဲ့ဒါကို မသိဘူးလား?"
ချောင်ထျန်းချန်က ပိုပြီးတော့တောင် ဖြူစင်သွားတဲ့ပုံနဲ့
"ကိုယ်အခုဒါကိုလုပ်တုန်းက မင်းမကန့်ကွက်ဘူးလေ"
နင်းမုန့်ယောင် သွေးအန်လုနီးပါးဖြစ်သွားတယ်။သူက ဘာကိုပြောချင်တာလဲ?သူမက မကန့်ကွက်ခဲ့ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ?သူမက မတုံ့ပြန်မိရုံလေးတင် ဟုတ်ပြီလား?သူမသာ အသိပြန်ဝင်လာခဲ့ရင် ဒီလူက သူလုပ်ချင်တာ လုပ်လို့ရနိုင်ပါ့မလား?သူမက သူ့ကို ချက်ချင်း မောင်းထုတ်ပစ်လိုက်မှာ မကြောက်ဘူးလား?
"ကောင်းပြီ ဒါက နောက်ဆုံးကျ ဖြစ်လာမယ့်အရာပဲကို၊အရမ်းစိတ်ထဲထားမနေပါနဲ့"
ချောင်ထျန်းချန်က နင်းမုန့်ယောင် အဲ့မှာပဲရပ်နေပြီး မလှုပ်တာတွေ့တော့ သူ့မျက်လုံးတွေထဲ ရွှင်မြူးရိပ်တွေ ဖြတ်သန်းသွားသည်။သူက သူမနောက်ကိုလျှောက်သွားလိုက်ပြီး သူမပုခုံးပေါ် လက်နှစ်ဖက်တင်ကာ သူမကို အထဲတွန်းသွားလိုက်သည်။
နင်းမုန့်ယောင်က အံ့ကြိတ်ထားတယ်။ဒီယောကျာ်းက တကယ့်ကြီး သူမ သူ့ကို ဘာမှမလုပ်ဘူးဆိုပြီး သေချာနေတာပဲ မဟုတ်ဘူးလား?တကယ့်ကို......အရမ်း.....လွန်သွားပြီ
နင်းမုန့်ယောင်က တစ်ဖက်မှာ အံကြိတ်နေပြီးတော့ တစ်ခြားတစ်ဖက်က ချောင်ထျန်းချန်ကတော့ ထူးထူးခြားခြား ပျော်ရွှင်နေသည်။
ဒါပဲလေ။ဒါက သူလိုချင်တာပဲ။သူက သူမကို အသက်ရှူတာကစလို့ အရာအားလုံးကို ဖြည်းဖြည်းချင်း ရင်းနှီးသွားစေချင်တာ။အခု အခြေအနေကိုကြည့်ရတာတော့ သူကောင်းကောင်းလုပ်နိုင်နေတယ်။အနည်းဆုံးတော့ သူ့အထိအတွေ့ကို သူမ မကန့်ကွက်တော့ဘူး။အခုလောလောဆယ်တော့ ဒါက သူ့အတွက် လုံလောက်ပါတယ်။
အဖွားချင်က နင်းမုန့်ယောင်ရဲ့ ကသိကအောက်ဖြစ်နေတဲ့ ပုံစံကိုမြင်တော့ မတတ်နိုင်ဘဲ ရယ်မိသွားတယ်။သူတို့ရဲ့ သခင်မလေးက သူမရဲ့ မိန်းကလေးဆန်ဆန်ဘက်ခြမ်းကို ထုတ်ပြနိုင်ဖို့ တကယ့်ကို သူ့လို သန်မာတဲ့လူတစ်ယောက်လိုတယ်။
ချောင်ထျန်းချန်နဲ့ဆို အဖွားချင်က အရမ်းစိတ်ကျေနပ်တယ်။ဒါကြောင့်ပဲ သူမက ချောင်ထျန်းချန်ရဲ့ ရံဖန်ရံခါ နင်းမုန့်ယောင် တို့ဟူးကို စားတဲ့အပြုအမူကို မျက်စိမှိတ်ပေးထားတာဖြစ်တယ်။
"သခင်လေး ဒီနေ့ ဒီမှာစားမှာလား"
ချောင်ထျန်းချန် အိမ်ပြန်သွားရင်တောင်မှ သူက အဲ့နေရာမှာ တစ်ယောက်ထဲ ဖြစ်နေလိမ့်မယ်။အတူတူရှိတာပိုကောင်းတယ်။ထိုဟာက ပိုပြီး စည်ကားတယ်။
ချောင်ထျန်းချန်က သဘောတူဖို့ တွန့်ဆုတ်မနေခဲ့ဘဲ နင်းမုန့်ယောင်ကတော့ စူစူအောင့်အောင့်နဲ့ ပြန်ပြောလိုက်သည်။
"ကျွန်မသိပြီ အခု သူက ရှင်တို့ရဲ့ သခင်အစစ်ပေါ့လေ၊ပြီးတော့ ကျွန်မကတော့ ဘယ်သူမှ မလိုချင်တဲ့ သနားစရာကောင်းတဲ့ လူတစ်ယောက်ပဲ"
ချင်းရွှယ်က ဝမ်းနည်းနေတဲ့ မျက်နှာလုပ်ပြနေတဲ့ နင်းမုန့်ယောင်ကိုကြည့်ပြီး မတတ်နိုင်ဘဲ ရယ်လိုက်ကာ
"သခင်မလေး ကျွန်မတို့ သခင်မလေးကို မယူရဲပါဘူးနော်။သခင်လေးက ကျွန်မတို့ကို ဒါကြောင့် ရိုက်ရင် ဘယ်လိုလုပ်မလဲ?ကျွန်မတို့က သခင်လေးကို ဒေါသထွက်အောင် မလုပ်ချင်ပါဘူးနော် ဟုတ်တယ်မလား?"
ထိုဟာက ချင်းရွှယ်ဆိုတဲ့ ကောင်မလေးတစ်ယောက်ထဲဆို အဆင်ပြေသေးတယ်။ဒါပေမယ့် တစ်ခြားလူတွေလည်း ပါဝင်လာကြတယ်။
ချင်းရွှမ်နဲ့ချင်းကျူးက ခေါင်းညိတ်လိုက်သည်။ပုံမှန်ဆို ရေခဲတုံးလို အေးစက်နေတဲ့ ချင်းရွှင်တောင် ရယ်လိုက်သေးသည်။
"နင်......နင်တို့........."
နင်းမုန့်ယောင်က သူတို့ကို ဒေါသတကြီး လက်ညှိုးထိုးလိုက်သည်။
ဒီလူတွေက တကယ့်ကို အရိုက်ခံရဖို့ လိုနေပြီ။တရားမျှတတဲ့ပုံစံနဲ့ သူမကို တစ်ခြားလူဆီ တစ်ကယ်ကြီး တွန်းပို့နေကြတယ်။
သူမက သူတို့ကိုလည်း ဘာမှမလုပ်နိုင်တာကြောင့် သူမဘေးနားကလူကိုသာ ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး
"အဲ့ဒါတွေအကုန်လုံး ရှင့်အပြစ်တွေပဲ"
"ဟုတ်တယ်....ဟုတ်တယ်.....အကုန်လုံး ကိုယ့်အပြစ်တွေပါ။စိတ်မဆိုးပါနဲ့ ဟုတ်ပြီလား"
ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို မြတ်မြတ်နိုးနိုးနဲ့ ကြည့်လိုက်သည်။
အဲ့ဒီအကြည့်က နင်းမုန့်ယောင်ကို ရှက်သွားစေပြီး သူမက နေရခက်စွာနဲ့ သူမနှာခေါင်းကို ပွတ်လိုက်သည်။အဲ့ဒီနောက် သူမက အပေါ်ထပ်ကို တက်ပြေးသွားခဲ့သည်။
"သခင်မလေး ရှက်သွားပြီ"
အဖွားချင်က ရယ်မောလိုက်တယ်။
'ရှက်သွားတယ်'ဆိုတဲ့ စကားလုံးကိုကြားတော့ နင်းမုန့်ယောင်က လှေကားပေါ်မှာ ခြေချော်လုနီးပါးဖြစ်သွားတယ်။သူတို့တွေ ဒီအချိန်မှာ စကားမပြောလို့ ရမလား?
နင်းမုန့်ယောင်က လဲကျလုနီးပါး ယိုင်သွားပြီး ချောင်ထျန်းချန်ကို စိုက်ကြည့်လိုက်သည်။သူကသူမကို ကျီစယ်သလို ကြည့်နေတာ တွေ့ရတော့ နင်းမုန့်ယောင် စိတ်တိုလာခဲ့သည်။ဒီလူက သူမကို အဟားခံရအောင် မလုပ်နိုင်ရင် မပျော်ဘူး မဟုတ်ဘူးလား?
"ယောင်ယောင် ပိုပြီး သတိထားလေ မဟုတ်ရင် မင်း ပြုတ်ကျသွားလိမ့်မယ်"
နင်းမုန့်ယောင်ရဲ့ အကြည့်ကို ချောင်ထျန်းချန်က သာမန်သာ ခံစားရသည်။သူမရဲ့ အမူအရာအမျိုးမျိုးကို မြင်ရတာ ပိုကောင်းသည်။
နင်းမုန့်ယောင်က သူမရဲ့ အရေပြားတောင် ချောင်ထျန်းချန်လောက် အရေထူမှာမဟုတ်ဘူးလို့ ခံစားလိုက်ရတယ်။သူမ မယှဉ်နိုင်တော့ဘူး။သူမ ဘာမှမသိသလို ဟန်ဆောင်လိုက်တာ ပိုကောင်းတယ်။