အခန်း ၁၃၀
Vol. 6 Ch. 130
Chapter 130
ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို အပြုံးတွေနဲ့ပြည့်နှက်နေတဲ့ မျက်နှာနဲ့ကြည့်နေခဲ့ပြီး အမြန်ကွယ်ပျောက်သွားခဲ့သည်။အဲ့ဒီနောက် သူ့မျက်လုံးထဲက ကြည်နူးမှုတွေက လျော့ပါးသွားပြီး ရေခဲလိုအေးစက်မှုက အစားထိုးဝင်လာခဲ့သည်။သူက ချင်းရွှင်ဘက်ကိုလှည့်လိုက်ပြီး
"ယန်ရှိုးအာ ကိစ္စတွေက ဘယ်လို အခြေအနေရှိလဲ"
ချင်းရွှင်က ခဏလောက်တိတ်သွားပြီး အဲ့ဒီနောက် ပါးစပ်ဖွင့်လိုက်သည်။
"ယန်ရှိုးအာက အစေခံကိုတွေ့ဖို့ နောက်တစ်ခေါက် ထပ်သွားခဲ့ပါတယ်။ဒါပေမယ့် အစေခံက သူမကို အရေးတယူမလုပ်ဘဲ ယန်ရှိုးအာကို စွန့်ပစ်တော့မယ့် အရိပ်အယောင်တွေပြနေတယ်"
လွန်ခဲ့တဲ့ရက်တွေတုန်းက နင်းမုန့်ယောင်က သူမလုပ်သမျှကိစ္စတိုင်းကို ချောင်ထျန်းချန်ကို ပြောပြခဲ့သည်။ချင်းရွှင်နဲ့ကျန်တဲ့လူတွေကလည်း သူ့ကို အသိအမှတ်ပြုတာကြောင့် ချောင်ထျန်းချန်မေးလာတဲ့အခါ သူဖြေပေးမှာ ဖြစ်သည်။
ချောင်ထျန်းချန်က "အမ်း"ဟု အသံပြုလိုက်ပြီး သူ့ကိုကြည့်ကာ
"ငါ လူတွေလွှတ်ပြီး ယန်ရှိုးအာကို စစ်မေးခိုင်းလိုက်ရင် မင်းတို့မှာ ယန်ရှိုးအာက အဲ့ဒီ အစေခံအကြောင်းပြောလာအောင်လုပ်ဖို့ နည်းလမ်းရှိလား။ပြီးတော့ သူမဆီက ကျောက်စိမ်းပြားရော ယူနိုင်လား"
"ဟုတ်ကဲ့ ကျွန်တော်တို့ ရှိပါတယ်"
ချင်းရွှင်က ချက်ချင်း ပြန်ဖြေလိုက်သည်။
သူက ဒီလိုကိစ္စသေးသေးလေးကိုတောင် မလုပ်နိုင်ရင် သခင်မလေးဆီကနေ ကိစ္စတွေကို စီမံခန့်ခွဲဖို့ ခန့်အပ်ခံရမှာတောင် မဟုတ်ဘူး။
ချောင်ထျန်းချန်က ချင်းရွှင်ရဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုကိုကြည့်ပြီး ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။
"ဒီလိုဆိုမှတော့ ဒါဆို ဒီကိစ္စကို ကိုင်တွယ်ဖို့ မင်းကိုလက်လွှဲလိုက်မယ်"
"ဟုတ်ကဲ့ သခင်လေး"
အဲ့လို အေးစက်စက်အသံမျိုးကို တစ်ခြားလူတွေကြားရင် သူတို့က ချင်းရွှင်က ကြောက်စရာကောင်းတယ်လို့ ထင်နိုင်ပေမယ့် သူ့ရှေ့က ချောင်ထျန်းချန်ကတော့ ဒီကလေးက မဆိုးဘူးလို့ စဉ်းစားမိသည်။
အဆုံးမှာတော့ နင်းမုန့်ယောင်က ချောင်ထျန်းချန်ဆီမှာ အဖမ်းခံလိုက်ရပြီး အောက်ထပ်ကို ဆွဲခေါ်ခံခဲ့ရသည်။ကံမကောင်းစွာနဲ့ပဲ ချောင်ထျန်းချန်က စားပွဲပေါ်က ဟင်းတွေကို မစားနိုင်ခဲ့ဘူး ဘာလို့လဲဆိုတော့ လဲ့အန်းရောက်လာခဲ့ပြီး သူ့အမူအရာက လေးလံနေသည်။သူက ချောင်ထျန်းချန်ကို ခေါ်လိုက်ပြီး အဲ့ဒီနောက် သူတို့နှစ်ယောက် ထွက်သွားကြသည်။
"သခင်မလေး သခင်လေး အဆင်ပြေပါ့မလား"
အဖွားချင်က သိသိသာသာ စိတ်ပူနေတဲ့ မျက်ဝန်းတွေနဲ့ သူမ သခင်မလေးကို ကြည့်လိုက်သည်။
နင်းမုန့်ယောင်က ခေါင်းရမ်းလိုက်ပြီး
"အဆင်ပြေပါတယ်။အဲ့ဒီလူက သူ့ကို ဘာမှဖြစ်ခွင့်ပြုမှာမဟုတ်ဘူး"
အဖွားချင်က ထိုဟာကို စဉ်းစားကြည့်လိုက်ပြီး နင်းမုန့်ယောင်ပြောတာကို သဘောတူလိုက်သည်။ထိုဟာက အမှန်လည်း ဒီလိုပဲ။
ချောင်ထျန်းချန်က လဲ့အန်းဘေးကနေ လမ်းလျှောက်ပြီး သူ့ကို အေးစက်စွာ ကြည့်ကာ
"ဘာဖြစ်လို့လဲ?ဘာလို့ ငါ့ကို စိုးရိမ်တကြီး ခေါ်ထုတ်ရတာလဲ"
"ဆရာကြီး ဆရာ ကိုယ့်ကိုကိုယ် ပြင်ဆင်ထားသင့်ပြီ။ချောင်မိသားစုက ဆရာဒီနေရာမှာဆိုတာ သိသွားကြပြီ။ပြီးတော့ သူတို့က ဓားပြမှုအကြောင်းကိုလည်း သိနေသေးတယ်"
လဲ့အန်းက စိုးရိမ်စွာ ပြောလိုက်သည်။
ချောင်ထျန်းချန်က အေးစက်စက်ရယ်လိုက်ပြီး သူ့မျက်လုံးတွေက လှောင်ပြောင်သရော်မှုတွေကို သယ်ဆောင်ထားပြီး
"အဲ့တော့ ဘာဖြစ်လဲ"
သူတို့က သူ့ကို အသုံးချချင်ကြတယ် ဒါပေမယ့် သူခွင့်ပြုမလား မပြုဘူးလားဆိုတာ သူတို့ကြည့်သင့်တယ်။
လဲ့အန်းက ချောင်ထျန်းချန်ကို ကြည့်လိုက်ပြီး ခေါင်းကိုက်နေတယ်။ဒါပေါ့ သူ့ဆရာ ဘာကိုဆိုလိုလဲဆိုတာ သူသိတယ် ဒါပေမယ့် သူ(ချောင်ထျန်းချန်)က တစ်ယောက်ထဲ မဟုတ်တော့ဘူးလေ ဟုတ်ပြီလား?သူက အခု သူ့အားနည်းချက်အနေနဲ့ နင်းမုန့်ယောင်ရှိနေပြီ အကယ်၍........
"ယောင်ယောင်က ငါ့အားနည်းချက်မဟုတ်ဘူး။သူတို့ တကယ်တစ်ခုခုလုပ်ရဲရင် အဲ့ဒါကို သူတို့နောင်တရသွားအောင် ငါလုပ်နိုင်တယ်ဆိုတာ မင်းမကြာခင် သိလိမ့်မယ်"
ချောင်ထျန်းချန်က လဲ့အန်းကို ကြည့်လိုက်ပြီး တစ်လုံးချင်း ပြောလိုက်သည်။
လဲ့အန်းက ချောင်ထျန်းချန်ကို မှင်သက်စွာနဲ့ စိုက်ကြည့်နေခဲ့သည်။သူ ချောင်ထျန်းချန်ဘေးနားကနေ ထွက်လာခဲ့တာ နှစ်တွေကြာပြီဖြစ်ပြီး စစ်ပွဲထဲမှာ ချောင်ထျန်းချန် ဘယ်လိုပုံစံရှိတယ်ဆိုတာ သူမေ့နေခဲ့သည်။ထိုအခိုက်အတန့်မှာ ချောင်ထျန်းချန်က စစ်ပွဲထဲက လူတစ်ယောက်လိုမျိုး လေထုရှိနေသည်။အရမ်းကို သူစွန့်လွတ်မယ့်အရာအတွက် ဆုံးဖြတ်ချက် ခိုင်မာပြတ်သားနေခဲ့သည်။
ဒီလို ချောင်ထျန်းချန်မျိုးက လဲ့အန်းကို စိတ်ချသွားစေတယ်။ကြည့်ရတာတော့ ချောင်မိသားစုကလူတွေက ဆရာ့ဆီကနေ ဘာအကျိုးအမြတ်မှ ရမှာမဟုတ်ဘူး။
"သူတို့က မြို့မှာရောက်နေပြီ။မင်း သူတို့ကိုရှာချင်လား ဒါမှမဟုတ် တစ်ခြားတစ်ခုလား"
"ဆရာ ကျွန်တော့်ကို ဆရာ့နေရာမှာ တစ်ညလောက်တော့ နားခွင့်ပြုလို့ မရဘူးလား"
လဲ့အန်းက ချောင်ထျန်းချန်ကို သနားစရာကောင်းစွာကြည့်လိုက်တယ်။သူက သတင်းရပြီးတာနဲ့ ဒီနေရာကို အမြန်လာခဲ့ရတာ၊ဒါပေမယ့် သူ့ဆရာကတော့ တကယ်ကြီး နှလုံးသားမရှိ သူ့ကို နှင်ထုတ်တယ်။အခုက ညရောက်ခါနီးနေပြီကို။
"ဘယ်လိုမှ မဖြစ်နိုင်ဘူး"
"ဆရာ!ဆရာ အရမ်းရက်စက်တာပဲ!"
လဲ့အန်းက မတရားခံရတဲ့ ပုံစံပေါက်နေသည်။
ချောင်ထျန်းချန်က သူပြောတာကိုကြားပြီး အဲ့ဒီနောက် ရုတ်တရက် သူ့ရဲ့ သွားဖြူဖြူတွေပေါ်တဲ့အထိ ရယ်မောလိုက်သည်။အဲ့ဒီ မည်းနက်အုံ့မှိုင်းနေတဲ့အမူအရာက လဲ့အန်းကို လည်ပင်းကြုံ့သွားစေပြီး
"ဆရာ ကျွန်တော် အခုချက်ချင်း သွားပါ့မယ်၊ကျွန်တော် ဘာမှ မပြောခဲ့ဘူးနော်"
ပြောပြီးတာနဲ့ သူက ချက်ချင်းပဲ ချောင်ထျန်းချန် သူ့နောက်လိုက်လာမှာကြောက်သလို ပြေးထွက်သွားသည်။
ချောင်ထျန်းချန်က လဲ့အန်းရဲ့ ထွက်ပြေးသွားတဲ့ပုံစံကို အေးစက်စက်ကြည့်ပြီး ရယ်သံတိုးတိုးလေး ထွက်လာခဲ့တယ်။ဒီကလေးရဲ့ ရဲစွမ်းသတ္တိတွေကနည်းသွားပုံရတယ်။ကြည့်ရတာတော့ သူ ဒီကလေးကို ထပ်ပြီး လေ့ကျင့်ပေးရမယ့်ပုံပဲ။ဒါကို စဉ်းစားမိတော့ ချောင်ထျန်းချန်က သူ့မေးစေ့ကို ပွတ်လိုက်တယ်။
အမြန်နှုန်းနဲ့ပြေးနေတဲ့ လဲ့အန်းက ရုတ်တရက်ကြီး သူ့လည်ပင်းကို လေအေးတွေလာတိုက်သလို ခံစားရတာကြောင့် လည်ပင်းကို ပွတ်လိုက်တယ်။အမ်း......သူ့လည်ပင်း အဆင်ပြေတယ်။သူ စိုးရိမ်ဖို့ မလိုဘူး။
နောက်တစ်နေ့ မနက်မှာတော့ လဲ့အန်းက ရန်လဲ့လဲ့အိမ်ကိုသွားခဲ့တဲ့ လူနှစ်ယောက်နဲ့တွေ့သည်။သူ့မျက်လုံးတွေက ပန်ဒါမျက်လုံးတွေနဲ့ မျက်လုံးအိတ်ဘယ်လောက်နက်လဲဆိုတာ ပြိုင်လို့ရသည်။
"သခင်လဲ့အန်း သခင်ဘာဖြစ်တာလဲ"
သူတို့ထဲက တစ်ယောက်က လဲ့အန်းရဲ့ ပိန်ပိန်ပါးပါးပုံစံကိုကြည့်ပြီး မတတ်နိုင်ဘဲ သိချင်စွာ ထုတ်မေးလိုက်သည်။
လဲ့အန်း မျက်နှာက မဲမှောင်သွားပြီး
"အဲ့ဒါ မင်းနဲ့ဘာဆိုင်လို့လဲ”