အခန်း ၁၃၁
Vol. 6 Ch. 131
Chapter 131
ရန်လဲ့လဲ့အိမ်ကိုသွားခဲ့တဲ့ လူနှစ်ယောက်က သူတို့နှာခေါင်းတွေကို ပွတ်လိုက်ကြတယ်။အိုး.......ကောင်းပြီ သူတို့တွေ ညီနောင်လဲ့အန်းကို သိပ်မနှောင့်ယှက်သင့်ဘူး။
လဲ့အန်းက နှာခေါင်းရှုံ့လိုက်တယ်။သူက တစ်ညလုံး ဆရာ့ကိုကြောက်လွန်းလို့ အိပ်မက်ဆိုးတွေမက်ပြီး အိပ်ရေးပျက်ခဲ့ရတယ်ဆိုတာ ဒီလူနှစ်ယောက်ကို ဘယ်လိုလုပ် ပြောလို့ဖြစ်မှာလဲ။သူတို့သာ သိသွားရင် ဘယ်လောက် ရှက်စရာကောင်းလိုက်လဲ?
လဲ့အန်းက သူတို့အိမ်ထဲဝင်သွားပြီး သူတို့နဲ့စကားပြောလိုက်သည်။အဲ့အချိန်တုန်းက သူကောက်လာတဲ့ ပစ္စည်းကိုလည်း သူတို့ကိုပေးလိုက်သည်။
ပစ္စည်းကိုကြည့်ပြီးတော့ လူနှစ်ယောက်ရဲ့မျက်လုံးတွေက အနည်းငယ် ကျုံ့သွားကာ
"သခင်လဲ့အန်း ဒါက..........."
"တစ်ယောက်ယောက်က ကြံစည်ထားတယ်လို့ မင်းတို့ထင်ကြတယ်မလား"
လဲ့အန်းက သူတို့ကိုကြည့်လိုက်တယ်။သူ့မေးခွန်းက သူတို့တွေးနေတာနဲ့ တစ်ထပ်ထဲကျသည်။
သူတို့က ခေါင်းငုံ့ထားလိုက်ကြတယ်။ထိုဟာက အမှန်တကယ် သူတို့တွေးနေခဲ့တာဖြစ်တယ်။ပြီးတော့ ဓားပြတွေသာ တကယ် ဗိုလ်ချုပ်ချောင်နဲ့ပတ်သက်နေမယ်ဆိုရင် ဒါဆို အတားအဆီးက အရမ်းကျယ်ပြန့်သွားပြီ။ထိုဟာက ဗိုလ်ချုပ်တွေတောင် ပါဝင်ပတ်သက်နေတယ်။
လဲ့အန်းက လူနှစ်ယောက်ကို ကြည့်လိုက်ပြီး သရော်လိုက်ကာ
"မင်းတို့တွေ ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ပဲလိုတယ်။ဧကရာဇ်က ဒီအကြောင်းကို သိပြီးသား"
"အဲ့ဒါဆို ဖြစ်နိုင်တာက........"
လူနှစ်ယောက်က လဲ့အန်းကို မသေချာသလို ကြည့်လိုက်ကြသည်။
လဲ့အန်း ခေါင်းငြိမ့်လိုက်တယ်။
သူတို့ရုတ်တရက် သူဘာကိုဆိုလိုလဲဆိုတာ သဘောပေါက်သွားသည်။
ချောင်မိသားစုဝင်တွေက တော်ဝင်မျိုးနွယ်တွေဖြစ်တယ် ဒါပေမယ့် ဗိုလ်ချုပ်ချောင်ကတော့ မတူညီတဲ့ ဧကရာဇ်ကို ထောက်ပံ့ပေးခဲ့တယ်။အခုထိ လက်ရှိ ဧကရာဇ်ရဲ့ ဗိုလ်ချုပ်ကြီးဖြစ်နေရတဲ့ အကြောင်းရင်းက သူ့ရဲ့ ပံ့ပိုးကူညီမှုတွေကြောင့်ဖြစ်တယ်။
သူက ဧကရာဇ်အတွက် တိုက်ပွဲဝင်ပေးခဲ့ပြီး ဧကရာဇ်ရဲ့အသက်ကိုတောင်မှ ကယ်တင်ပေးခဲ့သည်။ထိုဟာကြောင့်ပဲ ဧကရာဇ်က ထီးနန်းရပြီးတဲ့နောက် ချောင်မိသားစုကို လွှတ်ပေးခဲ့တာဖြစ်သည်။ဒါပေမယ့် ချောင်မိသားစုက သူ့ကို ကျေးဇူးမတင်ဘူးဆိုတာ ဘယ်သူမသိလို့လဲ သူတို့က သူ့ကိုတောင်မှ အတင်းမောင်းထုတ်ခဲ့ကြသည်။နှစ်များစွာကြာပြီးတဲ့နောက် ဘယ်သူမှ သူဘယ်သွားလဲဆိုတာ မသိပေ။
လူတိုင်းသိထားတာက ဧကရာဇ်က ဗိုလ်ချုပ်မှူးကြီးရာထူးကို သူ့အတွက် အမြဲတမ်းလစ်လပ်ထားတာဖြစ်သည်။သူ(ဧကရာဇ်)က ဗိုလ်ချုပ်ချောင်ပြန်လာတာကို စောင့်နေတာဖြစ်သည်။
"ဒီကိစ္စကို မင်းတို့စိတ်ထဲမှာပဲ သိမ်းထားကြ"
"နားလည်ပါပြီ"
လဲ့အန်းရဲ့ ခွင့်ပြုချက် ရပြီးတဲ့နောက် သူတို့နှစ်ယောက်က စုံစမ်းစစ်ဆေးမှု အတွဲလိုက်ကို စတင်တော့သည်။ဒါပေမယ့် ထိုအမှုက သူတို့အစကထင်ထားသလို မရိုးရှင်းဘူးဆိုတာ ရှာတွေ့သွားသည်။အမှန်တကယ်တော့ ထိုဟာက အရမ်းကို ရှုပ်ထွေးသည်။ဓားပြတွေရဲ့ ခေါင်းဆောင်ပြောကြားချက်အရ သူတို့က ရွာက အားနည်းတဲ့ မိန်းမငယ်လေးကို ကိုင်တွယ်ဖို့ ချောင်မိသားစုအမိန့်ပါတဲ့ တံဆိပ်ပြားတွေကို ရရှိခဲ့တာဖြစ်သည်။
ဒါပေမယ့် အဲ့မှာ အဖြေလစ်လပ်နေတဲ့ မေးခွန်းတွေထပ်ရှိနေသေးတယ် ဉပမာ သူတို့က အဲ့ကောင်မလေး အဲ့လမ်းကို အသုံးပြုမယ်ဆိုတာ ဘယ်လိုသိတာလဲ?ပြီးတော့ သူမ အဲ့ဒီလမ်းကို အသုံးပြုခဲ့တဲ့နေ့မှာမှ ထိုဟာက ဘာလို့ ကွက်တိလာဖြစ်ရတာလဲ?
နောက်တော့ သူတို့က အမိန့်က တကယ်တော့ အမွေဆက်ခံသူသခင်မရဲ့ အစေခံဆီကနေဆိုတာ တွေ့ရှိသွားသည်။
ပြီးတော့ ထိုအစေခံက ပိုင်ရှန်းရွာက အခြားမိန်းကလေးတစ်ဉီးဆီကနေ ကောင်မလေးရဲ့ သွားတဲ့လာတဲ့နေရာတွေကို သိခဲ့တာဖြစ်သည်။
ထပ်ပြီးတော့ စုံစမ်းပြီးတဲ့နောက် သူတို့က ဒီအမှုက အမှန်တကယ်ကို ဒုက္ခများတယ်ခို့ ခံစားရသည်။
ချောင်ထျန်းချန်က သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုကို အရမ်းကျေနပ်နေတယ်။သူက အဲ့လူနှစ်ယောက် လူတွေခေါ်ပြီး ယန်ရှိုးအာအိမ် သွားတာကို ကြည့်နေခဲ့တယ်။
"မင်းတို့ထဲက ဘယ်သူက ယန်ရှိုးအာလဲ"
ယန်ရှိုးအာက ထိုလူနှစ်ယောက်*ခေါ်ပြီး သူမအိမ်ရောက်လာတာ တွေ့တဲ့အချိန် သူမက အနည်းငယ် သတိထားလိုက်သည်။သူတို့တွေ သူမနာမည်ခေါ်တာကို ကြားတဲ့အချိန်မှာပဲ သူမခန္ဓာကိုယ်က တောင့်တင်းသွားပြီး မစဉ်းစားဘဲနဲ့ ပြောလိုက်သည်။
"ကျွန်မပါ"
"သူမကို ခေါ်သွားလိုက်"
သခင်မလော်က သူတို့တွေ သူမ သမီးကို ခေါ်သွားဖို့လုပ်နေတာ မြင်တော့ သူမက ဒေါသထွက်သွားသည်။သူမက အမြန်ရှေ့တိုးသွားပြီး သူမ လက်နှစ်ဖက်ကိုအသုံးပြုကာ ယန်ရှိုးအာကို ကာကွယ်ပေးလိုက်ပြီး အဲ့ဒီနောက် သူတို့ကို စိုက်ကြည့်လိုက်သည်။
"နင်တို့ ဘာလုပ်နေတယ် ထင်နေကြတာလဲ?နင်တို့တွေ ထွက်မသွားဘူးဆိုရင် ငါနင်တို့ကို ပိုင်နက်ကျူးကျော်မှုနဲ့ တရားစွဲပစ်မယ်!"
ထိုလူတွေက သခင်မလော်ကို အခြေအနေရှင်းပြဖို့ စိတ်ရှည်မနေခဲ့ပေ။သူတို့ထဲက တစ်ယောက်က ပြောလိုက်သည်။
"မင်း တရားစွဲချင်တယ်ဆိုရင် ဒါဆို တရားရုံးကိုသွားလိုက်လေ။မင်းက ငါတို့ရဲ့ အလုပ်ကို နှောင့်နှေးအောင် လုပ်ရဲတယ်ပေါ့လေ အဲ့ဒါကို မင်းတာဝန်ယူနိုင်မယ် ထင်နေတာလား"
"နင်တို့က ဘာလို့ ငါ့သမီးကို ခေါ်သွားကြမှာလဲ?သူ(မ)က ဘာလုပ်လို့လဲ"
"သူ(မ)က ဘာလုပ်လို့လဲ?သူမက လူသတ်မှုကျူးလွန်တာအတွက် သံသယရှိတယ်"
အရာရှိတွေက *ကို ရှာနေခဲ့တဲ့အချိန် ဘာဖြစ်နေလဲဆိုတာ ကြည့်ဖို့ ပွဲကြည့်သူတွေက စုရုံးရောက်ရှိနေကြပြီဖြစ်သည်။ဒါကိုကြားလိုက်ရတော့ သူတို့က မျက်လုံးပြူးသွားကြသည်။
ယန်ရှိုးအာက လူသတ်မှုကျူးလွန်တာအတွက် သံသယရှိတာလား?သူမရဲ့ ကြောက်ရွံ့မှုတွေပြည့်နေတဲ့ ဖြူဖျော့နေတဲ့ မျက်နှာကိုကြည့်ပြီး လူတိုင်းက ထိုဟာက တကယ်အမှန်ဖြစ်မယ်လို့ ခံစားရတယ်။
သခင်မလော်က သူမမျက်နှာပေါ်က ထိတ်လန့်အံ့ဩမှုတွေနဲ့ သူတို့ကိုကြည့်လိုက်ပြီး
"မဟုတ်ဘူး.........ဒါ မဖြစ်နိုင်ဘူး!ငါ့သမီးက အဲ့လိုဟာမျိုး လုပ်မှာမဟုတ်ဘူး!"
အရာရှိတွေက သခင်မလော်ကို စိတ်မရှည်စွာနဲ့ ဘေးကိုတွန်းဖယ်လိုက်ပြီး
"ငါတို့က သက်သေမရှိဘဲနဲ့ သူ့(မ)ကို ဒီကိုလာပြီး ဖမ်းမယ်ထင်နေလား?ဘေးဖယ်စမ်း!"
အစိုးရအရာရှိတွေက ယန်ရှိုးအာကို ဖမ်းဆီးလိုက်သည်၊တောင်ခြေကို သွားတဲ့လမ်းတစ်လျှောက်မှာ သူတို့က နင်းမုန့်ယောင်ရယ်ချောင်ထျန်းချန်နဲ့ တွေ့ခဲ့သည်။
ယန်ရှိူးအာက အလွန်သန်မာတဲ့ခွန်အားနဲ့ အရာရှိဖမ်းထားတာကနေ လွတ်အောင်လုပ်ပြီး နင်းမုန့်ယောင်ဆီကို ပြေးသွားလိုက်သည်။သူမက နင်းမုန့်ယောင်ရဲ့ အဝတ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး တောင်းပန်လိုက်သည်။
"မုန့်ယောင် ငါတောင်းပန်ပါတယ် ငါ့ကို ကယ်ပါဦး။ငါ့မှာ ဘာအပြစ်မှ မရှိဘူး"
ယန်ရှိူးအာရဲ့လက်ကို ခါထုတ်လိုက်ပြီး နင်းမုန့်ယောင်ရဲ့မျက်နှာက ရွံ့ရှာမှုအပြည့်နဲ့
"နင်က အပြစ်မရှိဘူးလို့ ပြောတာလား?အဲ့လိုဆိုရင် ဒါဆို နင့်ကို တရားစီရင်မယ့် အရာရှိတွေကို သွားပြောလေ"