← Chapters

အခန်း ၁၃၃

Vol. 6 Ch. 133

အခန်း ၁၃၃

Vol. 6 Ch. 133

Chapter 133

ကျောက်စိမ်းတံဆိပ်ပြားက ရှောင်ကျီရွှမ်းလက်ထဲမှာ အမြဲတမ်းရှိနေခဲ့တာဖြစ်သည်။ဒါပေမယ့် ထိုဟာက အခု အခြားတစ်ယောက်ရဲ့လက်ထဲကို ရောက်သွားပြီး စစ်သားနှစ်‌ယောက်က ပြန်ယူလာခဲ့တယ်။

သူတို့ထဲက တစ်ယောက်က လီချန်းဖြစ်ပြီး သူက ရှေးရိုးဆန်ကာ သစ္စာရှိတဲ့ယောကျာ်းတစ်ယောက်ဖြစ်တယ်။အခြားတစ်ယောက်က ဝူကျုံးဖြစ်ပြီး လီချန်းနဲ့သက်တူရွယ်တူပဲဖြစ်တယ်။သူတို့နှစ်ယောက်လုံးက ဧကရာဇ်ရဲ့ အယုံကြည်ရဆုံး လက်အောက်ငယ်သားတွေဖြစ်သည်။သူတို့ ဒီအမှုကို စုံစမ်းစစ်ဆေးရတဲ့ အကြောင်းအရင်းက ဧကရာဇ်ရဲ့အမိန့်ကြောင့်ဆိုတာ သေချာသလောက်ရှိသည်။

"လူကြီးမင်းလီ သင်နဲ့ ဗိုလ်မှူးဝူတို့က ဘယ်နေရာကနေ ရှောင်မိသားစုရဲ့ တံဆိပ်ပြားကို ရလာခဲ့တာလဲ"

ဒီကျောက်စိမ်းတံဆိပ်ပြားက ရှောင်မိသားစုဝင်တွေရဲ့ လက်ထဲမှာသာ တွေ့ရမှာဖြစ်တယ် အဲ့ဒါက ဘယ်လိုလုပ် ဒီလူနှစ်‌ယောက်ဆီ ရောက်နေရတာလဲ?

လီချန်းက ရှောင်ရီလင်းကို ကြည့်လိုက်ပြီး ဇာတ်လမ်းအကျဉ်းချုပ်ပြောပြလိုက်သည်။

ရှောင်ရီလင်းက လီချန်းလက်ထဲက ကျောက်စိမ်းပြားကိုယူလိုက်ပြီး သူ့မျက်ခုံးတွေက အသာလေးတွန့်ချိုးသွားကာ

"ရွှမ်းအာ ဒါ သမီးတံဆိပ်ပြား မဟုတ်ဘူးလား"

ကျောက်စိမ်းတံဆိပ်ပြားရဲ့ နောက်ကျောဘက်မှာ 'ရွှမ်း'ဆိုတဲ့ စာလုံးအသေးလေး ထွင်းထုထားသည်။များသောအားဖြင့် ထိုဟာကို လူတွေက သတိမထားမိကြပေ။

ရှောင်ကျီရွှမ်းက သူမစိတ်ထဲက ထိတ်လန့်မှုကို ဖိနှိပ်ပြီး သံသယဝင်တဲ့ပုံစံနဲ့ မေးလိုက်သည်။

"သမီးဟာလား?အဲ့ဒါက ဘယ်လိုလုပ် သမီးဟာဖြစ်နိုင်မှာလဲ"

ရှောင်ကျီရွှမ်းက ရှောင်ရီလင်းလက်ထဲက ကျောက်စိမ်းတံဆိပ်ပြားကိုယူလိုက်ပြီး ထိုဟာက အမှန်တကယ် သူမဟာဖြစ်နေတာ တွေ့လိုက်သည်။

အဲ့ဒီနောက် သူမက လွန်ခဲ့တဲ့အချိန်တွေတုန်းက နင်းမုန့်ယောင်ရဲ့ သူငယ်ချင်းကို တိုက်ခိုက်ဖို့ လူသွားရှာတဲ့ သူမရဲ့အစေခံကို ထိုဟာ ပေးခဲ့ပြီး ပြန်ယူဖို့မေ့နေတယ်ဆိုတာ သတိရသွားသည်။

ထိုဟာကအခု ဒီအမျိုးသားနှစ်ယောက်ရဲ့ လက်ထဲကို ရောက်နေပြီ။

"ကျွန်မ ဒီကျောက်စိမ်းပြားကို အရင်တုန်းက ပျောက်သွားပြီး ရှာမတွေ့ခဲ့ဘူး။ဘယ်သူသိမှာလဲ ကျွန်မကို ကူပြီးရှာပေးခဲ့တာ သင်တို့နှစ်ယောက်ဖြစ်နေတယ်"

ရှောင်ကျီရွှမ်းက ကျေးဇူးတင်တဲ့ပုံနဲ့ ပြောလိုက်သည်။

လီချန်းက သရော်ပြုံးပြုံးလိုက်ပြီး ရှောင်ကျီရွှမ်းကို စိတ်မပါသလို ကြည့်လိုက်ပြီး

"ဒီကျောက်စိမ်းတံဆိပ်ပြားက ဓားပြတစ်ယောက်ဆီကနေ ပြန်ရခဲ့တာ။အဲ့ဒီဓားပြပြောတာတော့ သူက ဒါကို သင် မောင်းထုတ်လိုက်တဲ့ အစေခံဆီကနေ ရခဲ့တာတဲ့"

သူက သတင်းအချက်အလက် ပိုမိုရရှိစေဖို့အတွက် အမှန်တရားမှာ အမှားတစ်ချို့ထည့်ကာ ပြောခဲ့သည်။

သူ့စကားတွေက ရှင်းလင်းတယ် ဒါပေမယ့် ရှောင်ကျီရွှမ်းက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

"သင် ပြောတာမှန်တယ်။သူက ကျွန်မဆီကနေ ပစ္စည်းခိုးလို့ ကျွန်မသူ့ကို မောင်းထုတ်လိုက်တာ"

လီချန်းက ရှောင်ကျီရွှမ်း အခုထိ လိမ်နေသေးတာကို စိတ်မရှည်တော့တာကြောင့် သူက သူမကို မပျော်မရွှင်စိုက်ကြည့်လိုက်ပြီး

"တကယ်လား?ဒါဆို သူက သင့်အိမ်တော်ကို လွယ်လွယ်ကူကူ ဝင်ထွက်သွားလာနေတုန်းပဲဆိုတဲ့ ကျွန်တော်တို့ရဲ့ စုံစမ်းမှုက ဘယ်လိုဖြစ်တာလဲ"

ရှောင်ကျီရွှမ်းရဲ့ အမူအရာ ပြောင်းလဲသွားတယ်။အစတုန်းက သူမက အစေခံဆီကို အပြစ်တွေပုံချနိုင်မယ်လို့ ထင်ခဲ့ပေမယ့် သူတို့တွေက အသေးစိတ်အချက်အလက်တွေအထိ စုံစမ်းပြီးသွားလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။

"သင် မရှင်းပြနိုင်ဘူးဆိုမှတော့ ဒါဆို ကျေးဇူးပြုပြီး ကျွန်တော်တို့နောက်က လိုက်ခဲ့ပေးပါ"

လီချန်းက ရှောင်ကျီရွှမ်းကို ခက်ထန်စွာကြည့်လိုက်သည်။

ရှောင်ကျီရွှမ်းက အေးခဲသွားပြီး သူမခေါင်းကို ပြင်းပြင်းထန်ထန်ခါရမ်းကာ

"ကျွန်မက ကိုယ်ဝန်ရှိနေတာလေ။ဘယ်လိုလုပ် ခရီးဝေးသွားနိုင်မှာလဲ"

"သင်က ခရီးဝေးမသွားနိုင်ဘူးလား?အောက်ခြေအရာရှိတွေက အကျဉ်းသားနှစ်ယောက်ကို မြို့တော်ကို ပို့ဆောင်ထားပေးတဲ့အတွက် ကျေးဇူးတင်ရမယ်။ဒါဆို ကျွန်တော်တို့ သင်နဲ့ မှုခင်းဌာနမှာ တွေ့ပါမယ်"

လီချန်းကပြောပြီး ရှောင်ရီလင်းဘက်ကို လှည့်ကာ

"အမတ်မင်း ဗိုလ်မှူးဝူနဲ့ ကျွန်တော်တို့ သွားပါတော့မယ်"

နှစ်ယောက်ထွက်သွားပြီးတဲ့နောက် ရှောင်ရီလင်းက ရှောင်ကျီရွှမ်းကို စိုက်ကြည့်လိုက်ပြီး

"ဝန်ခံစမ်း၊နင် ဒီတစ်ခေါက် ဘာလုပ်ထားတာလဲ"

ရှောင်ကျီရွှမ်းက သူမ မလုပ်တဲ့အရာတစ်ခုခုကို စွပ်စွဲခံထားရတဲ့ပုံစံ သရုပ်ဆောင်ပြီး

"အဖေ ဘယ်လိုလုပ် သမီးကို မယုံရတာလဲ"

ရှောင်ရီလင်းက ရှောင်ကျီရွှမ်းကို တကယ့်ကို ချစ်မြတ်နိုးတယ် ဒါပေမယ့် သူက ငတုံးတစ်ယောက် မဟုတ်ပေ။

"ငါ နင့်ကိုယုံတယ် ဒါပေမယ့် နင့်ရဲ့ အကျင့်စရိုက်ကိုလည်း ငါသိတယ်။ငါ့ကို ပြောစမ်း ဘာတွေဖြစ်နေတာလဲ။နင်က ဘယ်လိုလုပ် အဲ့ဒီဓားပြတွေနဲ့ သွားပတ်သက်နေရတာလဲ?"

လွန်ခဲ့တဲ့အချိန်တွေတုန်းက ချောင်မိသားစုက ဓားပြတွေနဲ့ အဆက်အသွယ်ရှိတာကြောင့် ဧကရာဇ်ကို ‌ဒေါသထွက်သွားစေပြီး သူတို့ကို စုံစမ်းစစ်ဆေးခိုင်းခဲ့တယ်လို့ သူကြားဖူးတယ်။ဒါပေမယ့် အခု သူ့သမီးကလည်း ဆင်တူတဲ့အခြေအနေနဲ့ ပါဝင်ပတ်သက်‌နေတာကြောင့် သူ့ကို ဒေါသထွက်စေတယ်။

ရှောင်ကျီရွှမ်းက ရှောင်ရီလင်းကို စိတ်ပျက်လက်ပျက်နဲ့ကြည့်ပြီး

"အဖေ သမီး ဘာမှမလုပ်ခဲ့ဘူး"

"နင် အခု ဝန်မခံရင် လီချန်းက နင်နဲ့ပတ်သက်နေတဲ့ သက်သေတွေရှာတွေ့တဲ့အခါကျ ငါလည်း နင့်ကို ကယ်နိုင်မှာ မဟုတ်တော့ဘူး။ဧကရာဇ်က ဒီအမှုကို စုံစမ်းဖို့ ကိုယ်တိုင်အမိန့်ပေးထားတာ။ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး ဧကရာဇ်ရဲ့ ရပ်တည်ချက်ကို နင်သေချာသိပါတယ်"

ရှောင်ရီလင်းက သူ့သမီးကို စိုက်ကြည့်နေခဲ့သည်။

ရှောင်ကျီရွှမ်းက တောင့်တင်းသွားတယ်။ဧကရာဇ်က ဆိုးရွားတဲ့အကျင့်စရိုက်ရှိတာ အမှန်ပဲဖြစ်တယ်။မျှမျှတတပြောမယ်ဆိုရင် "ဆိုးရွားတယ်"ဆိုတာက သူ့ရဲ့အကျင့်စရိုက်ကိုဖော်ပြဖို့ မှန်ကန်တဲ့ အသုံးအနှုန်းမဟုတ်ပေ။များသောအားဖြင့် သူနဲ့ပေါင်းသင်းဆက်ဆံဖို့က တကယ့်ကို လွယ်ကူတယ် သူက ချစ်သူတစ်ယောက်လို နူးညံ့သိမ့်မွေ့တယ် ဒါပေမယ့် တစ်ခုခု ကြီးကြီးမားမားကြုံလာခဲ့ရင်တော့ သူက ချက်ချင်းပဲ ဆန့်ကျင်ဘက်ဖြစ်သွားနိုင်တယ်။

အရာရှိတွေအားလုံးက ဘာတစ်ခုမှ သူ့ကို ဖုံးကွယ်မထားရဲပေ အထူးသဖြင့် ပြည်သူတွေနဲ့ ပတ်သက်တဲ့ကိစ္စတွေဖြစ်သည်။အခု ပြည်သူတစ်ဦးကို တိုက်ခိုက်ခဲ့တဲ့ ဓားပြတွေက ရှောင်ကျီရွှမ်းနဲ့ ပတ်သက်နေသည်။ရှောင်ရီလင်းက သူမကို သတိပေးဖို့ မလိုအပ်ဘဲနဲ့ သူမက သူမအပြုအမူတွေရဲ့ အကျိုးဆက်တွေကို ခန့်မှန်းမိနေပြီ ဖြစ်သည်။

သူမ ဝမ်းကွဲက ဧကရာဇ်ဖြစ်တယ် ဒါပေမယ့် သူမတို့ရဲ့ ပတ်သက်မှုကြောင့်နဲ့ သူက သူမကို အပြစ်က ခွင့်လွှတ်ပေးမှာမဟုတ်ဘူးဆိုတာ သေချာတယ်။

ဒါကို စဉ်းစားမိတော့ ရှောင်ကျီရွှမ်က ရုတ်တရက် ကြောက်ရွံ့လာပြီး အမြန်ပဲ သူမဘာလုပ်ခဲ့လဲဆိုတာ ရှောင်ရီလင်းကို ဝန်ခံလိုက်သည်။

ရှောင်ကျီရွှမ်းစကားတွေက ရှောင်ရီလင်းကို ဒေါသထွက်သွားစေပြီး

"ဆင်ခြင်ဉာဏ်မဲ့လိုက်တာ!”

All Chapters