အခန်း ၁၃၄
Vol. 6 Ch. 134
Chapter 134
ရွာသူတစ်ယောက်ကို ဒုက္ခပေးဖို့အတွက်နဲ့ ရှောင်ကျီရွှမ်းက တကယ်ကြီး ဓားပြတွေနဲ့သွားပြီး ပတ်သက်တယ်။အဆိုးဆုံးကတော့ သူတို့က သူမနဲ့ပတ်သက်တဲ့ သက်သေ ရှာတွေ့သွားတာပဲ!
ရှောင်ရီလင်းအော်လိုက်တာက ရှောင်ကျီရွှမ်းကို ထိတ်လန့်သွားစေပြီး သူမက စိုးရိမ်တကြီးနဲ့
"အဖေ သမီးတို့ ဘာလုပ်ကြမလဲ"
သူက သူမကို စိုက်ကြည့်လိုက်ပြီး
"အခု မင်းက စိုးရိမ်သောကရောက်နေတယ်။အိမ်တော်ကို ပြန်ပြီး ငြိမ်ငြိမ်လေးနေနေ။မင်းရဲ့ ကျောက်စိမ်းတံဆိပ်ပြားက အခိုးခံလိုက်ရတာပဲ။ဒီကိစ္စက မင်းနဲ့လုံးဝ မသက်ဆိုင်ဘူး"
"ဟုတ်ကဲ့အဖေ သမီးနားလည်ပါပြီ"
ရှောင်ကျီရွမ်းက အခု လုံးဝ စိတ်အေးသွားပြီ။သူမအဖေက ကူညီပေးနေသရွေ့ ဘာပြဿနာမှ ရှိလာမှာမဟုတ်ဘူး။
ရှောင်ရီလင်းက နဖူးကို နှိပ်လိုက်တယ်။ဒီကောင်မလေးက တကယ့်ကို ပြဿနာအိုးပဲ။
သူမ ထွက်သွားပြီးတဲ့နောက် ရှောင်ရီလင်းက ဧကရာဇ်ရဲ့စုံစမ်းစစ်ဆေးမှုကို ကိုင်တွယ်ဖို့ ပေကျင်းကို လူတွေစေလွှတ်လိုက်သည်။
အဆုံးမှာတော့ လီချန်း ပေကျင်းကို ခေါ်သွားဖို့ ကြံရွယ်ထားတဲ့ အကျဉ်းသားနှစ်ဦးက တိုက်ခိုက်မှုမှာ သေဆုံးသွားခဲ့သည်။
ဒါက လီချန်းကို ဒေါသထွက်စေတယ်။တစ်ယောက်ယောက်က သူ့နှာခေါင်းအောက်ကနေ သူ့ကို တိုက်ခိုက်ဖို့ ကြိုးစားနေတယ်!
ထိုအကျဉ်းသားနှစ်ယောက်က မူးယစ်ဆေးခတ်ခံထားရပြီး သူတို့သေဆုံးမှုက မတော်တဆမှု မဟုတ်ဘူးဆိုတာ ဖော်ပြနေသည်။
ဒါပေမယ့် နောက်ထပ် ဘာသဲလွန်စမှ မရှိပေ။သူက ဒီကိစ္စက ဧကရာဇ်ရှောင်ရဲ့ အိမ်တော်နဲ့ ချိတ်ဆက်နေတယ်ဆိုတာ သိတာတောင်မှ သူ့မှာ သက်သေမရှိတာကြောင့် သူ ဘာမှမလုပ်နိုင်ဘူး။
"လီချန်း ငါတို့ သူတို့ကို ဒီလိုပဲ လွှတ်ပေးလိုက်တော့မှာလား"
ဝူကျုံးရဲ့ မျက်ခုံးတွေက တွန့်ချိုးနေတယ်။သူက ဒီလိုမျိုးဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။
"အခု ဒီကိစ္စကို ဧကရာဇ်ရှောင်ရဲ့ အိမ်တော်ကို ငါတို့ အပြစ်တင်လို့မရဘူး ဒါပေမယ့် ယေဘုယျ ညွှန်ကြားချက်တွေကတော့ သူက ရှောင်တွေကို သင်ခန်းစာပေးချင်တာ သေချာတယ်"
လီချန်း ခေါင်းကိုက်နေရပြီ။ဗိုလ်ချုပ်ကြီးသာ ဒီအကြောင်းကို သိသွားရင် သူတို့နှစ်ယောက်တော့ ဒုက္ခအကြီးအကျယ်ရောက်ပြီ။
ဝူကျုံးက သူ့လည်ပင်းကို တွ့န်ခါလိုက်ပြီး
"ငါတို့ ဒီအကြောင်းကို ဧကရာဇ်ကို ပြောပြလိုက်တာ ပိုကောင်းမယ်လို့ ထင်တယ် ပြီးမှ ဧကရာဇ်ကို ဆုံးဖြတ်ခိုင်းတာပေါ့"
"ဟုတ်တယ် ငါတို့ အခု အဲ့ဒါပဲ လုပ်နိုင်တယ်"
လီချန်းက ခေါင်းငြိမ့်လိုက်သည်။
အမျိုးသားနှစ်ယောက်က သူတို့မြင်းတွေကို စီးနှင်းပြီး ပေကျင်းကို အမြန်ပြန်သွားခဲ့သည်။သူတို့ ပေကျင်းကို ရောက်ပြီးတာနဲ့ နန်းတော်ထဲကို တန်းသွားကြသည်။
နင်းမုန့်ယောင်လည်းပဲ ထောင်ထဲမှာ သေဆုံးသွားတဲ့ ယန်ရှိုးအာသတင်းကို ကြားသည်။ထိုဟာက မျှော်လင့်ထားသလိုပဲ။ဒါပေမယ့် သူမက ဒီလောက်မြန်မြန်ကြီး ဖြစ်သွားလိမ့်မယ်လို့ မထင်ထားပေ ပြီးတော့ ရှောင်ကျီရွှမ်းက ထိုဟာမှာ ပါဝင်ပတ်သက်နေတယ်ဆိုပြီး အဆုံးမသတ်သွားပေ။
ချောင်ထျန်းချန်က နှာခေါင်းရှုံ့ပြီး သရော်လိုက်သည်။
"အကျဉ်းသားနှစ်ယောက်ရဲ့ သေဆုံးမှုက ရှောင်အိမ်တော်က ရှောင်ရီလင်းနဲ့ ပတ်သက်နေတယ်ဆိုတာ သေချာတယ်"
"ဟမ်"
"သူတို့ သေသွားတာကြောင့်ပဲ ရှောင်ကျီရွှမ်းက အဆင်ပြေနေတာလေ"
ကျောက်စိမ်းတံဆိပ်ပြားက သက်သေတစ်ခုဖြစ်ပေမယ့် အကျဉ်းသားနှစ်ယောက်လုံး သေသွားတာနဲ့ဆို အမှန်တရားက ဘာလဲဆိုတာ ဆက်ပြီး မပြောနိုင်တော့ပေ။ဒါကြောင့် ရှောင်ကျီရွှမ်းက သူမ ဘာမှမသိကြောင်းနဲ့ ကျောက်စိမ်းတံဆိပ်ပြားက ခိုးယူခံလိုက်ရတာဆိုပြီး ဆုံးဖြတ်လိုက်ရင် ဘာမှဖြစ်လာမှာ မဟုတ်တော့ဘူး။ဒါဆို လီချန်းနဲ့ သူတို့က ရှောင်ရီလင်းက ကိစ္စတစ်ခုလုံးမှာ ပါဝင်နေတယ်ဆိုတာ သိတော့ရော ဘာဖြစ်လဲ?သူတို့မှာ သက်သေအထောက်အထားမရှိဘူးလေ။
နင်းမုန့်ယောင်က သူမနှုတ်ခမ်းကို ကိုက်လိုက်ပြီး ဖျော့တော့တော့အသံနဲ့ ပြောလိုက်သည်။
"ထားလိုက်ပါတော့။ဘာပဲဖြစ်ဖြစ် ကျွန်မက သူ(မ)ကို တစ်ချက်တည်းနဲ့ လဲကျသွားအောင် မလုပ်ချင်ဘူး"
"အင်း ဒါပေမယ့် ဒီတစ်ခေါက်တော့ ရှောင်အိမ်တော်လည်း ထိခိုက်သွားမယ်ဆိုတာ ကိုယ်ယုံတယ်"
"ဘာလို့လဲ" နင်းမုန့်ယောင်က သိချင်စိတ်ပြင်းပြစွာ မေးလိုက်တယ်။
"ဧကရာဇ်က ငတုံးတစ်ယောက်မဟုတ်ဘူး အမှန်တော့ သူက အရမ်းပါးနပ်တယ်။ရှောင်ကျီရွှမ်းသာ အဲ့ဒီဓားပြတွေနဲ့ အဆက်အသွယ်ရှိရင် ရှောင်အိမ်တော်ကလည်းပဲ အဲ့ဒီဓားပြတွေနဲ့ ပတ်သက်နေတာနဲ့ အတူတူပဲ။တိုတိုပြောရရင် ရှောင်ရီလင်း ဘယ်လောက်ဘဲ လိမ်ဖို့ကြိုးစားပါစေ ဧကရာဇ်က သူ့ကို လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး"
ချောင်ထျန်းချန်က အေးစက်စက်အပြုံးနဲ့ ရှင်းပြလိုက်သည်။
ရှောင်ရီလင်းက ဒီအမှုကို သူက အလွယ်လေးရှင်းပစ်နိုင်မယ်လို့ ထင်နေတာလား?ထိုဟာကသာ လွယ်ကူနေရင် သူ့ရဲ့ ဂရုတစိုက် အကြံအစည်တွေနဲ့ အစီအစဉ်တွေက အလကားပဲ။
နင်းမုန့်ယောင်က စိတ်ကျေနပ်စွာနဲ့ ခေါင်းငြိမ့်လိုက်ပြီး
"ဒါဆိုရင် ကျွန်မ စိတ်သက်သာရာ ရသွားပြီ"
ချောင်ထျန်းချန်ပြောတာနဲ့ ဆင်တူစွာပဲ ရှောင်အိမ်တော်နဲ့ ချောင်မိသားစုက ဒီအဖြစ်အပျက်ကြောင့် ထိခိုက်ခဲ့ရသည်။ချောင်တွေရဲ့ တရားဝင်ရာထူးက အဆင့်နှစ်ဗိုလ်ချပ်အဖြစ်ကနေ သုံးကို ကျဆင်းသွားခဲ့သည်။
၎င်းကြောင့် ရှောင်အိမ်တော်မှာလည်း မငြိမ်မသက်ဖြစ်နေခဲ့သည်။ရှောင်ရီလင်းရဲ့ မျက်နှာက မဲမှောင်လာခဲ့တယ်။ဒီလို ကိစ္စသေးသေးလေးတစ်ခုက ဒီလောက်အရာအများကြီးကို ဖြစ်စေလိမ့်မယ်လို့ ဘယ်သူသိမှာလဲ?
မြို့တော်မှာ ဘယ်သူတွေပဲ ဒုက္ခရောက်နေပါစေ နင်းမုန့်ယောင်ကတော့ သက်သောင့်သက်သာရှိနေတုန်းဖြစ်သည်။
သူမက ချောင်ထျန်းချန်နဲ့ နေ့တိုင်း စကားဝိုင်းဖွဲ့ပြောပြီး အလုပ်ရုံနဲ့ ဝိုင်ဆိုင်တို့ကို သွားသည်။သူမက သူမရဲ့ ယုန်၊ငါးကန် စတာတွေကိုတောင် သွားလည်ခဲ့သည်၊နေ့ရက်တွေက ထိုအတိုင်းပဲ ကုန်ဆုံးတာဖြစ်သည်။
ဒါက နင်းမုန့်ယောင်ရဲ့ စိတ်ကို အရမ်းအေးချမ်းစေတယ်။
မကြာခင်မှာပဲ ဒီနှစ်ရဲ့ ပထမဆုံးပွဲတော်ဖြစ်တဲ့ နဂါးလှေပွဲတော် ရောက်လာခဲ့သည်။
နဂါးလှေပွဲတော် တစ်ရက်မတိုင်ခင် နင်းမုန့်ယောင်က ဖက်ထုပ် စလုပ်သည်။အဲ့မှာ ကြက်ဉအနှစ်အရသာ၊ဝက်သားအရသာ၊မြေပဲအရသာ နဲ့ တစ်ခြား အရသာများစွာ ရှိသည်။
ဖက်ထုပ်တွေကို ထုပ်ပိုးပြီးတဲ့နောက် သူမက တစ်ချို့တစ်လေပေးဖို့ ရွာထဲသွားသည်။သူမက သူမအတွက် အလုပ်လုပ်တဲ့လူတွေကိုတောင်မှ လက်ဆောင်တွေ ပေးသည်။