အခန်း ၁၃၅
Vol. 6 Ch. 135
Chapter 135
နင်းမုန့်ယောင်ဆီကနေ လက်ဆောင်တွေရပြီးတဲ့နောက် လူတိုင်းက ပြုံးပျော်သွားကြပြီး သူတို့တွေ မနက်ဖြန်အတွက် အသားဝယ်ဖို့ မလိုတော့ဘူးဆိုပြီး ပြောကြသည်။
ဒုတိယနေ့မှာ ပွဲတော်ဆင်နွှဲဖို့အတွက် နင်းမုန့်ယောင်က လူတိုင်းကို တစ်ရက်ပိတ်ပေးလိုက်ပြီး သူတို့ကို အနားယူစေသည်။လုံလောက်တဲ့ ကုန်စာရင်းတွေ ရှိနေသေးမှတော့ တစ်ရက်ပိတ်လိုက်တာက အများကြီး ထိခိုက်မှာ မဟုတ်ပေ။
ချောင်ထျန်းချန်က ပုံမှန်အတိုင်း မနက်ခင်းအစောကြီး ကူညီဖို့ရောက်လာခဲ့သည်။မနက်စာ စားပြီးတဲ့နောက် သူက သူ့ရဲ့လေးနဲ့မြှားကိုယူကာ တောင်ပေါ်သွားခဲ့သည်။
သူတို့နှစ်ယောက်ရဲ့ နေရခက်တဲ့ဆက်ဆံရေးအဆင့်ကို ကျော်ဖြတ်ပြီးတဲ့နောက် ချောင်ထျန်းချန်က သူမနေရာမှာပဲ အလွယ်တကူပဲ အိပ်သွားတတ်သည်။နေ့တိုင်း သူက နင်းမုန့်ယောင်ဆီမှာ ထမင်းသုံးနပ်စားသည်။အဖွားချင်နဲ့ကျန်တဲ့ အစေခံတွေအားလုံးက သူပြုမူနေတဲ့ပုံစံက သူ သူမကို လက်ထပ်ဖို့မစောင့်နိုင်တော့တဲ့အတိုင်းပဲဆိုတာ အားလုံး သဘောတူလက်ခံကြသည်။
ချောင်ထျန်းချန် ထွက်သွားပြီးတဲ့နောက် နင်းမုန့်ယောင်က ထိုအကြောင်းကို ခဏတွေးနေခဲ့ပြီး ပုခုံးအတွန့်ကာ အလုပ်များသွားခဲ့တယ်။
သူမက ဒီနေ့ပိုပြီး အရသာရှိတဲ့အစားအစာ ချက်ဖို့စီစဉ်ထားတယ် ဒါကြောင့် မနက်ခင်း မနက်စာစားပြီးကတည်းက မီးဖိုချောင်ထဲမှာ အလုပ်များနေခဲ့တာဖြစ်တယ်။အဖွားချင်နဲ့ချင်းရွှယ်က သူမကို ကူညီပေးတာကြောင့် ပြင်ဆင်ရတာ ပင်ပန်းတာ သက်သာခဲ့တယ်။
"သခင်မလေး ဒီနေ့ဘာလုပ်မှာလဲ"
နင်းမုန့်ယောင်ပြင်ဆင်ထားတဲ့ ပါဝင်ပစ္စည်းတွေကိုကြည့်ပြီး ချင်းရွှယ်က သိချင်သွားသည်။
တူ
"အမ်း..........ရိုးရိုးရှင်းရှင်း သာမန်အရာလေးပါပဲ"
နင်းမုန့်ယောင်က ပြောလိုက်ပေမယ့် သူမလက်တွေက လှုပ်ရှားနေတာ မရပ်သွားပေ။
သူတို့တွေ ပြီးခါနီးအချိန်လောက်မှာ ချောင်ထျန်းချန် ပြန်ရောက်လာခဲ့ပြီး သူ့ပုခုံးပေါ်မှာ သမင်တစ်ကောင်၊လက်ထဲမှာ မြည်းတစ်ကောင်၊ရစ်ငှက်တစ်ကောင်နဲ့ ယုန်တစ်ကောင်တို့ သယ်လာခဲ့သည်။
ဒါကိုမြင်တော့ နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို ကြည့်လိုက်ပြီး
"ရှင် ဒီခွန်အားတွေအကုန်လုံးကို ဘယ်ကရလာတာလဲ"
"ခန့်မှန်းကြည့်လေ" ချောင်ထျန်းချန်က နင်းမုန့်ယောင်ဆီ သွားလိုက်တယ်။
"ရှင် အဲ့မှာရပ်နေ ရှင်ကသွေးတွေပေနေတာ"
နင်းမုန့်ယောင်က သူ့ကိုတွန်းထုတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်က သွေးတွေကို လက်ညှိုးထိုးပြလိုက်သည်။
ချောင်ထျန်းချန်က မျက်ခုံးပင့်လိုက်ပြီး နင်းမုန့်ယောင်ဘေးကို သွားလိုက်သည်။သူက သူမကို လှမ်းဖက်လိုက်ပြီး
"သွေးလေးနည်းနည်းပဲကို မင်းက ကိုယ့်ကိုမောင်းထုတ်နေပြီလား"
"ရှင် ရွံ့စရာကောင်းတယ်။အရင်ဆုံး အိမ်ပြန် သန့်ရှင်းရေးလုပ်ပြီး ဒီကိုပြန်မလာခင် ရှင့်အဝတ်အစားတွေလဲလာခဲ့"
နင်းမုန့်ယောင်က သူ့လက်မောင်းတွေထဲကနေ ရုန်းထွက်လိုက်ပြီး သူ့ကို စိုက်ကြည့်လိုက်တယ်။
ချောင်ထျန်းချန်က ခေါင်းရမ်းလိုက်ပြီး
"ဟင့်အင်း ကိုယ်ဒါတွေကို အရင်ကိုင်တွယ်ရဦးမယ်။အရင်တစ်ခေါက်တုန်းက မင်းပဲအသားကင်စားချင်တယ်လို့ မပြောခဲ့ဘူးလား?ဒီနေ့ စမ်းကြည့်ကြမလား"
နင်းမုန့်ယောင်ရဲ့ မျက်လုံးတွေက တောက်ပသွားပြီး ထိုဟာက အကြံကောင်းတစ်ခုပဲလို့ တွေးလိုက်တယ်၊
"ကောင်းတယ် ဒါဆို ဒီလိုပဲ ဆုံးဖြတ်ကြမယ်။ကျွန်မတို့ ဒီည အသားကင်စားကြမယ်။ချင်းရွှမ်း ဦးလေးရန်အိမ်ကိုသွားပြီး သူတို့ကို ဒီညလာခဲ့ဖို့ ဖိတ်လိုက်"
"ဟုတ်ကဲ့ သခင်မလေး"
သူ့ရဲ့ သွေးပေနေတဲ့ အဝတ်အစားတွေနဲ့ ချောင်ထျန်းချန်က အသားတွေပြင်တယ်။နင်းမုန့်ယောင်က သူ့ကို ခဏလောက်ကြည့်နေခဲ့ပြီး အဲ့ဒီနောက် စိတ်မဝင်စားတော့တာကြောင့် ဟင်းချက်ဖို့ပဲ ပြန်သွားလိုက်တယ်။
သူမက ဒီနေ့ ဟင်းကိုးပွဲလုပ်ခဲ့ပြီး သူတို့အားလုံးက အရသာရှိကြသည်။
"ကိုယ် အရမ်းဗိုက်ဆာနေပြီ"
ချောင်ထျန်းချန်က လက်ဆေးပြီး ခွေးခြေခုံပေါ်ထိုင်လိုက်သည်။
အရသာရှိတဲ့ မွှေးရနံ့ကို အနံ့ရနေတော့ သူက အသားတွေဆက်ပြီး ဆေးကြောဖို့ စိတ်ကူးမရှိတော့ပေ။
နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို မျက်စောင်းထိုးလိုက်ပြီး သူ့လက်ထဲကို တူတစ်စုံထည့်ပေးလိုက်သည်၊။အဲ့ဒီနောက် သူမက
"ဒီမှာ စားဖို့အများကြီးရှိသေးတယ် ဒါတောင် စကားတွေအများကြီးပြောနေတယ်"
"သခင်မလေး ဒီနေ့မြို့မှာ နဂါးလှေပြိုင်ပွဲရှိတယ်တဲ့......"
ချင်းကျူးက နင်းမုန့်ယောင်ကို ငြီးပြလိုက်တယ်။
နင်းမုန့်ယောင်က ခေါင်းငြိမ့်လိုက်တယ်။
"ငါတို့တွေ စားပြီးတော့ သွားကြရင် ဘယ်လိုလဲ"
အခုက ၁၁ ဒါမှမဟုတ် ၁၂ နာရီလောက်ဖြစ်တယ်။ဒါဆို သူတို့တွေ အဲ့ကို မွန်းလွဲပိုင်းလောက် ရောက်လိမ့်မယ်။အဲ့ဒါဆို ညနေကျ သူတို့ အိမ်ကို စောစောပြန်လာလို့ရတယ်။
"မင်းတို့သွားချင်တယ်ဆိုရင် ဒါဆို မြန်မြန်စားကြ"
ချောင်ထျန်းချန်က အခုထိ အိပ်မက်မက်နေသေးတဲ့ လူအချို့ကို အော်ပြောလိုက်သည်။
လူတော်တော်များများက သူ့ကြောင့် အံ့ဩသွားကြပြီး ချက်ချင်းစားကြတော့သည်။စားပြီးတဲ့နောက် ချောင်ထျန်းချန်က အဝတ်အစားလဲဖို့ ပြန်သွားပြီး လူတိုင်းကလည်း သူတို့ဘာသာ ပြင်ဆင်နေကြသည်။
အဖွားချင်နဲ့ ကျန်းချွမ်က မသွားချင်ကြပေ။သူတို့က ဒီနေ့ညအတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကို သူတို့ပြင်ထားလိုက်မယ် ပြောလိုက်သည်။ဒါကြောင့် နင်းမုန့်ယောင်က တစ်ခြားအစေခံကို သုံးယောက်ကိုခေါ်ပြီး ချောင်ထျန်းချန်ရယ် ချင်းရွှင်ရယ်နဲ့အတူ မြို့ကိုသွားသည်။
သူတို့ရောက်တဲ့အချိန် ရေကန်ဘေးမှာ လူတွေအများကြီး စုရုံးနေကြပြီဖြစ်သည်။
ပုံမှန်ဆိုရင် ဒီနေရာက ပျော်စရာကောင်းတဲ့ နေရာတစ်ခုဖြစ်သည်။ဒီနေ့ ပြိုင်ပွဲတစ်ခုရှိတာကြောင့် အဲ့မှာ လူအုပ်ကြီးက ပုံမှန်ထက် ပိုစည်ကားနေသည်။
"လူတွေ အများကြီးပဲ ကျွန်မတို့ ဘယ်လိုလုပ် ပြိုင်ပွဲကို မြင်ရတော့မှာလဲ"
နင်းမုန့်ယောင်က လူအုပ်ကြီးကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။
ချောင်ထျန်းချန်က သူမကို ရှေ့ကို ချီသွားလိုက်သည်။
ရှေ့ဆုံးမှာရပ်နေတဲ့ နင်းမုန့်ယောင်က သူဘယ်လိုလုပ်လိုက်တာလဲဆိုတာ အခုထိ အံ့ဩနေတုန်းပဲ။
"ရှင်က အရမ်းအံ့ဩဖို့ကောင်းတာပဲ" နင်းမုန့်ယောင်က တိုးတိုးလေး ပြောလိုက်တယ်။
"ဟဲဟဲ ဒါက ကြီးကြီးမားမားမှ မဟုတ်တာ။ကိုယ်တို့ အချိန်မီရောက်လာတာပဲ။ပြိုင်ပွဲက စတော့မယ်"
ပြိုင်ပွဲအခင်းအကျင်းကိုကြည့်ပြီး ချောင်ထျန်းချန်က ပြောလိုက်သည်၊။ထိုဟာက ဒုတိယပိုင်းကို ရောက်နေပြီဖြစ်သည်။
နင်းမုန့်ယောင်က ခေါင်းငြိမ့်လိုက်ပြီး ပြိုင်ပွဲကို အာရုံစိုက်ထားသည်။သူမက ဗုံသံတွေနဲ့ ကျယ်လောင်စွာ အော်ဟစ်အားပေးနေတဲ့ အသံတွေကို နားထောင်သည်။ပွဲကြည့်သူတွေက မတတ်နိုင်ဘဲ စိတ်လှုပ်ရှားနေကြသည်။ရဲရင့်တဲ့လူတွေက အတူတကွ အားပေးခဲ့ကြတယ်။