← Chapters

အခန်း ၁၃၆

Vol. 6 Ch. 136

အခန်း ၁၃၆

Vol. 6 Ch. 136

Chapter 136

ရန်ကွေ့လည်းပဲ သူမအစ်ကိုနဲ့ယောင်းမနောက်ကိုလိုက်ပြီး နဂါးလှေပြိုင်ပွဲကို ကြည့်ခဲ့သည်။ဘယ်သူသိမှာလဲ သူမ လှည့်ပတ်ကြည့်နေတဲ့အချိန် နင်းမုန့်ယောင်ကို သူများတွေ တွန်းတိုက်မိပြီး မတော်တဆ ရေထဲကျသွားမှာ စိုးရိမ်နေလို့ ကာကွယ်ပေးနေတဲ့ ချောင်ထျန်းချန်ကို သတိထားမိလိုက်တယ်။

အဲ့ဒီ ဂရုစိုက်နေတဲ့အကြည့်က ရန်ကွေ့ကို ရွံ့သွားစေတယ်။ချောင်ထျန်းချန်က ဘယ်လိုလုပ် အဲ့ခွေးမကို အဲ့လောက် ကောင်းကောင်းဆက်ဆံနေရတာလဲ?

သူမက သူမအစ်ကိုနဲ့ယောင်းမက သူမကို အာရုံမစိုက်နိုင်သေးတာ သေချာအောင် တိတ်တိတ်လေးကြည့်လိုက်ပြီး အဲ့ဒီနောက် နင်းမုန့်ယောင်ဆီကို ချဉ်းကပ်သွားသည်။

သူမ(နင်းမုန့်‌ယောင်)နားကို ရောက်တော့ တစ်ယောက်ယောက်က မတော်တဆ တွန်းတိုက်လိုက်တဲ့ပုံစံ ဟန်ဆောင်ပြီး နင်းမုန့်ယောင်ကို တွန်းချလိုက်သည်။

အစတုန်းက ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို ကာကွယ်ပေးနေတာကြောင့် သူမနောက်ကလူတွေက တွန်းတာမခံရပေ၊ဒါပေမယ့် တစ်ယောက်‌‌ယောက်က သူမကို ဘေးကနေ တွန်းချလိမ့်မယ်လို့တော့ သူမထင်ထားခဲ့ပေ။

နင်းမုန့်‌‌ယောင်က သူမပတ်ဝန်းကျင်ကို အာရုံမရှိတာကြောင့် ရေထဲကို တွန်းချခံလိုက်ရသည်။ဒါပေမယ့် ရန်ကွေ့က သူမပြုတ်ကျတော့မယ့်အချိန်မှာ ချောင်ထျန်းချန်ရဲ့ အင်္ကျီစကို ဆွဲထားလိုက်နိုင်သည်။

ရေထဲပြုတ်ကျသံက အနီးအနားက လူအုပ်ကြီးကို အံ့ဩသွားစေသည်။လူအချို့က နင်းမုန့်‌ယောင်ကို ကယ်တင်ဖို့ ရေထဲ အမြန်ခုန်ချကြသည်။

ရန်ကွေ့က အစတုန်းက ချောင်ထျန်းချန်ကို ထိန်းထားချင်တာဖြစ်တယ် ဒါဆို သူ နင်းမုန့်ယောင်ကို ကယ်နိုင်မှာ မဟုတ်တော့ဘူး။ဒါပေမယ့် သူက သူမကို ဘေးကို ပစ်ထုတ်လိုက်ပြီး သတိပေးလိုက်တယ်။

"ယောင်ယောင်သာ တစ်ခုခုဖြစ်လို့ကတော့ မင်းသေဖို့သာပြင်ထား"

သူ့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ပုံစံက ရန်ကွေ့ကို ကြောင်အသွားစေသည်။

ရန်စူးနဲ့ သခင်မစွန်းကလည်း ဘာဖြစ်တာလဲဆိုတာ မြင်လိုက်ကြတယ်။ရန်ကွေ့ရဲ့ အမူအရာကိုကြည့်ပြီး နင်းမုန့်ယောင်ကို တွန်းချလိုက်တဲ့လူက သူမဆိုတာ သူတို့သိတယ်။

ချောင်ထျန်းချန်က ရေကန်ထဲကို အမြန်ခုန်ချသွားပြီး နင်းမုန့်ယောင်ကို သယ်လာခဲ့သည်။အခု ရာသီဉတုက ပိုပြီးနွေးထွေးတယ်ဆိုပေမယ့် ရေကတော့ အခုထိ အေးနေတုန်းဖြစ်သည်။

"ယောင်ယောင် အဆင်ပြေရဲ့လား"

ချောင်ထျန်းချန်က သူမကို လှမ်းကိုင်လိုက်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။

"ကျွန်မ အဆင်ပြေပါတယ်။ခြေထောက်ပဲ ကြွက်တက်သွားတာ"

သူမက တကယ်တော့ ဘယ်လိုရေကူးရမလဲဆိုတာ သိတယ် ဒါပေမယ့် ကြွက်တက်သွားတာက သူမဘာသာ ကယ်ဖို့ကနေ တားဆီးလိုက်တယ်။

ချောင်ထျန်းချန်က သူမကို ကုန်းပေါ်ခေါ်သွားလိုက်သည်။သူမရဲ့ စိုရွှဲနေတဲ့ အဝတ်အစားတွေက သူမခန္ဓာကိုယ်ကို ဖော်ပြလုနီးပါးဖြစ်နေတာ ကြည့်ပြီး သူ့မျက်လုံးတွေက မပျော်ရွှင်ကြောင်း ပြနေသည်။သူ့ရဲ့ စိုနေတဲ့ အပြင်ဝတ်အင်္ကျီကိုချွတ်လိုက်ပြီး နင်းမုန့်ယောင်ကို ခြုံပေးလိုက်သည်။

"ငါတောင်းပန်ပါတယ် ငါတမင်လုပ်တာ မဟုတ်ပါဘူး"

ရန်ကွေ့က ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို ဖက်ထားပြီး ထွက်သွားတော့မှာကို တွေ့လိုက်ရတယ် ဒါကြောင့် သူမက အမြန် နင်းမုန့်ယောင်ရဲ့ အဝတ်အစားတွေကို ဆွဲလိုက်တယ်။သူမ အပြုအမူရဲ့ ရည်ရွယ်ချက်က အရမ်းထင်ရှားတယ်။

ချောင်ထျန်းချန်က မှုန်မှိုင်းလာခဲ့တယ်။သူက ချက်ချင်းပဲ ရန်ကွေ့ကို ကန်ထုတ်လိုက်ပြီး

"ထွက်သွားစမ်း"

"ဘေးဖယ်ပေးကြပါဦး"

ချောင်ထျန်းချန်ရဲ့ လေသံက ဆိုးရွားနေတယ် ဒါပေမယ့် ပွဲကြည့်တဲ့သူတွေက သူ့ကို နားလည်ပြီး ဘေးကို ဖယ်ပေးလိုက်ကြသည်။

လူအုပ်ကြီးက ရန်ကွေ့ကို စူးစမ်းသလို ကြည့်နေကြသည်။သူတို့အားလုံး စောနက အခြေအနေကို မြင်လိုက်တယ်။သူမက လူအုပ်ကြားထဲကို တစ်ခြားနေရာကနေ တိုးဝင်လာပြီး သူမလည်း ရောက်လာကော နင်းမုန့်‌ယောင်က ရေကန်ထဲ ပြုတ်ကျသွားတော့တာပဲ။ပြီးတော့ နင်းမုန့်ယောင်ထွက်သွားတော့မယ့်အချိန် သူမက တမင်ရည်ရွယ်ချက်ရှိရှိနဲ့ အဲ့နားသွားပြီးတော့ နင်းမုန့်‌‌ယောင်ရဲ့အဝတ်အစားတွေကို ဆွဲချခဲ့တယ်။ဒီမိန်းကလေးရဲ့ အပြုအမူတွေအားလုံးက မကောင်းတဲ့ရည်ရွယ်ချက်ရှိတယ်ဆိုတာ သိသာတယ်။

"မိန်းမငယ်လေးတစ်ယောက်က ဘယ်လိုလုပ် အကျင့်ဆိုးတွေ ရှိနေရတာလဲ"

"တကယ့်ကိုပဲ အဲ့ဒီ လူငယ်အတွဲက နင့်ကိုဘာလုပ်လို့လဲ?သူတို့က ပြိုင်ပွဲပဲကြည့်နေတာကို နင်က တကယ်ကြီး သူတို့ကို ရေကန်ထဲ တွန်းချခဲ့တယ်"

"မဟုတ်ဘူး အဲ့ဒါ ကျွန်မမဟုတ်ဘူး"

ရန်ကွေ့က အမြန် ခေါင်းရမ်းပြီး ရှင်းပြလိုက်သည်။

လူတွေက ရန်ကွေ့ကို အထင်သေးသလို ကြည့်လိုက်ကြပြီး

"နင်မဟုတ်ဘူးလား?နင် မဟုတ်ဘူးဆိုရင် ဒါဆိုဘာလို့ နင့်ကိုယ်နင် ဒီနေရာရောက်ဖို့ အတင်းတွန်းတိုက်ပြီး ဝင်လာရတာလဲ?မိန်းကလေးက နင်ရောက်လာမှ ရေကန်ထဲ ကျသွားတာ"

"ဟုတ်တယ် မင်းငါ့ကိုလည်း တွန်းချလုနီးပါးဖြစ်သေးတယ်"

ဘေးနားက လူတွေက ပြင်းပြင်းထန်ထန်ပြောကြသည်။ရန်ကွေ့ရဲ့ မျက်နှာက နီရဲလာပြီး ရန်စူးနဲ့သခင်မစွန်းတောင်မှ ရှက်ရွံ့နေကြသည်။

ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို ပွေ့ဖက်ကာ လူအုပ်ကြားထဲက တိုးထွက်ပြီး မြို့ထဲက ခြံဝင်းဆီသွားခဲ့သည်။

ချင်းရွှယ်နဲ့ ကျန်တဲ့လူတွေက အဲ့နေရာမှာ ရောက်နေကြပြီဖြစ်သည်။သူတို့က လူအရမ်းများတာကြောင့် စောစောထွက်လာခဲ့ကြတာ ဖြစ်သည်။သူတို့က နင်းမုန့်ယောင်နဲ့ ချောင်ထျန်းချန် နှစ်ယောက်လုံး ရေထဲစိုရွှဲနေကြပြီး နင်းမုန့်ယောင်က ချောင်ထျန်းချန် ရင်ခွင်ထဲမှာဆိုတာ မြင်လိုက်ကြသည်။

"သခင်မလေး သခင်လေး ဘာဖြစ်လာကြတာလဲ"

ချင်းရွှယ်က စိုးရိမ်တကြီး မေးလိုက်တယ်။

"တစ်ယောက်‌ယောက်က သူမကို ရေကန်ထဲ တွန်းချလိုက်တာ။ချင်းရွှမ်း ယောင်‌ယောင့်ကို တစ်ချက်ကြည့်ပေးပါဦး ခြေထောက် ကြွက်တက်သွားတယ်လို့ ပြောတယ်။ချင်းရွှယ် မင်းနဲ့ချင်းကျူးက ရေနွေးသွားတည်ပြီး ယောင်‌‌ယောင်ရေချိုးဖို့ ပြင်ထားလိုက်။ချင်းရွှင် ငါတို့နှစ်ယောက်အတွက် အဝတ်အစားတွေ ဝယ်ပေးပါဦး"

အချိန်တိုလေးအတွင်း ချောင်ထျန်းချန်က လူတိုင်းအတွက် တာဝန်တွေခွဲပေးလိုက်သည်။

ချင်းရွှမ်းကလွဲပြီး ကျန်တဲ့သုံးယောက်က သူတို့တာဝန်တွေလုပ်ဖို့ ထွက်သွားသည်။ချောင်ထျန်းချန်က နင်းမုန့်‌ယောင်ကို အခန်းထဲခေါ်သွားပြီး သူမကို ကုလားထိုင်တစ်ခုပေါ် ချပေးလိုက်သည်။

"မင်းရဲ့ အဝတ်အစားတွေ အရင် ချွတ်လိုက်ပြီး ပြီးရင် ရေချိုးပြီးမှ အဝတ်အစားအသစ် လဲဝတ်လိုက်"

"အင်း ကျွန်မ သိတယ်"

ချောင်ထျန်းချန် ထွက်သွားပြီးတဲ့နောက် နင်းမုန့်‌ယောင်က ချင်းရွှမ်းရဲ့အကူအညီနဲ့ သူမရဲ့ စိုရွှဲနေတဲ့ အဝတ်တွေကို ချွတ်လိုက်သည်။သူမရဲ့ လက်ရှည်ကို ဝတ်ပြီးတဲ့နောက် ချင်းရွှမ်းကို စမ်းသပ်ခွင့်ပေးလိုက်သည်။

All Chapters