အခန်း ၁၃၇+၁၃၈
Vol. 6 Ch. 137+138
Chapter 137+138
137
ချောင်ထျန်းချန်က ခြံထဲမှာ မတ်တပ်ရပ်နေပြီး နင်းမုန့်ယောင် ရေထဲပြုတ်ကျသွားခဲ့တုန်းက မြင်ကွင်းကို ပြန်တွေးနေခဲ့သည်။သူ့မျက်နှာက စက္ကန့်နဲ့အမျှ စိတ်ဆိုးလာပြီး ပေါက်ကွဲထွက်တော့မယ့်အတိုင်းပင်။
ချင်းရွှင်က အဝတ်အစားအသစ်တွေနဲ့ပြန်လာတဲ့အချိန် သူ့ရဲ့မျက်နှာအမူအရာကို မြင်လိုက်ရသည်။သူက အင်္ကျီတွေကို အမြန် လှမ်းပေးလိုက်ပြီး သုတ်ခြေတင် ထွက်သွားတော့သည်။
သခင်လေးက အခုချိန်မှာ အရမ်းကြောက်စရာကောင်းနေတာကြောင့် သူနဲ့ဝေးဝေးနေတာ ပိုကောင်းတယ်။
ချောင်ထျန်းချန်က အဝတ်အစားလဲဖို့ နောက်အခန်းတစ်ခုဆီ သွားလိုက်သည်။အဲ့ဒီနောက် သူက သူအပြင်ခဏသွားမယ်ဆိုတဲ့အကြောင်း နင်းမုန့်ယောင်သိအောင် ချင်းရွှင်ကို ပြောခိုင်းလိုက်သည်။
အများကြီး အားစိုက်မထုတ်လိုက်ရဘဲ သူ ရန်ကွေ့ကို ရှာတွေ့ခဲ့တယ်။
ရန်ကွေ့ကို ရန်စူးနဲ့သူ့မိန်းမက အိမ်ပြန်ပို့ပြီးပြီဖြစ်သည်။သူတို့ရဲ့ပုံစံတွေကလည်း ပျော်ရွှင်နေကြတာ မဟုတ်ပေ။
"အစ်ကို.......ညီမ.......ညီမ မရည်ရွယ်ခဲ့ပါဘူး။အစ်ကိုတို့ ညီမကို.....ယုံပေးရမယ်"
ရန်ကွေ့က သူမကိုယ်သူမ ကာကွယ်ဖို့ ခက်ခက်ခဲခဲ ကြိုးစားပေမယ့် ဘယ်သူကမှ သူမကို မယုံကြပေ။
ရန်စူးရဲ့ နဖူးကြောတွေက တွန့်နေပြီး သူမကို စိုက်ကြည့်ကာ
"နင် အဲ့ဒါကို ပြောရဲသေးတာလား?နင်က ငါတို့ကို ငတုံးငအတွေလို့ ထင်နေတာလား?နင်မဟုတ်ဘူးဆိုရင် ဒါဆို နင်ဘာလို့ သူတို့နားသွားလဲ?ပြီးတော့ သူ(မ)ရေထဲကျသွားတော့ နင်ကအဲ့နားမှာ။ရန်ကွေ့ နင့်ရဲ့ဒုတိယအစ်ကိုနဲ့ ငါ နင့်ကို ဘာပြောခဲ့လဲဆိုတာ မေ့သွားပြီလား"
ရန်ကွေ့ရဲ့မျက်နှာက ဖြူဆုပ်သွားတယ်။သူမက သူမနှုတ်ခမ်းကို ကိုက်ပြီး ခေါင်းငုံ့ထားကာ တိတ်ဆိတ်နေခဲ့သည်။
"ညီမလေး နင် နင်းမုန့်ယောင်ကို မကြိုက်ဘူးဆိုတာ ငါသိတယ်။ဒါပေမယ့် သူ့(မ)ရဲ့ လက်ရှိမိသားစုက ငါတို့တွေ သွားပြီး စော်ကားလို့ရတဲ့လူတွေ မဟုတ်ဘူး။နင့်ကြောင့် သူ(မ)သာ တစ်ခုခုဖြစ်သွားရင် သူတို့က နင့်အစ်ကိုနဲ့စာရင်းရှင်းကြလိမ့်မယ်။နင့်ရဲ့အစ်ကိုကြီးက ဈေးဆိုင်သေးသေးလေးရဲ့ ပိုင်ရှင်တစ်ယောက်ပဲ သူက ထိုးနှက်တာကို ခံနိုင်လိမ့်မယ်လို့ ထင်လား"
သခင်မစွန်းရဲ့ မျက်နှာက မသာမယာဖြစ်နေသည်။
အခု သူတို့မိသားစု အခြေအနေကောင်းတာက သူတို့ဇနီးမောင်နှံ ဈေးဆိုင်အလုပ်လုပ်ပြီးမှ ဖြစ်သည်။ထိုဟာကြောင့်ပဲ သူမရဲ့ ဒုတိယအစ်ကိုက စာဆက်သင်နိုင်တာဖြစ်သည်။ရန်ကွေ့ကြောင့်သာ ဈေးဆိုင်က ပျက်ဆီးသွားခဲ့ရင် ဒါဆို သူတို့မိသားစုရဲ့စားဝတ်နေရေးက အခက်အခဲကြုံလာရမှာ ဖြစ်သည်။
"အစ်ကို၊ယောင်းမ ညီမမှားသွားတယ်ဆိုတာ ညီမသိပါတယ်။ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့နော်"
"နင်က အခုမှ နင်မှားမှန်းသိတာလား?နင်က ငါတို့မိသားစုအခြေအနေက အရမ်းကောင်းတယ်ထင်နေလို့ အဲ့ဒါကို ဖျက်ဆီးဖို့ ဆက်တိုက်ကြိုးစားနေတာလား?"
ရန်စူးက ကြိမ်းမောင်းလိုက်သည်။
ချောင်ထျန်းချန် ရောက်လာတဲ့အချိန် အဲ့မြင်ကွင်းကို မြင်လိုက်ရသည်။သူက လှောင်လိုက်တယ်။သူ့မျက်လုံးတွေထဲမှာ ရှင်းရှင်းလင်းလင်းကို လှောင်ပြောင်မှုတွေ ဖော်ပြထားတယ်။
"ရန်စူး မင်းညီမကို မင်းမထိန်းနိုင်ဘူးဆိုရင် ဒါဆို ငါမင်းကို ကူညီပေးမယ်"
ချောင်ထျန်းချန်ရဲ့ ရုတ်တရက် စကားက လူသုံးယောက်ကို ထိတ်လန့်သွားစေသည်။မဖိတ်ခေါ်ထားတဲ့ ချောင်ထျန်းချန်ကို ကြည့်ပြီး ရန်ကွေ့က ခံစားချက်မျိုးစုံ ခံစားနေရကာ ရန်စူးကတော့ စိုးရိမ်နေခဲ့သည်။
"အစ်ကိုချောင် အစ်ကို ဒီကိုရောက်လာတာ ညီမကို ကူညီဖို့လား ဟုတ်တယ်မလား?"
ရန်ကွေ့က ချောင်ထျန်းချန်ဘေးကို သွားလိုက်ပြီး ရင်းနှီးတဲ့ပုံစံနဲ့ မေးလိုက်သည်။
ချောင်ထျန်းချန်က သူမလည်ပင်းကို ဆုပ်ကိုင်လိုက်ပြီး
"မင်းကို ကူညီရမှာလား?မင်းကိုယ်မင်း သတ်သေဖို့ ကူညီပေးမယ်လေ ဘယ်လိုလဲ?ငါက ကူညီပေးရတာကို စိတ်ထဲမထားပါဘူး"
ရန်ကွေ့က သူမလည်ပင်းကို ဆုပ်ကိုင်ခံထားရတာကြောင့် အံ့ဩသွားပြီး
"အစ်ကိုကြီးချောင် ညီမ......ညီမ တကယ် အဲ့လို မရည်ရွယ်ခဲ့ပါဘူး......ကျေးဇူးပြုပြီး....လွှတ်ပေးပါ......ညီမကို လွှတ်ပေးပါ........"
ချောင်ထျန်းချန်က ရုန်းကန်ရင်း မျက်နှာနီရဲလာတဲ့ ရန်ကွေ့ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
"ရန်ကွေ့ မင်းက ငါတို့ကို တစ်ကြိမ်ပြီးတစ်ကြိမ် ဆက်တိုက်နှောင့်ယှက်နေခဲ့တာ။ဒီနေ့တော့ မင်းကို သင်ခန်းစာ ပေးရမယ်"
ဘေးနားမှာရပ်နေတဲ့ တစ်ခြားလူနှစ်ယောက်က ချောင်ထျန်းချန်ရဲ့ လုပ်ရပ်ကြောင့် အလွန်ကြောက်ရွံ့သွားကြသည်။
"ချောင်ထျန်းချန် မင်း ဉပေဒေကို ချိုးဖောက်နေတာပဲ"
"ဉပဒေချိုးဖောက်တယ်?ဒါဆို တစ်ခြားလူတွေကို တမင်တကာ သတ်တာက တရားမဝင်ဘူးလို့ ထင်လား"
ချောင်ထျန်းချန်က ရန်စူးနဲ့သူ့မိန်းမကို အထင်သေးသလိုကြည့်ပြီး လှောင်လိုက်သည်။
စုံတွဲက စိုးရိမ်ထိတ်လန့်စွာနဲ့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး
"ဒီအဖြစ်အပျက်က တကယ်တော့ ငါတို့အပြစ်ပါ။ငါတို့ မှားတာပါ။ငါတို့ တောင်းပန်တယ်။ငါတို့တွေ နောက်ကျရင် သူ(မ)ကို ထိန်းချုပ်ထားပါ့မယ်"
ချောင်ထျန်းချန်က ဆုပ်ကိုင်ထားတာကို ဖြည်လိုက်ပြီး စုံတွဲဘက်ကို လှည့်လိုက်သည်။သူ့မျက်လုံးတွေက အေးစက်နေပြီး စုံတွဲပြောတာက အမှန်တွေဟုတ်မဟုတ် အတည်ပြုနေသလိုပင်။
စုံတွဲက အေးခဲသွားတယ်။သူ သဘောမတူမှာ သူတို့ စိုးရိမ်တယ်။
"မင်းတို့က ဒီလိုပြောတယ်ဆိုမှတော့ ငါ သူ့(မ)ကို ဒီတစ်ခေါက်တော့ လွှတ်ပေးလိုက်မယ်။ဒါပေမယ့် သူ(မ)သာ ငါနဲ့ယောင်ယောင်ဆီကို ထပ်ရောက်လာပြီး ပြဿနာရှာခဲ့ရင် ရန်ကွေ့တင်မဟုတ်ဘဲ မင်းတို့ တစ်မိသားစုလုံး အဲ့ဒါဆိုအတွက် ပေးဆပ်ရမယ်"
ချောင်ထျန်းချန်က သတိပေးလိုက်တယ်။
သူက ရန်ကွေ့ကို မသတ်ချင်တာမဟုတ်ပေ ဒါပေမယ့် အခုက အချိန်မကျသေးလို့ဖြစ်တယ်။ဒါကြောင့် ဒီဟာက လုံလောက်ပြီ။ဒါပေမယ့် သေဒဏ်က ကင်းလွတ်သွားတယ်ဆိုပေမယ့် ပြစ်မှုကနေ ကင်းလွတ်တယ်လို့ မဆိုလိုဘူး။
ချောင်ထျန်းချန်က မဲ့ပြုံးပြုံးလိုက်တယ်။
"ဒီလက်က အခုလေးတင် ယောင်ယောင့်ကို အရှက်ခွဲခဲ့တဲ့လက် ဟုတ်တယ်မလား"
ချောင်ထျန်းချန်က ရန်ကွေ့ရဲ့ ဘယ်ဘက်လက်ကို ဆွဲယူလိုက်ကြီး ပြင်းထန်စွာ လိမ်ချိုးပစ်လိုက်သည်။
ရန်ကွေ့က အော်ဟစ်တော့တယ်။သူမမျက်နှာက ဖြူဖျော့နေပြီး အပြင်းအထန်နာကျင်နေရတယ်။
"ဒါကို သင်ခန်းစာလို့ မှတ်ထားလိုက်။ရန်ကွေ့ မင်းပိုပြီး သတိထားရင် ကောင်းမယ် မဟုတ်ရင် နောက်တစ်ခါကျ မင်းက ဒီလိုမျိုး အဆုံးသတ်သွားလိမ့်မယ်" ချောင်ထျန်းချန်က ခွေးခြေခုံကို တက်နင်းပြီး ထက်ပိုင်းချိုးပစ်လိုက်သည်။စုံတွဲက ကြောက်လန့်တကြား ကြည့်နေခဲ့သည်။
**
138
ချောင်ထျန်းချန် ပြန်ရောက်တော့ နင်းမုန့်ယောင်က ရေချိုးပြီးလို့ အဝတ်အစားအသစ် လဲပြီးပြီဖြစ်သည်။သူမက ခြံဝင်းထဲမှာထိုင်နေပြီး အအေးမမိစေဖို့အတွက် ဂျင်းပြုတ်ရည်သောက်နေခဲ့သည်။
"မင်း အဆင်ပြေရဲ့လား"
"ပြေပါတယ်။ရှင် ဘယ်သွားနေတာလဲ"
နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို ကြည့်လိုက်တယ်။
နင်းမုန့်ယောင်ဘေးမှာထိုင်လိုက်ပြီး ချောင်ထျန်းချန်က စိတ်မပါသလို ပြောလိုက်သည်။
"ကိုယ်က တစ်ချို့လူတွေကို သင်ခန်းစာသွားပေးတာလေ"
"ရှင် ဘာလုပ်ခဲ့လဲ"
နင်းမုန့်ယောင်က မျက်တောင်လေး ပေကလပ်ပေကလပ်နဲ့ သိချင်သွားတယ်။ဂျင်းပြုတ်ရည်က အခု အရမ်းသောက်ရခက်တဲ့ ပုံမပေါက်တော့ဘူး။
ချောင်ထျန်းချန်က သက်ပြင်းတစ်ချက်ချကာ သူမကို ကြည့်လိုက်ပြီး
"သူ့(မ)လက်ကောက်ဝတ်ကို ချိုးလိုက်တာကလွဲလို့ ဘာမှမရှိပါဘူး"
နင်းမုန့်ယောင်က မျက်တောင်ခတ်လိုက်တယ်။ သူမက ဘာလို့ အမြဲတမ်း သူ သူမအတွက် လုပ်ပေးတဲ့ ကိစ္စတွေကို သဘောကျနေရတာလဲ?
အစတုန်းက သူမက ပျော်ချင်ရုံပဲ။ဒီလို ရှက်ဖို့ကောင်းတဲ့ အဖြစ်အပျက်တွေ ဖြစ်လာလိမ့်မယ်လို့ ဘယ်သူသိမှာလဲ။ချင်းကျူးနဲ့ကျန်တဲ့လူတွေက နဂါးလှေပြိုင်ပွဲ ကြည့်ဖို့ တောင်းဆိုခဲ့တဲ့ စိတ်ကူးကို နောင်တရနေကြတယ်။
"ပြန်ကြရအောင်"
"အင်း"
သူတို့အားလုံး ပြန်ရောက်လာတဲ့အချိန် အဖွားချင်နဲ့ ကျန်တဲ့လူတွေက နည်းနည်းထူးဆန်းတယ်လို့ ခံစားရတယ်။သူတို့အားလုံးက သူတို့(နင်းမုန့်ယောင်တို့)ညမှ ပြန်လာလိမ့်မယ်လို့ ထင်ထားတာလေ။သူတို့တွေ အစောကြီး ပြန်ရောက်လာလိမ့်မယ်လို့ ဘယ်သူသိမှာလဲ။
"မင်းတို့က ဘယ်လိုဖြစ်လို့ အစောကြီး ပြန်လာကြတာတုန်း"
ချင်းရွှမ်းက ဘာဖြစ်ခဲ့လဲဆိုတာ အဖွားချင်ကို ပြောပြလိုက်ပြီး သူမအမူအရာက ဆိုးရွားသွားသည်။
"အဲ့ဒီ ရန်ကွေ့ကတော့။သူ(မ)က ဘာလို့ ငါတို့ကို နှောင့်ယှက်ချင်နေရတာလဲ"
"အဖွား ဒေါသထွက်မနေပါနဲ့တော့။ထျန်းချန်က ကျွန်မကို ကူပြီးတော့ သူ(မ)ကို သင်ခန်းစာပေးပြီးသွားပြီ"
နင်းမုန့်ယောင်က အဖွားချင်ရဲ့မျက်နှာပေါ်က ခံပြင်းနဲ့အမူအရာကို သတိထားမိပြီး ပြောလိုက်သည်။
"အဲ့ဒါ ကောင်းတယ်။ဒါဆို မင်းတို့အားလုံး နားကြတော့လေ"
အဖွားချင်က ကျေနပ်သွားတယ်။နင်းမုန့်ယောင်ဆီမှာ ဒီသခင်လေးရှိတာ တကယ့်ကို ကောင်းတာပဲ။
နင်းမုန့်ယောင်က အဖွားချင်ကို နောက်ထပ် ဘာမှ မပြောချင်တော့ပေ။သူမက အဖွားချင်ရဲ့ မှုန်ကုတ်နေတဲ့ မျက်နှာကိုသာ အကူအညီမဲ့စွာ ကြည့်နေရသည်။
ချောင်ထျန်းချန်က နင်းမုန့်ယောင်နဲ့ အပေါ်ထပ်ကို တက်သွားပြီး သူမနောက်ကနေ စာကြည့်ခန်းထဲ လိုက်သွားသည်။သူမ လှည့်လိုက်တော့မယ့် အချိန်မှာပဲ သူက သူမကို နောက်ကနေ ဖက်လိုက်သည်။
"ယောင်ယောင်......."
ဒါက သူ ဒီလိုမျိုး ပြုမူတာ ပထမဆုံးအကြိမ်ဖြစ်တယ်။သူမက သူ့ကို အံ့ဩစွာကြည့်လိုက်ပြီး
"ရှင် ဘာဖြစ်လို့လဲ"
"စေ့စပ်ကြရအောင်"
ချောင်ထျန်းချန်က အချိန်အတော်ကြာ စဉ်းစားနေခဲ့ပြီး အဲ့ဒီနောက် နင်းမုန့်ယောင်ကို လေးလေးနက်နက်နဲ့ ပြောလိုက်သည်။
သူမက သူ့ကို ငေးကြည့်နေခဲ့တယ်။ခဏလောက် မတုံ့ပြန်နိုင် ဖြစ်ပြီးတဲ့နောက်
"ဘာလို့လဲ" ဟု သူမက မေးလိုက်သည်။
"ကိုယ် အဲ့လို လုပ်ချင်ရုံပါ"
ချောင်ထျန်းချန်က အနည်းငယ် စိတ်ပျက်အားလျော့သွားတယ်။
နင်းမုန့်ယောင်က သူ့မျက်လုံးတွေကို လေးလေးနက်နက်ကြည့်လိုက်တယ်။သူမရဲ့ ပုံရိပ်ကို သူ့မျက်လုံးထဲမှာ တွေ့လိုက်ရပြီး သူ့မျက်လုံးတွေက သူမတစ်ယောက်ထဲကိုပဲ မြင်ရတဲ့အတိုင်းပဲ။
"ကျွန်မ အများကြီး မလိုချင်ဘူး။ကျွန်မက ရှင်နဲ့တစ်သက်လုံး အတူတူရှိသွားချင်ရုံပဲ"
ချောင်ထျန်းချန်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး "ကိုယ်လည်း အဲ့ဒ့ါကို သဘောကျတယ်"
"ဒါဆို ပြဿနာမရှိတော့ဘူး"
နင်းမုန့်ယောင်က ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။
ချောင်ထျန်းချန်က သူမအဖြေကြောင့် တကယ့်ကို ပျော်သွားသည်။သူမကို ပွေ့ဖက်ထားပြီး သူ့ဘက်ကို လှည့်လိုက်ကာ အဲ့ဒီနောက် သူမကို နမ်းလိုက်သည်။
နမ်းပြီးတဲ့နောက် နင်းမုန့်ယောင်က အသက်ရှုရပ်လုနီးပါး ဖြစ်သွားခဲ့တယ်။သူက မျက်လုံးထဲက နက်ရှိုင်းတဲ့ အပြုံးနဲ့ ပါးပြင်တွေနီရဲနေပြီး မျက်လုံးတွေ အရည်လဲ့နေတဲ့ နင်းမုန့်ယောင်ကို ကြည့်နေခဲ့သည်။
"ကိုယ် ရွာသူကြီးကို အကူအညီတောင်းလိုက်မယ်"
"ဟုတ်"
နင်းမုန့်ယောင်က လိမ်လိမ်မာမာနဲ့ ခေါင်းငြိမ့်ခဲ့သည်။
သူမရဲ့ ကောင်းကောင်းပြုမူတဲ့ ပုံစံကိုကြည့်ပြီး ချောင်ထျန်းချန်က ဆိုးရွားတဲ့တစ်ခုခုကို တွေးမိသွားတယ်။အကယ်၍ သူသာ တစ်ခုခုလုပ်ခဲ့ရင် သူမက သူ့ကို ဘယ်တော့မှ သံသယမဝင်ဘဲနေမှာလား?
ဒါပေမယ့် ထိုဟာက အတွေးတစ်ခုသာဖြစ်သည်။နင်းမုန့်ယောင်က သတိပြန်ဝင်လာတော့ သူမက ရှက်သွားပြီး သူမမျက်နှာက ဖြူဖျော့နေသည်။နောက်ဆုံးမှာတော့ သူမက ဒေါသထွက်လာပြီး သူ့ခါးကို ဆွဲဆိတ်ပစ်လိုက်သည်။
ဒါပေမယ့် သူမရဲ့ ခွန်အားက သူ့ကို ကလိထိုးနေတဲ့အတိုင်းပဲ။သူမက ဒေါသတကြီး အံကြိတ်လိုက်ပြီး
"ရှင်.....ရှင်.....ရှင် တကယ် ကျွန်မကို ဒေါသထွက်အောင်လုပ်တယ်"
"ဟုတ်ပြီ ဟုတ်ပြီ ဒေါသမထွက်ပါနဲ့တော့။ကိုယ်မင်းကို ပြန်နမ်းခိုင်းမယ်လေ"
ချောင်းထျန်းချန်က နင်းမုန့်ယောင်ဆီကို ပျော်ပျော်ကြီး ကပ်သွားပေမယ့် သူမက သူ့ကို မောင်းထုတ်ပစ်လိုက်သည်။
အဲ့ဒီညမှာ ရွာသူကြီးရောက်လာတော့ ချောင်ထျန်းချန်က ရန်ကျူးနဲ့သူ့မိန်းမကို စေ့စပ်ပွဲအကြောင်း ပြောပြလိုက်ပြီး နှစ်ယောက်လုံးက သဘောတူကြသည်။
သူတို့နှစ်ယောက်က လိမ္မာတဲ့ ကလေးတွေဖြစ်ကြပြီး လူတွေကို အရမ်းကြင်နာတယ်။သူတို့နှစ်ယောက် အတူတူရှိသွားတာက ပုံမှန်ပဲ။
"ငါ မင်းတို့အတွက် ဒီအခမ်းအနားကို စီစဉ်ပေးမယ်"
ရန်ကျူးက တန်းပြီး အာမခံလိုက်သည်။
ဒီသတင်းက ရန်လဲ့လဲ့ကို ပါးစပ်အဟောင်းသား ဖြစ်သွားစေတယ်။သူမက နင်းမုန့်ယောင်ကို ကြည့်လိုက်ပြီး အထစ်ထစ်အငေါ့ငေါ့နဲ့ တိုးတိုးလေး မေးလိုက်သည်။
"နင်က တကယ်ကြီး လက်ထပ်တော့မှာလား"
"ဒါက စေ့စပ်ရုံပဲ ရှိပါသေးတယ်"
"ဒါပေမယ့် စေ့စပ်ပြီးရင် နင် သူ့ကို မကြာခင် လက်ထပ်ရတော့မှာပဲလေ"
ရန်လဲ့လဲ့က သူမ(နင်းမုန့်ယောင်)ဘာကြောင့် ဒီလိုပြောရလဲဆိုတာ နားမလည်တဲ့အတွက် စိတ်ရှုပ်ထွေးစွာနဲ့ မေးလိုက်သည်။