အခန်း ၁၃၉
Vol. 6 Ch. 139
Chapter 139
နင်းမုန့်ယောင်က ရွှတ်နောက်နောက်နဲ့ သူမကို ပုတ်လိုက်ပြီး
"အဲ့တော့ ငါလက်ထပ်လိုက်ရင်ရော ဘာဖြစ်လဲ"
ရန်လဲ့လဲ့က ထိုအကြောင်းကို စဉ်းစားကြည့်လိုက်တယ်။တကယ်တော့ ၎င်းက နင်းမုန့်ယောင် လက်ထပ်သွားရင်တောင် သူမက သွားရှာလို့မရတာ မဟုတ်ဘူးလေ။
"အိုး......ဟုတ်သားပဲ ယောင်ယောင် ငါပန်းထိုးဖို့ ပြန်တော့မယ်...."
ရန်လဲ့လဲ့က ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး နင်းမုန့်ယောင်ကို လေးလေးနက်နက် ကြည့်လိုက်သည်။
ဒီတစ်လျှောက်လုံး သူမက အိမ်မှာပဲနေပြီး နောက်ဆုံးကျ လက်ထပ်မလား ဒါမှမဟုတ် လက်မထပ်ခင် အပြင်ကို ခရီးတွေသွားမလားဆိုတာ စဉ်းစားနေခဲ့သည်။သူမက နောက်ကဟာကို ပိုပြီးသဘောကျသည်။
သူမက အဲ့နေရာမှာ အများကြီး သင်ယူခဲ့ရပြီး ဆရာက သူမကို တစ်ခါ သင်ကြားပေးဖူးတယ်;မိန်းကလေးတွေက အသက်ရှင်သန်ဖို့အတွက် ဘာလို့ ယောကျာ်းတွေကို မှီခိုနေရမှာလဲ?
ဒေါ်လေးလော်လိုမျိူးပေါ့ သူမက တစ်ယောက်ထဲ ပန်းထိုးရုံကို ဦးဆောင်နိုင်တယ်။ယောင်ယောင်လည်း အတူတူပဲ သူမ(ယောင်ယောင်)အစ်ကိုချောင်နဲ့မဆုံခင်တုန်းက သူမကလည်းပဲ စီးပွားရေးကြီးလုပ်နေတဲ့လူတစ်ယောက်ဖြစ်သည်။
ဒါကြောင့် ရန်လဲ့လဲ့ကလည်း ဘာလို့ အတူတူ မလုပ်နိုင်ရမှာလဲ?သူမက ဘယ်ခြေလှမ်းကိုလှမ်းမယ်ဆိုတာ အများကြီးမတွေးချင်တော့ဘဲ နောက်မှ နောင်တရမှာမျိုး မလိုချင်ပေ။
"နင် သေချာရဲ့လား"
နင်းမုန့်ယောင်ရဲ့အမူအရာက လေးနက်နေသည်။
"အင်း သေချာတယ်။ငါ ဒီကိစ္စကို အဖေတို့အမေတို့နဲ့လည်း တိုင်ပင်ပြီးသွားပြီ။သူတို့က ငါ့ဆုံးဖြတ်ချက်ကို အလေးထားကြတယ်"
ရန်လဲ့လဲ့က ပြုံးပြီးပြောလိုက်သည်။
ဒီအချိန်မှာ သူမ သူမရဲ့မိဘတွေကို အရမ်းကျေးဇူးတင်တယ် ဘာလို့လဲဆိုတော့ သူတို့တွေက သူမကို အဆုံးမဲ့သည်းခံပေးပြီး သူမနှစ်သက်တဲ့အရာကို လုပ်ဆောင်စေခဲ့တယ်။
"သူတို့က ခွင့်ပြုမှတော့ ဒါဆို ငါလည်း အဆင်ပြေပါတယ်။နင့်ကို လိုက်ပို့ပေးဖို့ ချင်းရွှင်ကို ငါပြောလိုက်မယ်"
သူတို့နှစ်ယောက် ဆွေးနွေးပြောဆိုပြီးတဲ့နောက် အသားကင်တဲ့ဘေးနားကို ထိုင်လိုက်သည်။သူတို့က အသားကင်ပြီး စကားစမြည်ပြောကြသည်။ဒီအချိန်မှာတော့ ချောင်ထျန်းချန်က သူတို့ကိုလာပြီး မနှောင့်ယှက်ခဲ့ပေ။သူက သခင်မရန်နဲ့သာ စကားပြောနေခဲ့သည်။
တစ်အုပ်စုလုံး ညအရမ်းနက်တဲ့အထိ နေခဲ့ကြတယ်။ဒုတိယနေ့မှာ ချောင်ထျန်းချန်က စေ့စပ်ပွဲအတွက် လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့ မြို့ကိုသွားခဲ့သည်။
သခင်မရန်နဲ့ရန်ကျူးကလည်း လိုက်ပြီးတော့ သေချာကြည့်ရှုပေးသည်။
သခင်မရန်က သူ့ကို ပစ္စည်းတွေဝယ်ဖို့ အဖော်ပြုပေးနေတဲ့အချိန် သူမက တစ်စုံတစ်ယောက်ကို သွားရှာပြီး နင်းမုန့်ယောင်နဲ့ချောင်ထျန်းချန်ရဲ့ ဇာတာနဲ့နေ့နံတွေကိုတွက်ခိုင်းလိုက်သည်။
ရလဒ်က ဒီနေ့ပြီး နောက်နှစ်ရက်က မင်္ဂလာဆောင်ဖို့ နေ့ကောင်းရက်သာဖြစ်သည်။
ချောင်ထျန်းချန်က အိမ်မှာစုထားတဲ့ သူဝယ်လာတဲ့ ပစ္စည်းတွေကို ကြည့်ပြီး ပြုံးလိုက်သည်။
နောက်နှစ်ရက်နေရင် သူတို့တွေ စေ့စပ်ရတော့မယ်။
မေလ 7ရက်နေ့ရဲ့ မနက်ခင်းစောစောမှာ ချောင်ထျန်းချန်က ရွာသူကြီးအိမ်ကိုသွားပြီး သူတို့နှစ်ယောက်ကို သူ့ရဲ့စေ့စပ်ပွဲကို ဖိတ်ကြားခဲ့သည်။ဒီနှစ်ရက်အတွင်း ရွာသားတွေအားလုံးက နင်းမုန့်ယောင်နဲ့ချောင်ထျန်းချန်တို့ စေ့စပ်တော့မယ်ဆိုတာ သတင်းကြားကြပြီး ရွာသူကြီးက အောင်သွယ်တော်ဖြစ်တယ်လို့ သိရသည်။
ရိုးရာအရ ချောင်ထျန်းချန်ရဲမိသားစုက ဧည့်သည်တွေကို ဧည့်ခံရမှာဖြစ်တယ် ဒါကြောင့် လူတိုင်းက အစောကြီးရောက်လာကြပြီး သူတို့တွေ တင်တောင်းပစ္စည်းတွေ ဘယ်လောက်ရထားကြလဲဆိုတာ လာကြည့်ကြသည်။
ဒါပေမယ့် အဲ့ဒီ တင်တောင်းပစ္စည်းတွေကိုမြင်တော့ လူတိုင်းက မနာလိုဖြစ်သွားကြတယ်။အဲ့လိုလှပတဲ့ တင်တောင်းပစ္စည်းမျိုးကို ပေးဖို့ သူတွေးနေတာလား?
ထပ်ပြောရရင် ချောင်ထျန်းချန်က တိရစ္ဆာန်သားမွေးတွေ၊ရွှေနဲ့ငွေထည် လက်ဝတ်ရတနာ တွေကိုလည်း တင်တောင်းပစ္စည်းအနေနဲ့ ပြင်ဆင်ထားသည်။အားလုံးက နင်းမုန့်ယောင် ကြိုက်တာတွေပဲ ဖြစ်တယ်။
အဲ့ဒီနောက် သူတို့က မင်္ဂလာစာရွက် လဲလှယ်လိုက်ကြပြီး အခြားအရာများပြုလုပ်ခဲ့သည်။အဲ့လိုနဲ့ သူတို့တွေ စေ့စပ်ပြီးသွားကြပြီ။သခင်မရန်က ချောင်ထျန်းချန်ကို ကူညီပြီး ဧည့်သည်တွေကို အိမ်ထဲဖိတ်လိုက်သည်။ချောင်ထျန်းချန် ရှာလာတဲ့ စားဖိုမှူးကလည်း ဟင်းပွဲတွေ ပြင်ဆင်ပြီးဖြစ်သည်။
ရန်ကျူးက ကျယ်လောင်စွာ အော်ခေါ်လိုက်ပြီး လူတိုင်းက စတင်စားသောက်ကြတော့သည်။အဲ့မှာ စုစုပေါင်း ဟင်း၁၁ပွဲရှိပြီး တစ်ခုချင်းဆီတိုင်းက အသား ဒါမှမဟုတ် အသီးအရွက်တွေဖြစ်သည်။
လူတွေက နင်းမုန့်ယောင်ကို မနာလိုနေကြတယ်။သူတို့က ချောင်ထျန်းချန်ရဲ့မိသားစုကလည်း အရမ်းချမ်းသာတယ်လို့ ခံစားရတယ်။နောက်ဆုံးတစ်ခေါက်တုန်းက သူ့ကို သဘောမကျခဲ့တဲ့လူတွေက ချက်ချင်းပဲ နောင်တရသွားကြတယ်။သူတို့ထဲက တစ်ယောက်ကတော့ သခင်မချန်းပဲဖြစ်တယ်။
ရန်ကွေ့ သူ့ကို ကြိုက်တုန်းက သခင်မချန်းက သူတို့ဆက်ဆံရေးကို အသိအမှတ်မပြုခဲ့ပေ။သူမသာ သဘောတူခဲ့ရင် ဒီလိုလှပတဲ့မြင်ကွင်းက သူတို့ဟာဖြစ်နေရမှာ မဟုတ်ဘူးလား အခုတော့ အဲ့အစား နင်းမုန့်ယောင်နဲ့ရန်ကျူး ဖြစ်နေရတယ်လို့။
နင်းမုန့်ယောင်က သခင်မရန်နဲ့ ဘာမှမသက်ဆိုင်ပေမယ့် သူတို့ဆက်ဆံရေး အရမ်းကောင်းတယ်ဆိုတာ လူတိုင်းသိကြသည်။မဟုတ်ရင် ချောင်ထျန်းချန်က ရွာသူကြီးကို သူတို့ရဲ့အောင်သွယ်တော်ဖြစ်ပေးဖို့ တောင်းဆိုမှာမဟုတ်ပေ။
သခင်မချန်းက စားပြီးတော့ နင်းမုန့်ယောင်အကြောင်းကို ချဉ်စူးစွာနဲ့ပြောတော့တယ်။နင်းမုန့်ယောင်က သူမ သမီးငြင်းလိုက်တဲ့ ယောကျာ်းကို စေ့စပ်ရတာဖြစ်ပြီး ဘာမှဂုဏ်ယူစရာမရှိတဲ့အကြောင်း ပြောနေခဲ့တယ်။
သူမက ပျော်ပျော်ကြီး ပြောနေပေမယ့် ဘေးနားကလူတွေကတော့ မပျော်တော့ဘူး။သူမ သမီးငြင်းလိုက်တဲ့ ယောကျာ်းနဲ့စေ့စပ်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ?အဲ့ဒီ ယောကျာ်းက သူမ သမီးကို မလိုချင်ခဲ့တာ သိသာနေတာကို။
သူမက အဲ့အကြောင်းကို ဘယ်သူမှမသိဘူးလို့ တကယ်ကြီးထင်နေတာလား?
"အမ်း......ချောင်ထျန်းချန်က နင်းမုန့်ယောင်ကိုပေးထားတဲ့ ပစ္စည်းတွေ ဘယ်လောက်များလဲဆိုတာလဲကြည့်လိုက်ပါဦး။ပစ္စည်းအရေအတွက်နဲ့တင် လူတွေကို မနာလိုစေတယ်။ပြီးတော့ ရှင်ပြောတာကဘယ်လိုလုပ် ကျွန်မတို့ကြားထားတာနဲ့ မတူနေရတာလဲ?ကြည့်ရတာတော့ ရှင့်သမီးကို ချောင်ထျန်းချန်က ငြင်းလိုက်တာနော်"
သခင်မချန်းကို အတော်လေးသဘောမကျတဲ့ ဘေးနားက မိန်းမကြီးက ပြောလိုက်သည်။
သူမရဲ့ နားထောင်မကောင်းတဲ့ စကားတွေက သခင်မချန်းကို ဒေါသထွက်သွားစေပြီး
"ပါးစပ်ပိတ်!"
"အို့.....အာဏာပြနေတာပဲ ငါ အရမ်းကြောက်သွားပြီ"
ပြောလိုက်တဲ့စကားရဲ့ သရော်မှုက သူမ မကြောက်သလိုပင်။