← Chapters

အခန်း ၁၄၀

Vol. 6 Ch. 140

အခန်း ၁၄၀

Vol. 6 Ch. 140

Chapter 140

သခင်မချန်းက လူတွေ အဲ့လိုစကားမျိုးတွေပြောတာ အမုန်းဆုံးပဲ။သူမစိတ်ထဲမှာတော့ သူမသားက အတော်ဆုံးဖြစ်ပြီး သူက အစိုးရအရာရှိတစ်ယောက်ဖြစ်လာတော့မှာ။

သူတို့တွေက အခု သူမသားကို အထင်သေးတဲ့ပုံစံ‌နဲ့ပြောနေကြတာ သူမ ဘယ်လိုလုပ် သည်းခံနိုင်ပါ့မလဲ?

သခင်မချန်းက စားပွဲကို ဗြန်းခနဲ ရိုက်ချလိုက်ပြီး သူတို့ကို ဒေါသတကြီး ကြည့်ကာ သတိပေးလိုက်သည်။

"ပါးစပ်ပိတ်လို့ ငါမပြောထားဘူးလား?ချောင်ထျန်းချန်က ဆင်းရဲတဲ့လူတစ်ယောက်ပဲ။ငါ့ သမီးနဲ့သူ့ကို လက်ထပ်ခွင့်ပြုရမှာလား?ဟက် အိပ်မက်သာမက်နေလိုက်"

သခင်မချန်းရဲ့ စကားတွေက ကျယ်လောင်သည်။အနီးနားက စားနေကြတဲ့လူတွေက သူမပြောတာကြားတော့ အန်ထုတ်မိလုနီးပါး ဖြစ်သွားကြသည်။

ချောင်ထျန်းချန်က ပိုက်ဆံမရှိတဲ့ ဆင်းရဲတဲ့လူတစ်‌ယောက်တဲ့လား?အဲ့ဒီ ရွှေတွေ၊ငွေတွေ လက်ဝတ်ရတနာတွေအားလုံးက ပိုက်ဆံအများကြီးပဲ ဟုတ်ပြီလား?ပြီးတော့ တင်တောင်းပစ္စည်းတွေရော ဘယ်လိုလဲ?အကုန်လုံးကို အတူတူထည့်ပေါင်းလိုက်ရင် ငွေဒင်္ဂါးတွေ မပါဘဲနဲ့တောင် တစ်ရာ ဒါမှမဟုတ် နှစ်ရာtaelsလောက်ရှိတယ်။သူသာ ဆင်းရဲတယ်ဆိုရင် ဒါဆို နင်းမုန့်ယောင် သူမလုပ်ငန်းမစခင်တုန်းက ထမင်းတောင်နပ်မှန်အောင် မစားခဲ့ရတဲ့ သူတို့က ဘာတွေလဲ?

ရန်ကျူးနဲ့တစ်ခြားလူတွေက အစ‌ကတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ စားနေကြတာ ဒါပေမယ့် သခင်မချန်းရဲ့ စကားတွေကိုကြားတော့ သူတို့အမူအရာတွေက ဆိုးရွားသွားကြသည်။

"သခင်မချန်း မင်း ငါတို့ကို မကျေနပ်တာ တစ်ခုခုရှိလို့လား"

ဒီလက်ထပ်ပွဲက တကယ်အခြေခံကျကျဆိုရင် သူ့ကျေးဇူးကြောင့်ဖြစ်တယ်။ဒါကြောင့် သခင်မချန်းရဲ့စကားတွေက ရှင်းရှင်းလင်းလင်းကြီးကို သူ့ကို အရှက်ခွဲတာပဲ။

သခင်မချန်းရဲ့ခန္ဓာကိုယ်က တောင့်တင်းသွားပြီး သူမက ချက်ချင်းခေါင်းရမ်းကာ

"ရွာသူကြီး ကျွန်မ.....ကျွန်မ....အဲ့လို ဆိုလိုတာမဟုတ်ပါဘူး"

"ဒါဆို မင်းက ဒါကို ချောင်ထျန်းချန်ရဲ့စေ့စပ်ပွဲမှာပြောတာ ဘာအဓိပ္ပာယ်လဲ?မင်း မစားချင်ဘူးဆိုရင်ပြန်တော့"

ရန်ကျူးက ဒေါသထွက်နေပြီ။

ဘေးမှာ ရပ်နေတဲ့ နှစ်ယောက်အတွက် သူတို့က စံနမူနာအတွဲဆိုတာ ဘယ်သူက သဘောမတူလို့လဲ?သခင်မချန်းက ရှင်းရှင်းလင်းလင်းကြီးကို သူ့မျက်နှာကို ဖြတ်ရိုက်လိုက်တာပဲ။

သခင်မချန်းရဲ့ အမူအရာက ဆိုးရွားသွားပြီး ရန်ကျူးကို ကြည့်လိုက်ကာ သူမ မျက်လုံးတွေက ရန်ကျူးကို သတ်ဖို့ မစောင့်နိုင်တော့တဲ့ အတိုင်းပင်။

"ငါ့ကို ဘာလုပ်ဖို့ပြောရအောင် နင့်ကိုယ်နင် ဘာထင်နေလဲ?ငါ မှားလို့လား?သူ့ ပိုက်ဆံတွေ ဘယ်ကရလာလဲဆိုတာ ဘယ်သူသိမှာလဲ"

သခင်မချန်းက နှာခေါင်းရှုံ့လိုက်ပြီး ချောင်ထျန်းချန်ဘက်ကိုလှည့်ကာ လှောင်တဲ့ပုံစံနဲ့ "သူ ခိုးလာတာလည်း ဖြစ်နိုင်တာပဲ"

သခင်မချန်းက အရမ်းရိုင်းတယ်။အစတုန်းက သူမက တစ်ခြားလူတွေက သူမနဲ့သဘောတူလိမ့်မယ်လို့ ထင်ခဲ့တာ။ဒါပေမယ့် ဝိုင်လုပ်ငန်းမှာလုပ်တဲ့လူတွေက သူမကို ထူးဆန်းသလို ကြည့်ပြီး

"သခင်မချန်း ရှင်က ငတုံးတစ်ယောက်ဖြစ်နေတာနဲ့ပဲ တစ်ခြားလူတွေက ရှင့်လိုမျိုး ဖြစ်နေတာမဟုတ်ဘူး။ထျန်းချန်က မုန့်ယောင်ရဲ့လုပ်ငန်းစတင်မှုက တစ်စိတ်တစ်ပိုင်းပဲ။သူက ဘယ်ကပိုက်ဆံရလာတယ်လို့ ရှင်ကထင်နေတာလဲ?သူက ဒါကို ရိုးရိုးသားသားနဲ့ ရထားတာ"

"ဟုတ်တယ် မုန့်ယောင် အလုပ်ရုံစလုပ်တော့ သူက မုန့်ယောင်ကို ရှယ်ယာတွေပေးပြီး ကူညီသေးတယ်။လနည်းနည်းကြာပြီးတော့ သူ့မှာ ပိုက်ဆံရှိတာ သိသာတာပဲလေ"

အနှစ်ရုံဘက်က အလုပ်သမားတွေပဲ သူတို့ တစ်နေ့ကို အရေအတွက်ဘယ်လောက်ထုတ်ရပြီး ရောင်းရတာတွေကနေ ဝင်ငွေတွေ ဘယ်လောက်ရလဲဆိုတာ သိသည်။

သခင်မချန်းက ချောင်ထျန်းချန်ကို မယုံသလိုကြည့်လိုက်တယ်။သူမက အဲ့ဒါကို မျှော်လင့်မထားဘူး။သူမသာ စောစောကသိခဲ့ရင် သေချာပေါက် သူမသမီးကို သူနဲ့တွဲဖို့ ခွင့်ပြုပေးခဲ့မှာ။ပြီးရင် အနှစ်ဆိုင်ကိုလည်း သူမဘာသာ ရသွားနိုင်တယ်။သခင်မချန်းက အဲ့အကြောင်းကို ပိုပြီးစဉ်းစားလေ ပိုပြီး နောင်တရလေဖြစ်တယ်။

အခြားတစ်ဖက်မှာတော့ ချောင်ထျန်းချန်က သူမကို နောင်တရဖို့ အခွင့်အရေးမပေးပေ။သူက သူမဆီ သွားလိုက်ပြီး အေးစက်စက် မျက်လုံးတွေနဲ့ကြည့်ကာ

"ခင်ဗျား ဒီကို ပြဿနာရှာဖို့လာတာဆိုရင် ကျုပ်အိမ်ကနေ ထွက်သွားတော့"

သခင်မချန်းက ရယ်လိုက်တယ်

"ဒါပေါ့လေ ထျန်းချန် မင်းက အခု ချမ်းသာသွားတာနဲ့ပဲ တစ်ခြားလူတွေကို အထင်သေးနေပြီပေါ့?ငါ့သမီးက မဆိုးပါဘူး နင်းမုန့်ယောင်ထက်တောင် အများကြီး ပိုကောင်းသေးတယ်၊မင်းကြည့်......."

သခင်မချန်းရဲ့ စကားတွေက သံသယဝင်စရာမလိုဘဲ ရယ်စရာကောင်းတယ်။သူမနားကလူတွေက သူမကို မယုံနိုင်စွာ ကြည့်နေကြတယ်။

ဒီမိန်းမက သူ့ခေါင်းသူရိုက်ပြီး ရူးသွားပြီလား?သူမက ဒီလိုအချိန်မှာ တကယ်ကြီး အဓိပ္ပာယ်မရှိတာတွေ ပြောရဲတယ်။

"ကျုပ်က ဆင်းရဲသားလေးတစ်ယောက်ပါပဲ ဒါပေမယ့် ခင်ဗျားသမီးကရော?ခင်ဗျား ကျုပ်ကို ပေးမယ်ဆိုရင်တောင်မှ အဲ့လိုအမှိုက်မျိုးကို လက်မခံဘူး"

ချောင်ထျန်းချန်က သခင်မချန်းရဲ့ ပြုံးတုံ့တုံ့မျက်နှာကိုကြည့်ပြီး စကားတစ်လုံးချင်းဆီတိုင်းကို ရှင်းရှင်းလင်းလင်း ပြောလိုက်တယ်။

သူ့စကားတွေက ချွန်ထက်တဲ့ ဓားလိုမျိုး သခင်မချန်းရဲ့နှလုံးသားကို တိုက်ရိုက်ထိုးစိုက်သွားသည်။

လူတိုင်းက တိတ်တိတ်လေး ရယ်လိုက်ကြတယ်။သခင်မချန်းက လျစ်လျှူရှုခံလိုက်ရတာပဲ။

"ထျန်းချန် ငါ့သမီးက မိန်းမလှလေးတစ်ယောက်ပဲ။အနာဂတ်ကျရင် သူ(မ)က အရာရှိရဲ့ ညီမလေးလည်းဖြစ်လာဦးမှာ။သူ(မ)ကို လက်ထပ်တာက အဲ့ဒီနင်းမုန့်ယောင်နဲ့ယှဉ်ရင် မင်းအတွက် ပိုပြီး အကျိုးအမြတ်များတယ်"

သခင်မချန်းက ရွံစရာကောင်းလောက်အောင် ပြောနေတယ်။

သူမရဲ့ အထင်သေးတဲ့စကားတွေနဲ့ မောက်မာမှုက လူတိုင်းကို မျက်မှောင်ကြုတ်သွားစေတယ်။

သူမက အဲ့လို စကားတွေ ပြောရဲတယ်။သူမ သားက ‌အနာဂတ်ကျရင် အောင်မြင်မလား မအောင်မြင်ဘူးလားဆိုတာ အခုထိ မသိရ‌သေးတာကို သူမ သမီးက အတော်ဆုံးစာသင်သားရဲ့ ညီမဖြစ်လာလိမ့်မယ်လို့တောင် ပြောရဲတယ်။သူမက တကယ်ကြီး သူမသားကို အရမ်းအမြင့်ကြီးတွေးထားတာလား?

"စာသင်သားလား?ရန်ဟွိုက်လိုလူမျိုးကလေ?ရန်ဟွိုက်လို အညစ်အကြေးမျိုးကသာ အတော်ဆုံးစာသင်သားဖြစ်လာရင် ဒါဆို ဧကရာဇ်က ကန်းနေတာပဲဖြစ်ရမယ်"

(ချောင်ထျန်းချန်က ဒေါသထွက်တဲ့ပုံစံနဲ့ပြောတာမလို့ စကားအသုံးအနှုန်းပြောင်းလိုက်တာပါ)

All Chapters