အခန်း ၁၄၁+၁၄၂
Vol. 6 Ch. 141+142
Chapter 141+142
ချောင်ထျန်းချန်ရဲ့ ကြမ်းတမ်းတဲ့စကားတွေက ရိုင်းတဲ့ပုံပေါက်နိုင်ပေမယ့် သူတို့တွေက အကျိုးအကြောင်းဆီလျော်တယ်.........
ရန်ဟွိုက်က သူ့စာသင်တာမှာ တော်လိမ့်မယ် ဒါပေမယ့် သူက အကောင်းဆုံးမဟုတ်ဘူး။သူက သူ့ရဲ့စာမေးပွဲတွေ အောင်အောင်တောင် မလုပ်နိုင်ဘူး။သူက အောင်ခဲ့ပေမယ့်လည်း သူ့အဆင့်က နောက်ဆုံးကပဲ။အဲ့ဒါဆို သူက နန်းတော်စာမေးပွဲမှာ ဘယ်လိုလုပ် ပထမရနိုင်ပါ့မလဲ?
သခင်မချန်းက တစ်ခြားလူတွေက ရန်ဟွိုက်ကို မကောင်းပြောတာကို မုန်းတီးပြီး သူမသားက နန်းတော်စာမေးပွဲမှာ ထိပ်တန်းနေရာရဖို့ မဖြစ်နိုင်ဘူးလို့ ပြောတဲ့လူတွေကို လှောင်ဖူးတယ်။
အခု တစ်ခြားလူတွေက သူမသားကို လူတွေအများကြီးရှေ့မှာ လှောင်ပြောင်နေကြပြီး သူတို့က သူမရဲ့အာဏာကို စိန်ခေါ်နေသလို ခံစားရတယ်။
သူမက အော်လိုက်တယ်။
"ချောင်ထျန်းချန် နင်က ငါ့သားကို မနာလိုနေတာပဲ။ငါက နင်နဲ့ရန်ဖြစ်ပြီး အချိန်ဖြုန်းမနေဘူး။နင် ငါ့သမီးကို လက်ထပ်ရမယ်။နင့်ကို နင်းမုန့်ယောင်နဲ့ လက်ထပ်ခွင့်မပြုဘူး"
လူတိုင်းက ချွေးအေးတွေထွက်လာကြတယ်။သခင်မချန်းက လွန်လွန်ကဲကဲ တုံ့ပြန်နေတာလား?
သူမက ဘယ်လိုလုပ် တစ်ယောက်ယောက်ကို ဖိအားပေးပြီး သူမသမီးကို လက်ထပ်ခိုင်းဖို့ စဉ်းစားရဲရတာလဲ?
ချောင်ထျန်းချန်က ဒီလိုလူမျိုးကို စကားအများကြီးပြောနေဖို့ မလိုဘူးလို့ ခံစားရသည်။သူက သူမကို ဂုတ်ကနေဆွဲပြီး တံခါးကနေ ပစ်ထုတ်လိုက်သည်။
"ဒီနေ့ပွဲက လူတွေအတွက်ပဲ။ခင်ဗျားက ခွေးရူးတစ်ကောင်လိုမျိုး ဆက်ဟောင်နေမယ်ဆိုရင် ထွက်သွားလိုက်တာ ပိုကောင်းမယ်"
ချောင်ထျန်းချန်က လက်ပိုက်ပြီး တုန်နေတဲ့ သခင်မချန်းကို စိုက်ကြည့်နေခဲ့သည်။
သခင်မချန်းက တုန်တုန်ယင်ယင်နဲ့ ချောင်ထျန်းချန်ကို လက်ညှိုးထိုးလိုက်ပေမယ့် ချောင်ထျန်းချန်က စိတ်မရှည်စွာ လှည့်ထွက်သွားခဲ့ပြီး တံခါးကို သူမရှေ့မှာတင် ပိတ်ချပစ်လိုက်သည်။
သခင်မချန်းက အိမ်ပြန်တဲ့လမ်းတစ်လျှောက်လုံး ပွစိပွစိပြောသွားခဲ့သည်။လမ်းမှာ ရန်ဟွိုက်ကိုတွေ့တော့ သူမက ရုတ်တရက် ပိုပြီး ဒေါသထွက်လာသည်။
"အမေ ဘာဖြစ်နေတာလဲ"
ရန်ဟွိုက်က မျက်မှောင်ကြုတ်လိုက်ပြီး အကူအညီမဲ့စွာနဲ့ မေးလိုက်သည်။
ရန်ဟွိုက်ဆီကနေ အမေးခံရပြီးတော့ သခင်မချန်းက စောနတုန်းက ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ပြောပြလိုက်ပြီး ချောင်ထျန်းချန်က သူ စာမေးပွဲကျစေဖို့ ကျိန်ဆိုတဲ့အကြောင်းကို ဦးစားပေးပြောလိုက်သည်။
သခင်မချန်းလိုပဲ ရန်ဟွိုက်ကလည်း သူ့ကို တစ်ခြားလူတွေ မကောင်းပြောတာ မကြိုက်ပေ။
အထူးသဖြင့် သူ့ရဲ့စာမေးပွဲနီးလာတဲ့ ဒီလို အချိန်မျိုးမှာဖြစ်သည်။အဲ့လို စကားတွေက သူ့အတွက် ကံဆိုးစေပြီး အထူးအနေနဲ့ကတော့ ချောင်ထျန်းချန်က နင်းမုန့်ယောင်နဲ့ စေ့စပ်လိုက်တာတဲ့လား?
နင်းမုန့်ယောင်အကြောင်းတွေးမိတော့ ရန်ဟွိုက်ရဲ့ အမူအရာက မည်းမှောင်သွားသည်။
"အမေ အဲ့ကိုသွားပြီး တစ်ချက်ကြည့်ကြည့်ရအောင်။ကျွန်တော့်ကို ကျိန်ဆဲရအောင် သူ့ကိုယ်သူ ဘာထင်နေလဲဆိုတာ မေးချင်တယ်"
ရန်ဟွိုက်က ဒေါသတကြီး ပြောလိုက်သည်။
သခင်မချန်းကလည်း အတွေးတူတယ် ဒါပေမယ့် သူမက ပဟေဠိဆန်ဆန် ပြောလိုက်တယ်
"ငါ့သား ချောင်ထျန်းချန်က ချမ်းသာတယ်။သူက နင်းမုန့်ယောင်ရဲ့ အနှစ်ဆိုင်မှာတောင်မှ တစ်စိတ်တစ်ပိုင်းပါသေးတယ်။ရန်ကွေ့သာ သူနဲ့လက်ထပ်လိုက်ရင်.......... ရှေ့လျှောက် အမေတို့ဘဝတွေ ပိုကောင်းလာမယ် မထင်ဘူးလား"
သခင်မချန်းက စိတ်ကူးယဉ်ပြီး ပြောလိုက်သည်။
ရန်ဟွိုက်ရဲ့ မျက်လုံးတွေ တောက်ပသွားတယ်။သူတို့တွေ အမှန်တကယ်ကို ပိုက်ဆံလိုအပ်နေတာ။သူသာ အနာဂတ်မှာ အရာရှိဖြစ်လာဖို့ စာမေးပွဲကို ဆက်ဖြေချင်တယ်ဆိုရင် သူတို့တွေ တကယ်ကို ပိုက်ဆံအများကြီး လိုတယ်။မဟုတ်ရင်.........
"အမေ ချောင်ထျန်းချန်အစား နင်းမုန့်ယောင်က ပိုပြီး ပိုက်ဆံရှိတယ်လို့ မထင်ဘူးလား"
ရန်ဟွိုက်က မတတ်နိုင်ဘဲ သိချင်မိသွားသည်။
သခင်မချန်းက မျက်ခုံးတွန့်သွားတယ်။သူမက ရန်ဟွိုက်ကို မပျော််မရွှင်နဲ့ ကြည့်လိုက်ပြီး
"မင်း ဘာကို ဆိုလိုတာလဲ"
ရန်ဟွိုက်က ပြုံးလိုက်ကာ "မိန်းမတစ်ယောက် ဂရုအစိုက်ဆုံးအရာက ဘာလို့ အမေထင်လဲ?အဆင့်အတန်းနဲ့ချမ်းသာမှုဆိုတာ သိသာတာပဲကို"
"မင်းပြောတာ ဘာအဓိပ္ပာယ်လဲ"
သခင်မချန်းက ရန်ဟွိုက် ဘာပြောဖို့ကြိုးစားနေလဲဆိုတာ နားမလည်ပေ။ဒါက သူမပြောနေတဲ့အကြောင်းနဲ့ ဘာဆိုင်လို့လဲ?
ရန်ဟွိုက်က သူ့အမေကိုကြည့်လိုက်ပြီး ဒီအမျိုးသမီးက တကယ့်ကို ဉာဏ်မကောင်းတာပဲလို့ တွေးပြီး
"ကျွန်တော်က အခုတော့ ဝင်ခွင့်စာမေးပွဲအောင်ထားတဲ့ စာသင်သားတစ်ယောက်ပဲ ဒါပေမယ့် တစ်နေ့ကျရင် ကျွန်တော်က အရာရှိဖြစ်လာလိမ့်မယ်လေ။ကျွန်တော်သာ နင်းမုန့်ယောင်နဲ့ လက်ထပ်လိုက်ရင် သူမက အရာရှိတစ်ယောက်ရဲ့ ဇနီးဖြစ်လာလိမ့်မယ်။သူမက အရာရှိတစ်ယောက်ကို ရွေးမလား ဒါမှမဟုတ် တောင်ပေါ်က မုဆိုးနဲ့ပဲ နေဖို့ရွေးမယ်ထင်လား"
ရန်ဟွိုက်ပြောတာ နားထောင်ပြီး သခင်မချန်းက ရုတ်တရက် ဆံပင်မွှေးတွေ ထောင်သွားတယ်
"မင်းက အဲ့အရူးမကို လက်ထပ်ချင်နေတာလား?ငါ မင်းကိုပြောမယ်နော် အဲ့အကြောင်းကို စဉ်းတောင်မစဉ်းစားနဲ့။မင်းက အနာဂတ်ကျရင် ချမ်းသာတဲ့မိသားစုနောက်ခံရှိတဲ့ မိန်းမလှလေးနဲပဲ လက်ထပ်ရမယ်"
ရန်ဟွိုက် မျက်လုံးတွေ အေးစက်သွားပြီး သူက ကျယ်လောင်စွာ နှာခေါင်းရှုံ့ကာ
"ဒါပေါ့ ကျွန်တော် အဲ့ဒါကို သိပါတယ်။နင်းမုန့်ယောင်ကိုလက်ထပ်တာက သူ့ပိုက်ဆံတွေ အကုန်လုံးကို ယူနိုင်ဖို့ပဲ။ကျွန်တော်တို့ သူ့ပိုက်ဆံတွေအကုန်လုံးရပြီဆိုတာနဲ့ ဒါဆို သူ့ကို ရှင်းပစ်လို့ရပြီလေ။ဒါက အကြံကောင်းလို့ မထင်ဘူးလား"
နင်းမုန့်ယောင်က အရည်အချင်းရှိတဲ့ မိန်းကလေးတစ်ယောက်ဆိုပေမယ့် ရန်ဟွိုက်အတွက်တော့ သူမမှာရှိတဲ့ ပိုက်ဆံကလွဲရင် သူ့အတွက်တော့ သူမက ဘာမှမဟုတ်ပေ။
သခင်မချန်းက အဲ့အကြံကို ခဏစဉ်းစားနေခဲ့တယ်။သူမသားရဲ့ အကြံဉာဏ်က အတော်လေး သင့်တော်တယ်။ထိုဟာသာ အမှန်တကယ်ဖြစ်လာခဲ့ရင် အနှစ်ဆိုင်နဲ့ဝိုင်ဆိုင်က သူတို့ဟာတွေဖြစ်လာမှာ။အဲ့ဒီနောက် သူမက သူမလိုချင်တဲ့ ချမ်းသာမှုမျိုးရပြီ။သခင်မချန်းက ပျော်ပျော်ကြီး စဉ်းစားလိုက်တယ်။
142
"ငါ့သား အမေ မင်းပြောတာ နားထောင်လိုက်မယ်၊အဲ့ဒီ မြေခွေးမကို သွားကြည့်ရအောင်"
သခင်မချန်းက စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်သည်။
ထိုဟာက နင်းမုန့်ယောင်ဖြစ်နေတာကြောင့် သူမက သေချာပေါက် အရာရှိတစ်ယောက်ရဲ့ ဇနီးဖြစ်လာဖို့ကို ရွေးမှာပဲ ဒါကြောင့် သခင်မချန်းက လုံးဝ စိတ်မပူပေ။
အမေနဲ့သား ချောင်ထျန်းချန်ရဲ့အိမ်ကို ရောက်လာတဲ့အချိန် လူတိုင်းက စားပြီးခါနီးဖြစ်သည်။နေရာမှာ သိမ်းဆည်းသန့်ရှင်းနေရင်း စကားပြော ရယ်မောနေကြတဲ့ ဧည့်သည်တွေကိုကြည့်ပြီး သခင်မချန်းမျက်လုံးထဲ အထင်သေးသွားတယ်။ဘယ်လောက် ရှက်ဖို့ကောင်းတဲ့ မြင်ကွင်းလဲ။
အမေနဲ့သား ရောက်လာတာကို မြင်တော့ လူတိုင်းက အနည်းငယ် သိချင်စိတ်ဖြစ်သွားကြတယ်။သူတို့စိတ်ထဲမှာရှိနေတဲ့ တူညီတဲ့မေးခွန်းက ဒီနှစ်ယောက်က ဒီနေရာကို ဘာလာလုပ်ကြတာလဲ?
ရန်ဟွိုက်က ချောင်ထျန်းချန်ကို ကြည့်လိုက်တယ်;သူ့ရဲ့ ကြည့်ကောင်းတဲ့မျက်နှာက စိတ်အနှောင့်အယှက်ဖြစ်နေပုံရတယ်
"ချောင်ထျန်းချန် မင်းဘာလို့ငါ့ကို ကျိန်ဆဲရတာလဲ"
"ငါ လုပ်လို့လား"
"ငါ့အမေက ပြောတယ် မင်းက ငါ့ကို နန်းတွင်းစာမေးပွဲကျပြီးတော့ ထိပ်တန်းကျောင်းသားဖြစ်မလာအောင် ကျိန်ခဲ့တယ်တဲ့"
ရန်ဟွိုက် မျက်နှာက စိတ်ရှုပ်နေပြီး သူ့မျက်လုံးတွေက အေးစက်နေသည်။
ချောင်ထျန်းချန်က လှောင်ပြောင်မှုအပြည့်နဲ့ ရန်ဟွိုက်ကို ရှုံ့ချလိုက်ပြီး
"မင်း ဒီကိုရောက်လာတာ ငါ့ကို အပြစ်တင်ဖို့လား?အဲ့တော့ ငါ အဲ့လိုပြောတော့ရော ဘာဖြစ်လဲ?ကမ္ဘာကြီးမှာ ကျောင်းသားတွေ အများကြီးရှိတယ် ပြီးတော့ လူတိုင်းက ထိပ်တန်းကျောင်းသား ဖြစ်ချင်ကြတာပဲလေ။မင်းက အဲ့လိုလူဖြစ်ချင်တာနဲ့ပဲ မင်းက တကယ်အဲ့ဒါကို ရနိုင်လိမ့်မယ်လို့ မဆိုလိုဘူး"
"မှန်တယ်။ထိပ်တန်းကျောင်းသားဖြစ်ဖို့ကသာ လွယ်ရင် ဘေးရွာက ကျောင်းသားဟောင်းက အသက်၆၀မှ ဝင်ခွင့်စာမေးပွဲအောင်တဲ့ ကျောင်းသားအဖြစ် ရှိနေမှာ မဟုတ်ဘူး"
ဒီစကားက အနီးနားက ဧည့်သည်တွေကို အချင်းချင်း တီးတိုးပြောသွားစေသည်။
သူတို့က ချောင်ထျန်းချန်ရဲ့ စကားတွေက မှန်တယ်လို့ သဘောတူကြသည်။ထိပ်တန်းကျောင်းသားတစ်ယောက်ဖြစ်ဖို့ဆိုတာ တကယ်မလွယ်ကူပေ။ထူးထူးခြားခြား ပညာအရည်အချင်းပြည့်ဝပြီး ဗဟုသုတကြွယ်ဝတဲ့ လူတွေသာ ၎င်းကို လုပ်နိုင်ကြတာဖြစ်သည်။
ရန်ဟွိုက်က သူ့ကို ကြည့်လိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။
"မင်း နင်းမုန့်ယောင်ကို လက်ထပ်လို့မရဘူး"
"လက်ထပ်လို့မရဘူးလား?ငါက မုန့်ယောင်ကို လက်ထပ်လို့မရဘူးလို့ပြောရအောင် မင်းကိုယ်မင်း ဘယ်သူထင်နေလဲ"
ချောင်ထျန်းချန်က အရမ်းကို အံ့ဩသွားပြီး ရန်ဟွိုက်ကို ကြည့်နေခဲ့တယ်။
ရန်ဟွိုက်ရဲ့အမူအရာက အနည်းငယ် တောက်ပသွားပြီး
"ဘာလို့လဲဆိုတော့ သူ(မ)က ငါ့မိန်းမ ဖြစ်လာမှာမလို့ပဲ"
ဘေးနားကလူတွေက မျက်လုံးတွေ ပြူးကုန်တယ်:သူတို့က သရဲမြင်လိုက်ရသလိုမျိုး ရန်ဟွိုက်ကို ကြည့်နေကြတယ်။
ဒီလူရဲ့ ဦးနှောက်မှာ ပြဿနာတစ်ခုခု ရှိနေတာလား?ဒီနှစ်ယောက်က စေ့စပ်ပြီးသွားကြပြီကို သူက အဲ့လိုဟာမျိုး ပြောရဲသေးတယ်။
"မင်းတို့နှစ်ယောက် လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးပြီးပြီလား"
"မထိုးရသေးဘူး"
"လက်ထပ်ခွင့်တောင်းဖို့အတွက် အောင်သွယ်တော်ရော ချိတ်ခဲ့လား"
ချောင်ထျန်းချန်က တဖြည်းဖြည်း မည်းမှောင်လာတဲ့ ရန်ဟွိုက်မျက်နှာကိုကြည့်ပြီး ပြုံးနေလိုက်သည်။
ရန်ဟွိုက်ရဲ့မျက်နှာက အမှန်တကယ့်ကို မည်းနက်နေပြီ။သူက ပြောစရာစကားမရှိဘူး ဒါပေမယ့် သူ့မှာ ဘာမှပြောစရာမရှိဘူးဆိုတာ လူတိုင်းသိကြတယ်။
"ငါ နင်းမုန့်ယောင်နဲ့ တွေ့ချင်တယ်။သူ(မ)ဘယ်သူ့ကို လက်ထပ်ချင်လဲဆိုတာ မင်းဆုံးဖြတ်လို့ရတဲ့ အနေအထားမဟုတ်ဘူး"
ရန်ဟွိုက်က ချောင်ထျန်းချန်ကို စိုက်ကြည့်လိုက်သည်။
သူ နင်းမုန့်ယောင်ကို လက်ထပ်မှရမယ် ဒါဆို သူ့အနာဂတ်က သာယာချောမွေ့သွားလိမ့်မယ်။
နင်းမုန့်ယောင်က ချင်းရွှယ်လူတွေခေါ်လာတယ်လို့ ကြားတဲ့အခါ သူမအိမ်ထဲမှာရောက်နေခဲ့သည်။
"နင်းမုန့်ယောင် မင်း ချောင်ထျန်းချန်ကို လက်ထပ်ဖို့ ကိုယ်ခွင့်မပြုဘူး။မင်းက ကိုယ့်တစ်ယောက်ထဲကိုပဲ လက်ထပ်ရမယ်!"
ရန်ဟွိုက်က နင်းမုန့်ယောင် သူတို့ဆီ လာနေတာ တွေ့တော့ ဗြုန်းစားကြီး ပြောချလိုက်သည်။
နင်းမုန့်ယောင်က ရန်ဟွိုက်ကိုကြည့်ပြီး လှောင်လိုက်တယ်
"ရှင် အခုထိ အိပ်ရာမနိုးသေးဘူးလား"
"နင်းမုန့်ယောင် ကိုယ်က အနာဂတ်ကျရင် အရာရှိတစ်ယောက်ဖြစ်လာမှာ ဒါကြောင့် မင်းဆုံးဖြတ်ချက်ကို သေချာစဉ်းစားသင့်တယ်" ရန်ဟွိုက်က ခြိမ်းခြောက်လိုက်တယ်။
နင်းမုန့်ယောင်က ကျယ်လောင်စွာ ရှုံ့ချလိုက်ပြီး "အဲ့တော့ ဘာဖြစ်လဲ"
လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။သူမ ဘာပြောလိုက်တာလဲ?သူမက 'အဲ့တော့ ဘာဖြစ်လဲ'ဆိုပြီး ပြောလိုက်တာလား?
ရန်ဟွိုက်က အစတုန်းကတော့ ဒီကိစ္စက အလွယ်တကူ ဖြေရှင်းလို့ရမယ်လို့ ထင်ခဲ့တာ။ဒါပေမယ့် ၎င်းက ဆန့်ကျင်ဘက်ဖြစ်နေပြီး သူ့အမူအရာကို ချက်ချင်း ဆိုးရွားလာစေသည်။
"နင်းမုန့်ယောင် မင်းတကယ်သူ့ကို လက်ထပ်ချင်တာလား"
ရန်ဟွိုက်က ချောင်ထျန်းချန်ကို လက်ညှိုးထိုးပြီး မေးလိုက်သည်။
ပင်ပန်းလာတာနဲ့ သူမနဖူးကို ပွတ်လိုက်ပြီး နင်းမုန့်ယောင်က သူ့ကို သနားသလိုကြည့်ကာ
"ရှင် စာတွေ အရမ်းကြိုးစားလွန်းအားကြီးပြီး ဦးနှောက်ပျောက်သွားတာလား?ဒီလို မေးခွန်းကို မေးရလောက်အောင် အထိလေ။ထျန်းချန်နဲ့ကျွန်မ ဒီနေ့ စေ့စပ်တယ်ဆိုတာကို ရွာထဲက လူတိုင်းသိတယ်။ကျွန်မ နင်းမုန့်ယောင်က ချောင်ထျန်းချန်ရဲ့ သတို့သမီးလောင်းပဲ။ရှင်ကတော့ စာသင်သားတစ်ယောက်ပဲ ရှိသေးတာတောင်မှ ဒီလိုအရာမျိုး ပြောရဲတယ်။ရှင့်ရဲ့ ကျောင်းအုပ်ဆရာကြီးသာ ဒီအကြောင်းကို သိသွားရင် ဘာဖြစ်မယ်လို့ ထင်လဲ?သူက ရှင့်ကို အရမ်း စိတ်တိုသွားမှာပဲ"
"မင်း......"
"ကျွန်မ ဘာဖြစ်လဲ?ရှင် အခုထိ မနိုးသေးဘူးဆိုရင် အိမ်ပြန်ပြီး ဆက်အိပ်နေသင့်တယ်။နောက်ဆုံး နိုးလာတဲ့အခါကျမှ လာခဲ့ပေါ့။ဒီနေရာမှာလာပြီးတော့ အရှက်ကွဲခံမနေနဲ့"
နင်းမုန့်ယောင်ရဲ့စကားတွေက ကြားရတာ အဆင်မပြေပေ။သူမက ရန်ဟွိုက်ကို လှောင်သလိုကြည့်လိုက်ပြီး အထူးသဖြင့် သူ့ရဲ့ ဒေါသနဲ့ကြောက်ရွံ့ခြင်း ရောယှက်နေတဲ့ မျက်နှာကို ဖြစ်သည်။
ရန်ဟွိုက်က အရမ်း ဒေါသထွက်နေတယ်။နဂိုတုန်းက သူက ဒါက ရိုးရှင်းတဲ့ကိစ္စလို့ တွေးခဲ့တာ။ဒီလို အလှည့်အပြောင်းမျိုး ဖြစ်လာလိမ့်မယ်လို့ ဘယ်သူသိမှာလဲ?ထိုဟာက အရမ်းရှက်ဖို့ကောင်းတယ်။
ဒီအချိန်မှာ ချောင်ထျန်းချန်က နင်းမုန့်ယောင်နားကို ကပ်သွားပြီး သူမလက်ကို ဆုပ်ကိုင်ကာ အေးစက်စက်ပြောလိုက်သည်။
"ငါ မင်းကို ဒီတစ်ကြိမ်တော့ လွှတ်ပေးလိုက်မယ်။ဘာပဲဖြစ်ဖြစ် မင်းက အနာဂတ် ထိပ်တန်းကျောင်းသားပဲလေ ဒါပေမယ့် မင်း ငါ့ရဲ့ သတို့သမီးလောင်းကို ထပ်ပြီး နှောင့်ယှက်ရဲရင် မင်း နောက်တစ်ခါ စုတ်တံကိုင်နိုင်ပါ့မလားဆိုတာကို ငါ အာမမခံဘူး”