← Chapters

အခန်း ၁၄၃

Vol. 6 Ch. 143

အခန်း ၁၄၃

Vol. 6 Ch. 143

Chapter 143

"မင်း လုပ်ရဲလား"

ရန်ဟွိုက်က ချောင်ထျန်းချန်ကို ဒေါသတကြီး ကြည့်လိုက်တယ်။ဒီကောင်က သူ့ကို ခြိမ်းခြောက်လိမ့်မယ်လို့ မထင်ထားဘူး။ဒါက အရမ်း ရိုင်းစိုင်းတာပဲ

"နင်းမုန့်ယောင် မင်း အဲ့ဒါကိုတွေ့လား?သူက ရိုင်းစိုင်းကြမ်းကြုတ်တဲ့လူမျိုးပဲ မင်း သူ့ကို တကယ် လက်ထပ်ဦးမှာလား"

"သူ ကျွန်မကို အဲ့လိုမလုပ်သရွေ့ သူ့ရဲရက်စက်ကြမ်းကြုတ်တာက ဘာမှားနေလို့လဲ?လက်တစ်ချောင်းတောင် မ မတဲ့ အမှိုက်နဲ့ယှဉ်ရင် ကျွန်မက ဧည့်သည်တွေကို ဘယ်လိုဆက်ဆံရမလဲဆိုတာ သိပြီး မီးဖိုချောင်ထဲမှာလည်း ကူညီ သူ့ဇနီးကိုလည်း ကာကွယ်ပေးပြီး မကောင်းတဲ့ကောင်တွေကို တိုက်ထုတ်ပစ်မယ့် ရက်စက်ကြမ်းကြုတ်တဲ့ လူမျိုးနဲ့ပဲ ရှိချင်တယ်။အနည်းဆုံးတော့ သူက သူ့မိသားစုကို ကာကွယ်နိုင်တယ်လေ"

နင်းမုန့်‌ယောင်‌ယောင်က ဘာမှမဖြစ်သလို ပြောလိုက်သည်။

ဘေးနားက အမျိုးသမီးတွေက ခေါင်းငြိမ့်လိုက်ကြတယ်။မိန်းမတစ်ယောက်အနေနဲ့ ချမ်းသာတဲ့ယောကျာ်းတစ်ယောက်ကို လက်ထပ်တာအပြင် သူက အကျင့်စာရိတ္တလည်း ကောင်းနေရမယ်။သူပြောတော့ သူက စာသင်သားတစ်‌‌ယောက်တဲ့ အဲ့တော့ဘာဖြစ်လဲ?သူက သူ့မိသားစုကို မကူညီနိုင်ရင် လက်ထပ်ဖို့ ထိုက်တန်လို့လား?သူ့ဇနီးကို ကူညီပေးနိုင်မယ့် ယောကျာ်းတစ်ယောက်ကို ရွေးချယ်တာ ပိုကောင်းတယ်။ဒါ့အပြင် ချောင်ထျန်းချန်က သူ့ဇနီးက ကောင်းကောင်းမွန်မွန်မနေရလောက်တဲ့အထိ ဆင်းရဲနေတာ မဟုတ်ပေ။

ချောင်ထျန်းချန်က သူနဲ့ပတ်သက်ပြီး နင်းမုန့်ယောင်ပြောလိုက်တာကို အရမ်းကျေနပ်သွားတယ်။

"အချစ် မင်းက ကိုယ့်ကို ဒီလောက် အမြင့်ကြီး အကဲဖြတ်ထားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို မျက်စောင်းထိုးလိုက်ပြီး အဲ့ဒီနောက် ရန်ဟွိုက်ကို ပြောလိုက်သည်။

"ရန်ဟွိုက် ရှင့်ရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာ ကျွန်မမသိဘူးလို့ ထင်နေလား?ရှင်က ကျွန်မကို လက်ထပ်ချင်တယ်လို့ပြောတယ် ဒါပေမယ့် အမှန်အတိုင်းဆိုရင် ရှင်က ကျွန်မလက်ထဲက အလုပ်ရုံတွေနဲ့ ဝိုင်ဆိုင်တွေကို လိုချင်ရုံပဲ။ကျွန်မသာ ဒါတွေမရှိရင် ရှင်က ကျွန်မကို လက်ထပ်ဦးမှာလား?မဟုတ်ဘူး ရှင် လက်ထပ်မှာမဟုတ်ဘူး။ရှင်က ကျွန်မကို ကြည့်တောင်ကြည့်မှာ မဟုတ်ဘူး"

ရန်ဟွိုက် အသံတိတ်သွားတယ်။ဘေးနားမှာ ရပ်နေကြတဲ့ လူတွေကလည်း သူ့ရဲ့ ရည်ရွယ်ချက်အစစ်ကို သဘောပေါက်သွားခဲ့ကြတယ်။သူက သူမကို သူမရဲ့ပိုင်ဆိုင်မှုတွေကြောင့် လက်ထပ်ချင်တာပဲ။သူက ဒီအခြေအနေအထိ အရှက်မဲ့နေတာ အံ့ဩစရာမဟုတ်တော့ဘူး။

"ချန်းမိသားစုက တကယ့်ကို အရှက်မရှိတာပဲ ဟက်?သူဖတ်ထားတဲ့ ပညာတွေ အကုန်လုံး ဘယ်ရောက်သွားတာလဲ?သူက လောဘကြီးတဲ့လူမျိုးဆိုတာ ငါတို့ဖြင့် ယုံတောင်မယုံနိုင်ဘူး!" မိန်းမတွေက အော်လိုက်ကြသည်။

သခင်မချန်းက အခြေအနေတွေက တဖြည်းဖြည်းနဲ့ ဒီလိုမျိုးဖြစ်သွားလိမ့်မယ်လို့ မမျှော်လင့်ထားပေ။သူမ မျက်နှာက ဖြူဖတ်နေကာ နင်းမုန့်ယောင်ကိုစိုက်ကြည့်ရင်း နင်းမုန့်ယောင်ကို ဒီကမ္ဘာကနေ ဖယ်ရှားပစ်ချင်စိတ်တွေဖြစ်နေသည်။သူမရဲ့ မျက်နှာအမူအရာက ကြည့်ရတာ ကြောက်စရာကောင်းလာသည်။

"ငါ့အိမ်ကနေ အခုထွက်သွား။မင်းတို့ကြာကြာနေလေ ငါပိုပြီးတော့ ရွံလာလေပဲ!"

အမေနဲ့သားက ဒီလောက် ပြဿနာတွေအများကြီးရှာပြီး အခုထိ မထွက်သွားသေးတာကို ကြည့်ပြီး ‌ချောင်ထျန်းချန်က ဒေါသတကြီး အော်လိုက်သည်။

"ဟုတ်တယ် မင်းတို့ထွက်သွားတာ ပိုကောင်းတယ်။တကယ်ကြီး မင်းက စာသင်သားတစ်ယောက်ဖြစ်တာနဲ့ပဲ မင်းကိုယ်မင်း တအားကောင်းသွားပြီ ထင်နေတာလား?"

"ဟုတ်တယ်ဟေ့ မှန်တယ်!"

လူတိုင်းက စပြီး ပြောကြတော့သည်။သခင်မချန်းနဲ့ရန်ဟွိုက်က အရေထူတယ်ဆိုရင်တောင်မှ အဆုံးမှာတော့ သူတို့တွေ သည်းမခံနိုင်တော့ပေ။သူတို့ရဲ့ မျက်နှာတွေက မည်းမှောင်လာပြီး အထူးသဖြင့် ရန်ဟွိုက်ဖြစ်သည်။

သူ ဘယ်တုန်းကမှ အဲ့လောက် အရှက်မကွဲဖူးဘူး။

ရန်ဟွိုက်က သူ့အင်္ကျီလက်တွေကို ခါပြီး လှည့်ထွက်သွားခဲ့သည်။သခင်မချန်းက ရန်ဟွိုက်ထွက်ခွာသွားတာကိုကြည့်ပြီး အဲ့ဒီနောက် အိမ်ထဲကလူတွေကို ကြည့်လိုက်သာ်။နောက်ဆုံးတော့ သူမက ရန်ဟွိုက်နောက် လိုက်သွားခဲ့သည်။

သူတို့ထွက်သွားပြီးတဲ့နောက် ချောင်ထျန်းချန်က လူတိုင်းကို တောင်းပန်လိုက်သည်။

"ကျွန်တော် အားလုံးကို တောင်းပန်ပါတယ်။အစစကတော့ အားလုံးအဆင်ပြေနေတာပဲ ပြီးမှ ဒါမျိူးဖြစ်သွားရတယ်ဗျာ"

"လူလေး မင်းဘာတွေပြောနေတာလဲ?အဲ့ဒီ အမေနဲ့သားကပဲ တောင်းပန်သင့်တာ။ဒါက မင်းနဲ့ ဘာဆိုင်လို့လဲ?"

"ဟုတ်တယ် ထျန်းချန် မင်းနဲ့မုန့်‌‌ယောင်က အခုဆို စေ့စပ်ပြီးသွားပြီ။ပြီးရင် သိပ်မကြာခင်မှာဘဲ မင်းတို့နှစ်ယောက်က လင်မယားဖြစ်ကြတော့မှာ။သူမလို မိန်းကလေးမျိုးအတွက် တစ်ယောက်ထဲနေဖို့ဆိုတာ အရမ်းခက်ခဲတယ်။မင်းရောပဲ။မင်းတို့နှစ်ယောက်က ဒီအဆင့်ထိ ရောက်လာပြီဆိုမှတော့ အချင်းချင်း ရိုင်းပင်းရတော့မှာ။တစ်ခြားလူတွေ ဘယ်လိုထင်လဲဆိုတာကို မင်းတို့ အများကြီး စိတ်အနှောင့်အယှက်ဖြစ်နေစရာ မလိုဘူး။တစ်ခြားလူတွေရဲ့ အတွေးတွေကို ငါတို့မထိန်းချုပ်နိုင်ဘူးလေ ဟုတ်တယ်မလား"

ရန်ကျူးက လက်ချင်းချိတ်ထားကြတဲ့ လူနှစ်‌ယောက်ကို ကြည့်လိုက်တယ်။

ဒါက ရှေးရိုးရာ ယုံကြည်မှုကို ‌စော်ကားသလိုဖြစ်နေပေမယ့် ဒါက သူတို့နှစ်ယောက်က သီးသန့်အတူရှိနေတာမျိုးမဟုတ်ပေ။သူတို့က စေ့စပ်ပြီးသွားပြီ ဒါကြောင့် တစ်ခြားဟာတွေ စဉ်းစားနေစရာမလိုဘူး။

"ဦးလေး စိတ်မပူပါနဲ့" ချောင်ထျန်းချန်က လေးလေးနက်နက် ခေါင်းငြိမ့်လိုက်ပြီး "ကျွန်တော် ယောင်‌ယောင့်ကို စောင့်ရှောက်သွားမှာပါ"

"ဒါဆို စိတ်အေးရပါပြီကွာ"

ရန်ကျူးက ခေါင်းငြိမ့်လိုက်သည်။

ရန်ကျူးက နင်းမုန့်ယောင်ကို သူ့ကလေးလို ဆက်ဆံတာဖြစ်တယ်။သူမမှာအခု ပြန်လာဖို့ နေရာကောင်းတစ်ခုရှိနေတာ မြင်ရတော့ သူက သဘာဝကျစွာနဲ့ ပျော်ရွှင်ရတယ်။

လူတိုင်းက ‌အိမ်သန့်ရှင်းရေးလုပ်ဖို့ ချောင်ထျန်းချန်ကို ကူညီပေးကြပြီး ကျန်တဲ့ဟင်းတွေကို မိသားစုတိုင်း ပြန်ယူသွားဖို့ အဝေအမျှခွဲပေးလိုက်သည်။

နေဝင်သွားတဲ့အခါမှသာ လူတိုင်း ထွက်သွားကြသည်။

သူတို့ ထွက်သွားပြီးတဲ့နောက် ချောင်ထျန်းချန်က စိတ်သက်သာရာရသွားသလို သက်ပြင်းချလိုက်ပြီး

"ပွဲတစ်ခု ကျင်းပရတာ တကယ့်ကို ပင်ပန်းတာပဲ"

"သဘောတူတယ်" နင်းမုန့်ယောင်က ခေါင်းငြိမ့်လိုက်တယ်။သူမလည်း တကယ်တော့ နည်းနည်းပင်ပန်းနေပြီ။သူတို့သာ တကယ်လက်ထပ်တဲ့အခါကျရင် ၎င်းက သေချာပေါက်ကို ပိုပြီး ပင်ပန်းဦးမှာပဲ။

ဒါကို တွေးမိတော့ နင်းမုန့်ယောင်က ရှက်သွေးဖြာသွားတယ်။သူမ အခု ဘာတွေစဉ်းစားနေတာလဲ?သူမက ဘယ်လိုလုပ် လက်ထပ်ဖို့အကြောင်းကို တွေးမိသွားတာလဲ?

All Chapters