← Chapters

အခန်း ၁၄၄

Vol. 6 Ch. 144

အခန်း ၁၄၄

Vol. 6 Ch. 144

Chapter 144

ရုတ်တရက် ပြောင်းလဲသွားတဲ့ နင်းမုန့်ယောင်ရဲ့ အမူအရာကို ကြည့်ပြီး သူမပါးတွေ နီရဲနေတာ သတိထားမိတော့ ချောင်ထျန်းချန်က မေးလိုက်တယ်

"ဘာဖြစ်တာလဲ?မင်းပါးတွေက ပန်းသီးလို ရဲတွတ်နေပြီ၊ကိုယ်တော့ တစ်ကိုက်လောက် ကိုက်ကြည့်ချင်သွားပြီ"

နည်းနည်းရှက်နေသေးတဲ့ နင်းမုန့်‌ယောင်က စိတ်တိုသွားပြီး သူပြောတာကြားတော့ ပိုပြီးတော့တောင် ရှက်သွားသေးတယ်။

"ရှင် စကားမပြောဘဲနေရင်တောင် ဘယ်သူမှ ရှင့်ကို အအလို့ ထင်မှာမဟုတ်ဘူး"

သူမရှက်နေတယ်ဆိုတာ သူသိတာ သိသာတယ် အဲ့ဒါကို သူက ဒါမျိုးပြောရဲသေးတယ်။

ချောင်ထျန်းချန်က သူမရှက်နေတာကို သတိထားမိတာကြောင့် သူမပါးကို ပွတ်သပ်လိုက်ပြီး

"အချစ် ကိုယ်က မင်းကို စနေတာပါ"

နင်းမုန့်ယောင်က နှာခေါင်းရှုံ့လိုက်ပြီး ဟွန့်ခနဲ လုပ်လိုက်သည်။အဲ့ဒီနောက် သူမက မာန်မချတဲ့ပုံနဲ့

"မနက်ဖြန်ကနေစပြီးတော့ တစ်လ ရှင်ကျွန်မအိမ်ကိုလာပြီး ထမင်းစားလို့မရဘူး"

"မင်းအိမ်ကလည်း ကိုယ့်အိမ်ပဲလေ"

ချောင်ထျန်းချန်က ဘာမှမဖြစ်သလို ပြန်ပြောလိုက်တယ်။

"ဒါက ကျွန်မအိမ်" နင်းမုန့်ယောင်က သူ့ကို စိုက်ကြည့်လိုက်တယ်။

"ကောင်းပြီ ဒါ အချစ်ရဲ့အိမ်ပဲ" ဒါပေမယ့် အနာဂတ်ကျရင် ကိုယ်လည်း အဲ့မှာနေမှာလေ။

နင်းမုန့်ယောင်က သူမရှေ့ကလူကို သင်္ကာမကင်း ကြည့်လိုက်တယ်။သူမက အမြဲတမ်း ဒီလူရဲ့စကားတွေက ဖုံးကွယ်ထားတဲ့ အဓိပ္ပာယ်တွေရှိနေတယ်လို့ ခံစားရတယ် ဒါပေမယ့် သူ တကယ်ဘာကို ဆိုလိုလဲဆိုတာ သူမ မဖော်ထုတ်နိုင်ဘူး။

နင်းမုန့်‌ယောင်‌ယောင်ရဲ့မျက်နှာကို လှမ်းထိလိုက်ပြီး ချောင်ထျန်းချန်က ပြုံးကာ ပြောလိုက်သည်။

"ကောင်းပြီ ကိုယ်မင်းကို ထပ်မစတော့ဘူးနော်။ကိုယ်ခဏလောက် ထွက်သွားရဦးမယ် ငါးရက် ခြောက်ရက်လောက်ပေါ့"

စေ့စပ်ပွဲ မတိုင်ခင်တုန်းက သူ လဲ့အန်းဆီကနေ သတင်းအချို့ရခဲ့တယ်။သူ(လဲ့အန်း)က ဓားပြတွေရဲ့ စခန်းကို ရှာ‌တွေ့ခဲ့တယ် ဒါကြောင့် သူက အဲ့နေရာကိုသွားပြီး တစ်ချက်ကြည့်ဖို့ လုပ်ထားတယ်။

ဒါပေမယ့် သူက စေ့စပ်ပွဲအတွက် ပြင်ဆင်ရမှာဖြစ်တာကြောင့် စုံစမ်းဖို့ကို အလျင်စလို မလုပ်ခဲ့ပေ။အခု သူက နောက်ထပ် အလုပ်မများတော့တာကြောင့် သေချာပေါက် သွားကြည့်ရမှာ ဖြစ်တယ်။

အခုချိန်မှာ သူက အမှန်တကယ့်ကို နင်းမုန့်‌‌ယောင်နဲ့ အတူတူရှိနေချင်ပေမယ့် သူ စွန့်ပစ်ထားလို့ မရတဲ့ ကိစ္စတွေရှိနေသည်။

နင်းမုန့်ယောင်ရဲ့ မျက်ခုံးတွေက အနည်းငယ် တွန့်ချိုးသွားပြီး

"ရှင်က ဘယ်သွားမလို့လဲ"

"ဓားပြတွေကိစ္စပါ။လဲ့အန်းက သူတို့စခန်းကို ရှာတွေ့သွားပြီး ကိုယ် အဲ့မှာရှိနေဖို့ လိုအပ်တယ်လေ" ချောင်ထျန်းချန်က တောင်းပန်တဲ့လေသံနဲ့ ပြောလိုက်သည်။

နင်းမုန့်ယောင်က ချောင်ထျန်းချန်ကို မော့ကြည့်လိုက်ပြီး သူမမျက်ဝန်းတွေထဲမှာ စူးစမ်းချင်စိတ်တွေ ပြည့်နှက်နေသည်။

"ရှင်က သူတို့နဲ့ ဘယ်လိုပတ်သက်လို့လဲ"

ဒါက သူမ အသိချင်ဆုံးပဲဖြစ်တယ်။

သူက ဒီနေရာမှာ သူမနဲ့အတူ သာမန်ဘဝလေးကို ဖြတ်သန်းသရွေ့ သူမက သူ့အတိတ်ကို ဂရုမစိုက်ပေ။ဒါပေမယ့် အခု သူက သူထွက်သွားရမယ်လို့ သူမကိုပြောလာခဲ့တယ်။

သူက ဓားပြတွေရဲ့စခန်းကိုသွားမယ်လို့ ရိုးရိုးလေးပြောလိုက်ပေမယ့်လည်း ယုံကြည်မှုမရှိဘူးဆိုရင် သူတို့က ဘာလို့ သူ့ကို လွယ်လွယ်လေး သွားခွင့်ပြုမှာလဲ?အဲ့ဒါတင် မဟုတ်သေးဘူး သူတို့က သူ့ကို တမင်တကာ ခေါ်နေပုံရတယ်။

ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို ပွေ့ဖက်လိုက်တယ်။သူက ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး

"ကိုယ်က အရင်တုန်းက စစ်ပွဲထဲမှာ နေဖူးတယ်လေ။ကိုယ်က ဗိုလ်ချုပ်တစ်ယောက်ဖြစ်ခဲ့တာ။စစ်ပွဲပြီးသွားတော့ ကိုယ်က ထွက်လာပြီး ဒီနေရာကို ရောက်လာတာပဲ။ကိုယ် အထက်ကိုလည်း အကြောင်းကြားပြီးပြီ။ဘာစစ်ပွဲမှ မရှိဘူးဆိုရင် ကိုယ်ပြန်သွားမှာ မဟုတ်ဘူး။ဒါပေမယ့် ဒီတစ်ခေါက်က မတူဘူး ဘာလို့လဲဆိုတော့ ဒီဓားပြတွေက နည်းနည်းကိုင်တွယ်ရ ခက်တယ်။သူတို့က သင့်တော်တဲ့လူ ရှာ‌မတွေ့ဘူးလေ အဲ့ဒါ‌ကြောင့် ကိုယ့်ကို တောင်းဆိုကြတာ။ပြီးတော့ သူနဲ့ကိုယ်ကလည်း ညီအစ်ကိုတွေလိုပဲ"

ရှင်းပြပြီးတဲ့နောက် နင်းမုန့်ယောင်က နောက်ဆုံးတော့ သဘောပေါက်သွားသည်။သူမက သူ့လက်တွေထဲကနေ ရုန်းထွက်ပြီး သူ့ရဲ့ ချောမောတဲ့မျက်နှာကို အလေးအနက်ကြည့်လိုက်သည်။

သူက သာမန်မဟုတ်ဘူးဆိုတာ သူမ အမြဲတမ်း သိနေခဲ့တယ် ဒါပေမယ့် သူက ဗိုလ်ချုပ်တစ်ယောက်ဖြစ်ဖူးလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး။အခုခု သူက စစ်ပွဲရှိတာ မဟုတ်ရင် မပြန်ဘူးဆိုတာ သူမ သဘောပေါက်သွားပြီ။

သူမရဲ့ နားလည်မှုအရ တိုင်းပြည်တိုင်းရဲ့ သံတမန်ဆက်ဆံရေးက အတော်လေး တည်ငြိမ်နေသေးတာမလို့ စစ်ရှောင်ဖို့ဆိုတာ လွယ်ပါတယ်။တစ်ချိန်ထဲမှာပဲ အထက်ကလူက အတော်လေး အထင်နဲ့အမြင်တစ်ခြားစီပဲ။သူ ထီးနန်းရတဲ့အချိန်ကနေ အခုထိ သူက အတိုက်အခံတွေအများကြီးနဲ့ ရင်ဆိုင်ခဲ့ပြီး သူ့လက်ထဲမှာ လုပ်ပိုင်ခွင့်တွေ အများကြီးရခဲ့တယ်၊ဒါကြောင့် သူက တစ်ယောက်ယောက်က သူ့အာဏာကို လာပြီး စိန်ခေါ်တာမျိုး အဖြစ်ခံမှာ မဟုတ်ဘူး။

"ကျွန်မ ဒီနေရာကနေ ရှင်ပြန်လာတာ စောင့်နေမယ်"

ထိုအကြောင်းကို စဉ်းစားပြီးတော့ နင်းမုန့်ယောင်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

"ဟုတ်ပြီ ကိုယ် မကြာခင် ပြန်လာခဲ့မယ်။မင်းလည်း ဂရုစိုက်ရမယ်နော် ဟုတ်ပြီလား"

သူမမှာ ကာကွယ်ပေးနေတဲ့ အရည်အချင်းရှိတဲ့လူတွေ အများကြီးရှိတယ်ဆိုပေမယ့် သူက စိုးရိမ်နေတုန်းပဲ။

နင်းမုန့်ယောင်က သူ့လက်တွေကို ပုတ်လိုက်ပြီး တိုးတိုးလေးနဲ့

"မစိုးရိမ်ပါနဲ့ ကျွန်မကို လွယ်လွယ်နဲ့ အနိုင်ကျင့်လို့မရပါဘူး"

ချောင်ထျန်းချန်က ပြုံးလိုက်တယ်။ရှင်းပြမှုပြီးတဲ့နောက် သူက နင်းမုန့်ယောင်နဲ့ အရမ်းနောက်ကျတဲ့အထိ နေပြီးတော့မှ အိမ်ပြန်သွားခဲ့သည်။

သူ့ ကိုယ်ပိုင်အိမ်မှာ ချောင်ထျန်းချန်က စိတ်မကျေနပ်ဖြစ်နေတယ်။သူ သိချင်မိတယ်

ငါ ပြန်လာတဲ့အချိန်ကျ နင်းမုန့်‌ယောင်ကို လက်ထပ်သင့်လား?စေ့စပ်ပွဲပြီးတော့ ဒီ အိမ်လွတ်ကြီးထဲမှာ တစ်ယောက်ထဲနေရတာ ထူးဆန်းတယ်။အရမ်းကို တိတ်ဆိတ်လွန်းတယ်။

သူ ဘယ်လိုလုပ် စောစောစီးစီး မသိလိုက်ရတာလဲ?

သူမအခန်းထဲမှာ နင်းမုန့်ယောင်က အိပ်မ‌ပျော်နိုင်ဖြစ်နေခဲ့တယ်။သူမက ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်နဲ့ နောက်ဆုံး မိုးလင်းခါနီးမှ အိပ်ပျော်သွားခဲ့တယ်။သူမက နောက်တစ်နေ့ မနက်မှာ စောစောထပြီးတော့ ချောင်ထျန်းချန်အတွက် ခရီးမှာယူသွားဖို့ အစာခြောက်တွေ ပြင်ပေးတယ်။ထမင်းအတူတူစားပြီးတဲ့နောက် သူမက အဝေးကို မြင်းစီးပြီးထွက်သွားတဲ့ ယောကျာ်းကို တံခါးကနေ ကြည့်နေခဲ့တယ်။

တဖြည်းဖြည်း သေးငယ်သွားတဲ့ သူ့နောက်ကျောကို ကြည့်ပြီး သူမက ဘာမှမလုပ်နိုင်ပေမယ့် သူ ဘေးကင်းကင်းနဲ့ပြန်ရောက်လာဖို့ ဆုတောင်းမိတယ်။

All Chapters