အခန်း ၁၄၅
Vol. 6 Ch. 145
Chapter 145
ချောင်ထျန်းချန် ထွက်သွားပြီးတဲ့နောက် နင်းမုန့်ယောင်က အတော်လေး စိတ်မသက်မသာဖြစ်နေခဲ့တယ်။ဒီတစ်လျှောက်လုံး သူတို့နှစ်ယောက်က ကော်နဲ့ကပ်ထားသလို အမြဲတမ်း အတူတူရှိလာတာဖြစ်တယ်။အခု သူက ထွက်သွားပြီး အနားမှာမရှိတော့ သူမက ရုတ်တရက် တစ်ခုခု ပျောက်ဆုံးသွားသလို ခံစားရတယ်။
သူမလက်ထဲက အပ်နဲ့အပ်ချည်ကြိုးကိုကြည့်ပြီး နင်းမုန့်ယောင်က ပြုံးပြီးခေါင်းရမ်းလိုက်တယ်။တွယ်တာမှုက တကယ့်ကို ကြောက်ဖို့ကောင်းတာပဲ။
သူမ လက်ထဲက အပ်ချည်ကြိုးက ချောင်ထျန်းချန် ထွက်မသွားခင် သူ့အတွက် အဝတ်တစ်ချို့လုပ်ပေးဖို့ သူမတိုင်းထားခဲ့တာဖြစ်သည်။သူ့ရဲ့ တောက်ပတဲ့မျက်ဝန်းတွေကို စဉ်းစားလိုက်တာနဲ့တင် နင်းမုန့်ယောင်ရဲ့ စိတ်ထဲက စိတ်ဓာတ်ကျမှုက ချက်ချင်း လွှင့်ပြယ်သွားသည်။
သူက တစ်သက်လုံး ပြန်မလာတော့မှာမှ မဟုတ်တာ။သူ ဘယ်တော့မှ ပြန်မလာတော့ဘူးဆိုတဲ့ ခံစားချက်က ဘာလို့ အဲ့လောက် မတည်မငြိမ်ဖြစ်နေရတာလဲ?
သူမ သက်ပြင်းချလိုက်တယ်။အဲ့ဒီနောက် သူမလက်ထဲက အဝတ်တွေကိုပဲ ဆက်ချုပ်နေလိုက်သည်။ချင်းရွှယ်နဲ့ ကျန်တဲ့လူတွေက နင်းမုန့်ယောင်ကိုကြည့်ပြီး မတတ်နိုင်ဘဲ တိတ်တိတ်လေး ပြုံးလိုက်ကြသည်။
သူတို့ရောက်ကတည်းက သူတို့ရဲ့မမလေးက လက်ချုပ်လုပ်ငန်းကို ထိတာမဟုတ်ဘူး။ဒါပေမယ့် အခုကျ သူမက ချောင်ထျန်းချန်အတွက် အဝတ်အစားလုပ်ပေးနေတာက သူတို့ကို အံ့ဩစေတယ်။
ချောင်ထျန်းချန် ထွက်သွားပြီးတဲ့နောက် နင်းမုန့်ယောင်က အလုပ်ရုံနဲ့ငါးကန်ဆီကို နေ့တိုင်းသွားသည်။သူမက ခြံဝင်းထဲမှာ ထိုင်နေရင်းနဲ့လည်း ချောင်ထျန်းချန်အတွက် အဝတ်ချုပ်ပေးသည်။ရက်အနည်းငယ်အတွင်းမှာပဲ သူမ နှစ်ထည်ပြီးသွားခဲ့သည်။
တစ်ခြားအဝတ်တွေက အပ်ချည်ကြိုးကို ကတ်ကြေးနဲ့ဖြတ်ရင်း နင်းမုန့်ယောင်က သူမလက်ထဲက အဝတ်အစားတွေကို ကြည့်လိုက်သည်။ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး သူမချုပ်ထားတဲ့ အဝတ်အစားတွေကို အရမ်းကျေနပ်သွားသည်။
"နင်းမုန့်ယောင်!မြေခွေးမ!အခု ထွက်လာခဲ့စမ်း!"
နင်းမုန့်ယောင်က သူမလုပ်နေတာကို ရပ်လိုက်ပြီး အဲ့ဒီနောက် အသံလာတဲ့ဘက်ကို လှည့်ကြည့်လိုက်တဲ့အခါ ရန်ကွေ့က တံခါးကနေ အပြေးအလွှားဝင်လာတာကို မြင်လာရသည်။
သူမရဲ့ ဒေါသထွက်နေတဲ့ပုံစံက တစ်ခုခုပဲ။နင်းမုန့်ယောင်က ကိုယ့်ဘာသာ တွေးလိုက်တယ်။
နင်းမုန့်ယောင်က အင်္ကျီတွေကို ဘေးကထိုင်ခုံပေါ်ထားလိုက်ပြီး ချင်းရွှင်နဲ့ ကျန်တဲ့လူတွေကို ထွက်သွားဖို့ လက်ဝှေ့ပြလိုက်သည်။အဲ့ဒီနောက် ရန်ကွေ့ကိုကြည့်ပြီး မေးလိုက်သည်။
"နင်ဘာလို့ ဒီကိုလာလဲဆိုတာ သိလို့ရမလား"
ရန်ကွေ့က သူမရှေ့က မိန်းမကို စိုက်ကြည့်လိုက်တယ်။ဒီမိန်းမက အရမ်းလှတယ်။ယှဉ်လို့မရဘူးဆိုတာလည်း သိတယ်။
သူမလိုမျိူး ကျော့ရှင်းနေအောင်လုပ်ဖို့ ဘယ်လိုမှ မသင်ယူနိုင်ဘူး။သူမက အဲ့မှာထိုင်နေတာ တွေ့ရတော့ ရန်ကွေ့က သူတို့နှစ်ယောက်က မတူညီတဲ့ကမ္ဘာတွေကလို့ ခံစားရတယ်။
ပြီးတော့ သူမရဲ့လှပတဲ့ရုပ်ရည်ကလည်း နင်းမုန့်ယောင်ရှေ့မှာ နိမ့်ကျသွားတယ်လို့ ခံစားရတယ်။
"နင်းမုန့်ယောင် အစ်ကိုချောင်ရဲ့စေ့စပ်ခွင့်တောင်းတာကို လက်ခံရအောင် နင့်ကိုယ်နင် ဘယ်သူလို့ထင်နေလဲ?နင်က ငါ့ထက်ပိုကောင်းတာ ဘာတွေများရှိလို့လဲ"
ရန်ကွေ့က အံကြိတ်ပြီး ဒေါသတကြီး မေးလိုက်သည်။
နင်းမုန့်ယောင်က သူမမေးစေ့ကို လက်တစ်ဖက်နဲ့ပွတ်ပြီး ဒေါသထွက်နေတဲ့ ရန်ကွေ့ကို ကြည့်လိုက်တယ်။သူမ မျက်နှာက သိသိသာသာကို စိတ်ရှုပ်ကြောင်းပြနေပြီး
"တကယ့်ကို မိသားစုတွေပဲ ရန်ကွေ့ နင် နင့်အမေ ပြီးတော့ နင့်ရဲ့ဒုတိယအစ်ကိုရောပဲ နင်တို့အားလုံးက တကယ့်ကို အရှက်မဲ့ကြတာပဲ"
"နင့်မှာ ငါ့အမေနဲ့အစ်ကိုအကြောင်း ပြောခွင့်မရှိဘူး!"
နင်းမုန့်ယောင်ရဲ့စကားတွေကိုကြားပြီးတော့ ရန်ကွေ့ရဲ့မျက်နှညက အတော်လေး ဆိုးရွားသွားသည်။
"အိုး.....ငါကတော့ နင့်မိသားစုအကြောင်းပြောတာက အချိန်ဖြုန်းသလို ခံစားရတယ်။ဒါဆို ပြောလေ နင်က ဘာလို့ဒီရောက်လာတာလဲ"
နင်းမုန့်ယောင်က စိတ်ရှုပ်စွာနဲ့ ပြောလိုက်တယ်။
သူမက တကယ်တော့ ကိစ္စအတော်များများကို စိတ်အနှောင့်အယှက်မဖြစ်ဘူးဆိုပေမယ့် ဒီမိသားစုက ဘာလို့ ဒီလောက်ကြီး စိတ်ရှုပ်စရာကောင်းနေတာလဲ?
အခု သူမက ရွာထဲကလူတွေနဲ့ ဆက်ဆံရေးကောင်းနေပြီ။ လူတွေက သူမနဲ့ပတ်သက်ပြီး မကြိုက်တာတစ်ခုခုရှိရင်တောင်မှ ရန်ကွေ့နဲ့သူမမိသားစုလိုမဟုတ်ဘဲ သူတို့က သူမကို အန္တရာယ်မပေးပေ။
"နင်းမုန့်ယောင် အစ်ကိုချောင်ဘေးကနေ ထွက်သွားဖို့ ငါနင့်ကို သတိပေးမယ်နော်။သူက ငါ့အပိုင်ပဲ ငါတစ်ယောက်ထဲရဲ့အပိုင်ပဲ!"
ရန်ကွေ့က ရူးသွပ်နေတဲ့မိန်းမတစ်ယောက်လို အော်ဟစ်နေခဲ့တယ်။
နင်းမုန့်ယောင်က ကျယ်လောင်စွာ လှောင်ရယ်လိုက်ပြီး
"တကယ့်ကို မိသားစုတွေပဲ၊နင်နဲ့နင့်အမေက တကယ့်ကို တူတာပဲ။ကြည့်ရတာတော့ မိဘတွေက သူတို့ကလေးတွေကို သူတို့နဲ့တူအောင် ပျိုးထောင်တယ်ဆိုတာ မှန်တယ်နဲ့တူတယ်"
အနာဂတ်ကျရင် သူမကလေးသာ ဒီလိုဆိုလို့ကတော့ သူမတော့ စိတ်တိုရလွန်းလို့ ရူးသွားနိုင်တယ်။
ရန်ကွေ့က နဂါးလှေပြိုင်ပွဲပြီးတဲ့နောက် ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို ချစ်ခွင့်ပန်ခဲ့တာ သိတယ်။အစတုန်းကတော့ သူမက ထိုဟာကို လုံးဝမယုံခဲ့ဘူး။သူမရဲ့ အကြီးဆုံးအစ်ကိုက သူမကို လိမ်နေတယ်လို့ ထင်ခဲ့တာ ဒါကြောင့် သူမက အမြန်အိမ်ပြန်လာခဲ့တာ ဖြစ်တယ်။
ဒါပေမယ့် သူမ ပြန်လာပြီးတဲ့နောက် ရွာထဲက လူတွေက သူမကို ထူးဆန်းတဲ့ပုံစံနဲ့ ကြည့်နေကြတာကို သတိထားမိပြီး သူတို့က သူမအကြောင်းကိုတောင် သူမနောက်ကွယ်မှာ တိတ်တိတ်လေးပြောကြသေးတယ်။
ရွာထဲက မိန်းမတွေဆီကနေ ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို ဘယ်လောက်ဂရုစိုက်ပြီး တင်တောင်းပစ္စည်းတွေ ဘယ်လောက်ပေးတယ်ဆိုတာ လည်း သူမ ကြားခဲ့ရတယ်။
အဲ့ဒီစကားတွေ နားထောင်ပြီး ရန်ကွေ့က ဒေါသထွက်လွန်းလို့ ပေါက်ကွဲမတတ်ပဲ။အဲ့ဒါတွေအားလုံးက သူမနဲ့ပဲ သက်ဆိုင်သင့်တာ။အဆုံးသတ်ကျတော့ နင်းမုန့်ယောင်က ဘယ်လိုလုပ် အရမ်းကံကောင်းရတာလဲ?သူမ အဲ့ဒါကို လက်မခံနိုင်ဘူး။
ဒါကြောင့် ဒီကိစ္စကို သခင်မချန်းနဲ့ အတည်ပြုပြီးတဲ့နောက် သူမက နင်းမုန့်ယောင်ကိုမေးဖို့ အပြေးလာခဲ့တာဖြစ်သည်။ဒါပေမယ့် နင်းမုန့်ယောင်မျက်လုံးထဲမှာတော့ သူမက လူပျက်တစ်ဦးလိုပဲ။နင်းမုန့်ယောင်က သူမရဲ့မျက်လုံးတွေကိုတောင် ကြည့်မနေဘူး။ရန်ကွေ့က ဘယ်တုန်းကမှ ဒီလောက်ရှက်ရွံ့တာမျိုး မခံစားရခဲ့ဘူး။