အခန်း ၁၄၆
Vol. 6 Ch. 146
Chapter 146
ရန်ကွေ့က နင်းမုန့်ယောင်ရဲ့ နူးညံ့သိမ်မွေ့တဲ့ မျက်နှာကိုကြည့်ပြီး အဲ့မျက်နှာကို ဖျက်ဆီးပစ်တာဖြစ်ဖြစ် ဒါမှမဟုတ် မျက်နှာပိုင်ရှင်ကို သတ်ပစ်တာမျိုးတောင် လုပ်ပစ်ချင်နေတယ်။သူမမှာ ဆိုးယုတ်တဲ့ အတွေးရှိတယ် နင်းမုန့်ယောင်ရဲ့ မျက်နှာသာ ပျက်ဆီးသွားရင် အဲ့ဒါဆို အစ်ကိုချောင်က သူမကို သဘောကျနေပါဦးမလား?ဖြစ်နိုင်တာက အဲ့ဒီအခါကျရင် ငါက သူမထက်ပိုကောင်းတာကို မြင်သွားပြီး အဲ့ဒါဆို သူက ငါ့ကိုပဲ သဘောကျလာလောက်တယ်မလား?
ရန်ကွေ့က ချောင်ထျန်းချန်နဲနင်းမုန့်ယောင် အတူတူအိပ်နေတာကို စဉ်းစားကြည့်ရုံနဲ့တင် သူမစိတ်ထဲက ဒေါသက ပိုမိုတောက်လောင်လာတယ်။
သူက နင်းမုန့်ယောင်ကို ပစ္စည်းတွေ အများကြီးပေးခဲ့တယ်။အဲ့ဒီကောင်းတဲ့အရာတွေ အကုန်လုံးက သူမအတွက်ဖြစ်သင့်တာ မဟုတ်ဘူးလား?ဒါဆို ငါချမ်းသာတဲ့ဘဝမှာ နေနိုင်ပြီ။
ဒါကို တွေးမိတော့ ရန်ကွေ့က နင်းမုန့်ယောင်ရဲ့ ထက်မြတ်သိမ်မွေ့တဲ့ အသွင်အပြင်ကို အရမ်းရွံ့သွားတယ်။သူမ တကယ့်ကို အဲ့ဒီပုံရိပ်ကို ဖျက်ဆီးပစ်ချင်တယ်။
ရန်ကွေ့ရဲ့ ပြတ်ပြတ်သားသား အကြည့်က နင်းမုန့်ယောင်ကို မျက်မှောင်ကြုတ်သွားစေတယ်။ဒီမိန်းမက ငါ့မျက်နှာကို တစ်ခုခုလုပ်ပြီး ဖျက်ဆီးဖို့လုပ်နေတာလား ဒါမှမဟုတ် တစ်ခြားတစ်ခုလား။
"ရန်ကွေ့ ဘာကိစ္စမှမရှိဘူးဆိုရင် နင်ထွက်သွားသင့်ပြီ"
နင်းမုန့်ယောင်က အမိန့်ပေးလိုက်တယ်။
နင်းမုန့်ယောင်စကားတွေကို လျစ်လျှူရှုပြီးတော့ ရန်ကွေ့က ပြေးလာကာ ပန်းထိုးခြင်းထဲက ကတ်ကြေးကိုယူလိုက်ပြီး အဲ့ဒီနောက် နင်းမုန့်ယောင်ရဲ့မျက်နှာကို ညှပ်ထိုးပစ်ဖို့ကြိုးစားတော့သည်။
ချင်းရွှင်က ကတ်ကြေးကိုဆွဲယူဖို့ အမြန်ပြေးလာခဲ့တယ် ဒါပေမယ့် သူ အဲ့ဒါကို ဆွဲယူဖို့လုပ်တဲ့အချိန်မှာ ရုတ်တရက် ရန်ကွေ့ရဲ့လက်ကောက်ဝတ်ကို ကျောက်တုံးတစ်တုံးမှန်သွားသည်။
ကျယ်လောင်တဲ့ အော်ဟစ်သံကို ကြားလိုက်တယ်
"အားးးးးး......"
နင်းမုန့်ယောင်က လှမ်းကြည့်လိုက်တယ်။လက်ထဲမှာ ခြင်းတောင်းနဲ့ ရွာထဲက မိန်းမတစ်ယောက်က ကျောက်တုံးကို ပစ်လိုက်တာဖြစ်တယ်။သူမက စောနတုန်းက ဘာဖြစ်ခဲ့တာလဲဆိုတာ သေချာပေါက် မြင်ပြီးတာပဲဖြစ်ရမယ်။အော်တာအတွက်ကတော့.........
ချင်းရွှင်က နင်းမုန့်ယောင်ရှေ့ကို အမြန်ပြေးလာပြီး ရန်ကွေ့ရဲ့ ရုတ်တရက် တိုက်ခိုက်မှုကို တားဆီးကာ သူမကို ကန်ထုတ်ပစ်လိုက်သည်။
"သခင်မလေး နောက်ကျရင် ဒီလိုလူမျိုးတွေနဲ့ ပြဿနာမဖြစ်သင့်ဘူး"
ချင်းရွှင်က မျက်မှောင်ကြုတ်လိုက်တယ်။ထိုဟာက အရမ်းအန္တရာယ်များတယ်။သခင်မလေးရဲ့ ကိုင်တွယ်ဖြေရှင်းမှုက ဘာပြဿနာမှမရှိဘူးဆိုတာ သူမ* သိပေမယ့် စောနတုန်းကမြင်ကွင်းက လူတိုင်းကို ထိတ်လန့်စေခဲ့တယ်။
နင်းမုန့်ယောင်က ပြုံးကာ ခေါင်းငြိမ့်လိုက်ပြီး
"ငါသိပါတယ်။ဒီလိုဖြစ်လာလိမ့်မယ်လို့ ငါမျှော်လင့်ထားပြီးသား"
တကယ်တော့ သူမ ရန်ကွေ့ရဲ့အကြည့်ကိုတွေ့တဲ့အချိန် ရန်ကွေ့က ဒီလိုအရာမျိုးကို လုပ်လိမ့်မယ်ဆိုတာ သိလိုက်တယ်။သူမက အပြင်က မတ်တပ်ရပ်နေတဲ့လူရိပ်ကိုလည်း တွေ့လိုက်တာကြောင့် ရန်ကွေ့ရဲ့ တိုက်ခိုက်မှုကို မရှောင်ခဲ့တာဖြစ်တယ်။
အပြင်ကလူရဲ့အမြင်မှာ သူမက တိုက်ခိုက်ခံရတာဖြစ်တယ်။ရန်ကွေ့က ကိုယ်ထိလက်ရောက်ရန်ပြုတဲ့သူဖြစ်ပြီး နင်းမုန့်ယောင်က ခံရတဲ့လူပဲဖြစ်တယ်။
လက်ထဲက ခြင်းတောင်းနဲ့အမျိုးသမီးက အထဲကို အမြန်ဝင်လာခဲ့သည်။သူမက နင်းမုန့်ယောင်ကိုယ်ကို တစ်ချက်ကြည့်လိုက်ပြီး ထိခိုက်ဒဏ်ရာမရှိတာတွေ့တော့ ချက်ချင်း စိတ်သက်သာသွားသည်။အဲ့ဒီနောက် သူမက ရန်ကွေ့ကို စိုက်ကြည့်လိုက်ပြီး
"ရန်ကွေ့ နင်က မုန့်ယောင်ရဲ့မျက်နှာကို ပျက်စီးအောင်လုပ်တဲ့အထိ ဘယ်လိုလုပ် ဒီလောက် ရက်စက်ရတာလဲ?နင်သာ တကယ်သတိမထားရင် သူ(မ)ကို သတ်မိတဲ့အထိ ဖြစ်သွားနိုင်တယ်"
ကံကောင်းစွာနဲ့ ဒီအမျိုးသမီးက အချိန်မှီပေါ်လာခဲ့တယ် မဟုတ်ရင် ဒါက ပြဿနာကြီးဖြစ်သွားမှာ။
ပိုင်ရှန်းရွာမှာ ဒီလိုမျိုး ရက်စက်ကြမ်းကြုတ်တဲ့ မိန်းကလေးမျိုးရှိတာ ကောင်းတဲ့အရာမဟုတ်ဘူး။အမျိုးသမီးက နင်းမုန့်ယောင်ကို လေးလေးနက်နက်ကြည့်လိုက်ပြီး
"မုန့်ယောင် ဒီနေ့ကိစ္စကို သမီး ရွာသူကြီးကို ပြောကိုပြောပြရမယ်နော်"
ရန်ကွေ့ရဲ့လုပ်ရပ်က အရမ်းရဲတင်းလွန်းတယ်။သူမကို သင်ခန်းစာပေးဖို့ လိုအပ်တယ်။သူမက အခု ဒီလိုအရာမျိုးလုပ်နိုင်ရင် နောက်ကျရင် တစ်ယောက်ယောက်က သူ့မကို သဘောမတူလို့ဆိုပြီး မသတ်ပစ်နိုင်ဘူးလား?
ဒီအတွေးတွေးမိတော့ အမျိုးသမီးက တုန်လှုပ်သွားတယ်။
"ကျွန်မ သဘောပေါက်ပါတယ် ဒေါ်လေးလီ"
နင်းမုန့်ယောင်က ကြောက်သလို ပြုံးပြလိုက်တယ်။သူမသာ ဒီလိုပုံစံဆိုရင် လူတွေက ဘယ်လောက်ပဲကြည့်ကြည့် သူတို့က နင်းမုန့်ယောင်ကို သနားသွားကြမှာပဲ။
ဒေါ်လေးလီက နင်းမုန့်ယောင်ရဲ့ပုခုံးကို ပုတ်လိုက်ပြီး
"သမီးက ကြင်နာတတ်တဲ့စိတ်ထားရှိတယ်ဆိုတာ ဒေါ်လေးသိတာပေါ့ ဒါပေမယ့် သမီးက အရမ်းကြီး လူကောင်းဖြစ်နေလို့မရဘူး။မဟုတ်ရင် နာကျင်ခံစားရတာနဲ့ အဆုံးသတ်သွားလိမ့်မယ်"
ရန်ကွေ့က ချောင်ထျန်းချန်ကို သဘောကျတာ ဘယ်သူမသိလို့လဲ?သူမက ဒီနေ့ ဒီနေရာကို အပြေးရောက်လာတာက သူတို့ရဲ့ စေ့စပ်ပွဲအကြောင်း ကြားလို့ပဲလေ။သူမက သူမသာ နင်းမုန့်ယောင်ရဲ့မျက်နှာကို ဖျက်ဆီးလိုက်ရင် ချောင်ထျန်းချန်က သူမကို အာရုံစိုက်လာလိမ့်မယ်လို့ ထင်ထားတဲ့ပုံပဲ။သူမ မသိခဲ့တာက သူမရဲ့ အပြုအမူတွေက သူမကို ပိုပြီးတော့
နက်ရှိုင်းတဲ့ ဒုက္ခတွင်းထဲကို တွန်းပို့နေခဲ့တာပဲ။
နင်းမုန့်ယောင်မျက်လုံးတွေက စိတ်လှုပ်ရှားမှုနဲ့တောက်ပသွားပြီး သူမဘာသာတွေးလိုက်တယ်:'အဲ့တော့ ငါစိတ်ထားကောင်းတယ်ဆိုတာ သိတဲ့ ရွာသားအချို့ရှိတာပဲ"
သူမက သူတို့ကို စားဝတ်နေရေးအတွက် ပိုက်ဆံပေးတယ်ဆိုပေမယ့် အဆုံးမှာတော့ သူမက အမြတ်အများဆုံးဖြစ်ပြီး ရိုးရိုးသားသားပြောရရင် သူမအတွက် နှစ်ဦးနှစ်ဖက် အကျိုးရှိတာဖြစ်တယ်။ဒါပေမယ့် သူမကို အပြစ်တင်မယ့်အစား တစ်ခြားလူတွေရဲ့မျက်လုံးထဲမှာ သူမ သူတို့ကိုလ်ုပပေးတာက ကောင်းတဲ့အရာပဲဖြစ်တယ်။
သူတို့က အိမ်ကနေ ပိုက်ဆံရှာနိုင်ပြီး ပိတ်ရက်တွေမှာ အနားယူလို့ရတယ် ပြီးတော့ အလုပ်ကလည်း ရိုးရိုးလေးပဲ။အခုဆို ဆင်းဆင်းရဲရဲအခြေအနေနဲ့ နေရတဲ့လူရှိလို့လား?
လူတွေက အပိုငွေတွေ ရှိလာကြတယ် ဒါကြောင့် သူတို့က အသားတွေပိုဝယ်နိုင်ပြီး အရင်ကထက်စာရင် သူတို့ကလေးတွေအတွက်လည်း အဝတ်အစားအသစ်တွေ ပိုလုပ်ပေးနိုင်တယ်။
လူတိုင်းက နင်းမုန့်ယောင်ကို သူမရဲ့ ကြင်နာမှုကြောင့် ကျေးဇူးတင်နေကြတာဖြစ်တယ် ဒါကြောင့် သူတို့က ရန်ကွေ့လိုမျိုး ရွာကမိန်းကလေးက နင်းမုန့်ယောင်ရဲ့ လက်ရှိနှစ်သိမ့်မှုကို ဖျက်ဆီးပစ်မှာမျိုး လုံးဝခွင့်မပြုနိုင်ပေ မဟုတ်ရင် သူမက ရွာသားတွေကို ပြန်ပို့မှာပေါ့။
ဒေါ်လေးလီက သူမအိမ်ကခူးလာတဲ့ အသီးအရွက်တွေပါတဲ့ ခြင်းတောင်းကို စားပွဲပေါ်တင်လိုက်ပြီး အဲ့ဒီနောက် နင်းမုန့်ယောင်ကို နှုတ်ဆက်ကာ ထွက်သွားခဲ့သည်။
"နင်ဒါကို တမင်လုပ်တာပဲ!" ရန်ကွေ့က သူမကို အပြစ်တင်တယ်။
*(ချင်းရွှင်ကို e-transက အစတုန်းက he ဆိုပြီးသုံးထားတယ် နောက်ကျ she တဲ့ တစ်ချို့အပိုင်းတွေကျ heဆိုပြီး ပြန်သုံးထားပြန်ရော မူရင်းနဲ့တိုက်ပြီးမှ ပြန်ပြင်ပေးပါမယ်)