← Chapters

အခန်း ၁၄၇

Vol. 6 Ch. 147

အခန်း ၁၄၇

Vol. 6 Ch. 147

Chapter 147

နင်းမုန့်ယောင်က ရန်ကွေ့ကို အပြုံးလေးနဲ့ကြည့်လိုက်ပြီး

"နင်က တကယ်တော့ အရမ်းတုံးတာပဲ။အဲ့တော့ ငါတမင်လုပ်တော့ရော ဘာဖြစ်လဲ"

သူမက ရန်ကွေ့နဲ့ပတ်သက်ပြီး နည်းနည်းလေးတောင် မစိုးရိမ်ပေ ဘာ‌ကြောင့်လဲဆိုတော့ ဘယ်သူကမှ ရန်ကွေ့ပြောတာကို ယုံမှာမဟုတ်လို့ပဲ။ရန်ကွေ့ဘယ်လောက်ပဲပြောပါစေ ဘာမှအသုံးမဝင်ဘူး။

ရန်ကွေ့က နင်းမုန့်ယောင်ကို ကြည့်ပြီး

"ငါက လူတိုင်းကို နင့်ရဲ့အတုအ‌ယောင်အကြောင်းပြောပြပြီး သူတို့ နင့်ကို ဒီရွာကနေ နှင်ထုတ်အောင် လုပ်ပြမယ်"

နင်းမုန့်ယောင်က ပုခုံးတွန့်လိုက်ပြီး အဲ့ဒီနောက် စိတ်မပါသလိုပြောလိုက်တယ်

"လူတွေက နင့်ကိုယုံမလား ငါ့ကိုယုံမလားဆိုတာ ကြည့်ကြတာပေါ့"

သိပ်မကြာခင်မှာပဲ ဒေါ်လေးလီက သခင်မချန်းအပါအဝင် ရန်ကျူးနဲ့အခြားရွာသားတွေကိုခေါ်ပြီး ပြန်ရောက်လာခဲ့သည်။

ပြန်လာတဲ့လမ်းမှာ ဒေါ်လေးလီက လူတိုင်းကို ဖြစ်တဲ့အဖြစ်အပျက်အကြောင်း ပြောပြခဲ့ပြီးဖြစ်သည်။သူတို့က ရန်ကွေ့က လူတစ်ယောက်ကို ကတ်ကြေးနဲ့အန္တရာယ်ပြုတဲ့အထိ လုပ်လိမ့်မယ်လို့ မယုံနိုင်ကြပေ။

ဒါပေမယ့် သူတို့ရောက်လာတဲ့အချိန် နင်းမုန့်ယောင်ရဲ့ဖြူဖျော့နေတဲ့မျက်နှာနဲ့ မြေကြီးပေါ်က ကတ်ကြေးကို တွေ့လိုက်ရသည်။ပြီးနောက် သူတို့ ချက်ချင်းပဲ သဘောပေါက်သွားကြသည်။

ရန်ကွေ့က ပြဿနာရှာနေတာပဲ။

"နင်းမုန့်ယောင် နင်က ငါ့သမီးကို ထပ်ပြီးတော့ စွပ်စွဲဖို့ကြိုးစားပြန်ပြီ!နင်လိုချင်တာ မဖြစ်စေရဘူး!"

သခင်မချန်းက တစ်ခြားလူတွေ ပါးစပ်မဖွင့်နိုင်ခင် အော်ပစ်လိုက်သည်။

နင်းမုန့်‌ယောင်က နှုတ်ခမ်းကိုက်လိုက်ပြီး သခင်မချန်းကို ကြည့်လိုက်တယ်။တစ်ခဏကြာပြီးတဲ့နောက် သူမက လှောင်ပြောင်မှုအပြည့်နဲ့ ရယ်လိုက်ပြီး

"အဒေါ် ကျွန်မလေ ဘယ်အချိန်တုန်းကများ အဒေါ်တို့မိသားစုကို အပြစ်လုပ်သွားမိလဲဆိုတာ မသိဘူး။ရှင်တို့က ကျွန်မစေ့စပ်ပွဲပြီးတော့ ပြဿနာလာရှာကြပြီး အခု ကျွန်မက အိမ်မှာ အဝတ်ချုပ်နေတာတောင်မှ ရှင့်သမီးက ကျွန်မကိုလာပြီး ထိခိုက်အောင်လုပ်တယ်လေ။ကတ်ကြေးသုံးပြီးတော့ မျက်နှာကိုဖျက်ဆီးဖို့လုပ်တာနော်။ကျွန်မက ရှင်တို့မိသားစုကို ဘယ်လောက်တောင်များ အပြစ်လုပ်ထားမိလို့လဲဟင်"

ဘေးနားက ရွာသားတွေကလည်း သခင်မချန်းက အရမ်းရိုင်းတယ်လို့ထင်တယ်။နင်းမုန့်ယောင်က သူတို့ရွာအတွက် အကျိုးအမြတ်တွေ အများကြီး ယူလာပေးခဲ့တယ်။ရွာသားတွေက အခု သူမကို မနာလိုဝန်တိုတာ မရှိတော့ဘူး။တစ်ခြားရွာက ဆွေမျိုးသားချင်းတွေကတောင် သူတို့ကို ဒီမှာအလုပ်လုပ်လို့ရမလားဆိုပြီး လာမေးနေကြသေးတယ်။

အလုပ်ရုံနှစ်ခုက အရမ်းမကြီးတာကြောင့် လူအင်အားအများကြီးမလိုပေ။အဲ့ဒီလူတွေက သူတို့ကို အားကျပြီး တစ်ချိန်ထဲမှာပဲ ဒီလိုကောင်းတဲ့ကိစ္စမျိုးက ဘာလို့ သူတို့ရွာမှာမဖြစ်ရတာလဲလို့တွေးပြီး မနာလိုဖြစ်ကြတယ်။

အခု တစ်ယောက်ယောက်က သူတို့ရဲ့ စီးပွားရေးကို ဟန့်တားဖို့ကြိုးစားနေတာလား?နင်းမုန့်ယောင်က ရွာထဲကို သွားခဲတယ်။သူမက ပုံမှန်အားဖြင့် အိမ်မှာပဲနေတတ်ပြီး အထူးသဖြင့် အခုလို စေ့စပ်ပွဲပြီးတဲ့နောက်မှာဖြစ်တယ်။ချောင်ထျန်းချန်က အနားမှာမရှိတာကြောင့် သူမက အိမ်မှာ အပ်ချုပ်၊အဝတ်အစားတွေချုပ်ပြီး အလုပ်ရုံတွေကို သွားရောက်ကြည့်ရှူတယ်။သူမက ဘယ်သူ့ကိုမှ အနှောင့်အယှက်မပေးခဲ့ဘူး အဲ့ဒါကို ဒီလိုကိစ္စမျိုးက ဘယ်လိုလုပ် ဖြစ်သွားရတာလဲ?

နင်းမုန့်ယောင်က သခင်မချန်း ဒါမှမဟုတ် သူမယောကျာ်းရဲ့ ဘိုးဘေးတွေကိုလည်း မစော်ကားခဲ့ပါဘူး ဘာလို့ သူတို့တွေက နင်းမုန့်ယောင်ကို ပြဿနာရှာနေကြတာလဲ?

သခင်မချန်းရဲ့ အမူအရာက ပြောင်းသွားတယ်။သူမက နင်းမုန့်ယောင်ကို ဒီလောက်သရုပ်ဆောင်ကောင်းမယ်လို့ မထင်ထားဘူး။

"နင်းမုန့်ယောင် နင် သရုပ်ဆောင်မနေနဲ့တော့။နင်က ငါ့သမီးကို သိက္ခာကျအောင် လုပ်နေတာ"

"နင်းမုန့်ယောင် နင် ငါ့ကို သိက္ခာချလိုက်တာ အပြစ်ရှိတယ်လို့ မခံစားရဘူးလား"

ရန်ကွေ့က မျက်ရည်တွေဝဲနေပြီးတော့ သူမကပဲ နစ်နာတဲ့လူပုံစံနဲ့ ကြည့်လိုက်တယ်။

လူတစ်ချို့က ရှုပ်ထွေးလာကြတယ်။ဒါပေမယ့် ဒေါ်လေးလီက ရုတ်တရက် ဒေါသတကြီး ထအော်လိုက်တယ်

"နင်တို့ အမေနဲ့သမီးက တကယ့်ကို အရှက်မရှိဘူး။နင်တို့နှစ်ယောက်က ဘယ်လိုလုပ် မိဘမဲ့မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်နိုင်ရတာလဲ?ရန်ကွေ့ နင်က ဘယ်လိုလုပ် မုန့်ယောင်ကို ဒီလိုမျိုး စွပ်စွဲရဲရတာလဲ?နင်တို့တွေ မိုးကြိုးပစ်ခံရမှာ မကြောက်ကြဘူးလား?နင်နဲ့နင်ရဲ့ မနာလို‌တဲ့လုပ်ရပ်တွေက ယောကျာ်းရှာတဲ့အခါကျ နင် အခက်တွေ့လိမ့်မယ်။ထျန်းချန်က နင့်ကို မလိုချင်တာ အံ့ဩစရာမဟုတ်တော့ဘူး။နင့်ကို တစ်ယောက်ယောက်က သဘောကျတယ်ဆိုတာကမှ ထူးဆန်းနေဦးမယ်"

‌ဒေါ်လေးလီရဲ့စကားတွေက နည်းနည်းတော့ ရိုင်းတယ်၊ဒါပေမယ့် သခင်မချန်းက ပြန်ပြောချင်နေတာတွေ့တော့ သူမက ဆက်ပြောလိုက်တယ်

"ရန်ကွေ့ မုန့်ယောင်က သူ့အိမ်မှာ အပ်ချုပ်နေတာက နင့်ကိုဘယ်နည်းနဲ့များ ထိခိုက်သွားစေလို့လဲ။နင်က ဒီကိုလာပြီး ပြဿနာရှာနေတာပဲ။နင်က ပြဿနာရှာပြီးတော့ အခုကျ မုန့်ယောင်ကို အပြစ်တင်နေတယ်။နင်တို့မိသားစုက ပြဿနာအကြီးကြီးရှိနေတာပဲ"

လူတိုင်းက ဒေါ်လေးလီပြောတာကို လက်လံသဘောတူကြသည်။

သခင်မချန်းနဲ့ရန်ကွေ့ရဲ့ မျက်လုံးတွေထဲက မကျေမနပ်ဖြစ်မှုကို တွေ့ရတော့ လူတိုင်းက တူညီတဲ့အရာကို ‌တွေးလိုက်ကြတယ်:မုန့်ယောင်က သူတို့ မနှောင့်ယှက်ခဲ့ဘူး ဒါဆို သူတို့က ဘာလို့ သူမကို ရန်စပြီးတော့ ဒီလိုနည်းမျိုးနဲ့ ပြဿနာရှာရတာလဲ?

ရန်ကျူးက ရန်ကွေ့ရဲ့ ဖြူဆုပ်နေတဲ့မျက်နှာကို ကြည့်လိုက်သည်။သူက သူမဆီကို လျှောက်သွားပြီး ဟင်းခနဲ သက်ပြင်းချကာ

"ရန်ကွေ့ တကယ်တော့ ငါ ဒီလိုမျိုး မပြောချင်ပါဘူး ဒါပေမယ့် မင်းသာ ဒီလိုမျိုးဆက်လုပ်နေဦးမယ်ဆိုရင် ဒါဆို မင်း ပိုင်ရှန်းရွာကနေ ထွက်သွားသင့်တယ်။ဒီနေရာမှာ မင်းလိုမိန်းကလေးမျိုးကို ငါတို့မလိုအပ်ဘူး"

"‌ရွာသူကြီး ဒါဘာအဓိပ္ပာယ်လဲ!!" သခင်မချန်းက အော်မေးလိုက်သည်။

ရန်ကျူးက သခင်မချန်းဘက်ကိုလှည့်ပြီး အေးစက်စက် ပြောလိုက်သည်။

"ဘာအဓိပ္ပာယ်ဖြစ်ရမှာလဲ?သခင်မချန်း ဒီနေရာမှာ မင်းက တာဝန်မဲ့တဲ့လူပဲ။မင်းသာ မင်းသမီးကို သေချာ မထိန်းသိမ်းမစောင့်ရှောက်နိုင်ဘူးဆိုရင် မင်းတို့မိသားစု ရွာကနေထွက်သွားဖို့ အကြံပေးချင်တယ်၊ပြီးတော့ ငါက ရက်စက်တယ်လို့ ပြောဖို့မကြိုးစားနဲ့ မင်းသမီးရဲ့အကျင့်စရိုက်ကို မင်းတို့သိပြီးသားပါ"

"ရှင်......."

All Chapters