← Chapters

အခန်း ၁၄၈

Vol. 6 Ch. 148

အခန်း ၁၄၈

Vol. 6 Ch. 148

Chapter 148

နင်းမုန့်ယောင် မရောက်ခင်တုန်းက သခင်မချန်းရဲ့မိသားစုက ရွာမှာ အချမ်းသာဆုံးဖြစ်တယ်။လူတိုင်းက သူမကို မနာလိုဖြစ်ခဲ့ကြရတယ်။သူမမှာ အရမ်းတော်တဲ့ သားနှစ်ယောက်ရှိတယ်ဆိုတာ သူတို့သိတယ်။တစ်ယောက်က မိသားစုအတွက် ငွေရှာနိုင်ပြီးတော့ တစ်ယောက်က စာသင်သားပဲ။သူမရဲ့သမီးကိုတောင်မှ သဘောကျတဲ့လူတွေ အများကြီးရှိတယ်။

ဒါပေမယ့် နင်းမုန့်ယောင် ဒီနေရာမှာ အခြေချပြီးတဲ့နောက် အရာအားလုံးပြောင်းလဲသွားခဲ့တယ်။သူတို့မိသားစုရဲ့ ဂုဏ်ပုဒ်က ရွာထဲကနေ ဖြည်းဖြည်းချင်း ဖယ်ရှားခံလာရပြီး အဲ့ဒီနောက် သူမသမီးရဲ့ ဂုဏ်သိက္ခာကလည်း ပျက်ဆီးသွားရတယ်။အခု သူမက ဒီလိုတောင်ဆက်ဆံခံနေရပြီးတော့ ရွာသားတွေက သူမကို ရွာကလည်း မောင်းထုတ်ချင်နေကြတယ်။

ရန်ကျူးက မယုံနိုင်ဖြစ်နေတဲ့ မျက်နှာထားနဲ့ သခင်မချန်းကိုကြည့်ပြီး အေးအေးဆေးဆေးပြောလိုက်တယ်

"မင်းဘာတွေတွေးနေလဲဆိုတာ ငါသိတယ်။ငါတို့က တစ်ကိုယ်ကောင်းဆန်တယ်လို့ မင်းတွေးနေလိမ့်မယ် ဒါပေမယ့် မင်းလည်း တစ်ကိုယ်ကောင်းဆန်တာပဲ မဟုတ်ဘူးလား?မုန့်ယောင်က ရွာသားတွေ သူတို့အိမ်ကနေပဲ ပိုက်ဆံကောင်းကောင်းရှာနိုင်အောင် အခွင့်အရေးလုပ်ပေးပြီး မိသားစုတိုင်း ကောင်းကောင်းမွန်မွန်နေနိုင်အောင် လုပ်ပေးထားတာလေ။မင်းရဲ့လုပ်ရပ်တွေ‌ကြောင့်ငါတို့ရွာကို မုန့်ယောင်စိတ်ပျက်သွားလိမ့်မယ်လို့ မစဉ်းစားမိဘူးလား"

"ဟုတ်တယ် အခုဆို ငါတို့ရွာကို လူတိုင်းက မနာလိုအားကျနေကြတာ။နင်နဲ့နင့်မိသားစုက သူ(မ)ကို ထပ်ပြီး ပြဿနာရှာဖို့ကြိုးစားရင် နင်တို့ဒီကနေ ထွက်သွားဖို့ တကယ်မျှော်လင့်တယ်။ဘာပဲဖြစ်ဖြစ် နင်တို့မိသားစုကလည်း ချမ်းသာတာပဲလေ။မြို့မှာ အိမ်တစ်လုံးလောက်ဝယ်ဖို့ကတော့ နင်တို့မခက်ခဲပါဘူး"

သခင်မချန်းက သူမမိသားစုကို အပြစ်တင်နေကြတဲ့လူတွေကို အရမ်းဒေါသထွက်နေတယ်။

"သခင်မချန်း ပိုင်ရှန်းရွာက ရှင်သန်နေထိုင်ဖို့အတွက် မင်းတို့မိသားစုကို မလိုဘူး။မင်းတို့မရှိလည်းပဲ ငါတို့ဘဝတွေက ပုံမှန်အတိုင်းနေနိုင်တယ်"

ရန်ကျူးက သက်ပြင်းချလိုက်ပြီး

"ငါက မင်းတို့ကို မုန့်‌ယောင်ကြောင့် ဘက်လိုက်တယ်ဆိုပြီး ပြောဖို့လုပ်မနေနဲ့၊မင်းတို့မိသားစုက သူ(မ)ကို ခဏခဏ ပြဿနာရှာတာတွေသာမလုပ်ခဲ့ရင် ရလဒ်က အခုလိုဖြစ်မလာဘူးလေ ဟုတ်တယ်မလား"

သခင်မချန်းက တအားဒေါသထွက်နေတာကြောင့် သူမလျှာကို ပြတ်ထွက်လုနီးပါး ကိုက်ထားတယ်။အစတုန်းက ဒီတစ်ခေါက်တော့ သူမက နင်းမုန့်ယောင်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းအောင် လုပ်နိုင်မယ်လို့ ထင်ထားပေမယ့် အဲ့အစား ရလဒ်က ဆန့်ကျင်ဘက်ဖြစ်လာလိမ့်မယ်လို့ ဘယ်သူသိမှာလဲ?သူမက ဒီလို အလှည့်အ‌ပြောင်းမျိုး ဖြစ်လာလိမ့်မယ်လို့ လုံးဝ မျှော်လင့်မထားခဲ့ဘူး။

သခင်မချန်းရဲ့ စိတ်တိုနေတဲ့ပုံစံကို ကြည့်ပြီး ရန်ကျူးက အကူအညီမဲ့စွာနဲ့ ဆက်ပြောလိုက်တယ်

"ဒီတစ်ကြိမ်တော့ ငါတို့ ဒီကိစ္စကို ဆက်မလိုက်တော့ဘူး။ဒါပေမယ့် မင်းဒီလို ဆက်လုပ်နေမယ်ဆိုရင်တော့ ငါတို့ပိုင်ရှန်းရွာက မင်းနဲ့မင်းမိသားစုကို နောက်ထပ်သည်းခံပေးမှာ မဟုတ်တော့ဘူး"

ရွာသားတွေက အခုဆို အရမ်းတက်ကြွနေကြတာ။သူတို့‌ရဲ့ နေ့စဉ်ဘဝတွေကို ပိုကောင်းအောင်လုပ်ဖို့အတွက် မိသားစုတိုင်းက အလုပ်ကြိုးစားနေကြပြီ။ဒါကြောင့် သူတို့ရဲ့ဖူလုံရေးကို ဒီလိုလူတွေက ဖျက်ဆီးသွားမှာကို လုံးဝခွင့်မပြုနိုင်ဘူး။

ဒီအချိန်မှာပဲ နင်းမုန့်ယောင်က အချိန်ကိုက်ဝင်ပြောလိုက်တယ်

"အားလုံးပဲ ကျွန်မအဆင်ပြေပါတယ်။ရန်ကွေ့ကို ကျွန်မအစေခံက ကန်ကျောက်ပြီးပါပြီ။ရှေ့ဆက်သွားပြီး ဒီကိစ္စကို နောက်မှာထားခဲ့လိုက်ကြရအောင်နော်။ဒါပေမယ့် သူတို့တွေ နောက်ကျရင် ကျွန်မကို ထပ်ပြီး ပြဿနာရှာမှာတော့ မလိုချင်ဘူး"

ဒါကိုကြားတော့ လူတိုင်းက နင်းမုန့်ယောင်က တကယ့်ကို စိတ်သဘောထားကြီးမားတဲ့လူလို့ ခံစားသွားရသည်။သူမက ရန်ကွေ့ကို ဒီအတိုင်းလွှတ်ပေးလိုက်တာပဲ။

လူတိုင်းက နင်းမုန့်ယောင်က သဘောထားကြီးပြီး စိတ်ထားကောင်းတယ်လို့ ထင်နေကြတယ်။ချင်းရွှင်ရဲ့ ကန်ချက်တစ်ချက်က ရန်ကွေ့ကို အိပ်ရာထဲကနေ တစ်လလောက် မထနိုင်အောင်လုပ်ဖို့ လုံလောက်တယ်ဆိုတာ သူတို့သိထားရင်ပေါ့။

မဟုတ်ရင် နင်းမုန့်ယောင်က သူမကို အလွယ်တကူ လွှတ်ပေးလိုက်မှာ မဟုတ်ဘူး။

အဆုံးမှာတော့ သခင်မချန်းမှာ တစ်ခြားရွေးချယ်စရာမရှိတော့ပေ။သူမစိတ်ထဲက ဒေါသက အားကြီးမာန်ကြီးတောက်လောင်နေတယ် ဒါပေမယ့် သူမသမီးကိုလွှတ်ပေးတဲ့အတွက် နင်းမုန့်ယောင်ကို ကျေးဇူးတင်ဖို့လိုတယ်။သူမ အခုခံစားနေရတဲ့ ခံစားချက်က ယင်ကောင်တွေကို မြိုချမိတာထက် ပိုဆိုးတယ်။

အမေနဲ့သမီး ထွက်သွားပြီးတဲ့နောက် ရန်ကျူးက လူအုပ်ကြီးကို လူစုခွဲဖို့ပြောလိုက်သည်။အဲ့ဒီနောက် သူက နင်းမုန့်ယောင်ဘေးကို လျှောက်သွားပြီး သူမကို စိုးရိမ်တကြီး ကြည့်ကာ

"မုန့်ယောင် သမီးအဆင်ပြေရဲ့လား"

"ဦးလေးရန် မစိုးရိမ်ပါနဲ့ ကျွန်မအဆင်ပြေပါတယ်"

"မိန်းကလေး မင်း.......အိုး...ဟုတ်သားပဲ မုန့်ယောင် ဦးလေးသမီးဆီကနေ အကူအညီတစ်ခုလောက် တောင်းစရာရှိတယ်" ရန်ကျူးက အနည်းငယ် ရှက်ရွံ့စွာနဲ့ ပြောလိုက်သည်။

"ပြောပါ ဦးလေးရန်"

ရန်ကျူးက အကူအညီမဲ့စွာနဲ့ ခေါင်းရမ်းလိုက်ပြီး

"လဲ့လဲ့အကြောင်းပါ။သူ(မ)အမေနဲ့ ဦးလေးက သူလုပ်ချင်တာလုပ်ဖို့ကို မတားပါဘူး။ဦးလေးတို့က သူ အိမ်ကို စောစောပြန်လာဖို့ပဲ မျှော်လင့်တာ။နောက်ဆုံးကျတော့ သူက သိပ်မငယ်တော့ဘူးလေ"

နင်းမုန့်ယောင်က ချက်ချင်း သဘောပေါက်သွားတယ်။သူမက ရန်ကျူးကိုကြည့်ကာ ရယ်လိုက်ပြီး

"ဦးလေးရန် စိတ်မပူပါနဲ့။ဦးလေးဘာပြောချင်တာလဲဆိုတာ နားလည်ပါတယ်။လဲ့လဲ့က မိန်းမကောင်းလေးပါ အဲ့ဒါကြောင့် ကျွန်မသူ့ရဲ့ ပျော်ရွှင်မှုကို အပြောင်အပျက်လုပ်မှာမဟုတ်ဘူး"

သူမလည်းပဲ ရန်လဲ့လဲ့ ပျော်ရွှင်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ် ဒါကြောင့် သူမမှာ သူမကိုယ်ပိုင်စိတ်ကူးတွေရှိတယ်။

ရန်ကျူးက နင်းမုန့်ယောင်ကိုကြည့်လိုက်ပြီး သူ့မျက်နှာက ရှက်ရွံ့မှုကြောင့် အနည်းငယ်နီနေကာ

"မုန့်‌ယောင် ဦးလေး........."

"မစိုးရိမ်ပါနဲ့ ကျွန်မသဘောပေါက်တယ်။နောက်နှစ်ကျရင် လဲ့လဲ့က သင်ယူတာပြီးသွားပြီ။အဲ့ဒီအခါကျရင် မြို့ကိုပြန်လာပြီး သူ့ကိစ္စတွေလုပ်ခိုင်းလိုက်မယ်"

ဒီနည်းနဲ့ဆိုရင် ရန်လဲ့လဲ့ကို အိမ်ကို မကြာခဏပြန်လာနိုင်ပြီး သူမမိဘတွေကလည်း သတိရရင် သွားတွေ့နိုင်တယ်။

ဒါကိုကြားတော့ ရန်ကျူးက အရမ်း ကျေးဇူးတင်သွားတယ်

"မုန့်ယောင် ကျေးဇူးအများကြီးတင်ပါတယ်"

"အဲ့ကိစ္စကို မစိုးရိမ်နဲ့နော်"

ရန်ကျူးက နင်းမုန့်ယောင်နဲ့ ခဏလောက် စကားပြောပြီး ထွက်သွားခဲ့သည်။

ရန်ကျူးထွက်သွားပြီးတဲ့နောက် နင်းမုန့်‌ယောင်က ခပ်ယဲ့ယဲ့ပြုံးလိုက်တယ်။ခဏခဏ ငြင်းခုန်နေရတဲ့ ဘဝကလည်း သိပ်မဆိုးပါဘူး။

ဒါတွေကိုတွေးမိတော့ နင်းမုန့်‌ယောင်က ခေါင်းခါလိုက်ပြီး နောက်တစ်ကြိမ် ပြုံးလိုက်သည်။သူမက ပန်ုးထိုးခြင်းထဲက အပ်နဲ့အပ်ချည်ကို ပြန်ကောက်ယူပြီး အဝတ်တွေ ဆက်ချုပ်နေသည်။အခုချိန်မှာ တစ်ယောက်ယောက်ကသာ ဒီမြင်ကွင်းကို တွေ့မယ်ဆိုရင် သူမမျက်နှာပေါ်က တောက်ပတဲ့အပြုံးကို မြင်ရလိမ့်မယ်။

All Chapters