← Chapters

အခန်း ၁၄၉

Vol. 6 Ch. 149

အခန်း ၁၄၉

Vol. 6 Ch. 149

Chapter 149

စေ့စပ်ပွဲပြီးတဲ့နောက် ဘဝက ရိုးရှင်းပြီးတော့ သက်သောင့်သက်သာပဲ။တစ်ခုတည်းသော မကောင်းတဲ့အရာက ချောင်ထျန်းချန်က အခုထိ ပြန်မရောက်သေးတာပဲ။ပြီးတော့ နင်းမုန့်‌ယောင်က သူဘယ်အချိန်ပြန်လာမှာလဲ ဒါမှမဟုတ် သူဘာတွေလုပ်နေလဲဆိုတာ မသိရဘူး။

နင်းမုန့်ယောင်က ချောင်ထျန်းချန်အကြောင်း စဉ်းစားနေတုန်း သူက လဲ့အန်းကို အေးစက်စွာ စိုက်ကြည့်နေသည်။

"ဆရာ ကျွန်တော့်ကို ဒီလိုကြီးမကြည့်နဲ့လေ။ကျွန်တော်ကြောက်တယ်"

လဲ့အန်းက ချောင်ထျန်းချန်ကို သနားစရာကောင်းစွာနဲ့ ကြည့်လိုက်တယ်။

ဆရာ့ကို ဘယ်သူရန်စမိလိုက်လဲဆိုတာ နတ်ဘုရားပဲသိလိမ့်မယ်။အဲ့ဒါက ဆရာရောက်လာကတည်းကဖြစ်ပြီး ရက်တွေတော်တော်ကြာနေပြီ။သူ့ပုံစံက အချိန်မရွေးပေါက်ကွဲထွက်လာမယ့် ဒိုင်းနမိုက်လိုမျိုးပဲ။

အရင်တုန်းက သူတို့အစီအစဉ်ကို တစ်ယောက်ယောက်က ဖျက်ဆီးလိုက်တာကြောင့် သူက အဲ့လူကို အရေခွံဆုတ်ဖြဲလုနီးပါး လုပ်ခဲ့တယ်။အခုလက်ရှိ အဲ့ဒီလူက အိပ်ရာထဲ လှဲနေရတုန်းပဲ။

အဲ့ဒီနေ့ကနေစပြီးတော့ လူတိုင်းက အလွန်သတိထားကြတယ်။လူတိုင်းက သူတို့ရဲ့ ခက်ထန်တဲ့ ဗိုလ်ချုပ်ကြီး ချောင်ထျန်းချန်ကို မတော်တဆ အပြစ်လုပ်မိသွားမှာ ကြောက်ကြတယ်။

ချောင်ထျန်းချန်က လဲ့အန်းကို အေးစက်စက် ကြည့်လိုက်ပြီး

"ငါ မင်းကို လုပ်ဖို့ပြောထားတဲ့ ကိစ္စက ဘာတိုးတက်ပြီလဲ"

"အစ်ကိုကြီး စိတ်ချပါ။ကျွန်တော် အဲ့ဒါကို ရှင်းရှင်းလင်းလင်း စုံစမ်းပြီးပြီ"

လဲ့အန်းက အမြန်ခေါင်းငြိမ့်လိုက်ပြီး သူ့အမိန့်တွေကို မလွန်ဆန်ရဲပေ။

ချောင်ထျန်းချန်က အသက်ရှူထုတ်လိုက်ပြီး သူ့ရှေ့က လူကို အာရုံစိုက်ထားလိုက်သည်။

ဒီကိစ္စက လုပ်ထုံးအရဆိုရင် ဖြေရှင်းဖို့ အချိန်တိုလေးပဲလိုပေမယ့် အဲ့ဒါကတော့ အချိန်တော်ကြာအောင် ရွှေ့ဆိုင်းထားခဲ့တယ်။

သူက စေ့စပ်ပြီးကာစကို ဒီနေရာကို ချက်ချင်းထွက်လာရတယ်။သူအစတုန်းက စီစဉ်ထားခဲ့တဲ့ အစီအစဉ်တွေအကုန် ပျက်ဆီးသွားရတာက ချောင်ထျန်းချန်ကို တအားဒေါသထွက်စေရတယ်။

ဒါက အရမ်းကောင်းပေမယ့်လည်း အထိအခိုက်တစ်စုံတစ်ခုမရှိဘဲ ရလဒ်က တော်တော်လေးကောင်းမွန်တာကြောင့် အဲ့ဒီ နောက်ဆုတ်သွားမှုတွေက သူတို့ကို ပိုသတိထားမိစေပြီး အမိန့်တွေကို အမှားအယွင်းမရှိအောင်လုပ်ရတယ်။ဒီနှုန်းနဲ့ဆိုရင် မကြာခင်မှာ သူပြန်နိုင်ပြီ။သူ့ရဲ့ဇနီးလောင်းလေးက သတိရနေမလားဆိုတာ သိချင်လိုက်တာ။

သူ နင်းမုန့်ယောင်အကြောင်း မတွေးတာအကောင်းဆုံးပဲ ဘာလို့လဲဆိုတော့ သူမအကြောင်းကိုပိုပြီးတွေးလေ သူမဆီကို မြန်မြန် ပိုပြီး ပြန်ချင်လေဖြစ်နေလို့ပဲ။

သူမ အခု ဘာလုပ်နေမလဲဆိုတာ သူ မသိဘူး။သူမ နေနေကျလိုမျိုး အေးအေးဆေးဆေး သက်သောင့်သက်သာနေနေမလားဆိုတာ သူသိချင်တယ်။

သဘာဝကျစွာနဲ့ပဲ ချောင်ထျန်းချန် ဘာတွေစဉ်းစားနေလဲဆိုတာ နင်းမုန့်ယောင် မသိခဲ့ပေ။

သူမရှေ့က မတ်တပ်ရပ်နေတဲ့ ရှောင်ချီထျန်းကိုကြည့်ပြီး အသာလေး မျက်ခုံးတွန့်သွားသည်။

"ရှင် ဒီရောက်လာတာ အ‌ကြောင်းရှိလို့လား"

နင်းမုန့်ယောင်က သိချင်စွာမေးလိုက်တယ်။သူက ကိစ္စတွေ စိတ်မချမ်းသာရတာမျိုး ဖြစ်တဲ့အခါ မကြာခဏရောက်လာတတ်တယ်။ဒီတစ်ခေါက် သူက လေးနက်တဲ့အမူအရာတွေတောင်ရှိနေပြီးတော့ နင်းမုန့်ယောင်ကို စိတ်ရှုပ်သွားစေတယ်။

ရှောင်ချီထျန်းက နင်းမုန့်ယောင် မျက်လုံးတွေထဲကိုဉာဏ်အလင်းလိုမျိုး တောက်ပစွာနဲ့ကြည့်လိုက်သည်။အဲ့ဒီမျက်လုံးတစ်စုံကိုကြည့်ပြီး သူဘာတွေတွေးနေလဲဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ပေ၊အဆုံးမှာတော့ နင်းမုန့်ယောင်က စိတ်မသက်မသာဖြစ်လာတာကြောင့် မေးလိုက်သည်။

"ရှောင်ချီထျန်း ရှင် ဒီကို ဘာအတွက်ရောက်လာတာလဲ"

ရှောင်ချီထျန်းရဲ့မျက်လုံးတွေက နင်းမုန့်ယောင်ကိုကြည့်ပြီး အနည်းငယ်တောက်ပသွားကာ

"မင်း ထျန်းချန်နဲ့စေ့စပ်လိုက်ပြီလား"

တကယ်တော့ ချောင်ထျန်းချန်က အရင်တုန်းက သူ့ကို ဒီသတင်းပြောပြထားပြီးသားဖြစ်ပြီး အဲ့ဒီအချိန်တုန်းက သူကအနည်းငယ် မကျေနပ်ဖြစ်သွားခဲ့တယ်။ဒါကြောင့် သူက သူမကို ကိုယ်တိုင်မေးဖို့ အခွင့်အရေးလိုချင်ခဲ့တယ်။ဒါပေမယ့် ဧကရာဇ်ရဲ့နန်းတော်မှာ အလုပ်နည်းနည်းရှုပ်သွားတာကြောင့် အခုထိ သူ အခွင့်အရေးမရခဲ့ပေ။

"အင်း" နင်းမုန့်ယောင်က ခဏရပ်သွားပြီး ခေါင်းငြိမ့်လိုက်သည်။

"မင်းက သူနဲ့ထိုက်တန်တယ်လို့ ထင်လား"

ရှောင်ချီထျန်းက နင်းမုန့်ယောင်ကို လေးလေးနက်နက်ကြည့်ပြီး မေးလိုက်တယ်။

နင်းမုန့်ယောင်က ပြုံးပြီး သူမလက်ထဲက ပန်းထိးခြင်းကို အောက်ချလိုက်တယ်။သူမက ‌ရှောင်ချီထျန်းရဲ့ မုန်းတီးနေတဲ့ပုံစံကိုကြည့်ပြီး

"ရှောင်ချီထျန်း ရှင့်မိသားစုက ချမ်းသာတယ်ဆိုတာ ကျွန်မသိတယ်၊ဒါပေမယ့် ဒါက ကျွန်မနဲ့ချောင်ထျန်းချန်ကြားထဲက ကိစ္စလေ။ရှင်သိပ်ပြီး ဂရုစိုက်နေဖို့မလိုဘူး။သူက ကျွန်မကိုချစ်နေသရွေ့ အဲ့ဒါက ကျွန်မအတွက်လုံလောက်ပြီ။ဒါက ရှင်နဲ့ဘာဆိုင်လို့လဲ"

ရှောင်ချီထျန်းက အစတုန်းကတော့ သူမကို ‌အမှန်တကယ် ‌ဒေါသထွက်သင့်တယ်လို့ ခံစားခဲ့ရပေမယ့် သူမရဲ့ အေးစက်စက်မျက်လုံးတွေကိုတွေ့တော့ သူ့မှာ နောက်ထပ်ပြောဖို့ အခွင့်အရေးရှိပုံမရဘူးဆိုတာ သတိထားမိသွားတယ်။

"ရှင်က သူ့သူငယ်ချင်းဆိုတာ ကျွန်မသိတယ် ဒါပေမယ့် ကျွန်မက ရှင်နဲ့နေနေတာ မဟုတ်ဘူးလေ အဲ့ဒါကြောင့် "ကျွန်မရဲ့ဘဝက ဘယ်လိုလဲ" ဆိုတဲ့ မေးခွန်းမျိုးကို ကိုယ့်ဘာသာ သိမ်းထားတာ ပိုကောင်းတယ်။ကျွန်မတို့ရဲ့ဘဝတွေမှာ ပျော်နေသရွေ့ အဲ့ဒါက လုံလောက်ပြီ။သူလုပ်ချင်တဲ့အရာတွေကို ကျွန်မ ဝင်စွက်ဖက်မှာ မဟုတ်ဘူး"

နင်းမုန့်ယောင်က သူမရဲ့ အနေအထားကို ချမှတ်ခဲ့တာ ထင်ရှားတယ်။

ရှောင်ချီထျန်းရဲ့ အမူအရာက အနည်းငယ် ပြောင်းလဲသွားတယ်။နင်းမုန့်ယောင်ကိုကြည့်လိုက်ပြီး သူဒီအမျိုးသမီးကို ဘယ်တုန်းကမှ အမှန်တကယ် နားမလည်ခဲ့ဘူးဆိုတာ သိလိုက်ရတယ်။သူမက လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုလိုပဲ။

"ရှင် ဒီနေ့ ဒီကိုလာတာ အဲ့အ‌ကြောင်းပြောဖို့ဆိုရင်တော့ ရှင့်ရဲ့အားထုတ်မှုတွေကို ချွေတာထားဖို့ အကြံပေးချင်တယ်။"

နင်းမုန့်‌ယောင်‌ယောင်က ရှောင်ချီထျန်းရဲ့ မေးခွန်းတွေကြောင့် ချောင်ထျန်းချန်ကို လုံးဝ စိတ်မပျက်သွားပေ။အဲ့အစား မေးခွန်းတွေက ချောင်ထျန်းချန်အတွက် သူတို့ရဲ့စိုးရိမ်မှုကို ဖော်ပြနေတာဖြစ်တဲ့အတွက်‌ကြောင့် ဒီလိုသူငယ်ချင်းကောင်းတစ်ယောက်ရှိနေတာ သူမ ဝမ်းသာတယ်။

All Chapters