အခန်း ၁၅၀
Vol. 6 Ch. 150
Chapter 150
ရှောင်ချီထျန်းက ရုတ်တရက်ပြုံးလိုက်ပြီး
"မင်းကို အမှန်အတိုင်းပြောရမယ်ဆိုရင် ငါမင်းနဲ့ အလုပ်တွဲလုပ်ခဲ့တာ သူ့ကြောင့်ပဲ အထူးသဖြင့် မင်းက မင်းအလုပ်ရုံတွေဆီကနေ ဝေစုတစ်ချို့ သူ့ကိုပေးတယ်ဆိုတာ သိရပြီးတော့ပေါ့"
တစ်ယောက်ထဲနေထိုင်ရတာက အရာရာတိုင်းအတွက်ငွေလိုတယ်။သူတို့သာ ချောင်ထျန်းချန်ကို ပိုက်ဆံတိုက်ရိုက်သွားပေးရင် သူကသေချာပေါက် ငြင်းလိမ့်မယ်။ချောင်ထျန်းချန်က သူ့ဘာသာသူ ပိုက်ဆံရှာနိုင်တယ်ဆိုတာ ရှောင်ချီထျန်းလည်းသိတယ် ဒါပေမယ့် သူ့အချစ်ဆုံးသူငယ်ချင်း ပိုပြီး ကောင်းကောင်းမွန်မွန်နေရဖို့ကို သူက မျှော်လင့်နေတုန်းပဲ။ဒါကြောင့် ဆော့စ်ဆိုင်နဲ့ဝိုင်ဆိုင်တို့မှာ ပူးပေါင်းလုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တာပဲ။
အခုဆို ချောင်ထျန်းချန်ရဲ့ဘဝက တည်ငြိမ်နေပြီ။နင်းမုန့်ယောင်က သူမရဲ့နေ့ရက်တွေကို လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေတာ တွေ့ရတော့ ချောင်ထျန်းချန်လည်း ကောင်းကောင်းနေနေတယ်ဆိုတာ သူနားလည်တယ် ဒါကြောင့် သူနဲ့ဧကရာဇ်က သူ(ထျန်းချန်)အတွက် စိတ်ပူနေဖို့မလိုဘူး။
နင်းမုန့်ယောင်လက်ထဲက ချုပ်လို့မပြီးသေးတဲ့ အင်္ကျီတွေဆီ အကြည့်ရွှေ့လိုက်ပြီး သူက မေးလိုက်တယ်
"အဲ့ဒါက သူ့အတွက်လုပ်နေတာလား"
"ဟုတ်တယ်"
နင်းမုန့်ယောင် ခေါင်းငြိမ့်လိုက်တယ်။သူ့အခန်းကို သန့်ရှင်းရေးလုပ်ပေးတဲ့အချိန်တုန်းက သူ့မှာအဝတ်အစားတွေအများကြီးရှိတာ သူမသတိထားမိလိုက်တယ် ဒါကြောင့်ပဲ သူမက သူ့အတွက် နည်းနည်းပါးပါးချုပ်ပေးတာ။
ရှောင်ချီထျန်း စိတ်ချသွားပြီ။အပ်ချုပ်တာကနေ နင်းမုန့်ယောင်က သူမအလုပ်ကို အရမ်းအာရုံစိုက်တယ်ဆိုတာ မြင်နိုင်တယ်။သူမသာ သူ(ထျန်းချန်)နဲ့ တစ်သက်လုံး ဟန်မဆောင်ဘဲ မနေသွားချင်ဘူးဆိုရင် ဘာလို့ သူ့ဖို့ အဝတ်အစားတွေ အများကြီး ချုပ်ပေးပါ့မလဲ?
ဒါ့အပြင် သူမအစေခံတွေထဲမှာ အပ်ချုပ်ကျွမ်းကျင်ပြီး သူမအတွက် မကြာခဏ အဝတ်အစားတွေလုပ်ပေးတတ်တဲ့ လူရှိတာ သူသိတယ်။လက်ရှိမှာတော့ သူမအတွက် အဝတ်အစားတွေလုပ်ရမယ့်အစား သူမက ချောင်ထျန်းချန်အတွက် လုပ်ပေးနေတယ်။ချောင်ထျန်းချန်က သူမနဲ့အတူ တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင်နေသွားနိုင်တာ အမှန်ပဲဖြစ်နိုင်တယ်။
"သူ မကြာခင်ပြန်လာတော့မှာ" ရှောင်ချီထျန်းက ရုတ်တရက် ပြောလိုက်သည်။
နင်းမုန့်ယောင်က ကြောင်သွားပြီး အဲ့ဒီနောက် ခေါင်းငြိမ့်လိုက်သည်။
"သိတယ် သူ ကျွန်မကို ကတိပေးထားခဲ့တယ်"
"မင်း သူ့ကို အဲ့လောက်တောင် ယုံတာလား"
ချောင်ထျန်းချန် ထွက်သွားကတည်းက ဘာသတင်းမှမရှိတာကြောင့် ဒီလို တုံ့ပြန်မှုမျိုးရလိမ့်မယ်လို့ ရှောင်ချီထျန်း မထင်ထားခဲ့ပေ။
ဒါပေမယ့် သူမက အမှန်တကယ်ကြီး လုပ်ခဲ့တယ်။
"အင်း ယုံတယ်"
ရှောင်ချီထျန်း စိတ်ကျေနပ်သွားသည်။သူက နင်းမုန့်ယောင်ကို ကြည့်ပြီး ပြောလိုက်သည်။
"သူ့မိသားစု ကိစ္စတွေက ရှုပ်ထွေးတယ်။သူက အားလုံးကို ဘေးဖယ်ထားခဲ့ပြီဆိုပေမယ့် သူ့အဖေက အခုထိ သူ့ကို အခွင့်ကောင်းယူဖို့ လုပ်နေတုန်းပဲ။အဲ့ဒါကြောင့် မင်း အခု သူ့ကို ယုံကြည်သလိုမျိုး ဆက်ပြီးတော့လည်း ယုံကြည်ပေးသွားဖို့ မျှော်လင့်တယ်။အကယ်၍ တစ်နေ့နေ့မှာ သူက မင်းကို သစ္စာဖောက်တဲ့ ကောလဟာလမျိုး ကြားခဲ့ရင်တောင်မှ အဲ့ဒါက သေချာပေါက်ကို အတုအယောင်ပဲ"
နင်းမုန့်ယောင်က မျက်မှောင်ကြုတ်သွားတယ်။ရှောင်ချီထျန်းက ဘာကိုဆိုလိုတာလဲ?
"ရှင်က ကျွန်မကို ဘာပြောချင်တာလဲ"
"ထျန်းချန်ရဲ့အမေက ဗိုလ်ချုပ်ချောင်ရဲ့ နှစ်သက်တာမခံရတဲ့ ကိုယ်လုပ်တော်တစ်ယောက်ပဲ။ပြီးတော့ သူငယ်ငယ်လေးထဲက သေသွားခဲ့တာ။အဲ့ဒီအချိန်ကနေစပြီးတော့ ထျန်းချန်ရဲ့ဘဝက အစေခံတွေထက်တောင် ဆိုးသေးတယ်။သူ အသက်၁၂နှစ်မှာ အိမ်ကနေ စွန့်ပစ်ခံလိုက်ရပြီး နယ်စပ်မှာ တိုက်ပွဲဝင်ရတယ်။သူက စစ်ထဲဝင်လိုက်ပြီး တဖြည်းဖြည်းနဲ့ အောင်မြင်မှုတွေရပြီး နောက်ဆုံးမှာ အတော်ဆုံး ဗိုလ်ချုပ်တစ်ယောက်ဖြစ်လာခဲ့တယ်" ရှောင်ချီထျန်းက နင်းမုန့်ယောင်ကို ဇာတ်ကြောင်း ပြောပြလိုက်တယ်။
နင်းမုန့်ယောင်က မျက်မှောင်ကြုတ်ပြီး
"အဲ့လိုဆိုရင် ဒါဆို သူ့အဖေက သူ့ကို ကြည့်သင့်တာပေါ့"
"တစ်ခြားမိသားစုဆိုရင်တော့ မင်းပြောတာမှန်လိမ့်မယ် ဒါပေမယ့် ချောင်ကျန်းဟုန်ရဲ့ မိသားစုမှာတော့ မဟုတ်ဘူး။ဘာလို့လဲဆိုတော့ ထျန်းချန်က သူ့ထက်ပိုပြီး ရာထူးမြင့်တယ်လေ။ထျန်းချန်ကို အမြင့်ဆုံး ဗိုလ်ချုပ်ကြီးရာထူးပေးလိုက်တဲ့နေ့က ချောင်ကျန်းဟုန်ရဲ့မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပဲ။ပြီးတော့ အဲ့ဒါက ချောင်မိသားစုရဲ့ အကြီးဆုံးတရားဝင်သားရဲ့ ဂုဏ်ကျက်သရေမဟုတ်ဘူးလေ အဲ့တော့ ချောင်မိသားစုဝင်တွေ၊ကိုယ်လုပ်တော်တွေ ဒါမှမဟုတ် ချောင်ကျန်းဟုန် သူတို့က ထျန်းချန် သူတို့ဘဝတွေထဲကနေ တစ်သက်လုံးပျောက်ကွယ်သွားဖို့ ပြင်းပြင်းထန်ထန် ဆုတောင်းနေကြတာ"
ရှောင်ချီထျန်းက အဲ့ဒီတစ်မိသားစုလုံးကို စိတ်ပျက်တယ်။
နင်းမုန့်ယောင်က နှုတ်ခမ်းကိုက်လိုက်တယ်။သူမ မျက်နှာက မှောင်မည်းအုံ့မှိုင်းနေတယ်။သူ့ဘဝကို ဒီလိုမျိုးတွေးကြည့်တော့......
ရှောင်ချီထျန်းက သက်ပြင်းချလိုက်ပြီး
"မုန့်ယောင် ငါ မင်းကို ဒါတွေပြောပြတာက မင်းသူနဲ့ပျော်ပျော်ရွှင်ရွှင်နေသွားဖို့ မျှော်လင့်လို့ပဲ။သူ အတိတ်တုန်းက အရမ်းကို ခံစားခဲ့ရပြီးပြီ"
အသက်၁၂နှစ်အရွယ် ကလေးတစ်ယောက် ဆိုတာအိမ်မှာ အချစ်ခံနေရမှာဖြစ်ပြီး စစ်တိုက်နေရမှာ မဟုတ်ပေ။ချောင်ထျန်းချန် အဲ့ဒီတိုက်ပွဲတွေက ဘယ်လို အသက်ရှင်ကျန်ရစ်ခဲ့လဲဆိုတာ သူမ မှန်းမကြည့်နိုင်ဘူး။
"ပြီးတော့ရော"
"သူက ဗိုလ်ချုပ်ရာထူးရပြီးတော့ ဧကရာဇ်နဲ့တွေ့ပြီး နောက်ရက် ပျောက်သွားတော့တာပဲ။သူဘယ်သွားလဲဆိုတာ ဘယ်သူမှမသိကြဘူး ဒါပေမယ့် ဧကရာဇ်က သူ့ရာထူးကို အမြဲတမ်းသူ့အတွက်ထားထားတာ။အဲ့ဒါကြောင့်ပဲ ချောင်ကျန်းဟုန်ကို အတွေးလွန်စေတာလေ။ဓားပြအမှုကြောင့် သူ့ကို ရာထူးချခံလိုက်ရတယ်။အဲ့တော့ တောက်ပတဲ့အနာဂတ်ရှိနေတဲ့ သူ့ကလေးကို လွှတ်ပေးမှာမဟုတ်ဘူး"
ရှောင်ချီထျန်း ဒီကိုလာတဲ့လမ်းမှာ သူ့နောက်ကနေ တစ်ယောက်ယောက် လိုက်လာတယ်ဆိုတာ သိတယ်။အဲ့ဒီလူတွေက ချောင်ကျန်းဟုန်နဲ့သက်ဆိုင်တယ်ဆိုတာလည်းသိတယ် ဒါပေမယ့် ချောင်ကျန်းဟုန်က သူ့ကို အထင်သေးခဲ့တာပဲ။
နင်းမုန့်ယောင်က သဘောပေါက်သွားပြီး ခေါင်းငြိမ့်လိုက်တယ်
"ကျွန်မ သိပြီ"