အခန်း ၁၅၁
Vol. 7 Ch. 151
Chapter 151
နင်းမုန့်ယောင်က ရှောင်ချီထျန်း အခု ဘာကိုဆိုလိုလဲဆိုတာ သဘောပေါက်တယ်။ချောင်ထျန်းချန်ရဲ့ အဓိကအခက်အခဲက ချောင်ကျန်းဟုန်က သူ့ရာထူးခိုင်မာဖို့အတွက် ချောင်ထျန်းချန်ကို အသုံးပြုချင်နေတာပဲ။
"မှန်တယ် အဲ့ဒါကြောင့်ပဲ ငါက မင်းကို စိတ်ပြင်ဆင်ထားစေချင်တာ။သိပ်မကြာခင်မှာပဲ သူတို့တွေ ဒီနေရာကို ရှာတွေ့သွားကြလိမ့်မယ်"
ရှောင်ချီထျန်းက စိုးရိမ်စွာနဲ့ပြောလိုက်သည်။
အတိတ်တုန်းကတော့ ချောင်ထျန်းချန် တစ်ယောက်ထဲနေတုန်းက သူက လူတိုင်းရဲ့မြင်ကွင်းကနေ အောင်အောင်မြင်မြင်နဲ့လွတ်မြောက်နိုင်လိမ့်မယ် ဒါပေမယ့် အခု ကိစ္စတွေက မတူညီတော့ဘူး။သူ့မှာ နင်းမုန့်ယောင်ရှိနေပြီ ပြီးတော့ သူတို့က ဒီရွာလေးမှာပဲ အေးချမ်းသာယာတဲ့ဘဝနဲ့ နေသွားဖို့ စီစဉ်ထားကြတာ။အဲ့လိုသာဆိုရင် သူတို့တွေ ဘာတွေပဲလုပ်လုပ် နောက်မှာ သဲလွန်စဖျော့ဖျော့တော့ ကျန်နေခဲ့မှာဖြစ်ပြီး သူတို့ရဲ့တည်နေရာတွေကလည်း မကြာခင်မှာ ဖော်ထုတ်ခံရနိုင်တယ်။
ဒါ့အပြင် ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို လက်ထပ်လိုက်တဲ့သတင်းကို နောက်ဆုံးကျရင် ချောင်ကျန်းဟုန် သိသွားမှာပဲ။အဲ့ဒီအခါကျရင် သူက သေချာပေါက် နင်းမုန့်ယောင်ကို သတ်ဖို့ လာလိမ့်မယ် အဲ့လိုဆိုရင် ချောင်ထျန်းချန်က ပြန်လာလိမ့်မယ်။သူတို့တွေရဲ့ နည်းလမ်းတွေနဲ့ဆို သင့်တော်တဲ့လက်ထပ်ပွဲတစ်ခုထက် သူတို့မိသားစုရဲ့ရာထူးကို ပိုပြီး အားကောင်းအောင် လုပ်မှာပဲ။
နင်းမုန့်ယောင်က နှာခေါင်းရှုံ့လိုက်ပြီး
"သူတို့တွေ ထျန်းချန်ကို ထိခိုက်စေမယ့် အရာမျိုး လုပ်မှာမဟုတ်ဘူးဆိုတာ ကျွန်မသိတယ်။ကျွန်မ သူတို့နဲ့ ငြင်းခုံနေမှာမဟုတ်ဘူး ဒါပေမယ့် သူတို့သာ သူ့ကို ထိခိုက်အောင်လုပ်ရဲရင်တော့ ဒါဆို တစ်ခုခုဖြစ်သွားရင် ကျွန်မကို လာပြီး အပြစ်မတင်နဲ့"
သူမမှာ ချောင်ထျန်းချန်ကို ကာကွယ်နိုင်စွမ်းရှိတယ် ဒါကြောင့် ဘယ်သူမှ သူ့ကို ထိခိုက်အောင်လုပ်ခွင့်မပြုဘူး။
ရှောင်ချီထျန်းက နင်းမုန့်ယောင်ရဲ့ ရုတ်တရက် ပေါက်ကွဲထွက်လာတဲ့ အားအင်တွေကိုကြည့်ပြီး အံ့ဩသွားပြီး စိတ်လှုပ်ရှားသွားတယ်။နင်းမုန့်ယောင်က သူတို့ကို မထင်မှတ်ထားတဲ့ အကျိုးအမြတ်တွေ ယူလာပေးနိုင်တယ်။
"ရှင် ထျန်းချန်နဲ့ပတ်သက်ပြီး စိုးရိမ်စရာမလိုဘူး။ကျွန်မ သူ့ကို ဂရုစိုက်ပေးမှာပါ"
"ငါ သူ့ကို စိုးရိမ်ခဲ့ဖူးတယ် ဒါပေမယ့် အခု မင်းပြောတာနားထောင်ပြီးတော့ ငါ လုံးဝ စိတ်အေးသွားပြီ" ရှောင်ချီထျန်းက ရိုးရိုးသားသား ပြောလိုက်သည်။
နင်းမုန့်ယောင်ကပြုံးလိုက်ပြီး "ကြားရတာ ဝမ်းသာစရာပဲ"
ရှောင်ချီထျန်းက နင်းမုန့်ယောင်ဆီမှာ ခဏလောက်နေခဲ့သည်။ထမင်းစားပြီးတဲ့နောက် သူမဆီကနေ လုယူလာတဲ့ ဝိုင်အိုးအချို့နဲ့ ထွက်သွားခဲ့သည်။
(ငါ့မှာ နောက်ထပ်အများကြီးမရှိတော့တာကို နင်က ငါးအိုးတောင် ယူသွားတယ်။အရမ်းလွန်တာပဲ) နင်းမုန့်ယောင်က ပါသွားတာကိုကြည့်ပြီး စိတ်ထဲ နာကျင်သွားတယ်။
ရှောင်ချီထျန်းက ပေကျင်းကို ပြန်ရောက်ပြီးတဲ့နောက် ဝိုင်တွေယူပြီး နန်းတော်ကိုသွားကာ ဧကရာဇ် ရှောင်ချီဖုန်းနဲ့ တွေ့ဆုံခဲ့သည်။
"အရှင်မင်းကြီး ကျွန်တော်ပြန်ရောက်ပြီ"
ရှောင်ချီထျန်းနဲ့ရှောင်ချီဖုန်းရဲ့ ဆက်ဆံရေးက အမှန်တကယ်ကို အရမ်းကောင်းတယ်။သူတို့က အပြင်လူတွေမရှိတဲ့အချိန်ဆိုရင် များသောအားဖြင့် ဒီလိုပုံစံသာ ပြုမူကြတယ်။
အောက်မေ့ဖွယ်လုပ်နေတဲ့ ရှောင်ချီဖုန်းက သူ့ညီကို မော့ကြည့်လိုက်ပြီး
"ဘယ်လိုလဲ"
"စိတ်ပူစရာမရှိတော့ဘူး။ထျန်းချန်က ကံကောင်းတဲ့လူပဲ"
ရှောင်ချီထျန်းက ပြုံးလိုက်ပြီး နင်းမုန့်ယောင်နဲ့ပြောခဲ့တဲ့ စကားတွေကို ရှောင်ချီဖုန်းကို ပြောပြလိုက်သည်။
ရှောင်ချီဖုန်းက ရပ်နားထောင်နေခဲ့ပြီး ပြုံးလိုက်တယ်
"ဒီလိုဆိုရင် ကျန်းစိတ်အေးသွားပြီ။ဒီတစ်လျှောက်လုံး ထျန်းချန်က အိမ်ထောင်ပြုဖို့ တွန့်ဆုတ်နေခဲ့တာ။သူ တစ်သက်လုံး တစ်ယောက်ထဲနေမယ်လို့ ထင်ထားခဲ့တာ။သူ့ဘဝထဲမှာ နင်းမုန့်ယောင်ပေါ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး"
"အရှင်မင်းကြီး ဒါက ကျွန်တော် နင်းမုန့်ယောင်ဆီကနေ ခိုးလာခဲ့တဲ့ ဝိုင်ပါ။ကျွန်တော် အစ်ကို့ကို သုံးအိုးပေးပြီး ကျွန်တော့်အတွက် နှစ်အိုးသိမ်းထားမယ်။သူ့ဆီမှာ နောက်ထပ်ထပ်ရှိသေးလို့ကတော့ ထပ်ယူဖို့လုပ်ရမယ်"
ရှောင်ချီထျန်းက စားပွဲပေါ်ကို သုံးပုလင်း တင်လိုက်သည်။သူက နည်းနည်းစိတ်ဓာတ်ကျနေတဲ့ပုံနဲ့။
ရှောင်ချီဖုန်းက စိတ်တိုစွာနဲ့
"မင်း လူဆိုးကောင်လေး သူမနဲ့ပူးပေါင်းပြီးတော့ ငွေတောင် ဘယ်လောက်တောင်ရခဲ့လဲ?အဲ့ဒါကို မင်းက မကျေနပ်သေးဘူး"
ရှောင်ချီထျန်းက ပြုံးလိုက်ပြီး "ဟေး အစ်ကို အဲ့လိုမပြောနဲ့လေ။ဝိုင်က အရသာကောင်းပေမယ့် စပျစ်သီးဝိုင်လောက် မကောင်းဘူး။ပထမဆုံးစသောက်တုန်းက အရသာကို လုံးဝ မမေ့နိုင်ဘူး။သူမကို သတင်းသွားပို့တာကြောင့်သာမဟုတ်ရင် ဝိုင်ခန်းထဲ ဝင်ခွင့်တောင်ရမှာမဟုတ်ဘူး"
"မင်းက သူမရဲ့လက်ကျန်အမြတ်တွေကို အလဟဿယူတာပဲ။ထျန်းချန်ကရော ဘယ်လိုလဲ"
ရှောင်ချီဖုန်းက သူ့ညီငယ်နဲ့ပတ်သက်ပြီး ကူကယ်ရာမဲ့ခံစားလိုက်ရသည်။
သူရရှိတဲ့ ငွေရဲ့ သုံးပုံနှစ်ပုံကို တိုင်းပြည်ဘဏ္ဌာတိုက်ထဲ ဖြည့်သွင်းခဲ့တယ်။သူက တော်ဝင်အရေးကိစ္စတွေကို မကြိုက်ပေမယ့် စီးပွားရေးလုပ်ရတာတော့ကြိုက်တယ်။သူက ရိုးရှင်းတဲ့လူတစ်ယောက်ပဲ သူ အဲ့ဒါကို သဘောကျနေသရွေ့ စိတ်ထဲထားမှာမဟုတ်ဘူး။
ဒါကိုပြောမှ ရှောင်ချီထျန်းရဲ့ အမူအရာက အလေူအနက်ဖြစ်လာခဲ့သည်။
"ဒီကိစ္စက မကြာခင် ဖြေရှင်းပြီးသင့်တယ်။အစတုန်းက ဖြေရှင်းဖို့ ရက်နည်းနည်းပဲလိုတာ ဒါပေမယ့် တစ်ယောက်ယောက်က အစီအစဉ်ကို ဖျက်ဆီးလိုက်တယ်။ထျန်းချန်က အဲ့လူကို ကိုယ်တိုင်ကိုင်တွယ်တဲ့အထိ ဒေါသထွက်သွားတာ"
"အိုး?"
ရှောင်ချီဖုန်း အံ့ဩသွားတယ်။ထျန်းချန်က စစ်သည်တွေကို အမြဲတမ်း ညှာတာခဲ့တာ ဒါပေမယ့် ဒီတစ်ခေါက်တော့ သူက တကယ်ကြီး တစ်စုံတစ်ယောက်ကို ကိုင်တွယ်ခဲ့တာပေါ့လေ?
ရှောင်ချီထျန်းက ရယ်လိုက်ပြီး
"အစ်ကိုတော်အရှင်မင်းကြီး သူ့ဆီကို သတင်းပို့တဲ့အချိန်က သူက စေ့စပ်ခါနီးနေပြီလေ။သူက စေ့စပ်ပြီးနောက်နေ့ပဲ ထွက်သွားရတာ သူက အဲ့အကြောင်းကို ပျော်နေမယ်လို့ အစ်ကိုတော်က ထင်လို့လား?"
"မှန်တယ် နင်းမုန့်ယောင် တစ်ခုခုလိုအပ်ရင် ကူညီပေးလိုက်"
ရှောင်ချီဖုန်းက မပြောခင် ခဏလောက် စဉ်းစားလိုက်သည်။
တကယ်တော့ သူလည်း ချောင်ထျန်းချန်ထွက်သွားတာကို မပျော်ရွှင်ပေမယ့် နားလည်ပါတယ်။အဆုံးမှာတော့ ထျန်းချန်က လွန်ခဲ့တဲ့နှစ်တွေမှာ အများကြီး ခံစားခဲ့ရတာလေ။ဒီတစ်ခေါက် သတင်းရပြီးတော့ သူက ထပ်ပြီးတော့ တာဝန်ကိုထမ်းဆောင်ခဲ့တယ်။ဒါက ရှောင်ချီဖုန်းရဲ့စိတ်ထဲက မကျေနပ်မှုကို ပျောက်ကွယ်သွားစေတယ်။