အခန်း ၁၅၃
Vol. 7 Ch. 153
Chapter 153
ချောင်ထျန်းချန်က နင်းမုန့်ယောင်ကို သူ့ကိုယ်ကြီးနဲ့ တက်ကြွစွာပွတ်သပ်လိုက်ပြီး
"ကောင်းပြီ ပြန်လာရတာ ကောင်းလိုက်တာ။ကိုယ် ဗိုက်ဆာနေပြီ"
"ရှင်စားဖို့အတွက် အဖွားချင်ကို တစ်ခုခုပြင်ခိုင်းလိုက်မယ်" နင်းမုန့်ယောင်က ပြုံးပြီး ပြောလိုက်တယ်။
ချင်းရွှယ်နဲ့ကျန်တဲ့လူတွေက ချောင်ထျန်းချန်ကို မြင်တဲ့အချိန် အမြန်ပဲ ရေနွေးပြင်လိုက်ကြသည်။နင်းမုန့်ယောင်က သူ့အတွက် သူမလုပ်ထားတဲ့ အင်္ကျီတွေကိုယူဖို့ သူမအိမ်ကို ပြန်သွားသည်။
အရင်ရက်တွေတုန်းက သူမက ချောင်ထျန်းချန်အတွက် အင်္ကျီတွေချုပ်နေတာ နတ်ဆိုးတစ်ကောင်လိုပဲ။သူမက အဝတ်အစားဆယ်စုံ၊အတွင်းခံအများအပြားနဲ့ ဖိနပ်တွေလုပ်ခဲ့တယ်။
နင်းမုန့်ယောင်က အဝတ်အစားတွေကို ရေချိုးခန်းထဲက ရေချိုးစင်ပေါ်ထားလိုက်ပြီး
"ထျန်းချန် ကျွန်မရှင့်အဝတ်တွေ ဒီမှာထားခဲ့တယ်နော်"
"ဟုတ်ပြီ"
ချောင်ထျန်းချန်က ရေမြန်မြန်ချိုးလိုက်ပြီး ထွက်လာခဲ့သည်။သူက စားပွဲပေါ်က အဝတ်အစားသစ်တွေ၊ဖိနပ်တွေ၊ခြေအိတ်တွေနဲ့ အတွင်းခံတွေကို သတိထားမိသွားသည်။
အဝတ်တွေကို လှမ်းယူလိုက်ပြီး သူပြုံးသွားရတယ်။ဒါက တစ်ယောက်ယောက်က သူ့အတွက် အဝတ်အစားလုပ်ပေးတာ ပထမဆုံးပဲ။
သူက မြန်မြန်လေး အဝတ်အစားဝတ်ပြီး ဖိနပ်စီးလိုက်သည်။သူ့ဆံပင်ရှည်တွေကို မချည်ဘဲနဲ့ အပြင်ကို ထွက်လာခဲ့သည်။
"ဘယ်လိုလဲ?တော်ရဲ့လား"
သူ့ကိုတွေ့တော့ နင်းမုန့်ယောင်က မေးလိုက်သည်။
၎င်းက နေဗီပြာရောင်အထည်ဖြစ်ပြီးတော့ ကောင်းကောင်းပန်းထိုးထားသည်။ဖိနပ်တွေကလည်း အဝတ်အစားနဲ့တစ်စုံတည်းဖြစ်တာကြောင့် တစ်ခုလုံးက ကြည့်ရတာ အရမ်းလိုက်ဖက်နေသည်။
"အင်း ကောင်းကောင်းတော်တယ်" ချောင်ထျန်းချန်က သူ့ခန္ဓာကိုယ်ကို နည်းနည်းလှုပ်ကြည့်လိုက်ပြီး မသက်မသာဖြစ်တာမျိုး လုံးဝ မခံစားရပေ။
"ကောင်းတယ်။ကျွန်မရှင့်အတွက် တစ်ခြားဟာတွေလည်း လုပ်ထားသေးတယ်။နောက်ပြန်တဲ့အခါကျမှ ယူသွားလို့ရတယ်။ရှင့်မှာ အဝတ်အစားတွေအများကြီးမရှိဘူးဆိုတာ ကျွန်မသတိထားမိတယ်လေ"
နင်းမုန့်ယောင်က အဖွားချင်ကိုကူညီပြီး စားပွဲပေါ် စားစရာတွေ တင်ပေးရင်းနဲ့ သူ့ကို ပျော်ရွှင်စွာ ပြောနေခဲ့သည်။
နင်းမုန့်ယောင်က ဒါက သဘာဝကျတဲ့ ကိစ္စတစ်ခုလို့ တွေးတယ် ဒါပေမယ့် ချောင်ထျန်းချန်ကတော့ ပထမတော့ အံ့ဩသွားပြီး နောက်ကျ အရမ်းပျော်သွားတယ်။
ဘယ်လိုတောင် ကောင်းလိုက်တဲ့ ခံစားချက်လဲ။
တစ်ခြားလူတွေရှိနေတာကို ဂရုစိုက်မနေတော့ဘဲ ချောင်ထျန်းချန်က နင်းမုန့်ယောင်ဘေးကို လျှောက်သွားပြီး သူမခါးကို နောက်ကနေဖက်ကာ မျက်နှာက ပြုံးနေပြီး "မင်းကိုပိုင်ဆိုင်ရတာ အရမ်းကောင်းတာပဲ ယောင်ယောင်"
"ဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ဘူး" ချောင်ထျန်းချန်က ခေါင်းရမ်းလိုက်သည်။
သူ့နှလုံးသားထဲ နွေးထွေးသွားတာပါ။သူ ကျေနပ်တယ်။အရင်တုန်းက ဒီလိုခံစားချက်မျိုးကို လုံးဝ မခံစားဖူးဘူး။
"ဟုတ်ပြီ အခု လာတော့ မြန်မြန်စားရအောင်။စားပြီးရင် အနားယူရဦးမယ်လေ"
နင်းမုန့်ယောင်က သူမခါးပေါ်က သူ့လက်ကြီးတွေကို ပုတ်လိုက်ပြီး လွှတ်ခိုင်းလိုက်သည်။
ချောင်ထျန်းချန်က ခေါင်းငြိမ့်လိုက်ပြီး သူမဘေးနားထိုင်လိုက်သည်။အဖွားချင်ပြင်ပေးထားတဲ့ ဟင်းတွေကိုစားနေတုန်း ချောင်ထျန်းချန်က ချီးကျူးလိုက်သည်
"အဖွားချင်ရဲ့လက်ရာက အကောင်းဆုံးပဲ"
ချောင်ထျန်းချန်က လုံးဝကို စိတ်ကျေနပ်နေခဲ့တယ်။
"သခင်လေးက ကြိုက်တယ်ဆိုမှတော့ ဒီအဖွားကြီးက နေ့တိုင်းကို ချက်ပေးမယ်"
အဖွားချင်က ပျော်နေတယ်။ချောင်ထျန်းချန်ရဲ့ အားပါးတရစားနေတဲ့ပုံစံကိုကြည့်ပြီး မတတ်နိုင်ဘဲ ရယ်မိသွားတယ်။
ချောင်ထျန်းချန်က ခေါင်းငြိမ့်လိုက်ပြီး "ကျေးဇူးတင်ပါတယ် အဖွားချင်"
သူ စားပြီးတဲ့နောက် နင်းမုန့်ယောင်က သိချင်စိတ်ပြင်းပြစွာနဲ့ သူ့ကိုကြည့်လိုက်ပြီး
"ဘာလို့ ဒီတစ်ခေါက် ရှင်က အရမ်းကြာနေရတာတုန်း"
"အစတုန်းကတော့ ကိုယ် လဝက်လောက်စောပြီး ပြန်လာနိုင်တယ် ဒါပေမယ့် ကိုယ့်အစီအစဉ်ကို တစ်ယောက်ယောက်က ဖျက်ဆီးသွားတယ်လေ အဲ့ဒါနဲ့ ကိုယ်ပြန်ဖို့လည်း နှောင့်နှေးသွားတော့တာပဲ"
အဲ့ဒီနောက် သူက နင်းမုန့်ယောင်ကို ဓားပြတွေအကြောင်း ပြောပြခဲ့သည်။
ဓားပြတွေက အမှန်တကယ်ကို ချောင်မိသားစုနဲ့ အတော်လေး အဆက်အသွယ်ရှိသည်။အတိအကျပြောရမယ်ဆိုရင် ဓားပြတွေက ချောင်မိသားစုကပဲ။
ဓားပြတွေထဲက တစ်ယောက်က ချောင်ကျန်းဟုန်ရဲ့ လက်အောက်ငယ်သားဖြစ်သည်။ထိုအချိန်တုန်းက ချောင်ကျန်းဟုန်က သူ့ကို မောင်းထုတ်ပြီးပုံရသည်။ပြီးနောက် ထိုလူက ဓားပြတွေရဲ့ ခေါင်းဆောင်ဖြစ်လာခဲ့သည်။
သူ့အခန်းထဲမှာ ချောင်ကျန်းဟုန်ကို ရေးပို့ထားတဲ့စာတွေနဲ့ သူ့ဆီကစာတွေအများကြီးကို သူတို့ရှာတွေ့ခဲ့သည်။ဒီတစ်ကြိမ်တော့ ချောင်ကျန်းဟုန်က ရာထူးအချခံရတာပဲ ဟုတ်ပုံမရဘူးလို့ ထင်ရသည်။
အရင်က သက်သေမရှိခဲ့ပေမယ့် အခု ချောင်ကျန်းဟုန်နဲ့ဓားပြတွေ ပူးပေါင်းခဲ့တဲ့ သက်သေတွေက ဧကရာဇ်လက်ထဲကို ရောက်နေပြီဖြစ်သည်။ဒီတစ်ခေါက်တော့ သူက သေဒဏ်ကလွတ်သွားရင်တောင်မှ သေချာပေါက် တစ်ခြားဟာနဲ့ အပြစ်ပေးခံရမှာဖြစ်သည်။
"သူက ဒုက္ခရှာနေတာပဲ" နားထောင်ပြီးတော့ နင်းမုန့်ယောင်က အဲ့ဒါပဲ ပြောနိုင်တော့တယ်။
ချောင်ထျန်းချန်က သူ့မျက်နှာပေါ်မှာ လှောင်တဲ့အပြုံးနဲ့
"သူက သူ့ကိုယ်သူ အရမ်းယုံကြည်မှုရှိနေတာလေ။အဲ့ဒါကို တစ်ခြားလူတွေ ရှာတွေ့ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုပြီး ထင်ထားတာနေမှာပေါ့၊ဒါမှမဟုတ် ရှာတွေ့ခဲ့ရင်တောင်မှ ဘယ်သူမှ သူ့ကို ဘာမှမလုပ်နိုင်ဘူးဆိုပြီးလေ။နောက်ဆုံးကျတော့ သူ့လက်ထဲမှာ ကုသိုလ်တွေအများကြီးရှိနေသေးတယ်"
"ကျွန်မသိပြီ။ဒီတစ်ခေါက် သူကံမကောင်းမှာပဲ ကြောက်ရတယ်"
ကံကောင်းစွာနဲ့ ဒီတစ်ကြိမ်မှာ သူတို့က ကြိုတင်ပြင်ဆင်ထားနိုင်ခဲ့တယ် မဟုတ်ရင် သူတို့မှာ သက်သေရှိရင်တောင်မှ အခြေအနေက ပြဿနာများသွားမှာ။
"ဟုတ်တယ်"
သေချာတာပေါ့ ရှောင်ချီဖုန်းက နောက်တစ်နေ့မနက်မှာ သက်သေကို ကြည့်ပြီး အရမ်းဒေါသထွက်သွားတယ်။
ချောင်ကျန်းဟုန်က သက်သေကိုကြည့်လိုက်တဲ့အချိန် သူ့မျက်နှာက ဖြူဆုပ်သွားတယ်။ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?သူ လုံးဝ ဘာသတင်းမှ မရခဲ့ဘူး။လောကကြီးက ဘာတွေဖြစ်နေတာလဲ?
"ဗိုလ်ချုပ် ဘာတွေဖြစ်နေလဲဆိုတာ မင်း ငါ့ကိုပြောနိုင်လား" ရှောင်ချီဖုန်းက သူ့လက်ထဲက မှတ်တမ်းတွေကို ချောင်ကျန်းဟုန်ကို ပစ်ပေးလိုက်တယ်။