← Chapters

အခန်း ၁၅၄

Vol. 7 Ch. 154

အခန်း ၁၅၄

Vol. 7 Ch. 154

Chapter 154

ချောင်ကျန်းဟုန်က ကြမ်းပြင်မှာ ဒူးထောက်နေခဲ့ပြီး ခေါင်းငုံ့ထားသည်။ဒီတစ်ကြိမ်တော့ သူ တကယ်ပြီးဆုံးသွားပြီ။

"အရှင်မင်းကြီး ကျေးဇူးပြုပြီး သေချာစစ်ဆေးပါ။ဒါက ကျွန်တော်နဲ့ဘာမှမသက်ဆိုင်ပါဘူး"

ဒီတစ်ကြိမ်မှာ‌တောင်‌မှ သူက သူ့တာဝန်ကို ရှောင်ဖို့တွေးနေတုန်းပဲ။သူက ရိုးရိုးလေးနဲ့ ဒုက္ခရှာနေတာပဲ။

ရှောင်ချီဖုန်းက အကျယ်ကြီး လှောင်လိုက်ပြီး

"ဗိုလ်ချုပ်ချောင် ငါမှားတာလို့ မင်းကပြောနေတာလား"

"ကျွန်တော် မပြောရဲပါဘူး အရှင်မင်းကြီး"

"ဒါပေမယ့် ငါတွေ့တာတော့ မင်းအပြုအမူတွေက တစ်ခြားနည်းနဲ့ပြောနေတာပဲလေ"

ရှောင်ချီဖုန်း ဘယ်လောက်ဒေါသထွက်နေလဲဆိုတာကို တွေ့တော့ အဲ့မှာရှိတဲ့ တစ်ခြားဝန်ကြီးတွေက ဘာမှ ထုတ်မပြောရဲကြပေ။သူတို့က ခေါင်းငုံ့ထားပြီး နားပဲထောင်နေလိုက်ကြသည်။

"မင်းက ငါက မင်းရဲ့ ဂုဏ်သိက္ခာကို စွပ်စွဲနေတယ်လို့ ခံစားနေရမှတော့ ဒါဆို တစ်ခုခုကို ကြည့်ကြည့်ကြတာပေါ့"

ဒါကိုပြောရင်းနဲ့ တစ်ဖက်လူနဲ့သူ အတူတူလုပ်ထားတဲ့ အရောင်းအဝယ်စာရင်းတွေအားလုံးကို ရှင်းရှင်းလင်းလင်းဖော်ပြထားတဲ့ သက်သေတွေကို ဘုရင့်လူတွေက ယူဆောင်လာခဲ့ကြသည်။

သက်သေခံချက်တွေကိုကြည့်ပြီး ချောင်ကျန်းဟုန်ရဲ့ပထမဆုံးအတွေးက ၎င်းက အတုဖြစ်တယ်ဆိုတာပဲ ဒါပေမယ့် အဲ့ဒီနောက် ရှောင်ချီဖုန်းက သူ့ကို သက်သေအတုနဲ့ မလှည့်ဖြားလောက်ဘူးဆိုတာ တွေးမိသွားတယ်။ဒါကြောင့် သက်သေခံချက်က အစစ်ပဲဖြစ်ရမယ်။

"ဗိုလ်ချုပ်ချောင် မင်းမှာဘာပြောစရာရှိလဲ"

မျက်လုံးတွေထဲမှာ ဒေါသတွေနဲ့ ရှောင်ချီဖုန်းက ချောင်ကျန်းဟုန်ကို စိုက်ကြည့်ပြီး မေးလိုက်သည်။

ချောင်ကျန်းဟုန်မှာ ဘာမှ ပြောစရာမရှိပေ။ဒီအချိန်မှာပဲ လီချန်းက ရှေ့ထွက်လာပြီး

"အရှင်မင်းကြီး ဗိုလ်ချုပ်ချောင် လုပ်ခဲ့တာက ခွင့်မလွှတ်နိုင်စရာပါ။ဗိုလ်ချုပ်တစ်‌ယောက်အနေနဲ့ သူက ဓားပြတွေနဲ့ပူးပေါင်းခဲ့ပြီး ပြည်သူတွေကို ဖိနှိပ်တဲ့အရာတွေ လုပ်ခဲ့ပါတယ်။သူ့ကို သေချာပေါက် ပြင်းပြင်းထန်ထန် အပြစ်ပေးရပါမယ် မဟုတ်ရင် ဒါက အနာဂတ်ကျရင် ထပ်ဖြစ်ပြီး ပြည်သူတွေရဲ့ အသက်တွေကို ခြိမ်းခြောက်လာမှာပါ"

"လူကြီးမင်းလီပြောတာမှန်တယ်"

"အရှင်မင်းကြီး သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးရပါမယ်"

တစ်လျှောက်လုံး ပုလ္လင်ပေါ်မှာ ထိုင်နေခဲ့တဲ့ ရှောင်ချီဖုန်းက အခြေအနေကို ကြည့်လိုက်သည်။သူ့ အမူအရာက ခန့်မှန်းလို့မရနိုင်ပေ။အဆုံးမှာတော့ သူက လက်ထောင်ပြလိုက်ပြီး လူတိုင်း တိတ်သွားခဲ့သည်။

"ချောင်ကျန်းဟုန် မင်း ပြစ်မှုကျူးလွန်ခဲ့တယ်ဆိုတာ သိရဲ့လား"

"ကျွန်တော်သိပါတယ်" ချောင်ကျန်းဟုန်က အံကြိတ်ထားပြီး ကြမ်းပြင်ပေါ်မှာ လက်သီးဆုပ်ထားသည်။

ရှောင်ချီဖုန်းက ချောင်ကျန်းဟုန်ကို လှောင်လိုက်ပြီး

"အရမ်းကောင်းတယ် ငါ မင်းရဲ့ ဗိုလ်ချုပ်ရာထူးနဲ့အိမ်တော်ကိုပြန်ယူမယ်။ချောင်မိသားစုက ချက်ချင်း ထွက်သွားရမယ်"

ချောင်ကျန်းဟုန် မျက်လုံးပြူးသွားတယ်။သူက ရှောင်ချီဖုန်းက သူ့ရဲ့ ဗိုလ်ချုပ်ရာထူးကို တိုက်ရိုက်ကြီး ဖယ်ရှားပစ်လိမ့်မယ်လို့ မထင်ထားပေ။သူ့အမူအရာက ရုတ်တရက် ပြောင်းသွားပြီး

"အရှင်မင်းကြီး ချောင်ထျန်းချန်ကလည်း ဗိုလ်ချုပ်တစ်ယောက်ပါ ပြီးတော့ သူလည်းပဲ ဗိုလ်ချုပ်အိမ်တော်မှာ နေရမှာပါ"

ဒီစကားက စကားလှတယ်ဆိုပေမယ့် သူဘာကိုဆိုလိုလဲဆိုတာ လူတိုင်းသိကြတယ်။သူက ရှောင်ချီဖုန်းရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်ဘူး။

"ချောင်ထျန်းချန်က မြို့တော်ကနေထွက်သွားတာ ကြာနေပြီ။သူအခုဘယ်ရောက်နေလဲဆိုတာ ဘယ်သူမှမသိကြဘူး ‌နောက်ဆုံးအခေါက်တုန်းက သူနဲ့ချောင်မိသားစု ဘာမှမသက်ဆိုင်ဘူးဆိုပြီး ပြောခဲတယ်လေ"

ရှောင်ချီဖုန်းက အမှန်တရားကို သာမန်ပဲ ပြောလိုက်တယ်။

ချောင်ထျန်းချန် ဗိုလ်ချုပ်ဖြစ်လာတဲ့အချိန်တုန်းက ချောင်ကျန်းဟုန်ရဲ့အမူအရာ ဘယ်လောက်ဆိုးရွားနေခဲ့လဲဆိုတာ အခန်းထဲက လူတိုင်းသိတယ်။

ထိုအချိန်တုန်းက ချောင်ထျန်းချန်က သူ့ကို ကျိန်ဆဲနေခဲ့တဲ့လူကို အေးစက်စက်သာ စိုက်ကြည့်နေခဲ့တယ်။သူက တစ်ဖက်လူပြောလို့ပြီးတာစောင့်ပြီး တည်တည်ငြိမ်ငြိမ်ရှိနေခဲ့တယ်။အဲ့ဒါပြီးတဲ့နောက် သူက ရွှေဘုရားကျောင်းမှာ ချောင်ကျန်းဟုန်နဲ့ သားအဖဆက်ဆံရေးကို ဖြတ်တောက်ခဲ့ပြီး အနာဂတ်မှာ သူက ဒီလူနဲ့ ဘာမှမသက်ဆိုင်တော့တဲ့အကြောင်း ကြေညာခဲ့တယ်။

အဲ့ဒီအချိန်တုန်းက ချောင်ကျန်းဟုန်က လုံးဝ ဂရုမစိုက်ခဲ့ပေ။ဒါပေမယ့် အခု သူက အရာအားလုံးကို ဆုံးရှုံးတော့မှာဖြစ်တဲ့အတွက် သူ့ကိုယ်သူကယ်တင်ဖို့ တကယ်ကြီး ချောင်ထျန်းချန်ရဲ့နာမည်ကို သုံးဖို့လုပ်‌ခဲ့တယ်။ထိုဟာက အရမ်း ရှက်ဖို့ကောင်းတယ်။

ချောင်ကျန်းဟုန်နဲ့ ဆက်ဆံရေးဖြတ်တောက်ပြီးတဲ့နောက် နောက်တစ်ရက်မှာ ချောင်ထျန်းချန် ပျောက်ကွယ်သွားခဲ့သည်။ဧကရာဇ်တစ်ဦးတည်းကသာလျှင် သူဘယ်သွားလဲဆိုတာ သိနိုင်သည်။

ချောင်ကျန်းဟုန်ရဲ့အမူအရာက အနည်းငယ်ဆိုးရွားနေတယ်။

"အရှင်မင်းကြီး ဗိုလ်ချုပ်ချောင်လုပ်ခဲ့တာက လက်မခံနိုင်စရာဆိုပေမယ့် သူက အတော်လေး ကောင်းမှုပြု........"

"မင်းဆရာလင် ငါ့ရဲ့ပြစ်ဒဏ်က အရမ်းပြင်းထန်တယ်လို့ မင်းကပြောနေတာလား?ငါတို့က ဓားပြတွေနဲ့ပူးပေါင်းတဲ့ အရာရှိတစ်ယောက်ကို ရထားတာ။ဒီပြစ်မှုက ဘယ်လောက်တောင် ပြင်းထန်လဲဆိုတာ သိလား"

ရှောင်ချီဖုန်းက မင်းဆရာလင်ကို စိုက်ကြည့်လိုက်ပြီး ညင်ညင်သာသာပဲ မေးလိုက်တယ်။

မင်းဆရာလင်ရဲ့အမူအရာက ‌တောင့်တင်းသွားတယ်။အဲ့ဒီနောက် သူက ချက်ချင်းပဲ ဦးညွှတ်လိုက်တယ်။ချောင်ကျန်းဟုန်က သူ့သားမက်ဖြစ်တာကြောင့် သူ့အတွက် ပြောပေးဖို့ ကြိုးစားတာဖြစ်တယ် ဒါပေမယ့် အခု.......သူက သူ့ခြေထောက်ပေါ် ကျောက်တုံးပစ်ချလိုက်တာပဲ။

အရာရှိတစ်ယောက်က ဓားပြတွေနဲ့ပူးပေါင်းရင် အကျိုးဆက်က အဲ့ဒီအရာရှိရဲ့ မျိုးဆက်သုံးဆက်ကို သေဒဏ်ပေးတာဖြစ်သည်။အခု ဧကရာဇ်က သူ့ရဲ့ရာထူးနဲ့စံအိမ်ကိုပဲ ပြန်ယူလိုက်သည်။၎င်းက အတော်လေး ပေါ့ပါးတဲ့အပြစ်ဒဏ်ဖြစ်သည်။

"အိုး...အရှင်......"

"တော်ပြီ မင်းတို့အားလုံးက ငါ့အပြစ်ဒဏ်က အရမ်းပြင်းထန်တယ်လို့ ထင်နေကြရင် ဒါဆို ဒါလေးကို တစ်ချက်ကြည့်ကြည့်ဖို့ မင်းတို့အားလုံးကို ဖိတ်တယ်"

ရှောင်ချီဖုန်းက စာအုပ်ငယ်တစ်ခုကို ကြမ်းပြင်ပေါ်ပစ်ချလိုက်သည်၊။အဲ့ဒီထဲမှာ ချောင်ကျန်းဟုန်နဲ့ ဓားပြတွေကြားက ပူးပေါင်းဆောင်ရွက်မှုတွေ ပါဝင်သည်။ဓားပြတွေ လုယူခဲ့တဲ့ တစ်ဝက်လောက်က ချောင်အိမ်တော်ကို ပို့တာဖြစ်သည်။

စာအုပ်ငယ်ကို လက်ဆင့်ကမ်းပေးကြသည်။၎င်းကို ဖတ်ပြီးတဲ့နောက် လူတိုင်းရဲ့အမူအရာတွေက ပြောင်းလဲသွားသည်။စောနတုန်းက ချောင်ကျန်းဟုန်အတွက် ပြောပေးချင်တဲ့လူတွေက အားလုံး တိတ်သွားကြသည်။

ချောင်ကျန်းဟုန်က သူတို့ဘာတွေ့တာလဲဆိုတာ မသိတာကြောင့် စိုးရိမ်လာခဲ့သည်။

ရှောင်ချီဖုန်းက ချောင်ကျန်းဟုန်ရဲ့ သိချင်စိတ်ပြင်းပြနေတဲ့ ပုံစံကိုကြည့်ပြီး

"ကြည့်ရတာ သူတို့ဘာဖတ်နေလဲဆိုတာ မင်း အရမ်း သိချင်နေပုံပဲ။မင်းက တအားသိချင်နေမှတော့ ဒါဆို ကိုယ့်ဘာသာ တစ်ချက်ကြည့်ကြည့်လိုက်"

ချောင်ကျန်းဟုန်က စာအုပ်ငယ်ကို ဖတ်ပြီးတဲ့နောက် သူက ချက်ချင်း ကြမ်းပြင်ပေါ်ကို လဲကျသွားတယ်။သူ အဆုံးသတ်သွားပြီ။

All Chapters