← Chapters

အခန်း ၁၅၅

Vol. 7 Ch. 155

အခန်း ၁၅၅

Vol. 7 Ch. 155

Chapter 155

ချောင်ကျန်းဟုန်က အဲ့ဒီသက်သေတွေက တကယ်ကြီး ရှောင်ချီဖုန်းလက်ထဲကို ရောက်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ဒါက သူ့အတွက် ပြင်းထန်တဲ့ ထိုးနှက်ချက်ပဲ။ရှောင်ချီဖုန်းရဲ့ ရေခဲလိုအေးစက်နေတဲ့ အမူအရာကိုကြည့်ပြီး ဒီတစ်ခေါက်တော့ သူ့ရဲ့ အကျိုးဆက်တွေက ရိုးရိုးလေးပြီးသွားမှာမဟုတ်ဘူးဆိုတာ ချောင်ကျန်းဟုန်သိနေတယ်။

နောက်ဆုံးတော့ ချောင်ကျန်းဟုန်က ကြမ်းပြင်ကနေ မော့လာပြီး ရှောင်ချီဖုန်းကို တိုက်ရိုက်ကြည့်ကာ

"အရှင်မင်းကြီးက ကျွန်တော်ရဲ့မိသားစုကို နှင်ထုတ်ဖို့ စဉ်းစားနေတာလား"

ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး ရှောင်ချီဖုန်းက ချောင်ကျန်းဟုန်ကို လှောင်သလိုကြည့်ကာ

"အဲ့တော့ ငါက မင်းကို ဘယ်လိုလွှတ်ပေးသင့်တယ် ထင်လို့လဲ"

သူက ခွင့်မလွတ်နိုင်စရာ လုပ်ရပ်ကို လုပ်ခဲ့ပြီး ဧကရာဇ်ကို သူ့ကို လွှတ်ပေးနေစေချင်သေးတယ်။ဘယ်လိုတောင် ဟာသလဲ?

ချောင်ကျန်းဟုန်မျက်လုံးတွေက ရူးသွပ်မှုနဲ့ တဖျတ်ဖျတ်ခါသွားပြီး

"အရှင်မင်းကြီးက ဒီလိုပြောပြီဆိုမှတော့ ဒါဆို အရှင်မင်းကြီးရဲ့ဒီနေ့လုပ်လိုက်တဲ့ ဆုံးဖြတ်ချက်ကို နောင်တမရဖို့ မျှော်လင့်ပါတယ်"

ရှောင်ချီဖုန်းက အနည်းငယ် ထိတ်လန့်သွားသည်။သူ့စိတ်ထဲ ဒေါသတွေ ပြည့်နှက်လာပြီး မေးလိုက်သည်

"မင်း ငါ့ကို ခြိမ်းခြောက်နေတာလား"

"ကျွန်တော်မျိုး မလုပ်ရဲပါဘူး အရှင်မင်းကြီး"

ချောင်ကျန်းဟုန် ဖြေလိုက်တဲ့ပုံစံက သူက လုံးဝ ဘာကိုမှ ဂရုမစိုက်တဲ့ပုံနဲ့ဖြစ်သည်။

ရှောင်ချီဖုန်းက သူ့ကို လေးလေးနက်နက် စိုက်ကြည့်လိုက်ပြီး အဲ့ဒီနောက် အမတ်တွေဘက်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ဒီအချိန်မှာပဲ လက်ဝဲအမတ်ကြီး ချန်ဖုန်းက ရှေ့ထွက်လာခဲ့ပြီးရှေ့ထွက်လာခဲ့ပြီး

"အရှင်မင်းကြီး ဗိုလ်ချုပ်ချောင်လုပ်ခဲ့တာက လုံးဝမှားတယ်ဆိုပေမယ့် သူ့မှာလည်း သူလုပ်ခဲ့တဲ့ ကောင်းမှုတွေရှိပါတယ်။အရှင်မင်းကြီးက သူ့ရဲ့အပြစ်ဒဏ်ကို ပြန်ပြီး စဉ်းစားပေးပါ"

"ဟုတ်ပါတယ် အရှင်မင်းကြီး။လက်ဝဲအမတ်ကြီးပြောတာမှန်ပါတယ်။အရင်ဧကရာဇ် အသက်ရှိစဉ်တုန်းက ဗိုလ်ချုပ်ချောင်က အရင်ဧကရာဇ်နောက်ကနေလိုက်ပြီးတော့ ဒီနေ့ အရှင့်ရဲ့အဆင့်အတန်းကို မြှင့်ပေးခဲ့တာပါ။ဒါ‌ကြောင့်မလို့ အရှင်မင်းကြီး ပြန်ပြီး စဉ်းစားပေးပါ"

အမတ်တွေက တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်ကြပြီး နောက်ဆုံးမှာ တစ်ညီတစ်ညွှတ်တည်း

"အရှင်မင်းကြီး ကျေးဇူးပြုပြီး ပြန်လည်စဉ်းစားပေးတော်မူပါ!"

ချီဖုန်းက လှောင်သလိုရယ်လိုက်တယ်။သူ့ပုလ္လင်ပေါ်ကနေ သူ့ကို တောင်းဆိုနေတဲ့လူတွေကို ကြည့်ပြီး မေးလိုက်တယ်

"မင်းတို့အားလုံးက ငါက သူ့ကို လွှတ်ပေးစေချင်ရင် ဒါဆိုပြောကြည့်ပါဦး ငါကိုယ်တော်က ဘာကိစ္စကြောင့် သူ့ကို လွှတ်ပေးသင့်တယ်လို့ မင်းတို့ကထင်ရတာလဲ"

ဒါကိုကြားတော့ လူတိုင်းက တိတ်သွားကြတယ်။ဒီအချိန်မှာ ချောင်ကျန်းဟုန်က တစ်စုံတစ်ခုကို ထုတ်လာခဲ့တယ်။၎င်းက ရွှေပြားတစ်ခုဖြစ်ပြီး ထိုဟာပေါ်မှာ မျန်*ဆိုပြီး ရေးသားထားသည်။

"ဒီရွှေပြားဆိုရင်ရော ဘယ်လိုလဲ"

ချောင်ကျန်းဟုန်က သူ့လက်ထဲမှာ ရွှေပြားကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ကိုင်ထားသည်။

ရွှေပြားကိုကြည့်ပြီး ရှောင်ချီဖုန်းရဲ့ မျက်လုံးတွေက ဆတ်ခနဲလှုပ်ရှားသွားသည် အထူးသဖြင့် ချောင်ကျန်းဟုန်ရဲ့ မျက်လုံးထဲက မာနဝင့်ကြွားတာကို တွေ့တဲ့အခါပဲ။

ရွှေပြားက အရင်ဧကရာဇ်ဆီက တော်ဝင်ရွှေပြားဖြစ်တယ်။ထိုဟာက သူ့ကို သေဒဏ်နဲ့အပြစ်ကနေ တစ်ကြိမ် ကင်းလွတ်ခွင့်ပေးလိမ့်မယ်။ရှောင်ချီဖုန်းက အမြဲတမ်း ဒီရွှေပြားကို သူ့လက်ထဲ ရချင်ပေမယ့် ဘယ်တုန်းကမှ အခွင့်အရေးမရခဲ့ပေ။ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ၎င်းက သူချောင်းမြောင်းနေတဲ့ အဆုံးသတ်ဖြစ်တယ်။

ဘေးကိုလှည့်ကြည့်လိုက်ပြီး ရှောင်ချီဖုန်းရဲ့ကိုယ်ရံတော် ရှောင်ရီက ရှေ့လျှောက်လာကာ ချောင်ကျန်းဟုန်လက်ထဲက ရွှေပြားကို ယူလိုက်သည်။

"ချောင်ကျန်းဟုန် ငါမင်းကို အခုတော့ မသတ်တော့ဘူး။ဒါပေမယ့် မင်း နောက်တစ်ခါထပ်ပြီး ပြဿနာရှာရဲရင် မင်းအပြစ်ကနေ မင်းကိုယ်မင်း ကယ်ဖို့ တစ်ခြားဘာတွေလုပ်နိုင်သေးလဲဆိုတာ ငါကြည့်ချင်သေးတယ်"

ဒါပြောပြီးတော့ ဧကရာဇ်က ထထွက်သွားခဲ့သည်။

ရှောင်ရီက ဧကရာဇ်နောက်ကို အနီးကပ်လိုက်သွားပြီး သူ့နှုတ်ခမ်းထောင့်တွေက သရော်ပြုံးပြုံးနေတယ်။ဧကရာဇ်ကို ဆန့်ကျင်ဖို့ သတ္တိရှိရှိလုပ်ရဲတဲ့လူမျိုးရှိတယ်ဆိုတာ သူဖြင့် မယုံနိုင်ဘူး

အနာဂတ်မှာ ချောင်ကျန်းဟုန်က ဘာမှမလုပ်ရင်တောင်မှ သူ့ထင်မြင်ချက်တွေက တန်ဖိုးရှိမှာ မဟုတ်တော့ပေ။အဆုံးမှာတော့ ဘယ်သူကမှ သေလူတစ်ယောက်က သူတိူ့အတွက် ဆုံးဖြတ်ပေးတာကို မလိုချင်ကြဘူးလေ။

အရင်တုန်းက ရွှေပြားက တိတိကျကျမရှိဘူးဆိုပေမယ့် အခု ရွှေပြားကို သုံးပြီးသွားပြီ။နောက်တစ်ခေါက် ချောင်ကျန်းဟုန်က နောက်ထပ်အမှားထပ်လုပ်ခဲ့ရင် သူ့အပြစ်ဒဏ်က ဧကရာဇ်ရဲ့ စိတ်အခြေအနေပေါ်မှာပဲ လုံးဝမူတည်သွားပြီ။

နဂိုတုန်းကတော့ ချောင်ကျန်းဟုန်က သူဘာမှမဖြစ်တာကြောင့် ဝမ်းသာနေခဲ့တယ်။ဒါပေမယ့် သူ့မျက်နှာပေါ်က အမူအရာက ပြောင်းလဲသွားပြီး ရှောင်ချီဖုန်းရဲ့ ကျောပြင်ကို စိုက်ကြည့်နေခဲ့တယ်။

အစကတည်းက ဧကရာဇ်ရဲ့ရည်ရွယ်ချက်က သူ့ကိုရှင်းထုတ်ဖို့မဟုတ်ဘဲ သူ့ဆီက ရွှေပြားကို ယူဖို့ဖြစ်နေတာပဲ။

ချောင်ကျန်းဟုန်က ကြမ်းပြင်ကို အပြင်းအထန် လက်သီးနဲ့ထိုးလိုက်ပြီး သူ့ပုံစံက ဆိုးရွားကာ သုန်မှုန်နေခဲ့သည်။

ဒါပေမယ့် ထိုဟာက အရမ်းနောက်ကျသွားပြီ။နောက်ထပ် နောင်တရစရာ အကြောင်းမရှိတော့ဘူး။

လက်ဝဲအမတ်ကြီး ချန်ဖုန်းက ချောင်ကျန်းဟုန်ဆီ လျှောက်လာပြီး သူ့ကို ငုံ့ကြည့်ကာ

"သခင်ကြီးချောင် အခုကနေစပြီး သင့်ဘာသာသင် ရပ်တည်ရတော့မယ်။သင် သတိထားတာ ပိုကောင်းလိမ့်မယ်နော်။ရွှေပြားက သင့်ကို ဒီလောက်အထိပဲ ကူညီပေးနိုင်တယ်"

၎င်းကိုပြောပြီးတာနဲ့ သူက ပြန်လှည့်သွားပြီး အဝေးကို ထွက်သွားခဲ့သည်။

ချောင်ကျန်းဟုန်က အလှောင်ခံရတာကြောင့် ကြောင်သွားပြီး သူ့မျက်နှာက ဒေါသကြောင့် ဖြူဆုပ်လာခဲ့သည်။

သူက အရင်တုန်းက ချန်ဖုန်းနဲ့ လုံးဝ အဆက်အသွယ်မရှိပေ။ချန်ဖုန်းက ရှောင်ချီဖုန်ူရဥ့ စစ်ရေးအကြံပေး ဖြစ်ခဲ့ဖူးသည်၊ရှောင်ချီဖုန်း ဧကရာဇ်ဖြစ်လာပြီးတဲ့နောက် ချန်ဖုန်းက အမတ်ကြီးအဖြစ် ရာထူးတိုးခံလိုက်ရပြီး ဧကရာဇ်ဆီကနေ အလွန်ယုံကြည်ခံရသူဖြစ်သည်။

ဒီနေ့ သူ ချောင်ကျန်းဟုန်အတွက် ပြောပေးရတဲ့ အကြောင်းအရင်းက ရှောင်ချီဖုန်းက သူ့ကို ဒီလိုလုပ်ဖို့ ညွှန်ကြားထားတာပဲ ဖြစ်နိုင်တယ်။

ချောင်ကျန်းဟုန်ရဲ့မျက်နှာက အုံ့့မှိုင်းသွားသည်။သူက တော်ဝင်ပုလ္လင်ကို နက်နက်ရှိူင်းရှိုင်း စိုက်ကြည့်နေခဲ့ပြီး သူ့ကိုယ်သူ ဆဲလိုက်သည်။

သူတို့တွေက သူ့ကို လုပ်ကြံဖို့ ဘယ်လိုတောင် သတ္တိရှိကြတာလဲ!

ရှောင်ချီဖုန်းက သူ့စာကြည့်ခန်းကို ပြန်လာပြီးတဲ့နောက် သူ့လက်ထဲက ရွှေပြားကို လှည့်ပြီး လှောင်ပြုံးပြုံးလိုက်သည်။

ချောင်ကျန်းဟုန်ရဲ့ပြစ်မှုတွေနဲ့ပတ်သက်တဲ့ သက်သေတွေကို သူ့လက်ထဲမှာ ကိုင်ဆောင်ထားတယ်။အကျင့်ပျက်မှုတွေ ထပ်ရှိနေသေးပေမယ့် သူက သူတို့အားလုံးကို မဖယ်ရှားပစ်ခဲ့ဘူး။ဒီနေ့ သူလုပ်ချက်တာက ချောင်ကျန်းဟုန်ကို ဒီရွှေပြားပေးလာအောင် လှည့်စားဖို့ပဲ။သေချာတာကတော့ နောက်ထပ်သူလုပ်ရမယ့်အရာက ထျန်းချန်ကိုပဲ လုံးဝအာရုံစိုက်ထားရတော့မှာ မဟုတ်ဘူးလား?

မျန့် တရုတ်လိုဆိုရင် 免 mian ကင်းလွတ်ခွင့်လို့အဓိပ္ပာယ်ရပါတယ်

All Chapters